Popa Myanmar Real Estate
16/08/2023
ကမ္ဘောဇဘဏ်နှင့် ချိတ်ဆက်ထားသော နိုင်ငံခြားငွေလွှဲဝန်ဆောင်မှုများ
ပြည်ပရောက် မြန်မာနိုင်ငံသားများအနေဖြင့် ကမ္ဘောဇဘဏ် နှင့် ချိတ်ဆက်ထားသော ငွေလွှဲဝန်ဆောင်မှုတွေဖြစ်တဲ့ Western Union ၊ Merchant Trade ၊ Ria ၊ Thunes ၊ KEB (Hana) Bank နှင့် Krung Thai Bank တို့မှတစ်ဆင့် ကမ္ဘောဇဘဏ်သို့ တိုက်ရိုက်ငွေလွှဲပေးပို့နိုင်မည်ဖြစ်ပြီး လွှဲပို့ငွေများကို လက်ရှိဖွင့်လှစ်ထားသော ကမ္ဘောဇဘဏ်ခွဲတိုင်းမှာ နိုင်ငံတော်မှ ထပ်ဆောင်းချီးမြှင့်ငွေ အမေရိကန် ၁ ဒေါ်လာလျှင် ၃၀ ကျပ်ထပ်ပေါင်း၍ ငွေသားဖြင့် ၁၀၀% ထုတ်ယူနိုင်မှာဖြစ်ပါတယ်။
ငွေလွှဲဝန်ဆောင်မှုအသီးသီး၏ လွှဲပို့ငွေများ ထုတ်ယူရန် လိုအပ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။
(၁) Western Union - ငွေလက်ခံမည့်သူသည် ကမ္ဘောဇဘဏ်စာရင်းရှိရန် မလိုအပ်ဘဲ ငွေလွှဲထုတ်ယူရန်ပေးပို့ထားသော MCTN ကုတ်နံပါတ် (၁၀) လုံး နှင့် မှတ်ပုံတင်ဖြင့်ငွေသား ၁၀၀% ထုတ်ယူနိုင်ပါတယ်။
(၂) Merchant Trade - ငွေလက်ခံမည့်သူသည် ကမ္ဘောဇဘဏ်စာရင်းရှိရန် မလိုအပ်ဘဲ ငွေလွှဲထုတ်ယူရန်ပေးပို့ထားသော ကုတ်နံပါတ် (၁၄) လုံး နှင့် မှတ်ပုံတင်ဖြင့် ငွေသား ၁၀၀% ထုတ်ယူနိုင်ပါတယ်။
(၃) Ria နှင့် KEB Hana Bank - ကမ္ဘောဇဘဏ်စာရင်း သို့မဟုတ် KBZPay အကောင့်ရှိရုံဖြင့် ငွေလွှဲလက်ခံနိုင်မှာ ဖြစ်ပြီး ဘဏ်စာရင်းသို့ လွှဲပို့ငွေများကို ဖွင့်လှစ်ထားသော ကမ္ဘောဇဘဏ်တိုင်းတွင် ထုတ်ယူနိုင်မှာ ဖြစ်ပြီး KBZPay အကောင့်အတွင်းသို့ ဝင်ရောက်လာသော လွှဲပို့ငွေများကို KBZPay အကောင့်၏ သတ်မှတ်ချက်အတိုင်း ထုတ်ယူနိုင်မှာ ဖြစ်ပါတယ်။
(၄) Thunes - ငွေလွှဲလက်ခံမည့်သူသည် ကမ္ဘောဇဘဏ်စာရင်းတစ်ခုခု ဖွင့်လှစ်ထားရန်လိုအပ်ပြီး လွှဲပို့ငွေများကို စာရင်းအတွင်းသို့ အချိန်နှင့်တပြေးညီလက်ခံနိုင်မည် ဖြစ်မှာ ဖြစ်ပါတယ်။
(၅) Krung Thai Bank - ငွေလွှဲလက်ခံမည့်သူသည် ကမ္ဘောဇဘဏ်စာရင်းဖြင့်ဖြစ်စေ၊ မှတ်ပုံတင်မူရင်း နှင့် Code Number တို့ဖြင့် ဖြစ်စေ ကမ္ဘောဇဘဏ်ခွဲများတွင် ငွေသားထုတ်ယူနိုင်ပါတယ်။
အသေးစိတ်သိရှိလိုသည်များရှိပါကKBZ Bank Call Center Ph Number: 09 951018555 သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။
16/08/2023
🙏🙏🙏
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Gabaraye Pagoda Road
Yangon