JiShin Japanese Language School

JiShin Japanese Language School

Share

28/04/2026

皆さんこんにちは😍
ဒီနေ့မှာတော့ JiShin သင်္ကန်းကျွန်းကျောင်းခွဲမှ N5(Mon to Fri)(12:30~2:30) Sensei Htet Aung Hlaing အတန်း မှ‌ ကျောင်းသားကျောင်းသူ‌များ အတန်းပြီးဆုံး၍ farewell လုပ်ပြီး မုန့်စားတဲ့အမှတ်တရလေးတွေကိုမျှဝေပေးလိုက်ပါတယ်ရှင့်🥰

28/04/2026

ဦးနှောက်ကို ထိုင်းမှိုင်းစေသော မကောင်းတဲ့အလေ့အထများ ၁၆ ခု

၁။ အပြင်မထွက်ခြင်း
-ကြာရှည်စွာအိမ်ထဲမှာပဲနေမယ်ဆိုရင် အထီးကျန်ခြင်းနှင့် စိုးရိမ်မှုများစွာကိုဖြစ်စေပြီး၊ စိတ်ကျရောဂါဖြစ်နိုင်ချေကို မြင့်မားစေပါသည်။

၂။ မိမိကိုယ်ကို အလွန်အကျွံအပြစ်တင်ဝေဖန်ခြင်း
-မိမိကိုယ်တိုင်သာမက အခြားသူများကိုလည်းအပြစ်တင်ခြင်းသည် အကျင့်ဖြစ်လာနိုင်သည်။လူ့ဘဝပျက်စီးစေနိုင်သောကြောင့် ဝေဖန်မှုကိုမပြုလုပ်ပါနှင့်။

၃။ အခြားသူများနှင့်နှိုင်းယှဉ်ခြင်း
-မိမိကိုယ်ကိုအားနည်းစေပြီး၊စိတ်ဓာတ်ကျခြင်းကိုအလွယ်တကူ‌ဖြစ်စေနိုင်သည်။ နှိုင်းယှဉ်မည်ဆိုလျှင် အတိတ်ကမိမိကိုယ်တိုင်နှင့်ပဲ နှိုင်းယှဉ်ပါ။

၄။ ဘယ်အရာကိုမဆို အချိန်ဆွဲခြင်း
-ဆုံးဖြတ်ချက်ချနိုင်စွမ်းနှင့်အာရုံစိုက်နိုင်စွမ်းကို ကျဆင်းစေပြီး လုပ်ရမည့်တာဝန်များကိုအကြွေးကျန်နေသဖြင့် စိတ်ဖိစီးမှုဟော်မုန်းများကိုများပြားစေသည်။

၅။ မကြာခဏ ဖုန်းအသုံးပြုခြင်း
-အာရုံမစိုက်နိုင်ခြင်း၊ အာရုံစူးစိုက်နိုင်စွမ်းနှင့်မှတ်ညဏ်များကိုဆုံးရှုံးနိုင်ပြီး အပြာရောင် ရောင်ခြည်များကြောင့် အိပ်စက်နိုင်စွမ်းကိုကျဆင်းနိုင်သည်။

၆။ အနားမယူခြင်း
-တီထွင်ဖန်တီးနိုင်စွမ်းနှင့် ပြဿာနာများကိုဖြေရှင်းနိုင်စွမ်းကို ကျဆင်းစေသည့်အပြင် လန်းဆန်းမှုမရှိသောကြောင့် ဦးနှောက်အားပင်ပန်းနွမ်းနွယ်မှုကို အလွယ်တကူဖြစ်စေနိုင်သည်။

၇။ အတိတ်ကို စွဲလမ်းခြင်း
-လက်ရှိပစ္စုပန်ကိုအာရုံမစိုက်နိုင်ပဲ သတိလက်လွတ် အမှားတွေ ဆက်တိုက်လုပ်မိစေသည်။ စိတ်ကူးယဉ်ဆန်သူဖြစ်လာပြီး ပျော်ရွှင်မှုများကိုလျော့နည်းစေသည်။

၈။ ပြီးပြည့်စုံသော ဝါဒ
-မလုံလောက်သေးဘူးဟုဆိုသောစိတ်ခံစားချက်တွေများပြားလာ‌ပြီးေပျာ်ရွှင်မှုတွေ‌က မှေးမှိန်ပျောက်ကွယ်လာသည်။ စိိတ်မတည်ငြိမ်ခြင်းနှင့်စိုးရိမ်‌ပူပန်မှုများကျရောက်ဖို့လွယ်ကူစေပြီး အတွေးမခေါ်များကိုလဲ အလွယ်တကူကျဆင်းစေသည်။

၉။ အစီအစဥ်တွေ အလွန်များပြားနေခြင်း
-ဦးစားပေးရမည့်အစီအစဉ်များကို နားမလည်တော့ပဲ အစီအစဉ်တွေနဲ့လိုက်ပြီး ဦးနှောက်ရဲ့အာရုံလွှဲပြောင်းနိုင်စွမ်းကို နှေးကွေးစေသည်။ စိတ်လည်းပင်ပန်းစေသည်။

၁၀။ အခြားသူအပေါ်မှီခိုခြင်း
-ကိုယ့်အားကိုယ်ကိုးနိုင်စိတ်က လျော့နည်းစေပြီးမိမိကိုယ်တိုင်ဆုံးဖြတ်ခြင်းနှင့် ဆုံးဖြတ်ချက်မချနိုင်ခြင်းတို့ဖြစ်လာသည်။ ကျွန်စိတ်ဝင်ရန်လွယ်ကူလာစေသည်။

၁၁။ စစ်မှန်သောခံစားချက်များကို ဖိနှိပ်ထားခြင်း
-သူတစ်ပါးရဲ့ထင်မြင်ချက်များကိုသာအာရုံစိုက်နေခြင်းကြောင့် ကိုယ့်ကိုကိုယ်ယုံကြည်ချက်ကိုမှေးမှိန်လွယ်စေသည်။စစ်မှန်သောစိတ်ခံစားချက်များကိုသိဖို့ကလဲအရေးကြီးပါတယ်။

၁၂။အနာဂတ်အတွက် အလွန်အမင်းစိတ်ပူပန်ခြင်း
-သတင်းအချက်အလက်တွေကြောင့် အလွန်အမင်းစိတ်ပူလွန်းနေမယ်ဆိုရင် မှန်ကန်တဲ့ဆုံးဖြတ်ချက်ကိုမချနိုင်တော့ပဲ အလွယ်တကူလှည့်စားခံရနိုင်သည်။

၁၃။ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း မလုပ်ခြင်း
-သိမြင်လုပ်ဆောင်နိုင်စွမ်းကျဆင်းမှုကိုဖြစ်စေနိုင်ချေရှိသည်။ စိတ်ဖိစီးမှုလျော့ကျစေနိုင်ဖို့အတွက် ကိုယ်လက်လှုပ်ရှားခြင်းကို မဖြစ်မနေလုပ်ဆောင်ရမည်။

၁၄။ဘယ်သူနှင့်မှ စကားမပြောခြင်း
-အထီးကျန်ခြင်းနှင့် တစ်သီးတစ်ခြားဖြစ်နေတဲ့ခံစားချက်တွေတိုးပွားလာပြီး စိတ်ကျရောဂါနှင့်စိုးရိမ်ပူပန်မှုကို မြင့်တက်လာစေသည်။ဦးနှောက်ကိုအလုပ်လုပ်စေရန် စကားပြောရန်အကြံပြုသည်။

၁၅။ အစားအစာကမုန့်ပဲသရေစာများဖြစ်ခြင်း
-လိုအပ်သောအာဟာဓာတ်များမရရှိခြင်းကြောင့် ကျန်းမာရေးကိုထိခိုက်စေသည်။ မကောင်းမြင်တဲ့စိတ်တွေကို ပေါက်ကွဲဖို့လွယ်ကူလာစေတယ်။

၁၆။ရေမသောက်ခြင်း
-ဦးနှောက်၏ ၇၅ရာခိုင်နှုန်း သည်ရေဖြင့်ဖွဲ့စည်းထားသည်။ လုံလောက်မှုမရှိပါက ဦးနှောက်ဆဲလ်များဟာ ကောင်းစွာအလုပ်လုပ်နိုင်မည်မဟုတ်ပါ။

JiShin Japanese Language School

脳が老化する悪習慣16選

1.一歩も外に出ない
長時間家にこもると孤独感や不安感が増し、うつ病のリスクが高まります。

2. 過度な自己批判
自分だけでなく、他人も責めることが習慣化される。 人生詰むので批判はしない

3.他人との比較癖
自分自身を弱らせ、メンタルダウンしやすくなる。比べるなら過去の自分と。

4.何でも後回し
決断力、集中力が低下し、 タスクが溜まってストレスホルモンが増大する。

5.しょっちゅうスマホ
意識散漫、注意力、記憶力の低下となることも。ブルーライトで睡眠の質も低下

6.休憩しない
創造力や問題解決能力が低下し、リフレッシュできずに脳疲労を起こしやすい。

7.過去への執着
今に集中することができず、 ケアレスミスの連発も。感傷的になり、幸福感が低下する

8.完璧主義
不足感が高まり、幸福感が薄れる。不安や心配に陥りやすく、思考低下しやすい

9.予定詰め込みすぎ
優先順位が分からず、予定に追われて頭の切り替えが鈍くなる。心も疲れる。

10.他人への依存
自立心が削がれ、自己判断や決定ができなくなる。奴隷マインドになりやすい。

11.ホンネを抑え込む
他人の意見ばかりに気を取られ、自分自身を見失いやすい。本音を知るのは大事

12.過度な未来の心配
Newsなどの情報で過度に心配しすぎると、正しい判断ができずに騙されやすい。

13.運動しない
認知機能の低下を引き起こす可能性がある。ストレス軽減にも運動は必須。

14.誰とも話さない
孤独感や孤立感が増し、うつや不安症のリスクが高まる。 「脳活性にも会話はオススメ。

15.食事がお菓子
必要な栄養が補われず、健康を損ねる。ネガティブな感情が爆発しやすくなる。

16.水を飲まない
脳の約75%は水で構成されている。不足すると、脳細胞が正常に機能できない。

27/04/2026

2026 Language School October Intake Tokyo မြို့ပေါ်
Class 1 ကျောင်းမှ ကျောင်းသားအမြန်ခေါ်ယူနေပါတယ်ခင်ဗျာ။

📌 လျှောက်ထားနိုင်သူများ
✔️ JLPT/ Nat Test N5အောင်မြင်ထားသူ
✔️ ကျောင်းလခ (၁နှစ်စာ) ကို မိဘမှ ထောက်ပံ့ပေးနိုင်သူ
✔️ Language School ပြီးပါက College/ Universityဆက်တက်ချင်သူ (သို့) Tokutei Visa ပြောင်း၍ အလုပ်လုပ်ချင်သူ

ကျောင်းသားဦးရေ အကန့်အသတ်ရှိတာမို့ လူမပြည့်ခင်အမြန်ဆုံးလာလျှောက်ထားလိုက်တော့နော်✨

☎️အသေးစိတ် ဆက်သွယ်စုံစမ်းချင်ပါက
ဖုန်းနံပါတ် 09-450700768 သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ

#ထိရောက်မှူ၁၀၀ရာခိုင်နှုန်း

Photos from JiShin Japanese Language School's post 27/04/2026

JiShin Japanese Language School မှာ နှစ်စဉ်နှစ်တိုင်း‌
ကျောင်းသားခေါ်ယူလျက်ရှိတဲ့ Oita ခရိုင် Kaigo Scholarship အဖွဲ့အစည်းမှ တာဝန်ခံများကို ကျွန်တော်တို့ ကျောင်းမှ CEO နဲ့ တာဝန်ခံဆရာမများမှ သွားရောက်တွေ့ဆုံဆွေးနွေးခဲ့တဲ့ပုံရိပ်လေးတွေပဲ ဖြစ်ပါတယ်။🤗

အရင်နှစ်များက Scholarship အောင်မြင်ခဲ့တဲ့ကျောင်းသားများနှင့်လည်း‌ တွေ့ဆုံခဲ့ပြီး တူရိယာများနှင့် ဖျော်ဖြေတာကိုလည်း ကောင်းမွန်စွာနားထောင်ခဲ့ရပါတယ်ခင်ဗျာ။😍

2027 April Intake 100% Full Kaigo Scholarship အတွက် N4 level passed ကျောင်းသားများကိုယခုကစပြီး​​ဖောင်တင်လက်ခံနေပါပြီ👏👏

စိတ်ဝင်စား၍ အသေးစိတ်စုံစမ်းလိုပါက ☎️ 09 409 096 800

#ထိရောက်မှု၁၀၀ရာခိုင်နှုန်း

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Zay Yar Thiri Street
Yangon
11041