Champion Language School
16/05/2023
ကလေးတွေကိုဂရုစိုက်တဲ့နေရာမှာ အစားအစာတွေဟာလဲအဓိကနေရာမှာပါ၀င်နေပါတယ်။ဖွံ့ဖြိုးဆဲခန္ဓာကိုယ်ကို ကျန်းမာကြံ့ခိုင်အောင် အာဟာရပြည့်၀တဲ့အစားအစာများကိုရွေးချယ်ကျွေးသင့်ပါတယ်။အသီးအရွက်၊အသီးအနှံ၊အသားငါးများ၊ပင်လယ်စာ၊ပေါင်မုန့်၊ခေါက်ဆွဲ၊ဥမျိုးစုံ၊ပဲမျိုးစုံ စသဖြင့်အမျိုးအစားစုံစုံလင်လင် အာဟာရမျှတအောင်ကျွေးသင့်ပါတယ်။ဂရုပြုရမဲ့အရာတစ်ခုကတော့ အရှေ့တောင်အာရှနိုင်ငံတွေဟာဆန်စပါးကိုအဓိကစိုက်ပျိုးတာကြောင့် ထမင်းကိုပဲအဓိကအစာအာဟာရအဖြစ် ကျွေးနေလို့မရပါဘူး။ဘာဖြစ်ဖြစ်အာဟာရပြည့်၀ရင်အကုန်ကျွေးသင့်ပါတယ်။ Snackနဲ့ Candyတို့လို့အစားအစာတွေကိုသာ ထိန်းပြီးကျွေးရမှာဖြစ်ပါတယ်။လေဖောင်းမုန့်နဲ့သကြားလုံးလို အစားအစာတွေဟာတကယ်တော့ကျန်းမာရေးနဲ့မညီညွတ်တဲ့အတွက်ကလေးက စားချင်ရင်တောင်မိဘတွေကcontrol လုပ်ပြီးကျွေးသင့်ပါတယ်ရှင့်။
15/05/2023
ပန်းချီဆွဲခြင်းနှင့်ဆေးရောင်ခြယ်ခြင်းဟာ ကလေးတွေရဲ့ လက်ချောင်းများ၊လက်ကောက်၀တ်နှင့်လက်ရဲ့အားကိုကောင်းမွန်စွာတည်ဆောက်ပေးပြီး လက်နဲ့မျက်လုံးပေါင်းစပ်မှုကိုလဲပိုမိုတိုးတက်စေပါတယ်။ပန်းချီဆွဲခြင်းဟာ စက်ဘီးစီးခြင်း၊လမ်းလျှောက်ခြင်း၊ပြေးခြင်းတို့လိုမျိုး ခန္ဓာကိုယ်ကြွက်သားလှုပ်ရှားမှုကိုလျင်မြန်စွာဖွံ့ဖြိုးလာစေပါတယ်။ထို့အပြင်စိတ်ခံစားချက်များကိုဖော်ပြခြင်း၊စိတ်ကူးများကိုဖော်ထုတ်ခြင်း၊၎င်းတို့၏အာရုံကိုအသုံးပြုခြင်း၊အရောင်များကိုစူးစမ်းလေ့လာခြင်းစတဲ့လုပ်ငန်းစဉ်များကိုလဲ လုပ်ဆောင်လာစေပါတယ်။
Click here to claim your Sponsored Listing.
Category
Contact the school
Website
Address
ခြံအမှတ် (88)၊ လှိုင်မြင့်မို လမ်းသွယ် (1)၊ လှိုင်မြို့နယ်
Yangon