CyberZoe Digital Services

CyberZoe Digital Services

Share

17/05/2026

ဒီယုန်မြင်လို့ဒီချုံထွင်တာ ဟိုကောင်ကရေလျှုံတာကိုး..!!!

20/04/2025

ရန်ကုန်က အထပ်မြင့် ကံထရိုက်တိုက်မှာ
နေတာ မကြောက်ဘူးလား..တဲ့။
သူငယ်ချင်းတစ်ယောက်က မေးတယ်။

"ငလျင်လှုပ်ရင်တော့ တိုက်ပေါ်က
ဆင်းပြေးမှာပေါ့ကွာ...
ဒါပေမဲ့.... ဒီတိုင်း နေရင်းထိုင်ရင်းတော့
တွေးပူမနေတော့ဘူး...''လို့
ကျွန်တော် ပြန်ဖြေမိတယ်။

ကယ်ဆယ်ရေးတွေနောက်လိုက်ပြီး
သိလာရတဲ့ အမှန်တရား တစ်ခုက
ဒါကို ကြုံကို ကြုံရမယ့် လူက
ဘယ်လိုမှ ရှောင်လို့ မလွတ်ဘူး။
ဒါကို လွဲကို လွဲရမယ့် လူက
ကြံဖန်ပြီးကို လွတ်တယ်ဆိုတဲ့ အသိပဲ။

ငလျင်လှုပ်ပြီး ပြိုမယ့်အိမ်ကို အဲဒီနေ့မှာမှ
လာတည်းမိပြီး ပါသွားတဲ့ ဧည့်သည်တွေ။
(အိမ်ရှင်က မုန့်သွားဝယ်ရင်း လွတ်သွား...)

ပြိုကျမယ့် ဆိုင်မှာမှ ဈေးလာဝယ်မိပြီး
ပါသွားတဲ့ ကာစတာမာတွေ။
(ဆိုင်ပိုင်ရှင်နဲ့ ဝန်ထမ်းတွေ လွတ်သွား)

တခြားဒေသမှာ နေသူဖြစ်ပေမယ့် အဲဒီနေ့မှာ
ငလျင်အပြင်းအထန်ဖြစ်မယ့် မြို့တွေကို
ရောက်ရှိနေသူတွေ..။

ငလျင်အပြင်းအထန်ဖြစ်မယ့် မြို့တွေမှာ
နေပေမယ့် အဲဒီနေ့မှာ တခြားဒေသကို
ခရီးလွန်နေသူတွေ။

ဒါမျိုးအဖြစ်တွေ အများကြီးပဲ။

"လူ့ဘဝဆိုတာ ဘာပြီးရင် ဘာလာမယ်လို့
အတိအကျပြဌာန်းထားတဲ့ စာအုပ်ကွ..''လို့
(ကိုဗစ်တုန်းက) ဦးဇော် ပြောခဲ့ဖူးတဲ့
စကားလေးကို ပြန်သတိရမိတယ်။

"မဖြစ်သေးတဲ့ ကိစ္စတွေကို တွေးပူနေရင်
တကယ်ဖြစ်လာတဲ့အခါ နှစ်ခါ ရှုံးတယ်ကွ..
မဖြစ်လာရင်လည်း တွေးပူနေတဲ့
နေ့ရက်တွေအတွက် ရှုံးရတာပဲ..''လို့
စီးပွားရေးသမားပီပီ သူက တွက်ပြတယ်။

ဟုတ်တယ်။
ကျွန်တော်တို့ ဖြစ်ချင်ချင် ၊ မဖြစ်ချင်ချင်
ဘဝက သူ့စာမျက်နှာတစ်ရွက်ချင်းစီအတိုင်း
အတိအကျ ဆက်သွားနေမှာပါပဲ။
ဒါကြောင့်မို့
(ကိုယ်ဖန်တီးခွင့် ၊
ကိုယ်ရှောင်လွဲခွင့် မရနိုင်တဲ့)
တချို့ကိစ္စတွေကို တွေးပူမနေချင်တော့ဘူး။

ကိုယ်တွေလုပ်နိုင်တာက ငလျင်လှုပ်ရင်
တိုက်ပေါ်ကနေ အမြန်ဆုံး ဘယ်လို
ဆင်းပြေးရမယ်..
ဘယ်နေရာမှာ ရှောင်မယ်..
အရေးကြီးပစ္စည်း ဘာတွေကိုအဆင်သင့်
ပြင်ဆင်ထားမယ်...စသည်ဖြင့်
ဒီ လောက် ပဲ...။

ကျွန်တော် မကြာခဏ တွေးမိတဲ့
အဖြစ်အပျက်လေး နှစ်ခုရှိပါတယ်။

၂၀၁၂ ဝန်းကျင်ကထင်ပါရဲ့...။
ဆိုင်ကယ်စီးနေတဲ့ လူတစ်ယောက် နဲ့
မြေပြင်ပေါ်ကို အရေးပေါ်ဆင်းလိုက်ရတဲ့
လေယာဉ် တစ်စီးတို့ ထိခိုက်မိပြီး
ဆိုင်ကယ်သမား ဆုံးပါးသွားတယ်။
ဟဲဟိုး လေဆိပ်နားမှာ..။
မြေပြင်မှာ ပြေးနေတဲ့ ဆိုင်ကယ်ပေါ်ကို
တမင်လေယာဉ်နဲ့ ချိန်ပြီး ဆင်းရင်တောင်
ထိဖို့ လုံးဝ မလွယ်ဘူး။

နောက်အဖြစ်အပျက်တစ်ခုက
ကျွန်တော့်ဇာတိ ဖဒိုမှာပဲ။
အချိန်က ကျွန်တော် လူငယ်ဘဝပေါ့။
လမ်းဘေးမှာ မူးပြီး အိပ်ပျော်နေတဲ့
အကိုတစ်ယောက်ရဲ့ အပေါ်တည့်တည့်ကို
Final Distination 2 ဇာတ်ကားထဲကလို
သစ်လုံးကား ကြိုးပြတ်ကျသွားတယ်။
ဝုန်းခနဲ ပြိုကျလာတဲ့ သစ်လုံးအများကြီး
ထဲက၂ လုံးဟာ သူ့ဘေးနှစ်ဖက်မှာ
ညီညီညာညာ ကျတယ်..
နောက် ၁ လုံးဟာ အဲဒီအပေါ် ကန့်လန့်ခံတယ်။
ကျန်တဲ့ သစ်လုံးတွေဟာ အဲဒီသစ်လုံး
သုံးလုံးရဲ့အပေါ်ကို ကျပြီးဘေးကို
လွင့်စင်သွားတယ်။
ဆရာသမားက ပွန်းရာ ပဲ့ရာတောင် မရှိဘူး။

ဒီအဖြစ်နှစ်ခုကို ကျွန်တော် မကြာခဏ
တွေးပြီး ပြုံးမိတယ်။

ဟုတ်တယ်....
လူ့ဘဝဆိုတာ ဘာပြီးရင် ဘာလာမယ်လို့
အတိအကျ ပြဌာန်းထားတဲ့ စာအုပ်တစ်အုပ်ပဲ..

(သို့မဟုတ်)

အားလုံးဟာ ကံ စီမံရာပဲ။

(သို့မဟုတ်)

အရာရာဟာ
ဘုရားသခင် အလိုတော်အတိုင်းပါပဲလေ...။


Credit to ကိုစိုးထိုက် (ဖဒို)

27/03/2025

လက်ရှိမှာ ၂၀၂၅ ခုနှစ်အတွက် ၀င်ငွေအကောင်းဆုံး တမီလ်စကားပြောရုပ်ရှင်အဖြစ်ရော
စတုတ္ထမြောက်၀င်ငွေအကောင်းဆုံးအိန္ဒိယရုပ်ရှင်အဖြစ်ပါ စံချိန်တင်ထားတဲ့
အချစ်-ဒရာမာ-ဟာသဇာတ်လမ်းသစ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။

လူတစ်ယောက်တကယ်ပြောင်းလဲချင်ရင် စက္ကန့်ပိုင်းပဲ ကြာတယ်ဆိုတဲ့စကားကို
ကြားဖူးမှာပါ။ ဘာမဟုတ်တဲ့ကိစ္စလေးက လူတစ်ယောက်ကို
အကြီးအကျယ်ပြောင်းလဲသွားစေနိုင်ပါတယ်။ ဒီဇာတ်လမ်းထဲမှာလည်း ဒီလိုပါပဲ။

ဒီရာဂါဗန်ဆိုတဲ့လူငယ်လေးဟာ ၁၂ တန်းကို ထူးထူးချွန်ချွန်အောင်မြင်ပြီး
အင်ဂျင်နီယာကျောင်းကောင်းကောင်းကို ၀င်ခွင့်ရခဲ့ပါတယ်။
ဒါပေမဲ့ သူဆုရတဲ့နေ့မှာပဲ သူကြိုက်နေတဲ့သူငယ်ချင်းကောင်မလေးကို
ဖွင့်ပြောမိရာကစလို့ သူ့ဘ၀ကြီးလုံး၀ပြောင်းလဲသွားရဖို့ ဖြစ်လာပါတယ်။

စာတော်ပြီးလိမ္မာရင် မိန်းကလေးတွေကြိုက်ကြမယ်လို့ အထင်ရှိခဲ့တဲ့
လူလိမ္မာလေးရာဂါဗန်တစ်ယောက် သူချစ်တဲ့မိန်းကလေးက
ကျောင်းကလူဆိုးလူပေကိုမှ ကြိုက်နေတာကို သိသွားပါတယ်။
အဲဒီကစလို့ ရာဂါဗန်ဟာ စာတော်တဲ့လူလိမ္မာကျောင်းသားလေးဘ၀ကို တစ်ခန်းရပ်ပစ်လိုက်ပါတယ်။

ဒီရာ‌ဂါဗန်ဆိုတဲ့နာမည်ကိုလည်း နဂါးလေးလို့ သူ့ကိုယ့်သူပြောင်းမှည့်ပြီး
အင်ဂျင်နီယာကျောင်းမှာ ကမ်းကုန်အောင်ဆိုးပါတော့တယ်။
သူ့ရဲ့ဆိုးမိုက်မှုတွေကြောင့်ဘွဲ့ရခါနီးမှ ကျောင်းတန်းလန်းနဲ့
ဟိုမရောက်ဒီမရောက် ဖြစ်သွားပါတယ်။ ဘွဲ့မရ အလုပ်မရှိနဲ့
ဘ၀ကိုအချိန်ဖြုန်းလေလွင့်နေပေမဲ့ မိဘတွေကိုတော့
အလုပ်ရှိသယောင် လုပ်ဇာတ်ခင်းထားတာပါ။

ဒီလိုနဲ့တစ်နေ့တော့ ၆ နှစ်ကြာအောင် သူ့ရဲ့ဆိုးမိုက်မှုဒဏ်ကို
သည်းခံပေးလာတဲ့ ချစ်သူမိန်းကလေးကပါ သူ့ကို ထားသွားဖို့အကြောင်းဖန်လာတဲ့အခါ…

လေလွင့်‌နေတဲ့ ရာဂါဗန်တစ်ယောက် နောင်တရလာမှာလား၊
သူ့ဘ၀ပြောင်းလဲလာပါဦးမလား၊ သူ့မိဘတွေနဲ့ရော
ဘယ်လိုရှေ့ဆက်စခန်းသွားမလဲဆိုတာကို အချစ်နဲ့ဒရာမာမှာ
ဟာသလေးပါနှောပြီး ကြည့်ကြရမှာ ဖြစ်ပါတယ်။

Link in Cmt 👇

Photos from CyberZoe Digital Services's post 22/03/2025

Pushpa (1) နဲ့ (2) နှစ်ကားလူံးမကျိရသေးသူတွေကောပြန်ကျိချင်သူတွေကောအတွက် အကြည်ဗားရှင်းရပါပီ အများကြီးပြောစရာမလိုအောင်ရှယ်ကောင်းရှယ်ကြမ်းတဲ့ကားဆိုတာသိပီးသာဆိုတော့ Showလိုက်ကြတော့ဗျာ cmtမာလင့်ချထားပါတယ် 👇

Want your business to be the top-listed Advertising & Marketing Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


Yangon