Aung Htoo Choon
31/08/2020
တပည့်လေးများကို အထင်မသေးပါနဲ့
ကျောင်းတုန်းက စာမတော်တဲ့ ကျွန်တော့်တပည့်
အခု ဆိုင်ကယ်ပြင်နေတာ ကျွန်တော့်ထက်တော်တယ်။
ကျောင်းတုန်းက စာမတော်တဲ့
ကျွန်တော့်တပည့်
အခု ကွန်ပျူတာဆိုင်မှာ ကျွန်တော့်ထက်တော်တယ်။
ကျောင်းတုန်းက စာမတော်တဲ့ ကျွန်တော့်တပည့်
အခု ကားမောင်းနေတာ ကျွန်တော့်ထက်တော်တယ်။
ကျောင်းတုန်းက စာမတော်တဲ့ ကျွန်တော့်တပည့်
အခု ပန်းရံလုပ်နေတာ ကျွန်တော့်ထက်တော်တယ်။
ကျောင်းတုန်းက စာမတော်တဲ့ ကျွန်တော့်တပည့်
အခု လက်သမားလုပ်နေတာ ကျွန်တော့်ထက်တော်တယ်။
ကျောင်းတုန်းက စာမတော်တဲ့ ကျွန်တော့်တပည့်
အခု စီးပွားရေးလုပ်နေတာ ကျွန်တော့်ထက်တော်တယ်။
ကျောင်းတုန်းက စာမတော်တဲ့ ကျွန်တော့်တပည့်
အခု စက်တွေပြင်ဆင်နေတာ ကျွန်တော့်ထက်တော်တယ်။
ကျောင်းတုန်းက စာမတော်တဲ့ ကျွန်တော့်တပည့်
အခု မီးလိုင်းလိုက်ရိုက်နေတာ
ကျွန်တော့်ထက်တော်တယ်။
စာမတော်ပေမယ့် လောကကြီးမှာ
ကျရာဇာတ်ရုပ် အဟုတ်ဖြစ်အောင်
သူ့ဝါသနာနဲ့သူ သင်ယူတတ်မြောက်
ဘဝခရီးလျှောက်နေကြပါပြီ။
တစ်ခုမရ တစ်ခုရ
တစ်ခုမကျွမ်း တစ်ခုကျွမ်းသမို့
အားပေးမြင့်တင် အောင်စိတ်ဝင်အောင်
ဘယ်သူ့ကိုမှ နှိမ်ချိုးပြစ်တင်
စိတ်ဒဏ်ရာများ မပေးသင့်ပြီ။
Credit.....
Aung Aung (Education)
( က လေး တိုင်း …… သို့ )
-
ကလေးရယ်
တဒိုင်းဒိုင်းနဲ့ (PUBG) game ပစ်သတဲ့လား ?
ဒီအချိန် စာဖတ်
ကမ္ဘာပတ်ဖို့ ခြေလှမ်းပြင်ပါတော့ . . .
အဲ့သည့် ကျည်ဆံတွေပေါ့
မာလာလာ ဘယ်ဘက်ဦးခေါင်းကို ပစ်ခဲ့တာ
ဂန္ဒီနံဖူးတည့်တည့်ကို ပစ်ခဲ့တာ
ဗိုလ်ချုပ်ကို ၁၃ ချက် ပစ်ပြီး
မြန်မာပြည်ကြီးကို ဇကာဖောက်သွားတာ . . .
သေနတ်တွေ အာဏာရူး လက်ထဲရောက်သွားတဲ့အခါ
ဗီယက်နမ်က ကလေးသူငယ်တွေ အတုံးအရုံးး
ကမ္ဘာရဲ့ ဝက်ဆိုဒ်မှာလေလံတင်ထားသလို နဲ့
စစ်ကို ငိုရှိုက်နေကြရတယ် . . .
ကလေးရယ် စာဖတ် ကွ
အနာဂါတ်ဟာ မင်းတို့လက်ထဲမှာ
နိုင်ငံအပျက်ကြီးကို မင်းတို့ပဲဖာထေးရမှာ
ကောင်းကင်အပေါက်ကြီးကို လည်း
မင်းတို့ပဲ ပိတ်ရဦးမှာ … … …
ငါတို့မှာ အချိန်မရှိဘူးးး
တိုးတက်မူ့ဟာ ဘက်စ်ကားလို
အိမ်ဦးခန်းကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာမှာမဟုတ်ဘူး
ကလေးရယ် ,
ငါ လွန်သွားသလားးး ?
ငါတို့ ကလေးတွေဆော့နေချိန်မှာ
ကမ္ဘာပေါ်က ကလေးတွေ
စာဖတ်နေကြလို့ပါ . . . . .
မြန်မာနိုင်ငံ ပညာရေးဟာ
အမြစ်ကစ, အဆိပ်မိထားတဲ့ သစ်ပင်တစ်ပင်လိုပါပဲ
ကျောင်းတွေဟာ
မမွှေးတဲ့ပန်းတွေကို စိုက်ပျိုးနေသလို
အနာဂါတ်ဟာ … စနစ်တကျ ဖျက်ဆီးခံနေရတယ်
ငါတို့တွေ သိရမယ်
ကမ္ဘာက မြန်မာကို သိဖို့
မြန်မာက ကမ္ဘာကို သေချာသိဖို့လိုတယ် . . .
ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် အောင်ဆန်းစုကြည်ကို
မင်းတို့ သိသလို
ဆွပ်တောင်ကြားက မာလာလာဆိုတဲ့
ကောင်မလေးကို မင်းတို့သိရမယ် . . .
ဗိုလ်ချုပ်အောင်ဆန်းကို ငါတို့ချစ်သလို
ဂန္ဒီရဲ့ ရာဇဝင်ကို သိရမယ် ,
အလောင်းမင်းတရားကို မမေ့သလို
လီနင်ကိုလည်း သိရမယ် . . .
ပုဂံကို အလွတ်ရသလို
တာ့ရ်မဟာကို သိရမယ်
ရန်ကုန်ကို ကျက်မိသလို
လက်စ်ဗီးဂတ်ကိုလည်း သိရမယ်
ဧရာဝတီကို မြတ်နိုးသလို
ပိရမစ်တွေကိုလည်း သိရမယ်
ဦးသန့်ကို သိသလို
ဘန်ကီမွန်ကိုလည်း သိရမယ်
ဖိုးပါကြီးကို အားပေးသလို
ရာဂျာမိုးကို သိရမယ်
သခင်ကိုယ်တော်မှိုင်းကို လေးစားသလို
နေရူးကိုလည်း သိရမယ်
ကလေးတစ်ယောက် စာဖတ်တာဟာ
နိုင်ငံအတွက် တံခါးတချပ် ဖွင့်တာပဲ
ငါ လောဘကြီးသွားသလားးး
ကျယ်ပြန့်တဲ့ ပင်လယ်ပြင်ကိုတောင်
ကမ်းစပ်နဲ့ အနားကွပ်ထားးးရတယ်
ကလေးဆိုတာ ပုံမသွင်းရသေးတဲ့
ဖယောင်းတုံးတွေပါပဲ . . .
ကလေးငယ်တစ်ယောက်က
ဟစ်တလာ ဖြစ်သွားတဲ့အခါ
တစ်ကမ္ဘာလုံး အတုံးအရှုံးသေကြေကြသလို ……
ကလေးငယ် တစ်ယောက်က
မင်ဒဲလား ဖြစ်သွားတဲ့အခါမှာ
အာဖရိက တစ်တိုက်လုံး ကျွန်စနစ်ပျောက်သွားပြန်ရော ……
ကလေးငယ်တစ်ယောက်က
ကဒါဖီ ဖြစ်သွားတဲ့အခါ
လူတွေ ဆင်းရဲဒုက္ခရောက်ကြသလို ……
ကလေးငယ်တစ်ယောက်က
ဂန္ဒီဖြစ်သွားတဲ့ အခါ
အာရှတိုက်တခုလုံး ထွန်းလင်းသွားပြန်ရော ……
ကလေးငယ်တစ်ယောက်က
ဘင်လာဒင် ဖြစ်လာတဲ့အခါ
လူတွေ ဒုက္ခရောက်ကြသလို ……
ကလေးငယ်တစ်ယောက်က
မာသာထရီဆာ ဖြစ်လာတဲ့အခါ
လူသားတိုင်း အေးချမ်းသွားရပြန်တယ် ,
မင်းတို့ဟာ အနာဂါတ်ရဲ့ ဖန်ဆင်းရှင်တွေ
လက်ဖျံက သွေးကြောတွေ တစ်ဖြောင်းဖြောင်းထ,ပေါက်သလို
ဘုန်းတန်ခိုးရှိတဲ့ သူတွေ … … …
ကောင်းကင်မှာ ချိတ်ထားတဲ့
ငါတို့ သမိုင်းဟာ
မင်းတို့ လက်ထဲမှာ ထွန်းလင်းတော့မှာ
မြန်မာပြည်ရဲ့ ပန်းချီကားကို
မင်းတို့ ဆက်ဆွဲရမှာ . . .
တံခါးတွေ ဖွင့်ဖို့ . . . ,
စာတွေ ဖတ်ရမယ်
ရာဇဝင်တွေ မှတ်ရမယ်
သီအိုရီတွေ ကျက်ရမယ်
မြန်မာနိုင်ငံကြီး အအေးမိနေတာကို
မင်းတို့ ကုဖို့
ပညာအစစ်တွေ တက်ဖို့လိုတယ် . . . . .
သန်း ၆၀ တန် အိမ်မက်တွေကို
လူရာသွင်းဖို့
မင်းတို့ စာဖတ်ဖို့လိုတယ် … … … ။
Crd:
Ulay Kyi ( ကိုလင်း )
27/08/2020
ကြိုးစားကြမယ်နော် ♥ ♥ ♥
27/08/2020
လက်သန့်ဆေး :-) ဆပ်ပြာဆီကိုယ်တိုင်ထုတ်နေကြတဲ့ချစ်တပည့်လေးများ♥ ♥ ♥
27/08/2020
Covid-19 နှင့် အထက်တန်း ပညာရေး
ကလေးတို့ရေ အထက်တန်းကျောင်းတွေ ယာယီပိတ်လိုက်ရပြီဆိုတော့ ဒီအခြေအနေကို လိုက်ပြီး အကောင်းဆုံးဖြစ်အောင် အခွင့်အရေးကို အသုံးချလို့ ရနိုင်မယ့်အချက်လေးတွေကို ဒီနေ့ မျှဝေပေးသွားပါမယ်
၁- အချိန်ပိုရခြင်း
grade-11 ကလေးတွေဟာ ခါတိုင်းနှစ်တွေမှာဆိုရင် ၁၀ လကျော်လောက်နဲ့ သင်ရိုးပြတ်အောင်သင်ရ ကျက်ရ ဖြေရပါတယ်
ဒီနှစ်ကလေးတွေအတွက်တော့ ခုကျောင်းပိတ်ထားတယ်ဆိုရင်တောင် ကျောင်းပြန်ဖွင့်မှာကလည်း သေချာသလို တချိန်ချိန်စာမေးပွဲဖြေရမှာကလည်း အသေအချာပါပဲ ကျောင်းတွေဟာ လုံးဝထာဝရပိတ်လိုက်တာ မဟုတ်ဘူးဆိုတာ သတိရပါ
ဒါကြောင့် သေချာနေတဲ့အရာ မဖြစ်မနေ ဖြေရမယ့်စာမေးပွဲအတွက်ကို ခါတိုင်းနှစ်တွေထက် စာကျက်ချိန်ပိုရတာ အဆိုးထဲက အကောင်းပါ
ဒါကြောင့် ကြိုတင်ကျက်မှတ် လေ့လာထားကြပါ
စနစ်သစ်ကို စသင်ရတဲ့ Grade-10 ကလေးတွေလည်း သင်ပြီးသားစာလေးတွေ ပြန်လေ့ကျင့်ထားပြီး သင်ခန်းစာတွေ ကြိုလေ့လာထားကြပါ
၂- အေးဆေး လေ့လာခွင့်ရခြင်း
ကလေးတို့ရေ အထက်တန်းစာတွေဟာ လေ့လာတတ်ရင် လေ့လာတတ်သလောက် အကျိုးရှိပြီး ရှေ့ဆက်တက်မယ့် တက္ကသိုလ်တွေအတွက်လည်း ပြန်အသုံးချလို့ရမယ့် အခြေခံပညာရပ်တွေ ပါဝင်ပါတယ်
သို့သော် ခါတိုင်းနှစ်တွေမှာ စာမေးပွဲဖြေဖို့ကို ဦးတည်ပြီး နားလည်လည် မလည်လည်အလွတ်တွေကျက်နေကြရတဲ့ ကလေးတွေ ရှိပါတယ်
ဒီနှစ်တော့ အချိန်ရတုန်းလေး စာမေးပွဲဖြေဖို့ကို စိတ်ထဲက ထုတ်ပြီး ဘာသာရပ်တွေကို အေးဆေးလေး လေ့လာကြည့်ကြပါ မြန်မာစာ စကားပြေတွေ ကဗျာတွေကို ခံစားပြီး ဖတ်ကြည့်ပါ စာစီစာကုံးတွေ ရေးကျင့်ကြည့်ပါ
ကျောင်းတွေပြန်ဖွင့်တဲ့ အခါ သူများထက် စာတွေမှတ်ရ လွယ်ကူနေပါလိမ့်မယ်
၃- English စာကို များများလေ့လာထားပါ
အထက်တန်းအဆင့် ဘာသာရပ်တွေဟာ မြန်မာဘာသာရပ်က လွဲရင် english လို ရေးပြီး english လိုကျက်ရတယ် သင်ရတယ် ဖြေရတယ်
စာမေးပွဲဖြေဖို့ ဦးတည်နေရတဲ့ အရင်နှစ်တွေမှာ English ကို အခြေခံကစ ပြန်လေ့လာဖို့ မသိတာတွေ ရှာဖတ်ဖို့ အချိန် မရှိပါဘူး ဒါကြောင့် ဒီနှစ်တော့ အခြေခံ grammar တွေ vocabulary တွေကို အချိန်ယူပြီး မှတ်သားဖို့ အခွင့်ကောင်းပါပဲ ပြင်ပ စာအုပ်တွေ ရှာဖတ်ဖို့လည်း အချိန်ကောင်းပါပဲ
ဒီချိန်မျိုးမှာ English သီချင်းတွေ English ဇာတ်ကားတွေကြည့်ပြီးလည်း လေ့လာနိုင်ပါတယ်
၎- မရပ်တန့်နေပါနဲ့
ကျောင်းတွေပိတ်လိုက်ပြီဆိုပြီး စာတွေကို ပစ်ထားတာ မဖတ်တော့ပဲ နေတာမျိုးတွေမလုပ်ပါနဲ့ ကိုယ်က ရပ်နေပေမယ့် တခြားသူတွေက ဆက်လေ့လာနေမှာပါ ကျောင်းတွေပြန်ဖွင့်ချိန်မှာ သူများရှေ့မရောက်တောင် တန်းတူဖြစ်နေအောင် ဘာမှမလုပ်ပဲ ရပ်တန့်ထားတာမျိုး မလုပ်ပါနဲ့
၅-ဝါသနာပါတာလေးတွေလည်း လုပ်ပါ
စာပြီးရင်း စာနေရတဲ့ အထက်တန်း ကလေးတွေမှာ ဝါသနာပါတာလေးတွေလုပ်ဖို့ အချိန်က မရှိတတ်ကြပါဘူး
ခုတော့ အိမ်မှာနေရင်း စာအုပ်ဖတ်ဝါသနာပါတဲ့ကလေးတွေ စာဖတ်ပါ သီချင်းတွေ နားထောင်ပါ ပုံဆွဲဝါသနာပါတဲ့ကလေးတွေ ပုံဆွဲပါ ဒီအချိန်ကို အသုံးချပြီး ပျော်စရာအချိန်လေးတွေကို ဖန်တီးကြပါ
၆-ကျန်းမာရေးကို ဂရုစိုက်ပြီး လမ်းညွှန်ချက်တွေအတိုင်း နေထိုင်ကြပါ
ဒီအချက်ကတော့ မဖြစ်မနေ လုပ်ဆောင်ရမယ့် အချက်ဖြစ်ပါတယ်
နေကောင်းအောင် နေကြပါ ကျန်းမာရေးနှင့် ညီညွှတ်တဲ့အစာတွေ စားပါ အပြင်သွားရင် mask တပ်ပါ အတတ်နိုင်ဆုံး အိမ်မှာနေပါ ခရီးမထွက်ကြပါနဲ့ လက်ဆေးကြပါ
ကဲ ဒါဆိုရင် ဘယ်ချိန်ပဲ ကျောင်းတွေပြန်ဖွင့်ဖွင့် ကိုယ့်ဘက်က ready ဖြစ်နေအောင် ပြင်ဆင်ပြီး နေထိုင်ကြမယ်နော်
Good Luck & Take care 😇😇
Aye Aye Aung Education Center 😇
Credit #
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
Yangon