Rangoon College - RC
26/05/2026
"ရွှေဆိုင်ဖွင့်လှစ်ခြင်းဆိုင်ရာ သင်တန်းကြီး " အပတ်စဉ် - ၃၄ (ရန်ကုန်)
ရွှေဆိုင်ဖွင့်လှစ်လိုသူများ၊ ရွှေဝယ်ယူစုဆောင်းလိုသူများအတွက် တိတိကျကျ တွက်ချက်ရောင်းဝယ်တတ်ဖို့၊အရည်အသွေးကိုနားလည်ဖို့၊ နိုင်ငံတကာစျေးကွက်သဘောတရားတွေနဲ့ ငွေကြေးလဲပုံစနစ်တွေကို ကောင်းစွာတွက်ချက်နားလည်ဖို့ အလွယ်ကူဆုံး ခေတ်မီတွက်ချက်ပုံများဖြင့် စနစ်တကျသင်ယူနားလည်နိုင်ဖို့ မဖြစ်မနေတက်ရောက်သင့်သော သင်တန်းကြီး။
Rangoon College - RC မှ ဝါရင့်ပြည်တွင်း
ရွှေပညာရှင်စာရေးဆရာနှင့် Gold & Jewelry Corporate Trainer ဆရာကြီးရဲမာန်အောင်ရဲ့ ရွှေပညာအထူးသင်တန်းကြီး" အမှတ်စဥ် (၃၄) ကို ရန်ကုန်မှာ ဖွင့်လှစ်ပေးသွားမှာ ဖြစ်ပါတယ်။
📈သင်ကြားပေးမည့်ဘာသာရပ်များ📊
~~~~~~~~~~~~~~~~~~~~~~~~
(၁) ရွှေဆိုင်ဖွင့်လှစ်ခြင်းနှင့်အုပ်ချုပ်စီမံခန့်ခွဲခြင်း။
(၂) ရွှေပန်းထိမ်အပ်ခြင်း၊ရွှေသန့်စင်ခြင်း။
(၃) ရွှေရည်စပ်ခြင်းနှင့် အရည်အသွေးထိန်းသိမ်းခြင်း။
(၄) ကမ္ဘာ့ရွှေစျေးကွက်နှင့်နိုင်ငံတကာငွေကြေးစျေးကွက်။
(၅) နိုင်ငံခြားရွှေထည်များအကြောင်း။
(၆) ခေတ်မီ အသုံးချရွှေသင်္ချာ။
(လွယ်ကူသည့်နည်းစနစ်များ)။
(၇)ခေတ်မီရွှေရည်စစ်ဆေးခြင်းနည်းစနစ်များ။ ရွှေအတုအစစ်ခွဲခြင်း၊
(၈) စျေးအတက်အကျခန့်မှန်းပုံနည်းစနစ်များ။
(၉) ပြည်တွင်းရွှေစျေးကွက်အားချဉ်းကပ်ခြင်းနှင့် အရှုံးအမြတ်စီမံခန့်ခွဲခြင်း စသည့်ဘာသာရပ်များကို စာတွေ့အပြင်၊ Tutorial Video Fileများဖြင့် စနစ်တကျ သင်ကြားပေးသွားမှာဖြစ်ပါတယ်။
👉သင်တန်းပြီးဆုံးပါက Certificate ပေးအပ်သွားမှာဖြစ်ပါတယ်ရှင်🥰
စိတ်ပါ၀င်စား၍ တက်ရောက်လိုသူများ
၀၉ - ၈၈၀ ၂၀ ၁၀ ၂၀ သို့ ရုံးချိန်အတွင်း ကြိုတင်စာရင်းပေးသွင်းနိုင်ပါကြောင်း အသိပေးအပ်ပါတယ်...
သင်တန်းသားဦးရေ ကန့်သတ်ထားတာကြောင့် အမြန်စာရင်းပေးသွင်းထားမှ စိတ်ချရမှာပါ။
💰သင်တန်းကြေး💸
~~~~~~~~~~~~~
ပုံမှန်သင်တန်းကြေး #၄သိန်း
သင်တန်းသားဟောင်းများ ၁၅% (ဒုကြိမ်)၊၂၅% (တကြိမ်) နှင့် သင်တန်းသားဟောင်းများမှ ကိုယ်တိုင် အပ်နှံပေးပါက Referral ၁၀% လျော့ပေးပါမည်။
သင်တန်းကြေးအား 𝖪-𝖯𝖺𝗒/𝖡𝖺𝗇𝗄 𝖳𝗋𝖺𝗇𝗌𝖿𝖾𝗋𝗋𝖾𝖽 ဖြင့်လက်ခံပေးပါမည်။
👉သင်တန်းနေ့ရက် -
6.06.2026 မှ 7.06.2026 ထိ (2)ရက်
သင်တန်းချိန်-မနက် ၉နာရီခွဲ မှ ညနေ ၅နာရီ အထိ
သင်တန်းနေရာ- PMM Business Centre ,Zem Campus,ဗဟိုလမ်း၊စမ်းချောင်းမြို့နယ်။
(၁၂ နာရီ မှ ၁နာရီ ထိ ထမင်းစားနားပါမည်)
☎️ဆက်သွယ်စာရင်းပေးရန် 📫
College
📲၀၉ ၈၈၀ ၂၀ ၁၀ ၂၀
24/04/2026
ယနေ့ခေတ်မှာ ကျောက်မျက်သင်တန်းတွေ တော်တော်များများဖွင့်လာကြပါတယ်။
တချို့က ပညာရပ်တွေ အသေးစိတ်တွေသင်တယ်။တချို့က စျေးကွက်အကြောင်းတွေသင်ကြတယ်။
ပညာရပ် နဲ့ စျေးကွက် အရောက် သင်တဲ့သင်တန်း စစ်စစ်တွေကတော့ ရှားနေတုန်းပဲ
စျေးကွက်ထဲက ကျောက်မျက်လုပ်ငန်းရှင် တယောက်ဖြစ်ပြီး social media ပေါ်မှာ ကျောက်မျက်ပညာရပ်များအကြောင်းမျှဝေပေးနေတဲ့ Trainer Hoshi @ Ma Htet သင်ကြားပေမယ့် " စျေးကွက်ထဲ က မိုးကုတ်ကျောက်မျက်ရတနာ" သင်တန်းကြီး ကို April 30 မှာစတင်ဖွင့်လှစ်ပေးတော့မှာ ဖြစ်ပါတယ်။ ဘယ်သူတွေ တက်ရောက်သင့်လဲဆိုရင်..
- မိုးကုတ်ကျောက်မျက်အကြောင်းလေ့လာပြီး ဈေးကွက်မှာပါ ကျောက်ရောင်း၊ကျောက်ဝယ်လုပ်ချင် လုပ်ချင်သူတွေ
- ကျောက်မျက်ပညာတော့ သိတယ် ကျောက်ဈေးကွက်မသိသေးလို့အရောင်းအဝယ်မလုပ်တတ်သေးဘူးဆိုတဲ့ သူတွေ၊
- ကျောက်မျက်ဝိုင်းထဲဝင်ရောက်ပြီး စတင်အလုပ်လုပ်လိုတဲ့ ကုန်သည်တွေ၊
- ပွဲကိုင်သူတွေအနေနဲ့ ဝင်ရောက်အလုပ်လုပ်လိုတဲ့ သူတွေ၊
- ကျောက်ဈေးကွက်အကြောင်း သိလိုသူတွေ တက်ရောက်သင့်ပါတယ်။
ဘာတွေသင်မှာလဲ။
“ပတ္တမြား ၊ နီလာ ၊ spinel ၊ မြ”
ဒီ ကျောက်(၄)မျိုး အဓိကသင်ပါမယ်။
အပိုင်း (၄) ပိုင်းနဲ့ သင်ပါမယ်။
1. ကျောက်မျက်ပညာ သီအိုရိ
2. Gems tools များ အသုံးပြုပုံ
3. ဈေးကွက်ပညာ
4. လက်တွေ့ သင်ခန်းစာများ
စာတွေ့ လက်တွေ့မျှအောင်သင်ပါမယ်။
သင်တန်းပြီးသွားရင် ကျွမ်းကျင်သွားမှာလားမေးရင် ရက်တိုတို နဲ့တော့ ဘယ်သူမှ expert gems trader တစ်ယောက်မဖြစ်လာပါဘူး။
ဒါဆို ဘာတွေသိသွားမလဲ။
ကျောက်ကြည့်နည်းများ၊ ကျောက်မျက်ပညာအခြေခံသဘောတရားများ၊ gems tools များအသုံးပြုနည်း၊ ဈေးကွက်တွင်း အခေါ်အဝေါ်များ ၊ ကျောက်အရောင်းအဝယ်ပြုလုပ်နည်းများ၊ ကျောက်ဈေးကွက်တွင်း ဆောင်ရန်၊ ရှောင်ရန်များ တတ်မြောက်ပါမယ်။
သင်တန်းကြေး - “ ၅ “ သိန်း
သင်တန်းကာလ - (၄) ရက်
သင်တန်းအချိန် : နံနက် (၁၀) - ညနေ (၄)
သင်ကြားမည့်ရက် : 30 April မှ 3 May
သင်တန်းနေရာ : PMM Business Center, Zen Campus, ဗဟိုလမ်း , စမ်းချောင်း
လူဦးရေ - ၁၀ ယောက် (limited seat only)
တက်ရောက်လိုသူများအနေဖြင့် Rangoon College ရဲ့ Cb မှာ နာမည် ၊ ဖုန်းနံပါတ် တို့ဖြင့် စာရင်းပေးသွင်းနိုင်ပါတယ်။
Click here to claim your Sponsored Listing.
Category
Website
Address
No. 180, Botahtaung Pagoda Road
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |