Zan Taw Win

Zan Taw Win

Share

Photos from Zan Taw Win's post 25/08/2019

မူးယစ်ဆေးဆိုသည်မှာ အပိုင်းငါး
မူးယစ်ဆေး ဘာ့ကြောင့်စွဲတာလဲ
လူငယ်တွေ မူးယစ်ဆေးကို စတင်စမ်းသပ်ခြင်းသည်
လူငယ်ပီပီ
စွန့်စားလိုစိတ်ပြင်းထန်ခြင်း
စမ်းသပ်လိုခြင်း
အပေါင်းသင်းများက ဇွတ်ဖိအားပေးခြင်း တို့ကြောင့် စတင်သုံးစွဲမိခြင်း ဖြစ်နိုင်သည်။မူးယစ်ဆေးဆိုသည်မှာလဲ စတင်သုံးစွဲချိန်မှ စကာ ဦးနှောက်နှင့် အာရုံကြောပေါ်တွင် ပြောင်းလဲမှုများ စတင်ဖြစ်ပေါ်စေပြီး စွဲလန်းစေသည်။ ထိုကြောင့်တစ်ကြိမ်ထဲမို့ မစွဲလန်းနိုင် ဟူသော အယူအဆ ကို လုံးဝမထားသင့်ပေ၊ လူငယ်များ အနေ့ဖြင့်လဲ တစ်ကြိမ်တစ်ခါတောင်မစမ်းကြည့်သင့်ပေ။
မူးယစ်ဆေး တို့သည် ဦးနှောက်၏ အတွင်းတွင်ရှိသော စိတ်ခံစားမှု ၊ သာယာစေမှုနှင့် တက်ကြွစေမှု တို့ဖြစ်စေသော နေရာက်ို အလွန်အကြူ း လှုံ့ဆော်ပေးတတ်သည်။ ထိုနေရာက်ို Limbic system ဟုခေါ်သည်။ ထို LS နေရာသည် အလွန် လှုံ့ဆော်ခံရသော အရသာကြောင့် မူးယစ်ဆေးသုံးစွဲသူသည် အလွန်သာယာမှုကိုခံစားရပြီး စွဲလန်းစေသည်၊ LS နေရာသည် အလွန် လှုံဆော်ခံရသော အခါ ဦးနှောက် ရှေ့ပိုင်းရှိ ပိုင်းခြားဝေဖန် တွေးတောနိုင်စွမ်းရှိသော နေရာကိုလဲ လွှမ်းမိုးသွားပြီး စဉ်းစားနိုင်စွမ်း အကျိုးအကြောင်းဆုံးဖြတ်နိုင်စွမ်းတို့လျော့ပါးကာ၊ လူရည်လူသွေး ညံဖျင်းစေပါသည်။ ထို့ကြောင့်ပင် မူးယစ်နွံတွင်း နစ်သထက်နစ်ကာ ဘဝပျက်ရရှာတော့သည်။

#သင်နှင့် မိတ်ဆွေ အသိုင်းအဝိုင်း များတွင် မူးယစ်ဆေးစွဲ ၊ အရက်စွဲ ၊ စိတ်ရောဂါ အမျိုးမျိုး ခံစားနေရလျှင် ခံစားရသည်ဟု သံသယ ရှိလျှင် ၊ ကျွမ်းကျင်သော အထူးကုဆရာဝန်များ ဦးစီးကုသပေးနေသော စျာန်တော်ဝင်ဆေးခန်းသို့ ကြွလှမ်းခဲ့ကြပါ။

Photos from Zan Taw Win's post 23/08/2019

မူးယစ်ဆေးဆိုတာ ဘာလဲ
မူးယစ်ဆေး ဆိုသည်မှာ အပိုင်း §၃

မူးယစ်ဆေးပြတ် ဆေးစွဲ လက္ခဏာများ

မူးယစ်ဆေးသုံးစွဲသူသည် သုံးစွဲချိန် ကြာလာသည်နှင့်အမျှ လိုအပ်သော ဆေးပမာဏသည် ပို၍ ပို၍ တိုးတက်များပြားလာတတ်သည်။ ပုံမှန် သုံးနေကျ ပမာဏနှင့် မတင်းတိမ်နိုင်ပဲ ပိုများသော ပမာဏကို တရွေ့ရွေ့ လို အပ်လာတတ်သည်၊ အကယ်၍ ဆေးပြတ်သွားလျှင် ယင်းထ သော လက္ခဏာများ ကိုပြင်းထနိစွာ ခံစားရလေ့ရှိသည်။

ဘိန်းဖြူ ယင်းထသော လက္ခဏာစု များမှာ
ချွေးစေးပြန်ခြင်း ၊ တုန်ယင်ခြင်း၊ ဝမ်းလျောခြင်း၊ ဝမ်းပျက်ခြင်း ၊ မျက်ရည်များကျဆင်းခြင်း၊ နှာရည်များယိုခြင်း၊ ကိုလက်များ အလွန်အကြူးကိုက်ခဲခြင်း၊ ဂဏာမငြိမ်ဖြစ်ခြင်း ၊ ခြေထောက်ကြွက်တက်ခြင်း၊ သူငယ်အိမ်ကျယ်နေတတ်ခြင်းတို့ ခံစားရတတ်သည်။ ထိုကဲ့သို့ မူးယစ်ဆေး မသုံးရလျှင်မနေနိုင်အောင် ခံစားရတတ်သည်၊ ဒေါသကြီးကြမ်းတမ်းခြင်း ဆေးရရန် မဆင်မခြင်ပြု မှူခြင်းတို့ကိုလဲ တွေ့ရနိုင်သည်။နောက်ပိုင်းတွင် မူးယစ်ဆေး အရသာ ခံစားရခြင်းထက် ဆေးအသုံးရလျှင် ခံစားရသောဝေဒနာကိုရှောင်ရန် မူးယစ်ဆေးကို ရှာရသည်အထိ ဖြစ်လာသည်။

#သင်နှင့် မိတ်ဆွေ အသိုင်းအဝိုင်း များတွင် မူးယစ်ဆေးစွဲ ၊ အရက်စွဲ ၊ စိတ်ရောဂါ အမျိုးမျိုး ခံစားနေရလျှင် ခံစားရသည်ဟု သံသယ ရှိလျှင် ၊ ကျွမ်းကျင်သော အထူးကုဆရာဝန်များ ဦးစီးကုသပေးနေသော ဈာန်တော်ဝင်ဆေးခန်းသို့ ကြွလှမ်းခဲ့ကြပါ။

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon
11451