Art2Arch Institute

Art2Arch Institute

Share

Photos from Art2Arch Institute's post 28/06/2026

မနက်ဖြန် ကျင်းပမဲ့ Recreation Pavilion Project (Jury Exam)အတွက် ကြိုးစား ပြင်ဆင်နေသော ပုံရိပ်များး 😊
တပည့်တို့ ... Fighting ပါ 💪💪💪👏👏👏

Photos from Art2Arch Institute's post 26/06/2026

Diploma in Architecture (Batch-2) တပည့် ကျောင်းသူလေးတွေရဲ့ Sketch Up လက်ရာများးး 😊

သင်ရော...
Architecture Concept တွေနဲ့ အခုလို Design တွေ ထုတ်ချင်တယ်ဆိုရင် Art to Arch Institute မှာ လာရောက်သင်ကြားနိုင်ပါပြီ။

⛳စာတွေ့ လက်တွေ့ သင်ကြားပေးတဲ့ System
⛳Design Studio နဲ့ သင်ကြားပေးတဲ့ System တွေ
မို့ သင်တန်းတက်ပြီးရင် သင့်ကိုသင် ပြောင်းလဲသွားမယ်... Next Level တစ်ခုကို ရောက်သွားမယ်ဆိုတာ အသေအချာပါဘဲ။ 🌿🌿🌹🌿🌿

❇✴❇✴❇✴❇✴❇✴

အခုလို သင်ကြားချင်တယ်ဆိုရင်
July လဆန်းမှ ဖွင့်လှစ်တော့မဲ့ Diploma in Architecture နဲ့ Portfolio သင်တန်းကို လာ joinဖို့ သတင်းကောင်း ပါးလိုက်ပါတယ်။ 😊

⛳ နိုင်ငံခြားတက္ကသိုလ်မှာ Architecture major လျှောက်ဖို့ စိတ်ကူးထားသူများ

⛳ IGCSE, GED ဖြေဆိုပြီးသူများ ၊ စနစ်ဟောင်း ၁၀ တန်း၊
စနစ်သစ် ၁၂တန်း ဖြေဆိုပြီးသူများ

တက်ရောက်နိုင်ပါတယ်ဗျ 🙂🙂🙂

July လဆန်းမှာ ဖွင့်လှစ်မဲ့ သင်တန်းများ
1) Diploma in Architecture course (1 year)

2) Portfolio Prepearation Course (2 Months)

3) Architecture Visualization (6 Months)

4) Certificate in Interior Design (2 Months)

5) Certificate in Landscape Design (2 months)
သင်တန်းများကို လာရောက်စာရင်းပေး အပ်နှံနိုင်ပါပြီ။

📣📣📣
သင်တန်းနှင့် ပတ်သတ်၍ စုံစမ်းမေးမြန်းလိုပါက
ကျောင်းဖုန်း 09 8866 33998 သို့ဖြစ်စေ
FB Messenger cb သို့ဖြစ်စေ
မေးမြန်းနိုင်ပါတယ်။ 😊😊😊

#သင်တန်း




#သင်တန်း #

Photos from Art2Arch Institute's post 23/06/2026

Diploma in Architecture (Batch-3) ကို July 3 ရက်နေ့မှာ စတင်ဖွင့်လှစ် သင်ကြားတော့မဲ့ အကြောင်း သတင်းပါးချင်ပါတယ်။🌿🌿🌹🌿🌿🌹🌿🌿🌹🌿🌿

ကျောင်း Orientation အခန်းအနား ကို မနက် ၉:၃၀ မှာ စတင်ပြုလုပ်မည်ဖြစ်တဲ့အတွက် ကျောင်းသူကျောင်းသားများအာလုံးနဲ့ မိဘ အုပ်ထိန်းသူများ တက်ရောက်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

Senior Batch ကျောင်းသူကျောင်းသားတွေရဲ့ လှုပ်လှုပ်ရှားရှား ပုံရိပ်များကို ဖော်ပြပေးလိုက်ပါတယ်။

#သင်တန်း

Photos from Art2Arch Institute's post 20/06/2026

Interior Design သင်ကြားမှု ပုံရိပ်များး 🌿🔷🌿
နဲ့ Knowledge Sharing... 📒📒📒

(((Knowledge Sharing)))

ဗိသုကာပညာ (Architecture) နဲ့ အတွင်းပိုင်းဒီဇိုင်း (Interior Design) ရဲ့ ဆက်စပ်မှု ရှိပါတယ်။ 😊😎

​ဗိသုကာပညာ (Architecture) နဲ့ အတွင်းပိုင်းဒီဇိုင်း (Interior Design) ဆိုတာ ဒင်္ဂါးပြားတစ်ခုရဲ့ ခေါင်းနဲ့ပန်းလိုပါပဲ။ သီးခြားစီလို့ ထင်ရပေမဲ့ တစ်ခုနဲ့တစ်ခု ခွဲထုတ်လို့မရအောင် အပြန်အလှန် အမှီသဟဲပြုနေကြတာ ဖြစ်ပါတယ်။

📌​ရိုးရိုးရှင်းရှင်း ဥပမာပေးရရင်... Architecture က လူတစ်ယောက်ရဲ့ "အရိုးတည်ဆောက်ပုံနဲ့ ခန္ဓာကိုယ် (Bones & Shell)" ဆိုရင် Interior Design ကတော့ အဲဒီလူရဲ့ "ဝတ်စားဆင်ယင်မှုနဲ့ စရိုက်လက္ခဏာ (Soul & Style)" လို့ ပြောလို့ရပါတယ်။

​၁။ Architecture (ဗိသုကာပညာ) - အပြင်ဘက် တည်ဆောက်ပုံ 🏠🏥🏪
​Architecture က အဆောက်အအုံတစ်ခုလုံးရဲ့ ပုံသဏ္ဌာန်၊ ကြံ့ခိုင်မှုနဲ့ ဘေးကင်းလုံခြုံမှုကို အဓိကထားပါတယ်။

​အဓိကတာဝန်ကတော့ အဆောက်အအုံရဲ့ ပုံစံ (Form)၊ ဖွဲ့စည်းပုံ (Structure)၊ အမိုး၊ အကာ၊ နံရံ၊ အဝင်အထွက်နဲ့ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်စေပြီး၊ ပိုပြီး ခြုံငုံမိတဲ့ (Macro) အမြင်တွေနဲ့ ဖန်တီးရတာပါ။😍

​၂။ Interior Design (အတွင်းပိုင်းဒီဇိုင်း) - အတွင်းဘက် လူနေမှုဘဝ 🤩🖼🌿

​Interior Design က အဆောက်အအုံအတွင်းထဲကို ရောက်လာတဲ့အခါ လူတွေ စိတ်သက်တောင့်သက်သာရှိဖို့နဲ့ လုပ်ငန်းဆောင်တာတွေ အဆင်ပြေဖို့ အဓိကထားပါတယ်။

အခန်းတွေရဲ့ အသုံးချမှု (Functionality)၊ အလင်းအမှောင် (Lighting)၊ အရောင်အသွေး (Colors)၊ ပရိဘောဂ (Furniture) နဲ့ စိတ်ခံစားမှု (Mood/Ambiance)တွေကို ပြီး
​ပိုပြီး အသေးစိတ်ကျတဲ့ (Micro) အမြင်နဲ့ design တွေကို ဖန်တီးရတာဖြစ်ပါတယ်။ 🥰

​၃။ သူတို့နှစ်ခု ဘယ်လို ဆက်စပ်နေသလဲ။🤝🤝🤝
​Structural Harmony (တည်ဆောက်ပုံ တည်းဟူသော ဘောင်): Interior Designer တစ်ယောက်ဟာ Architect ဆောက်ပေးလိုက်တဲ့ အခန်းအကျယ်အဝန်း၊ နံရံအနေအထား၊ ပြတင်းပေါက် တည်နေရာတွေပေါ် မူတည်ပြီးတော့ပဲ အထဲကို အလှဆင်လို့ ရပါတယ်။

အခြေခံအဆောက်အအုံ (Architecture) မရှိဘဲ အတွင်းပိုင်းကို ဖန်တီးလို့ မရသလို၊ အတွင်းပိုင်းကို ထည့်မတွက်ဘဲ ဆောက်ထားတဲ့ အဆောက်အအုံကလည်း လူနေဖို့ အဆင်မပြေပြန်ပါဘူး။

📌​Flow and Functionality (စီးဆင်းမှုနဲ့ အသုံးချမှု): Architect က အိမ်တစ်အိမ်ရဲ့ ဧည့်ခန်းနဲ့ မီးဖိုချောင်ကို ဘယ်နားမှာ ထားမယ်ဆိုတာ လမ်းကြောင်းသတ်မှတ်ပေးပါတယ်။ Interior Designer ကတော့ အဲဒီဧည့်ခန်းထဲမှာ ဆိုဖာကို ဘယ်လိုချမလဲ၊ မီးဖိုချောင်မှာ ချက်ပြုတ်ရတာ ဘယ်လောက် လွယ်ကူမလဲဆိုတဲ့ "လူတွေရဲ့ နေ့စဉ်အတွေ့အကြုံ" ကို ဖြည့်ဆည်းပေးပါတယ်။

🖼​Aesthetic Unity (အလှအပဆိုင်ရာ တစ်သားတည်းဖြစ်မှု):
အပြင်ပန်းက အရမ်းခေတ်မီတဲ့ Modern ပုံစံ အဆောက်အအုံကြီးဖြစ်ပြီး အထဲထဲဝင်လိုက်တော့ ရှေးဟောင်း Traditional စတိုင်ကြီး ဖြစ်နေရင် ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူး။ 😇

⛳Architecture ရဲ့ Concept နဲ့ Interior ရဲ့ Concept က ဟန်ချက်ညီညီ ပေါင်းစပ်မှသာ ပြည့်စုံတဲ့ လက်ရာတစ်ခု ဖြစ်လာမှာပါ။

​အချုပ်အားဖြင့်ဆိုရသော်:
Architecture က နေရာလွတ် (Space) ကို ဖန်တီးပေးပြီး၊ Interior Design က အဲဒီနေရာလွတ်ကို အသက်သွင်း (Enliven) ပေးတာ ဖြစ်ပါတယ်။

#သင်တန်း #မြန်မာ

Photos from Art2Arch Institute's post 17/06/2026

Interior Design စတင် သင်ကြားနေပါပြီ 🥰😍

Art To Arch Institute မှာ June 16 ရက်နေ့မှ စတင်ပြီး
Diploma in Architecture တက်ရောက်နေသော ကျောင်းသူကျောင်းသားများအတွက် Interior Design course ကို စတင် သင်ကြားပေးနေပါတယ်။🌿🌿🌿

Interior Design အတွက် လိုအပ်သော သင်ထောက်ကူ စာအုပ်များကို Lecture ဆရာ SLA architect မှ Architecture ကျောင်းသူ ကျောင်းသားများ တစ်ဦးခြင်းစီအတွက် ပေးဝေပေးခဲ့ပါတယ်။ 😉😊


#သင်တန်း #မြန်မာ

13/06/2026

သတင်းကောင်းလေးတစ်ခု ပါးလိုက်ပါရစေနော်...🌿🌿🌿
Diploma in Architecture (July Intake)ကို
ဇူလိုင် ၃ ရက်နေ့မှာ စတင်ဖွင့်လှစ်​တော့ပါမယ်။

ကျောင်းအပ်နှံထားသူများ လဲ ရှိနေပါပြီ။
Registeration လုပ်ထားသူများကိုလဲ ကျောင်း
လာရောက်အပ်နှံဖို့ အကြောင်းကြားအပ်ပါတယ်။

သင်ရဲ့ Architect ဖြစ်ချင်သော
အိမ့်မက်ကို စတင် လက်တွေ့အကောင်ထည်ဖော်ဖို့
Art To Arch Institute မှာ သွားတက်ကြစို့ 😊



#သင်တန်း

11/06/2026

👷‍♀️6 June 2026 Beach Resort Design Project အတွက် Diploma in Architecture Batch 1 မှကျောင်းသား/ကျောင်းသူများကြိုးစာနေကြသော အမှတ်တရပုံရိပ်များ အပိုင်း (၂)
#သင်တန်း #မြန်မာ

11/06/2026

👷‍♀️6 June 2026 Beach Resort Design Project အတွက် Diploma in Architecture Batch 1 မှကျောင်းသား/ကျောင်းသူများကြိုးစာနေကြသော အမှတ်တရပုံရိပ်များ အပိုင်း (၁)

#သင်တန်း #မြန်မာ

11/06/2026

မိမိရဲ့ အာခီတက်ဖြစ်ချင်သောအိမ်မက်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားမယ်ဆိုရင်...
July 3 မှာ ဖွင့်လှစ်တော့မဲ့ Diploma in Architecture သင်တန်းကို join လို့ရပါတယ်ဗျ။

ဘယ်လိုသူများတက်ရောက်နိုင်ပါသလဲ?
🎯 ဗိသုကာ သို့မဟုတ် အာခီ ပညာကို စိတ်ဝင်စားသူများ
🎯 အလုပ်ခွင်မှာ မိမိအရည်အချင်းကို မြင့်တင်လိုသူများ
🎯 နိုင်ငံခြား တက္ကသိုလ်သို့ သွားရောက်၍ အာခီ ပညာဆည်းပူးလိုသူများ တက်ရောက်နိုင်ပါတယ်။

အသက်နဲ့ ပညာအရည်အချင်း လိုအပ်ချက်များ?
📌အသက်၁၆နှစ်ပြည့်ပြီးသူများ
📌စနစ်ဟောင်း ၁၀တန်း ၊ စနစ်သစ် ၁၂တန်း
📌 GEDနှင့် IGCSE O level ဖြေဆိုနေဆဲ (သို့) ဖြေပြီး
သူများ တက်ရောက်နိုင်ပါတယ်။

Art to Arch Institute မှာ Diploma in Architecture သင်တန်းကို လာမဲ့ (July 3) နေ့မှ စတင်ပြီး ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။

သင်တန်းရက် 🗓🗓🗓
အပတ်စဉ် ကြာသပတေးနေ့ နှင့် သောကြာနေ့ (weekday)
သင်ကြားချိန် ⏰⏰⏰
မနက် ၁၀ နာရီမှ ၁၂နာရီထိ တစ်ကြိမ်
နေ့လည် ၁ နာရီမှ ၃ နာရီထိ တစ်ကြိမ်
တစ်ရက်ကို (၂-ဘာသာ) သင်ယူရမှာ ဖြစ်ပါတယ်။

📣📣📣သက်ဆိုင်သော ဘာသာရပ်များကို စာတွေ့လက်တွေ့ သင်ကြားပေးသော Learning System ဖြင့် သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ 📣📣📣

#သင်တန်း #မြန်မာ

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Website

Address


No. 143, First Floor, 19th Street, Latha Township
Yangon
11221

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00