Monday Morning Brief

Monday Morning Brief

Share

Photos from Monday Morning Brief's post 28/09/2021

ကိုယ့်စိတ်ကူးထဲမှာတော့ အခန်းလေးဟာ ဗေဒါတွေနဲ့လင်းလို့ပေါ့ 💜💜

Photo credit ပါရှင်

24/09/2021

ခွေးမဖြစ်ချင်ရင်ဖတ်
===========

အရင်တုန်းက ဒေါ်လာစျေးဟာ ၁၃၀၀ ဝန်းကျင် ရှိခဲ့တာမို့ ဒေါ်လာစျေး ၂၆၀၀ အထိ ဖြစ်သွားတဲ့နေ့ကျရင် ကျွန်တော်တို့ဟာ အလိုလျောက် ၅၀% ဆင်းရဲသွားကြတော့မယ်။ အရင်တုန်းက iPhone တစ်လုံးကို ၁၆ သိန်းနဲ့ ဝယ်လို့ရတယ်ဆိုရင် သူ့ရဲ့ နှစ်ဆ ၃၂ သိန်း ပေးဝယ်မှ ရတော့မယ်။ iPhone က မြင်သာအောင် ဥပမာ ပေးတာ။ နိုင်ငံခြားက ဝင်တဲ့ ပစ္စည်းအားလုံးဟာ စျေးနှစ်ဆ တက်တော့မယ်။ လျှပ်စစ်ပစ္စည်း၊ အဝတ်အထည်၊ လူသုံးကုန် စသဖြင့် တော်တော်များများဟာ နိုင်ငံခြားက တင်သွင်းတာမို့ အကုန်စျေး နှစ်ဆနီးပါး တက်ကုန်တော့မယ်။

ပုံမှန်အားဖြင့် လူတွေရဲ့ ဝင်ငွေဟာလည်း (နေ့စဉ်လုပ်ခ၊ လစာ၊ စသဖြင့်) တိုးတက်လာမယ်ဆိုရင်တော့ ဒါဟာ မပြောသာပေမဲ့ အခုအနေအထားအရ လစာတက်ဖို့ မပြောနဲ့ အလုပ်လက်မဲ့တွေတောင် အများကြီးပဲ။ အသေးစားလုပ်ငန်းတွေ အကုန်နီးပါး တိုင်ပတ်နေပြီ။ လုပ်ငန်းရှင်ဆိုတာကလည်း သူ့မှာ ဝင်ငွေရှိနေမှ ဝန်ထမ်းတွေကို အလုပ်ခန့်ထားနိုင်မှာကိုး။

အကယ်၍ အရင်စျေး ၁၃၀၀ ရဲ့ နှစ်ဆ ၂၆၀၀ မှာ ဒေါ်လာစျေးက ရပ်ရင်တော့ တော်သေးတာပေါ့။ အဲ့လိုမှ မဟုတ်ဘဲ မြန်မာကျပ်ငွေ တန်ဖိုးဟာ တားဆီးမရအောင် ထိုးကျရင်တော့ ကျွန်တော်တို့နိုင်ငံဟာ တော်တော်ကြီးကို ဒုက္ခပင်လယ်ဝေတော့မယ်လို့ ထင်မိတယ်။

ဗင်နီဇွဲလားလို ချက်ချင်းမဖြစ်နိုင်ပေမဲ့ ဖြစ်မလာဘူးလို့လည်း မပြောနိုင်ဘူး။ ဗင်နီဇွဲလားရဲ့ ငွေကြေးဟာ ဘယ်လောက်အထိ ဆိုးဆိုးရွားရွားဖြစ်သွားလဲဆိုရင် အိမ်သာသုံး စက္ကူအဆင့်လောက်အထိကို ဖြစ်သွားတာ။ ကျွန်တော်ပြောတာကို မယုံရင် ဒီဗီဒီယိုကို သွားကြည့်။ https://www.facebook.com/drewbinsky/videos/315203693281957

သူတို့နိုင်ငံသားတွေအားလုံးက US ဒေါ်လာ နဲ့ပဲ အရောင်းအဝယ်လုပ်ကြတော့တယ်။
အဲဒီလို အခြေအနေမျိုး ကိုယ့်နိုင်ငံကို မရောက်စေချင်ရင် ဒီချီးတွင်းထဲက လွတ်အောင် အားကုန် ရုန်းကြဖို့လိုတယ်။

ပိုက်ဆံရှိရင် လှူ၊ မရှိရင် Click2donate က လုပ်ပေးနေသမျှအားလုံးကို Support လုပ်။ ဒါက ပုံမှန်လှူတာတွေနဲ့ မတူဘူးနော်။ လှူတယ်လို့တောင် မခေါ်ထိုက်ဘူး။ ပျောက်တော့မဲ့ အနာဂတ်ကို ပြန်ယူနေကြတာ။ တချို့က အသက်တွေရင်းပြီး ပြန်ယူပေးတယ်။ အချို့က အဲ့လောက် မစွန့်စားနိုင်လို့ ရှိတဲ့ ငွေကြေး၊ လုပ်အားရင်းပြီး ပြန်ယူဖို့ ကြိုးစားတယ်။ တကယ်ဆို အခုလို ခခယယ လုပ်ခိုင်းနေစရာ မလိုဘဲကို လုပ်ပေးနေကြရမှာ။ ဘာလို့လဲဆိုတော့ ဒီဒုက္ခက အခု လူတိုင်းအိမ်ကို တံခါးလာမခေါက်သေးပေမဲ့ သိပ်မကြာခင်မှာ အိမ်စေ့တံခါးလာခေါက်တော့မှာ။ အဲဒီတော့မှ ငိုလည်း ဘယ်သူမှ ကယ်နိုင်မှာ မဟုတ်တော့ဘူး။ အခုနေက တကယ်ဆို ကိုယ်တိုင် ပိုက်ဆံမရှာနိုင်ရင်တောင် Click2donate က လုပ်သမျှကို သဲကြီးမဲကြီး အားပေးပြီး ပိုက်ဆံကူရှာပေးလို့ ရနေသေးတယ်။ ဒီ Monetization နည်းလမ်းကြီးက တစ်သက်လုံး ရှိနေမယ်လို့ မမှတ်ထားကြနဲ့နော်။ အခု ရတုန်းလေး ဝိုင်းကြုံးရမှာ။ သူတို့ App ကို ဒေါင်း၊ နေ့တိုင်းဖွင့်၊ ကြော်ငြာကြည့်ပေး။ သူတို့ Telegram ကို Join ပြီး နေ့တိုင်း ကလစ်နှိပ်။ Youtube တွေကို နည်းမှန်လမ်းမှန်နဲ့ ကြည့်ပေး။ အဲဒါတွေ အားလုံးက ခင်ဗျားတို့ ကျုပ်တို့ အနာဂတ်အတွက် လုပ်နေကြတာ၊ အခြား ဘယ်သူအတွက်မှ မဟုတ်ဘူး။ ကျွန်တော်တို့ ချီးတွင်းထဲမှာ တစ်သက်လုံး မနေကြရဖို့၊ ကျွန်တော်တို့ Generation တွေ ချီးတွင်းထဲမှာ ဆက်မနေရဖို့ လုပ်ကြရမှာ။ မဆိုင်သလို နေလိုက်လို့ ကိုယ့်အိမ်ဝကို ဒုက္ခတွေ ရောက်မလာဘူးလို့တော့ မထင်လိုက်ပါနဲ့ဗျာ။

Hyperinflation ဖြစ်လို့ကတော့ "ကျွန်တော်က အစိမ်းနော်"လို့ သွားပြောလို့လည်း ရမှာမဟုတ်ဘူး။ အခု ခင်ဗျားတို့ အဘတွေကိုတောင် အဲ့လို ပြောလို့ မရတော့ဘူး။ ဒီပွဲက အစိမ်း၊ အနီတိုက်ပွဲမဟုတ်ဘူးဆိုတာ ဘယ်လိုများ နားလည်အောင် ပြောရမလဲဆိုတာလည်း မသိတော့ဘူး။

ဒီပွဲက ခွေးဖြစ်ဖို့နဲ့ ခွေးမဖြစ်ဖို့ ရွေးရတဲ့ပွဲဗျ။ လုပ်လို့ရတာလေးတွေ ရှိတုန်း လုပ်ကြပါ။ ကိုယ့်လက်ထဲက ပိုက်ဆံလေးတွေ တန်ဖိုးရှိနေတုန်း လှူကြပါ။
#လွတ်လပ်စွာကူးယူနိုင်သည်။

Photos from Monday Morning Brief's post 19/09/2021

So proud of you
Our Actress Eaindra Kyaw Zin

ဂုဏ်ယူပါတယ် အူဝဲရေ 👏👏

မအူဝဲ နှင့် သုသု တို့ရဲ့ What happened to the wolf?
ရုပ်ရှင်ကားကြီးဟာ Hollywood မှာ review လုပ်ခံရတဲ့ ပထမဆုံး မြန်မာရုပ်ရှင်ကားဖြစ်သွားသလို
အဓိက မင်းသမီးတစ်ယောက်ဖြစ်တဲ့ မအူဝဲ ကလည်း
EAINDRA KYAW ZIN စာတန်းပါ အိင်္ကျီနှင့် ဂုဏ်ပြု
ခံရတဲ့ ပထမဆုံးမင်းသမီးဖြစ်လာပါတယ် ။

Oldenburg International Film Festival
ရုပ်ရှင်ပွဲတော် ဖွင့်ပွဲအခမ်းအနားမှာ
Festival Director ဖြစ်တဲ့ Torsten Neumann အပါအဝင် တာဝန်ရှိလူကြီးများက
Eaindra Kyaw Zin စာတန်းပါ အကျီကို
ဝတ်ဆင်ခဲ့တာဖြစ်ပါတယ် ။

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


South Okkalapa
Yangon