Sunday Coffee
23/05/2026
ငယ်ငယ်က လက်ဖက်ရည်ဆိုင်သွားရင် အဖေက ပူနေတဲ့လက်ဖက်ရည်ကို အောက်ခံပန်းကန်ပြား ထဲလောင်းထည့်၊ ပြီးတော့ အငွေ့လေးတွေကို မှုတ်ထုတ်ပြီးမှ ကျွန်တော့်ကို တိုက်တတ်တာ။ အဲဒီတုန်းက အောက်ခံပန်းကန်ထဲက လက်ဖက်ရည်အရသာက ကမ္ဘာပေါ်မှာ အကောင်းဆုံးပဲ။
အချိန်တွေ ကြာလာပေမဲ့ အဖေတိုက်တဲ့ လက်ဖက်ရည်ဆိုင်ကအရသာကိုတော့ အမြဲလွမ်းနေမိ တယ်။ အခုတော့ အဲဒီအရသာကို အိမ်မှာတင် ပြန်ဖန်တီးနိုင်ပြီလေ။
အဖေ့လက်တွေ တုန်ယင်လာတဲ့အရွယ်မှာ ကျွန်တော်ကပဲ လက်ဖက်ရည်လေးဖျော်ပြီး အဖေ့ကို ပြန်ကမ်းပေးလိုက်တယ်။ အဖေက တစ်ငုံသောက်ကြည့်ပြီး '... လက်ဖက်ရည်ဆိုင်ကအရသာ အတိုင်းပဲ' လို့ ပြောပြီး ပြုံးလိုက်တဲ့အချိန်မှာ ငယ်ငယ်က အောက်ခံပန်းကန်ပြားလေးထဲက နွေးထွေးမှုကို ပြန်ခံစားလိုက်ရတယ်လေ။
#ဆိုင်ဖျော်လက်ဖက်ရည် #နေ့ရက်တိုင်းမရှိမဖြစ် #နွေးထွေးသောအမှတ်တရများ
19/05/2026
ဆန်းဒေးဆိုင်ဖျော်လက်ဖက်ရည်ကိုသောက်တဲ့အခါ အိမ်မှာပဲဖျော်သောက်တာလား ၊ လက်ဖက်ရည်ဆိုင်မှာပဲသွားသောက်တာလား ဝေခွဲမရအောင်ကို ပြည့်စုံကောင်းမွန် တဲ့အရသာကို အတိအကျဖော်စပ်ထားပါတယ်။ ဆန်းဒေးဆိုင်ဖျော်တစ်ထုပ်ရှိရုံနဲ့ ဘယ်နေရာဘယ်ဒေသကိုပဲ ရောက်ရောက်လက်ဖက်ရည်ဆိုင်မှာ ထိုင်ရသလိုခံစားချက်မျိုးကို အပြည့်အဝခံစားနိုင်ပြီလေ ။
#ဆန်းဒေးဆိုင်ဖျော်လက်ဖက်ရည် #ဆိုင်ဖျော်လက်ဖက်ရည် #နေ့ရက်တိုင်းမရှိမဖြစ် #မြန်မာ့လက်ဖက်ရည် #လက်ဖက်ရည်ဆိုင်အရသာ
16/05/2026
Taxi ဒရိုင်ဘာတစ်ယောက်အတွက် ခရီးသည်တစ်ယောက်ဆိုတာ မိသားစုဝင်ငွေပါပဲ ။
ဂိတ်ထိုးထားတဲ့အချိန်မှာ ခရီးသည်လွတ်သွားမှာစိုးရိမ်တဲ့အတွက် အမောပြေလက်ဖက်ရည်
တစ်ခွက်တောင် စိတ်ဖြောင့်ဖြောင့်မသောက်ရတဲ့ ကားဆရာတွေရှိလား...
ရှိတယ်ဆိုရင်တော့ ဆန်းဒေးဆိုင်ဖျော်တစ်ထုပ်နဲ့ အခက်အခဲတွေကိုအဆုံးသတ်လိုက်နော်။
ဆန်းဒေးဆိုင်ဖျော်လက်ဖက်ရည်က ဆိုင်မှာဖျော်စပ်တဲ့ ချိုဆိမ့်လက်ဖက်ရည်အရသာကို အချိန်တိုအတွင်းမှာ ပေးစွမ်းနိုင်တဲ့အတွက် ကိုယ့်ရဲ့ကားပေါ်မှာတင် ကိုယ်ပိုင် လက်ဖက်ရည်ဆိုင်လေးကိုပိုင်ဆိုင်နိုင်ပြီလေ။
ခရီးသည်လည်းမလွတ်တော့ဘူး ၊အမောလည်းပြေ၊ အချိန်ကုန်လည်းသက်သာ ၊ ငွေလည်း ပိုဝင်မယ်ဆို ဘာလိုနေသေးလဲနော်။
#ဆန်းဒေးဆိုင်ဖျော်တီးမစ် #နေ့ရက်တိုင်းမရှိမဖြစ်
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
No. 89, Matkhayar Min Thar Gyi Maung Pyoe Street , Hlaing Tharyar Industrial Zone(2), Hlaing Tharyar Township
Yangon
11401
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |