Life Advisor KHMW

Life Advisor KHMW

Share

08/03/2026

IQနဲ့EQ

IQဆိုတာကတော့ စာတွေသင်ရင် လိုက်နိုင်တဲ့စွမ်းရည်ပါသူ့ရဲ့အရှည်က Intelligence Quotient လို့ခေါ်တယ်။ဉာဏ်ရည်ပြကိန်းပေါ့။ IQ 100ဆိုရင်ပျမ်းမျှဉာဏ်ရည်ရှိတယ်။100ထက်ပိုရင်ဉာဏ်ကောင်းတယ် 100အောက်ဆိုဉာဏ်ထိုင်းတယ်။
စိတ်ပညာရှင်တွေက ဉာဏ်ရည်ကိုတိုင်းတာနိုင်တဲ့
စစ်ဆေးလွှာIntelligence testတွေတီထွင်ကြတယ်။

EQ(Emotional Quotient)ကတော့မှန်ကန်စွာ
စိတ်လှုပ်ရှားနိုင်တဲ့ဉာဏ်ရည်(Emotional Intelligence)ရဲ့
ပြကိန်းလို့လွယ်လွယ်ပြောကြပါစို့ ။

အရင်ကတော့IQမြင့်ရင် ဘဝမှာအောင်မြင်နိုင်တယ်
ဆိုတယ်။
အခုတော့ ဘဝအောင်မြင်ဖို့
EQကပိုအရေးပါတယ်လို့ဆိုကြတယ်။
ဥပမာ IQမြင့်လို့ဆေးကျောင်းဝင်တယ်၊
EQနိမ့်လို့ သူငယ်ချင်းကို ကိုယ့်ထက်တော်တာ
မနာလိုလို့ မျက်နှာအက်စစ်နဲ့ပက်လိုက်တယ်။
သင်တဲ့ဆရာကို မကျေနပ်လို့ ကိုယ့်ကိုဆူလို့ ဓါးနဲ့ထိုး
လိုက်တယ် ဘဝအောင်မြင်ပါဦးမလား။

EQထဲမှာ ဘယ်လိုစွမ်းရည်တွေပါလဲ

1. Self-awareness မိမိကိုယ်မိမိသိမြင်မှု
တခါက ဆာမူရိုင်းတစ်ယောက်နဲ့ ဇင်ဘုန်းတော်ကြီးတစ်ပါးရထားအတူစီးရင်း ဆာမူရိုင်းက ကိုယ်တော် ကျုပ်ကို ငရဲနဲ့နိဗ္ဗန်အကြောင်းရှင်းပြစမ်းလို့ခိုင်းသတဲ့ဒီတော့ ဘုန်းတော်ကြီးက မင်းလိုလူမိုက်နဲ့ မဆွေးနွေးနိုင်ဘူးဆိုတော့ ဆာမူရိုင်းက သယ် ဘုန်းကြီး ဓါးနဲ့ခုတ်လိုက်လို့ ဒေါသနဲ့တုံ့ပြန်သတဲ့။ အေးအဲဒါ ငရဲပဲကွလို့ ဘုန့်ကြီးကဆိုလိုက်သတဲ့။ ဆာမူရိုင်းက မှားသွားတာသိသွားပြီး တပည့်တော်မှားသွားပါတယ် တောင်းပန်ပါတယ်ဘုရား ဆိုတော့ ဘုန်းတော်ကြီးက အေး ဒါနိဗ္ဗန်ပဲလို့ဆိုလိုက်တယ်။ တစ်ချို့လူတွေဟာ မိမိဘာဖြစ်နေမှန်း မှားမှန်းမှန်မှန်း အကဲမဖြတ်နိုင်ဘူးဆိုရင် Self-awareness နိမ့်
တယ်လို့ဆိုရမယ်။

2. Self motivation ဆိုတာကတော့ သူများမခိုင်းရပဲ ကိုယ်အသိစိတ်နဲ့ကိုယ် လုပ်စရာရှိတာတွေလုပ်တာ။ ဒါလည်း ဘဝမှာအောင်မြင်ဖို့စွမ်းရည်တစ်ရပ်ပဲလေ။

3. Self regulation (မိမိကိုယ်မိမိထိန်းချုပ်ကွတ်ကဲနိုင်မှု)
ရာဇဝတ်မှုကျုးလွန်တဲ့သူတွေကိုလေ့လာတဲ့အခါ ကိုယ့်
စိတ်ကိုယ် ထိန်းနိ်ုင်မှု အားနည်းကြောင်းတွေ့ရတယ်။ EQ
မြင့်ချင်ရင်တော့ ကိုယ့်စိတ်ကိုယ်ထိန်းနိုင်ဖို့လေ့ကျင့်ပါ။

4. Empathy (တစ်ဖက်သားနေရာကနေ ဝင်ရောက်ခံစား
တတ်မှု) တနည်းအားဖြင့် ကိုယ်ချင်းစာတတ်မှုလိုလည်း
ပြောလို့ရပါတယ်။ EQမြင့်ချင်ရင်တော့ ကိုယ်ချင်းစာတတ်အောင်လည်းလေ့ကျင့်ဖို့လိုပါလိမ့်မယ်။

5. Social skill (လူမှုဆက်ဆံရေးစွမ်းရည်မြင့်မှု)
ကိုယ်ပြောချင်တာ တဖက်လူနားလည်အောင်ပြောတတ်မှု
သူများပြောတာ၊ နားလည်အောင်နားထောင်တတ်မှု၊ တဖက်လူရဲ့အရိပ်အကဲနားလည် အကဲခတ်တတ်မှု၊ မိတ်ဆွေဖြစ်ပြီးမိတ်ဆွေအဖြစ်ဆက်နွယ်မှုကိုတာရှည်ထိမ်းထာနိုင်မှုတွေဟာ လူမှုဆက်ဆံရေးစွမ်းရည်မြင့်တဲ့ လက္ခာဏာတွေပါပဲ။

အထက်ကစွမ်းရည်တွေ သင့်မှာရှိရင် EQမြင့်ပြီ။

EQဟာမွေးကတည်းကပါလာသလို လေ့ကျင့်ရင်လည်း
ရနိုင်တဲ့အရာဖြစ်ပါတယ်။
ဒေါက်တာမြင့်လွင်(စိတ်ပညာ)

02/02/2026

ဝါသနာ (Passion) ဆိုတာ မီးရှူးမီးပန်းလိုပဲ၊ ခဏတဖြည်းဖြည်း တောက်လောင်ပြီး ငြိမ်းသွားတတ်တယ်။ အလေ့အကျင့် (Habit) ကတော့ မီးသွေးခဲလိုပဲ၊ အချိန်အကြာကြီး အပူရှိန်ကို ထိန်းထားပေးနိုင်တာ။

အောင်မြင်တဲ့သူတွေဟာ ဝါသနာပါလို့ လုပ်နေတာထက်၊ မလုပ်ချင်တဲ့နေ့မှာတောင် လုပ်ဖြစ်အောင် လုပ်တဲ့ "အလေ့အကျင့်" ရှိလို့ အောင်မြင်ကြတာကွ။

"ငါက ဒါကို ဝါသနာမပါလို့ မလုပ်ချင်ဘူး၊ စိတ်မပါလို့ ခဏနားဦးမယ်" ဆိုပြီး ဆင်ခြေပေးနေသလား။ အဲဒါ မင်းက "အောင်မြင်မှု" ကို အပျော်တမ်း ထင်နေလို့ပဲ။

ဝါသနာဆိုတာ မင်းဗိုက်ဝနေတုန်း၊ စိတ်ကြည်နေတုန်းပဲ လာတာ။ ဒုက္ခရောက်နေချိန်၊ စိတ်ပင်ပန်းနေချိန်မှာ မင်းကို ရှေ့ဆက်ခိုင်းမှာက ဝါသနာမဟုတ်ဘူး၊ အလေ့အကျင့်ကွ။

မင်းက အချစ်ဦးနဲ့ တွေ့တုန်းကတော့ ရင်တွေခုန်ပြီး ကမ္ဘာကြီးကိုတောင် မပြီးပြေးချင်တာပေါ့။ အဲဒါ ဝါသနာ (Passion) ပဲ။ ဒါပေမဲ့ ဆယ်နှစ်လောက်ကြာလို့ ရင်မခုန်တော့တဲ့အခါမှာ အတူတူ လက်တွဲပြီး ရှေ့ဆက်ဖို့ကတော့ 'သစ္စာနဲ့ အလေ့အကျင့်' ပဲ လိုတော့တာ။

အလုပ်လည်း အတူတူပဲ။ စလုပ်ချင်းမှာတော့ အဟုတ်သားပေါ့။ ကြာလာလို့ ပျင်းလာတဲ့အခါ၊ ခက်လာတဲ့အခါ ဝါသနာက နောက်ဖေးပေါက်ကနေ ထွက်ပြေးသွားပြီ။ အဲဒီအချိန်မှာ မင်းကို ဇွတ်ထခိုင်းပြီး အလုပ်လုပ်ခိုင်းမှာက အလေ့အကျင့်ပဲ။ ဝါသနာနောက် လိုက်နေတဲ့သူဟာ မိုးရွာရင် အလုပ်နားမယ့်သူပဲ။ အလေ့အကျင့်နောက် လိုက်တဲ့သူကမှ မိုးရွာရွာ၊ နေပူပူ ခရီးပေါက်မှာ"။

ဝါသနာက စိတ်ခံစားချက်ပေါ်မှာ အခြေခံတယ်။ စိတ်ကောင်းရင် လုပ်မယ်၊ စိတ်ညစ်ရင် မလုပ်ဘူး။ အလေ့အကျင့်ကတော့ စက်ရုပ်လိုပဲ။ အချိန်တန်ရင် လုပ်ရမယ်ဆိုတာ သိတယ်။

မင်း အင်္ဂလိပ်စာ လေ့လာတာပဲဖြစ်ဖြစ်၊ Content ဖန်တီးတာပဲဖြစ်ဖြစ် "စိတ်ပါမှလုပ်မယ်" ဆိုရင်တော့ မင်း တစ်သက်လုံး အောင်မြင်မှာမဟုတ်ဘူး။ "စိတ်မပါလည်း လုပ်ဖြစ်အောင်လုပ်တာ" ဟာ အလေ့အကျင့်ရဲ့ အစွမ်းပဲ။

ဝါသနာက ရေတိုပဲ။ မီးကုန်ယမ်းကုန် လုပ်ပြီးရင် ပျောက်သွားတတ်တယ်။ အလေ့အကျင့်ကတော့ ဖြည်းဖြည်းနဲ့ မှန်မှန် သွားတာ။

ပင်လယ်ပြင်ကို ကူးတဲ့အခါ လှိုင်းကြီးတုန်း ခဏမြန်တာထက် လှော်တက်ကို မနားတမ်း လှော်နေတဲ့သူကမှ တစ်ဖက်ကမ်းကို ရောက်တာ။ အောင်မြင်မှုဆိုတာ နေ့တိုင်းလုပ်တဲ့ အသေးအဖွဲ အလေ့အကျင့်လေးတွေ စုမိသွားတဲ့ ရလဒ်ပဲ။

မင်းက အလုပ်တစ်ခုကို အလေ့အကျင့်ဖြစ်အောင် နေ့တိုင်းလုပ်နေရင် နောက်ပိုင်းမှာ အဲဒီအလုပ်ကို ကျွမ်းကျင်လာမယ်။ ကျွမ်းကျင်လာတဲ့အခါ အဲဒီအလုပ်အပေါ်မှာ မင်း ဝါသနာပါလာလိမ့်မယ်။

ဝါသနာကနေ အလေ့အကျင့်ကို သွားဖို့ခက်ပေမဲ့ အလေ့အကျင့်ကနေ ဝါသနာဆီ သွားဖို့က လွယ်တယ်။

ဒါ့ကြောင့် ဝါသနာကို ရှာမနေပါနဲ့။ မင်းလုပ်သင့်တဲ့ အလုပ်တစ်ခုကို နေ့တိုင်း (၂၁) ရက်ဆက်တိုက်အောင် အရင်လုပ်ပါ။ အလုပ်ကို အကြီးကြီးမစပါနဲ့။ အလေ့အကျင့်ဖြစ်ဖို့အတွက် တစ်နေ့ ၁၀ မိနစ်ကနေပဲ စတင်ပါ။ စိတ်မပါတဲ့နေ့ဟာ အလေ့အကျင့်ကို စမ်းသပ်တဲ့နေ့လို့ သတ်မှတ်ပြီး ပိုပြီး ကြိုးစားလုပ်ဆောင်ပါ။

မင်းရဲ့ "ဝါသနာ" ကို "အပိုဆောင်း" အနေနဲ့ပဲ ထားလိုက်စမ်းပါ။ မင်းရဲ့ "အလေ့အကျင့်" ကိုတော့ "အသက်သွေးကြော" အဖြစ် တည်ဆောက်လိုက်ပါ။

ဝါသနာ နောက်မလိုက်ဘဲ "အလေ့အကျင့် ကောင်းသူ" ပဲ ဖြစ်အောင် ကြိုးစားလိုက်စမ်းပါ။ "အကျင့်ကောင်းသူကမှ လောကရဲ့ ထိပ်ဆုံးမှာ ကြာရှည်စွာ ရပ်တည်နိုင်မှာပါ" မိတ်ဆွေ။

15/02/2025

၁။ ဘဝမှာ အထူးချွန်ဆုံးသူဖြစ်ဖို့ထက် အမြဲယုံကြည်အားထားရတဲ့သူဖြစ်ဖို့ ပိုအရေးကြီးတယ်။

၂။ ဘဝပြဿနာအများစုဟာ စောစောထအလုပ်လုပ်ခြင်းနဲ့ ဖြေရှင်းရတာပါ။

၃။ တစ်ခါတလေ မင်းရှောင်နေတဲ့အချက်တွေထဲမှာပဲ မင်းပြဿနာရဲ့အဖြေကို ပြန်ရှာတွေ့တတ်တယ်။

၄။ ပါရမီနဲ့ ဉာဏ်ရည်ဘယ်လောက်ကောင်းကောင်း သတ္တိမရှိရင်လည်း ဘာမှဖြစ်မလာနိုင်ဘူး။

၅။ Plan ဘယ်လောက်ကောင်းကောင်း ကြိုတင်ပြင်ဆင်မှုမရှိရင် ထင်သလောက်ခရီးမပေါက်ဘူး။

၆။ အတွင်းစိတ်က တားနေတာကို ဇွတ်လုပ်ရင် ဆုံးဖြတ်ချက်အမှားတွေ ထွက်လာတတ်တယ်။

၇။ ကိုယ်တိုင်မကြိုးစားရင် မင်းလိုချင်တဲ့အရာတွေမင်းလက်ထဲဘယ်သူမှ လာထည့်ပေးမှာမဟုတ်ဘူး။

၈။ လက်တွေ့ကျကျရှင်သန်တာက ခက်ခဲပေမယ့် အမှန်ဆုံးဘဝနေထိုင်နည်းပါ။

၉။ နောက်မှ ဆိုတဲ့ ဆင်ခြေပေးတာများသွားရင် ဘဝကလည်း ဘာမှဖြစ်မလာတော့ဘူး။

၁ဝ။ စိုးရိမ်ပူပန်မှုက သက်တောင့်သက်သာနေဖို့ကို တွန်းအားပေးတယ်။ သက်တောင့်သက်သာနေပါများတဲ့အခါ ဘဝတိုးတက်မှုလည်း ရပ်သွားတယ်။

၁၁။ မင်းဆိုတာ မင်းလုပ်ရပ်အားလုံးရဲ့ စုစုပေါင်းရလဒ်ပါ။

၁၂။ ဘဝကတော့ အခက်အခဲပေါင်းစုံနဲ့ပြည့်နေတာပါ။ ဘယ်လောက်ခက်တဲ့အရာကိုရွေးမလဲဆိုတာပဲ မင်းရွေး ချယ်ရမှာပါ။

၁၃။ အရာအားလုံးနားလည်နေတဲ့သူမရှိပါဘူး။ မင်းနားမလည်တဲ့အရာတွေရှိတာ မင်းညံ့လို့မဟုတ်ဘူး။

၁၄။ မင်းအနာဂတ်ကို Plan ကောင်းကောင်းဆွဲချင်ရင် ဒီနေ့အလုပ်ကောင်းကောင်းလုပ်ပါ။

၁၅။ ဘဝဆိုတာ မင်းထင်ထားတာထက် ထိခိုက်ပျက်စီးလွယ်တယ်။ လွယ်လွယ်နဲ့ လမ်းမှားမရောက်မိပါစေနဲ့။

၁၆။ ပိုက်ဆံစုတာကောင်းပေမယ့် ရင်းနှီးမြှုပ်နှံမှုတစ်ခုခုလည်းလုပ်မှ မင်းရဲ့ဝင်ငွေတိုးတက်လာမှာပါ။

၁၇။ စိတ်ဖိစီးမှုမရှိတာကောင်းပေမယ့် အရေးကြီးတဲ့အရာတွေအတွက်ဆိုရင် စိတ်ဖိစီးမှုခံသင်ခံရမှာပဲ။

၁၈။ အတိတ်နေ့ရက်ကောင်းတွေကိုပဲ တမ်းတမနေပါနဲ့။ ဒီနေ့ကလည်း မနက်ဖြန်ဆို အတိတ်ဖြစ်တော့မှာမို့ ကောင်းအောင် ဖန်တီးပါ။

၁၉။ လိုက်လျောညီထွေနေတတ်ခြင်းဆိုတာလည်း ဘဝရဲ့အရေးကြီးတဲ့ အရည်အချင်းတစ်ရပ်ဖြစ်တယ်။

၂ဝ။ ပျော်မယ်ထင်လို့သုံးတဲ့ မူးယစ်ဆေးဆိုတာ မင်းဘဝတစ်ခုလုံးကို အဆုံးထိဝါးမျိုသွားမယ့်အရာပါ။

၂၁။ လုံလောက်တဲ့ပြင်ဆင်မှုမရှိသေးသရွေ့ ထိုက်တန်တဲ့အရာတွေ မင်းဆီရောက်မလာပါဘူး။

၂၂။ အောင်မြင်မှုဆိုတာ ရပ်နားလို့မဖြစ်တဲ့ တာဝေးပြေးလမ်းတစ်ခုပါ။ သက်လုံကောင်းဖို့ လိုပါတယ်။

၂၃။ အမြဲအနိုင်ရနေတာက လူမှုဆက်ဆံရေးမှာ ပြဿနာဖြစ်လာတတ်တယ်။

၂၄။ အရင်ကြိုးစားပါ။ ပြီးမှ စမတ်ကျအောင် နေပါ။

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon