Loon car driving school
17/01/2026
🚦 ယာဥ်အန္တရယ်ကင်းဖို့ ယာဉ်ထိန်းမီး လိုက်နာစို့
ယာဉ်မတော်တဆမှု ကင်းဝေးစေဖို့အတွက် ယာဉ်ထိန်းမီး အချက်ပြချက်များကို မှန်ကန်စွာ သိရှိနားလည်ပြီး လိုက်နာမောင်းနှင်ကြရအောင်... 👇
🟢 မီးစိမ်းပြလျှင် (ဖြတ်သန်းပါ)
ယာဉ်များကို ပုံမှန်အတိုင်း ဖြတ်သန်းသွားလာနိုင်ပါသည်။
သတိပြုရန် - မီးစိမ်း မှီရန်အတွက် အရှိန်ပြင်းစွာဖြင့် လုမမောင်းရပါ။
🟡 မီးဝါပြလျှင် (သတိပြုပါ/ရပ်ရန်ပြင်ဆင်ပါ)
ရပ်မျဉ်းမရောက်မီ မီးဝါပြပါက ရပ်မျဉ်းနောက်တွင် ရပ်ပေးရပါမည်။
ခြွင်းချက် - အရှိန်ကြောင့် ရပ်မျဉ်းနောက်တွင် အန္တရာယ်ကင်းစွာ ရပ်ရန် မဖြစ်နိုင်တော့သည့် အခြေအနေမျိုးတွင်သာ သတိကြီးစွာဖြင့် ဆက်လက်ဖြတ်သန်းနိုင်ပါသည်။
မီးနီနှင့် မီးဝါ တစ်ပြိုင်နက်ပြပါက မီးနီတော့မည်ဖြစ်၍ လုံးဝ (လုံးဝ) ဖြတ်သန်းခြင်းမပြုရပါ။
🔴 မီးနီပြလျှင် (ရပ်ပါ)
ဖြတ်သန်းသွားလာခွင့် မပြုပါ။ ရပ်မျဉ်း၏ နောက်တွင် တိကျစွာ ရပ်ရပါမည်။
အရေးကြီးချက် - ခြေကျင်လမ်းကူးများ၊ စက်ဘီးနှင့် ဆိုင်ကယ်လမ်းကူးများပေါ်တွင် ကျော်၍ ရပ်ခြင်းမပြုရပါ။
👮 မှတ်ချက် - ယာဉ်အသွားအလာ ထိန်းသိမ်းသူ (ယာဉ်ထိန်းရဲ) က ရပ်ရန် ညွှန်ပြပါကလည်း မဖြစ်မနေ လိုက်နာရပ်တန့်ရပါမည်။
"စည်းကမ်းရှိတဲ့ ယာဉ်မောင်းသူတိုင်းဟာ တန်ဖိုးရှိတဲ့ အသက်ပေါင်းများစွာကို ကယ်တင်ရာရောက်ပါတယ်"
#ယာဉ်စည်းကမ်းလမ်းစည်းကမ်း
12/01/2026
🚗 မော်တော်ယာဥ်ကိုကွေ့လိုပါက မိမိသွားလိုသည့်ယာဥ်ကြောဘက်သို့ ကြိုတင်နေရာယူ၍ အချက်ပြခြင်းကို ကွေ့မည့်နေရာသို့ မရောက်မီ အနည်းဆုံး ပေ ၁၀၀ မှ ကြိုတင်၍ အချက်ပြရမည်ဖြစ်ပြီး အမြန်နှုန်းလျှော့၊ ခေတ္တရပ်၊ အန္တရာယ်ကင်းမှ ကွေ့ဝင်ရမည်။
အောက်ပါနေရာများတွင် "ဂ ကွေ့ မကွေ့ရ -
၁ . ခြေကျင်လျှောက်သူများ ဖြတ်ကူးရန် ခွင့်ပြုထားသေးနေရာ၊
၂ . လမ်းအလယ်တွင် အလျှားလိုက် တစ်စပ်တည်းရေးဆွဲထားသော မျဥ်းဖြူတစ်ကြောင်း သို့မဟုတ် နှစ်ကြောင်းရှိသောလမ်း၊
၃ . ခွင့်မပြုသော လမ်းဆုံ၊ လမ်းခွ၊
၄ . လမ်းထောင့်၊ လမ်းကွေ့၊
၅ . ကုန်းထိပ်နှင့် ယင်းမှ မီတာ (၁၀၀) အတွင်း၊
၆ . တံတားအဝင်ဝနှင့် တံတားပေါ်၊
၇ . တစ်လမ်းမောင်းလမ်း၊
၈ . 'ဂ ကွေ့ မကွေ့ရဟု တားမြစ်ထားသောနေရာ၊
၉ . "လမ်းမပိတ်ရ အဝါရောင်မျဥ်းကွက် (YELLOW BOX) နေရာ၊
၁၀. ကျောင်း၊ ဆေးရုံ၊ မီးသတ်စခန်းတို့၏ရှေ့တွင် မကွေ့ရပါ။
09259982727
09450664704
#ယာဉ်စည်းကမ်းလမ်းစည်းကမ်း
#ကားမောင်းသင်တန်း
#ကားပါကင်
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Address
Kyeemyindaing, Kyaung Gyi Street, Upper Bl , Yangon
Yangon
00010