Pen Smith Myanmar

Pen Smith Myanmar

Share

Photos from Pen Smith Myanmar's post 30/08/2023

Pen Smith အနေနဲ့ ၃၀.၈.၂၀၂၃ ရက်နေ့တွင် ရွှေဂုံတိုင်မှာရှိတဲ့ ကလေးပြုစုရေးဂေဟာမှာ ညနေစာနှင့် မုန့်များသွားရောက်လှူဒါန်းခဲ့ပါတယ်ရှင်။

Pen Smith ကိုအားပေးကြသူများအားလုံးကို ကျေးဇူးအထူးပင်တင်ရှိပါတယ်ရှင်။

သွားရောက်လှူဒါန်းချင်သူများအနေနဲ့လည်း
ရွှေဂုံတိုင်ကလေးပြုစုရေးဌာန
အမှတ် ၂၄၇/၂၆၉(ခ)၊ အလယ်ရွှေဂုံတိုင်ရပ်ကွက်၊ ရွှေဂုံတိုင်လမ်းမကြီး၊ ဗဟန်းမြို့နယ်။
Ph: 09886253112

14/08/2023

ချစ်ခင်ရပါသော ဖောင်တိန် ချစ်သူများရှင့်…

ပထမဦးစွာ Pen Smith ကို လအတော်ကြာပိတ်ထားခဲ့ပေမဲ့ ကြားထဲမှာ ဖုန်းဖြင့်သော်လည်းကောင်း၊ messenger ဖြင့်သော်လည်းကောင်း၊ viber မှသော်လည်းကောင်း အမြဲမပြတ် လာရောက်မေးမြန်းကြသူတိုင်းကို အထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်။

မရောင်းပေးနိုင်ခဲ့တဲ့ အတွက်လည်း အမှန်တကယ်ကို အားနာမိပါတယ်။ အားလုံးအနေနဲ့လည်း နားလည်ပေးခဲ့တဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

မကြာခင်မှာ Pen Smith မှာ လက်ကျန် ကျန်ရှိနေခဲ့တဲ့ Stocks များကို Promotion ချပေးဖို့ ရှိပါတယ်ရှင်။ နောက်ဆုံး လက်ကျန်များဖြစ်လို့ ပစ္စည်းရှိသလောက်ပဲ ရပါမယ်နော်။

ပစ္စည်းလေးတွေကို လောလောဆယ်မှာ ဆက်သွင်းဖို့ အစီအစဉ်ရပ်နားထားရတာမို့ ပစ္စည်းအဟောင်းများ ကုန်သွားပြီဆိုရင်တော့ Pen Smith Operation လေးကိုရပ်နားထားမှာပဲဖြစ်ပါတယ်နော်။ Pen Smith Page ကိုတော့ ဖောင်တိန် ဝါသနာရှင်များ၊ စာရေးကိရိယာစုဆောင်းသူများအတွက် content အသစ်များဖြင့် ဆက်လက်တည်ရှိနေပေးပါမယ်နော်။

Pen Smith ဟာဆိုရင် ရွေးချယ်စရာများတဲ့ ဖောင်တိန်များနှင့် စာရေးကိရိယာများကို မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး Fountain Pen Store အနေနဲ့ ရောင်းချပေးနိုင်ခဲ့တဲ့အတွက် အမှန်တကယ်ပျော်ရွှင်ခဲ့မိပါတယ်။ အားလုံးရဲ့ ရင်ထဲမှာလည်း Pen Smith က အမြဲတည်ရှိနေမယ်လို့ ယုံကြည်ပါတယ်။ အားလုံးနဲ့ ခင်မင်ရင်းနှီးခွင့်ရခဲ့တာမို့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးပင် တင်ရှိပါတယ်ရှင်။

လာမယ့်နှစ်များမှာ ဖောင်တိန် Brands အသစ်များနဲ့ ပြန်လည်ဆုံတွေနိုင်ဖို့ ဆုတောင်းမျှော်လင့်မိပါတယ်ရှင်။

Stock Clearance Sale ကိုလည်း အားပေးကြပါဦးနော်။ ဒီတစ်ပတ်ထဲမှာ တင်ပေးပါမယ်ရှင်။ Messenger မှာ အဝင်စာတွေအရမ်းများနေတာမို့ လောလောဆယ် အကြောင်းမပြန်နိုင်သေးတာကို နားလည်ပေးပါနော်။ 🤎🖋️🤎

21/03/2022

Dear All:

We are extremely sorry to announce that we would like to close Pen Smith for a period of time. Due to current situations, we are facing difficulties in performing the services & we will come back with the new solution. Thank you for your patience and understanding. 🤎 We will definitely come back soon!

Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


Padamyar Hninsi Street, Pinlone Rose Park 3, North Dagon Township
Yangon
11421

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00