Toe Tet Yae - Success Club
အောင်မြင်တိုးတက်ရေးအတွက် လိုအပ်သော အခြေခံအဆင့် (၅) ချက် 🏆
# # # 1. **ရည်မှန်းချက်သတ်သတ်မှတ်မှတ်ထားရှိခြင်း (Goal Setting)**
- **အရေးကြီးပုံ** : အောင်မြင်မှုရရှိရန် ရှင်းလင်းသော ရည်မှန်းချက်များ လိုအပ်ပါသည်။
- **ဘာလုပ်ရမလဲ** :
- SMART နည်းလမ်းကို အသုံးပြုပါ (Specific, Measurable, Achievable, Relevant, Time-bound)။
- ဥပမာ: "ငွေကြေးတည်ငြိမ်ရန် ၁ နှစ်အတွင်း လစာ ၂ ဆတိုးရမည်" ကဲ့သို့ ရှင်းလင်းစွာ သတ်မှတ်ပါ။
# # # 2. **စီမံချက်ရေးဆွဲခြင်း (Planning & Strategy)**
- **အရေးကြီးပုံ** : ရည်မှန်းချက်သို့ ရောက်ရှိရန် ထိရောက်သော အစီအစဉ်လိုအပ်သည်။
- **ဘာလုပ်ရမလဲ** :
- ရေတိုနှင့် ရေရှည် အစီအစဉ်များ ချမှတ်ပါ။
- Resource (အချိန်၊ ငွေ၊ လူအား) များကို ထိရောက်စွာ ခွဲဝေအသုံးပြုပါ။
- အတားအဆီးများအတွက် အရန်စီမံချက်ပြုလုပ်ထားပါ။
# # # 3. **စည်းကမ်းရှိခြင်း (Discipline & Consistency)**
- **အရေးကြီးပုံ** : စီမံချက်အောင်မြင်ရန် နေ့စဉ်လုပ်ဆောင်မှုများတွင် စည်းကမ်းရှိရပါမည်။
- **ဘာလုပ်ရမလဲ** :
- နေ့တိုင်း ရည်မှန်းချက်နှင့်ကိုက်ညီသော အလေ့အကျင့်များ မွေးမြူပါ (ဥပမာ - နေ့စဉ် ၂ နာရီ လေ့လာခြင်း)။
- Procrastination (အလုပ်ရွှေ့ဆိုင်းခြင်း) ကို တိုက်ဖျက်ပါ။
# # # 4. **အမြဲတမ်းသင်ယူခြင်း (Continuous Learning)**
- **အရေးကြီးပုံ** : ကမ္ဘာကြီးသည် အပြောင်းအလဲမြန်သောကြောင့် နည်းပညာ၊ အတတ်ပညာများ အဆက်မပြတ် လေ့လာရန် လိုအပ်သည်။
- **ဘာလုပ်ရမလဲ** :
- စာဖတ်ခြင်း၊ အွန်လိုင်းသင်တန်းများ တက်ခြင်း၊ Mentorship ရယူခြင်း။
- အားနည်းချက်များကို ဝန်ခံပြီး ပြုပြင်ပါ။
# # # 5. **စိတ်ဓာတ်ခိုင်မာခြင်းနှင့် ပြန်လည်ထူထောင်နိုင်စွမ်း (Resilience & Adaptability)**
- **အရေးကြီးပုံ** : အတားအဆီးများနှင့် ရှုံးနိမ့်မှုများကို ရင်ဆိုင်နိုင်ရန် စိတ်ဓာတ်ခိုင်မာဖို့ လိုပါသည်။
- **ဘာလုပ်ရမလဲ** :
- Growth Mindset ထားပါ ("ငါမတတ်သေးဘူး" အစား "ငါမသိသေးလို့ လေ့လာမယ်")။
- အတွေ့အကြုံတိုင်းကို သင်ခန်းစာအဖြစ် မှတ်ယူပါ။
# # # **အကျဉ်းချုပ်**
ဤအဆင့် (၅) ချက်ကို အခြေခံကာ လက်တွေ့လုပ်ဆောင်ပါက ဘဝတိုးတက်ရေးအတွက် အုတ်မြစ်ခိုင်မာစွာ တည်ဆောက်နိုင်မည်ဖြစ်သည်။ အောင်မြင်မှုသည် တစ်ညတာခရီးမဟုတ်... အလေ့အကျင့်ကောင်းများ၏ ရလဒ်ဖြစ်ကြောင်း သတိရပါ။
အားလုံးပဲ လိုရာခရီးရောက်ကြပါစေ 💪
#စာအုပ်ဖတ်ချိန်**
- ** #စာအုပ်အကြံပြုချက်**
- ** #စာအုပ်သုံးသပ်ချက်**
- ** #စာအုပ်အသစ်များ**
- ** #စာအုပ်လက်ဆောင်**
# တိုးတက်ရေး စာအပ်စတိုး
#ကိုယ်ချစ်တဲ့သူတွေ
မပြည့်မစုံဖြစ်တာ
ထိုင်ကြည့်ရတဲ့အခါ
အတော့်ကို နာကျင်ရတယ် ။
စီးပွါးရေးမှာ သိပ်အားကျရတဲ့
သူတစ်ယောက်ရှိတယ်။
သူ ပြောဖူးတဲ့စကားကို
ပြန်မျှဝေပါ့မယ်။
လူတစ်ယောက်က
တစ်လဝင်ငွေ တစ်သိန်းရတယ်
ဆိုပါတော့
တစ်လကို ငါးသောင်းသုံးတယ်
သူတစ်လကို
ဝင်ငွေငါးသောင်းပဲ
ရတော့တဲ့အခါ ဘာလုပ်မလဲတဲ့။
ကိုယ်ချက်ခြင်းဖြေခဲ့တယ်
အသုံးစားရိတ်ကို
တစ်ဝက်လျှော့သုံးမှာပေါ့လို့။
သူ ရီတယ်
အာ့လိုတွေးရင်
သူဌေးမဖြစ်တော့ဘူး-တဲ့
ဟင်! ဒါဆို
ဘယ်လိုတွေးရမလဲဆိုတော့
တစ်လကို ငါးသောင်း
အသုံးစားရိတ်ရှိနေရင်
ငါ အမြဲဒီလိုသုံးနိုင်အောင်
ဘယ်လိုရှာရမလဲ
တွေးပေါ့-တဲ့
လျှော့သုံးဖို့ထက်
တိုးရှာနိုင်အောင် လုပ်လေတဲ့
ဟင်! စောစောကပြောတော့
ဝင်ငွေက
တစ်ဝက် ကျသွားတာဆို
ဆိုတော့-
သူ ထပ်ရီတယ် ။
အင်းလေ
ဒီစီးပွါးက ငွေဝင်နဲရင်
အခြားတခုနဲ့ ခုဖို့ကြံပေါ့
အချိန်တိုင်း
ကြံစည်နေရမှာပဲလေ
လူဆိုတာ
မွေးစကနေ သေသည်အထိ
ပြေးလမ်းပေါ်မှာ
ပြေးနေသလိုပဲ
ပူလောင်လိုက်တာ
မပြောနဲ့နော်
အေးချမ်းချင်ရင်
တရားရိပ်ခိုလိုက်ပေါ့ တဲ့
အဲဒီလူဟာ အသက်၂၃နှစ်မှာ
စက်လှေအစီးရှစ်ဆယ်ပိုင်တဲ့
Companyရဲ့Directorဖြစ်နေပြီ ။
သူငယ်စဉ်က သူ့မိသားစုဟာ
စက်လှေတစ်စီးထဲနဲ့
ငါးဖမ်းလုပ်ငန်း
လုပ်ခဲ့သူတွေပါ။
သူ့ဘဝမှာ
ရုပ်ရှင်ရုံလဲမသိဘူး
ပန်းခြံလဲ မသိဘူး
အချစ်ကိုလည်း ဦးစား
မပေးခဲ့ဘူး
အလုပ်ချိန်
ချစ်သူကို သတိရမိရင်တောင်
မင်းကြောင့်
ငါ အာရုံစိုက်မရ ဖြစ်တယ်ကွ
ဆိုပြီး
လှမ်းဆဲတတ်တဲ့သူမျိုး
သူ့မှာ
လူငယ်ဘဝလည်း ဆုံးရှုံးတယ်
ဒီတော့
ပျော်စရာဆိုတာ မရှိသလောက်ပဲ။
ဒီတော့ ကိုယ်ကမေးတယ်
ဒီလို နေရတာပျော်ရဲ့လား
ဘဝက
ဘာအဓိပ္ပါယ်ရှိမလဲဆိုတော့ .....
အနည်းဆုံးတော့
ကိုယ့်ညီတွေကို
နိုင်ငံခြားမှာ ကျောင်းထားပေး
နိုင်တယ်
ဆင်းရဲသူတွေကို ပေးနိုင်
လှုနိုင်တယ်
မကျန်းမာတဲ့အခါ ကုသပေး
နိုင်တယ်
ဆွေတွေမျိုးတွေကို ထောက်ပံ့
ပေးနိုင်တယ်
တစ်နေ့ သားသမီး ရှိလာရင်
ပြည့်စုံမှု ပေးနိုင်တယ်လေ
ငွေမရှိဘဲ ငယ်ဘဝကို
ပေါ့ပေါ့ပါးပါး
ပျော်နေခဲ့မယ်ဆို
အတ္တကြီးရာ ကျတာပေါ့တဲ့။
ဘဝမှာ တစ်ခုပဲရမယ် ....
အောင်မြင်မှုလား?
အေးချမ်းမှုလား?
နှစ်ခုလုံးမလိုချင်နဲ့လေတဲ့
ဒီလူ့နှယ်
အူကြောင်ကြောင်တွေးလိုက်
တာလို့
ကိုယ်တွေးခဲ့ဘူးတယ်
ဒါပေမယ့် ကြာလာလေ
သဘောပေါက်လာလေပဲ....
ထမင်းကြမ်းကို ယပ်ခပ်
စားရတာ
ပြဿနာမဟုတ်ပေမယ့်
ကိုယ်ချစ်တဲ့သူတွေ
မပြည့်မစုံဖြစ်တာ
ထိုင်ကြည့်ရတဲ့အခါတော့
အတော့်ကို နာကျင်ရတယ်
သူများစားရင် ကျွေးချင်တယ်...
သူများဝတ်ရင် ဆင်ချင်တယ်...
သူများပေးရင်
ကိုယ်လည်းပေးချင်တယ်...
ဒါဟာလောဘဆို----
ဟုတ်တယ်
ကိုယ် သိပ်လောဘကြီးတာပဲ....
ဒါဟာ..ကိုယ်တိုင်လုပ်မှ
သာရတဲ့
တရားမျှတသောလောဘလို့
ကိုယ်မြင်မိတယ်လေ
#ကိုယ်တိုင်ကြိုးစားမှရတဲ့
ငွေကိုပဲမြတ်နိုးတန်ဖိုးထား
ပါတယ်
အရာရာတိုင်းမှာမျှတတဲ့
give and takeရှိတယ်
နဲနဲပေးရင် နဲနဲရမယ်
များများပေးရင် များများရမယ်...
အယူကြီးရင်
အပေးကြီးတော့တာပဲလေ
ဒါကြောင့်
ကိုယ့်အားနဲ့မျှတသော
လောဘကိုယ့်မှာရှိတယ်...
သင်ဟာဘာလူမှုရေးမှ မရှိတဲ့
သူလို့
ပြောခဲ့မိတဲ့စကားလေးတွေကို
သတိရနိုင်ကြပါစေ.....
အလင်းထိန်တဲ့
ကမ္ဘာတစ်ခြမ်းဘက်မှာ
ရပ်ပြီး ပြုံးနေနိုင်အောင်
အလင်းမှိန်နေတဲ့
ကမ္ဘာတစ်ခြမ်းဘက်မှာ
မနားတမ်းအလုပ်လုပ်နေတဲ့
လူသားတစ်ယောက်ရဲ့
လူသားဆန်ချင်တဲ့
စိတ်ခံစားမှုကို နားလည်ခံစား
ပေးနိုင်ကြပါစေ.....
သွဘာသ
#စိတ်ထဲမှာတော့
ပြုံးနေမိခဲ့ပါတယ်
တခါတလေတော့
သာမှပေါင်းချင်တဲ့
လူတချို့ရဲ့
အပြုအမူကို
ဘာတစ်ခုမှ
မတုန်ပြန်လိုက်ပေမဲ့
စိတ်ထဲမှာတော့
မှတ်ထားလိုက်ပါတယ် …
အနိုင်လိုသူကို
အရှုံးပေးရင်
နှလုံးအေးတယ်.ဆိုပေမဲ့
တဖက်စွန်းရောက်လွန်းတဲ့
သူတွေကို
အရှုံးပေးလိုက်ရတာ
ကိုယ့်ယ့်နှလုံးတွေ.နာကျင်
ရတဲ့အကြောင်း
ကိုယ်သာ.အသိဆုံးပါပဲ……
ရန်ကိုရန်ခြင်း
မတုန့်ပြန်ချင်လို့သာ
အရှုံးပေးခဲ့ရပေမဲ့
ကိုယ်လည်း
လူထဲက.လူတစ်ယောက်မို့
စိတ်နာမိခဲ့တယ်ဆိုတာ
ဝန်ခံရဲပါတယ်……
တရားမျှတမှုဆိုတာ
နေရာတိုင်းမရှိနိုင်ဘူး.
ဆိုပေမဲ့.
လူတဖက်သား.
ထိခိုက်နစ်နာသွားစေမဲ့.
တချို့
အကြောင်းအရာတွေမှာ
အနစ်နာ.ခံသင့်ရင်လည်း
ခံလိုက်ပါတယ် ……...
လိုတာထက်ပိုရချင်တဲ့.
လူတချို့ကြောင့်..
ဒေါသကို
လည်ချောင်းဝတင်.
ထိန်းလိုက်ရတဲ့
အခိုက်အတန့်.
ကိုယ့်နှလုံးသား.တွေကတော့.
နာကျင်နေခဲ့သလို.
စိတ်ထဲမှာလည်း.
မှတ်သားထားခဲ့ပါတယ်
သူတို့လိုအပ်ရင်တမျိုး.
မလိုအပ်ရင်တမျိုး.
ဆက်ဆံတတ်တဲ့.
လူတချို့ကြောင့်လည်း.
စိတ်အနောက်ယှက်တွေ
ဖြစ်ခဲ့ရသလို.
ကင်းအောင်
နေတတ်ရမယ်ဆိုတဲ့...
အသိတရားတွေကို.
ရရှိခဲ့တယ်........
သာမှပေါင်းချင်တဲ့.
လူတွေနဲ့လည်း
ဆက်ဆံ.ဖူးခဲ့တယ်.
အနိုင်ရမှ.ကျေနပ်တဲ့
သူတွေကိုလည်း.
ကြုံဖူးခဲ့တယ်.
လိုက်လျောနိုင်မှ.ခင်ချင်တဲ့.
လူတွေကိုလည်း
ဆက်ဆံဖူးခဲ့ပြီ ………
ပတ်သက်ဆက်ဆံမိတာ.
ကိုယ့်အပြစ်.ကိုယ့်.အမှားလို့
နောင်တတွေ.
အကြိမ်ကြိမ်လည်း.
ပိုင်ဆိုင်ခဲ့ဖူးပါပြီ.
ဒါပေမဲ့ကိုယ့်ဖက်က.
ဘာတစ်ခုမှ
မတုန်ပြန်ခဲ့ပါဘူး.သူက.
ငါမှမှ.မဟုတ်တာဆိုတဲ့.
စိတ်နဲ့.ဖြေသိမ့်ခဲ့ပါတယ်..
အနိုင်လိုသူတွေကိုလည်း.
အရှုံးပေးလိုက်ပါတယ်
သာမှပေါင်းချင်တဲ့.
သူတွေကိုလည်း
အပြုံးမပျက်.
ဆက်ဆံပေးခဲ့ပါတယ်.
လိုက်လျောနိုင်မှကပ်တဲ့.
အပေါင်းသင်းတွေကိုလည်း.
လိုက်လျော.ညီထွေအောင်.
ဆက်ဆံပေးခဲ့ပါတယ်………
ကိုယ့်ဖက်က.
ခေါင်းငုံ့ခံခဲ့သမျှ " အ "လို့
မဟုတ်ဖူး.
သူတို့သင်ပေးတဲ့
ပညာတွေထဲက."
သူတို့လိုလူ.မျိုးထဲ.
ငါ မပါစေရဘူး.သူတို့လို
စိတ်မျိုး ငါမမွေး.သင့်ဘူး"
ဆိုတဲ့.
ကိုယ်ချင်းစာစိတ်နဲ့.စာနာ
စိတ်တွေကို.မွေးဖွား
တတ်လာခဲ့လို့ပဲ ဖြစ်ပါတယ်.
ကိုယ့်အပေါ်.တဖက်သတ်
အနိုင်ယူသွားသူ.
အားလုံးကို.မတုန့်ပြန်ခဲ့ပေမဲ့
စိတ်ထဲမှာမှတ်ထား
လိုက်တယ်.
သာမှ
ပေါင်းချင်တဲ့သူတွေကို.
ကပြုံးမပျက်ဆက်ဆံ
နေပေမဲ့.
အသိ သတိလေးတော့.
အမြဲထား.လိုက်တယ်.
လိုအပ်မှ လာပေါင်းတဲ့
သူတွေကို.မမုန်းတီးပေမဲ့.
ပေါင်းအပ်တဲ့လူတွေ.
မဟုတ်ဖူးလို့.
ဦးဏှောက်ထဲ.ထည့်ထား
ခဲ့ပါတယ် …..……
တစ်ခုလေးပေါ့.
ကိုယ့်ဖက်က.အကောင်းဆုံး
ဆက်.ဆံပေးခဲ့ပါရက်.
အလိမ်အညာတွေနဲ့.
လာဆက်.ဆံတဲ့အခါ.
လှည့်စားမှုတွေနဲ့ကြုံရတဲ့
အခါ ....
ဘာတစ်ခုမှတော့
မတုန့်ပြန်လိုက်ပါဘူး.
ဒါပေမဲ့
သူတို့လုပ်ရပ်တွေ
လူမသိဘူးထင်တဲ့.
အပြုအမူတွေကြောင့်.
စိတ်ထဲမှာတော့
ပြုံးလိုက်မိပါတယ်.
.......
07/08/2022
တိုးတက်ရေး - Success Club ကနေ ဦးစီး ကျင်းပတဲ့ သင်တန်း ဖြစ်တာကြောင့် လာရောက် join ကြဖို့ ဖိတ်ခေါ်ပါရစေ ။
ဘယ်အရာတွေက မိတ်ဆွေတို့ ရဲ့ ဘဝကို အောင်မြင်မှု နဲ့ ဝေးကွာစေအောင် ပိတ်ဆို့ထားတာလဲ ?
တစ်ခါ တစ်လေ စိတ်ထဲမှာ ကျွန်တော်တို့ ကိုယ်တိုင် မမြင်နိုင်တဲ့ အတားအဆီး မသိစိတ်လို့ ခေါ် တဲ့ အရာက ကောင်းတာ တစ်ခုခု လုပ်ဖို့ လွန်ဆွဲနေတာမျိုး ကြုံဖူးကြလိမ့်မယ် ထင်ပါတယ်။ အဲ့ဒီ မသိစိတ် (subconscious mind ) ရဲ့ စွမ်းအားက အလွန်ကြီးမားပါတယ်။ သူ့ကို စနစ်တကျ နဲ့ ကိုယ်လိုချင်တဲ့ ပုံစံရအောင် သေချာ လေ့ကျင့် ပေးနိုင်ခဲ့လျင် ရလာမယ့် ရလဒ်က အံ့မခန်းပဲ ဖြစိပါလိမ့်မယ်။
ဘဝမှာ အောင်မြင်မှု တွေ ပိုင်ဆိုင်ချင်တယ် ဆိုရင်တော့ ကျွန်တော်တို့ ရဲ့ ကြောက်ရွံမှု (Fear) ကျွန်တော် တို့ရဲ့ စိတ်ခံစားချက် (Emotion)တေွကို ထိန်းချုပ် ပြီး ဘယ်အရာကိုမဆို ဦးနှောက်နဲ့ စဥ်းစား ဆုံးဖြတ်ပြီး ရဲရဲရင်ဆိုင်နိုင်ဖို့ အရေးကြီးပါတယ်။
ဒါကြောင့် မိတ်ဆွေတို့ အနေနဲ့ ကိုယ့်ဘဝ အတွက် အရေးကြီးတဲ့ မသိစိတ်ရဲ့ အရေးပါပုံတွေ / အကြောက်တရား နဲ့ စိတ်ခံစားချက်တွေကို အကောင်းဆုံး ပြုပြင်ချင်တယ် - လေ့လာသင်ယူ ချင်တယ်
တန်ဖိုး ရှိတဲ့ အချိန်တွေကို အသုံးချ ချင်တယ် ဆိုရင်တော့ ကျွန်တော် တို့ အနေနဲ့ ကူညီပေးပါရစေ။
ဒီအရာတွေ အားလုံးကို
တဆင့်ခြင်း လုပ်ဆောင်ပုံ အဆင့်ဆင့်ပါ လက်တွေ့ ပြန်လည်အသုံးချနိုင်ရန် စီစဉ်ထားသည့်သင်တန်း ဖြစ်ပါတယ်
"21 Days Challenge Change Your Mindset (21DC)"
Online သင်တန်း
" 21 DC " မှာ ဘယ်လို လူတွေ တက်သင့်တာလဲ?
🔹မိမိဘဝအတွက် အရမ်း အရေးပါတဲ့ မသိစိတ် ကို ဘယ်လို control လုပ်ရမလဲ မသိသူတွေ
🔹နေ့စဥ် အလေ့အကျင့်ကောင်းတွေ လုပ်ချင်တယ် ။ ဒါပေမယ့် ဘယ်ကစလုပ်ရမှန်းမသိတဲ့သူတွေ
🔹 မိမိစိတ်ထဲမှာ ကိန်းအောင်းနေတဲ့ အကြောက်တရား နဲ့ မကောင်းတဲ့ စိတ်ခံစားချက် တွေကို ဖယ်ရှားချင်တဲ့ သူတွေ
♦လက်ရှိဘဝ ထက် ပိုပြီးတိုးတက်အောင်မြင်ချင်တဲ့ လူငယ်တွေ
🔹 ဘဝ အတွက် အရေးကြီးတဲ့ Vision Board တည်ဆောက်နည်း နည်းလမ်းမသိတဲ့သူတွေ
🔹 စိတ်ကို အသစ်တစ်ဖန် ပြန်လည် ကောင်းမွန်လာစေမယ့် Refresh Mindset Process တွေ ထိ ပါဝင်တဲ့ သင်တန်း ဖြစ်ပါတယ် ။
♦️ ရင်းနှီးမြုပ်နှံမှုတွေ အားလုံးထဲမှာ မိမိကိုယ်ကို ရင်းနှီးမြုပ်နှံမှုဟာ ဘဝမှာ အကျိုး အမြတ် အများဆုံး ဖြစ်ပါတယ် 👈
==================
"21DC" ရဲ့ ပုံမှန်သင်တန်းကြေးက "95,000 Ks" ဖြစ်ပေမယ့်...
အခု Online Class ကိုတော့ "50,000 Ks" နဲ့
တက်ရောက်နိုင်မှာပါ...
( 1.9.2022) မတိုင်ခင်အပ်ပါက "35,000Ks" သာ)
ဘယ်လိုသင်ကြားပေးမှာလဲ?
🔹 Facebook Private Group ကနေ
Live လွှင့်ပြီး သင်ကြားပေးမှာပါ
🔹 သင်ကြားနေစဉ်မှာလည်း ဆွေးနွေးခြင်း မေးမြန်းခြင်း တွေကို လုပ်လို့ရလို
🔹 ထပ်ခါထပ်ခါ ပြန်လေ့လာနိုင်အောင်လည်း Live Video ကို မဖျက်ဘဲ ထားထားမှာပါ...
❗Online သင်တန်းဆိုပေမယ့်
သင်တန်းသားဦးရေ (30) သာ လက်ခံပေးသွားမှာပါမို့ မြန်မြန်အပ်ထားမှစိတ်ချရမှာနော်❗
ChatBox ကနေလည်း မေးမြန်းစုံစမ်းနိုင်ပါပြီ....
21Days Challenge Change Your Mindset (21DC) =================================
သင်တန်းနေ့ရက် - (1.9.2022 - 20.9.2022)
သင်တန်းအချိန် - (7:00 PM - 9:00 PM)
သင်တန်းကြေး - 50,000 Ks
(1.9.2022) မတိုင်ခင်အပ်ပါက "35,000Ks" သာ
လူဦးရေကန့်သတ်ထားပြီး တက်ရောက်သူတွေများတာကြောင့် မိမိကိုယ်ကို ပြောင်းလဲမှု လုပ်ဖို့ စိတ်ကူးထားရင်တော့.. "21days Challenge " လို့ Comment ပေးခဲ့လိုက်တော့နော်....
Challenge
your minds
class
Click here to claim your Sponsored Listing.
Category
Website
Address
Laydaungkan Road , Thingangyun Township
Yangon
1234
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |