Hey Sis

Hey Sis

Share

08/03/2024

Such a beautiful campaign 🩸
ရာသီသွေး = အသက်သွေး

12/08/2023

ခင်များရဲ့ စိတ်ထွက်ပေါက်က ဘာလဲ?

စိတ်က ထွက်ပေါက်ရှိရတယ်။ ရေစီးသလိုပဲ၊ တစ်ဖက်က ဝင်သမျှရေက စီးပေးရတယ်လေ။ မဟုတ်ရင် လျှံကျတာတွေ၊ ကန်သင်းရိုးကျိုးတာတွေဖြစ်မယ်။ ကိုယ်တိုင်ရော ဘေးကလူတွေပါ ရေတွေစိုကုန်၊ မြုပ်ကုန်နိုင်တယ်မလား။

လူဆိုတာနေ့စဉ် လှုပ်ရှားသွားလာ၊ ပြောဆိုဆက်ဆံနေရတော့ စိတ်ကိုလာလာငြိတဲ့ အထိတွေက ရှိမှာပဲ။ ရှောင်လို့မလွတ်နိုင်ဘူး။
ဒီတော့ကိုယ်တိုင်က စိတ်မြောင်းကိုရှင်းထားတာကောင်းမယ်။ သူများကို ပြင်ပေးဖို့ ဘယ်သောအခါမှ မကြိုးစားမိစေနဲ့ ကိုယ့်စိတ်ကိုယ်ပဲပြင်။ စိတ်ဆိုးတဲ့အခါ စိတ်ဆိုးတယ်ဆိုတာကို သိလိုက်၊ သိပ်သဘောကျတဲ့အခါ သဘောကျနေကြောင်းသိလိုက်။ ဒါဆို လွတ်မသွားတော့ဘူး၊ ရုပ်မပေါက်တော့ဘူး။

စိတ်ကိုရှင်းထားရင် တကူးတကကြီး ထွက်ပေါက်လည်း ပေးစရာမလိုဘူး။ ကျနော်အရင်ကဆို စိတ်တွေသိပ်ရှုပ်လာရင် အရက်သောက်တယ်။ စိတ်ထွက်ပေါက် ဆိုပြီးတော့ပေါ့။
တကယ်တော့ အဲ့လိုလုပ်တာကမှ စိတ်ပိုရှုပ်သွားစေတာ။ မူးလေရှုပ်လေပဲ။ အဲ့ဒါနဲ့ ကျနော် အရက်ကို သောက်ချင်လို့ပဲသောက်တယ်။ ဘာခေါင်းစဉ်မှ မတပ်ဘူး။

ခင်များစိတ်ထွက်ပေါက်က ရှင်းရဲ့လား။ ရှင်းထားဦး။

21/06/2023

ခဏနားရမလား၊ ဆက်သွားရမလား?

ခဏနားရမလား ဆက်သွားရမလားမသိရင် အချိန်တိုင်းကို ရေလိုက်ငါးလိုက်လေးပဲ နေလိုက်ပါ။​

လုပ်ရမှာရှိရင် လုပ်လိုက်၊ မရှိရင် ရပ်လိုက်။ အလုပ်မရှိတဲ့အခါ ရှိလာမဲ့ အလုပ်တွေအကြောင်း မစဥ်းစားနဲ့။ အလုပ်လုပ်နေတဲ့အချိန်မှာ နားချင်တဲ့အကြောင်းလည်း မတွေးနဲ့။ မြန်မြန်လည်း မသွားနဲ့၊ ဖြေးဖြေးလည်း မသွားနဲ့။ အချိန်တွေကို မှန်မှန်ပဲ ကျော်ဖြတ်ကြည့်လိုက်ပါ။​

ဒါက ကျမလုပ်နေကျပုံစံပေါ့။ ကျမအတွက်တော့ အလုပ်ဖြစ်ပါတယ်။

ပန်းကန်ဆေးနေရင် ပန်းကန်ဆေးတဲ့အကြောင်းပဲတွေးတယ်။ ရေအကြမ်းဆေးမယ်၊ ဆပ်ပြာတိုက်မယ်၊ ရေပြန်ဆေးချမယ်၊ ရေစစ်မယ်။ တစ်ဆင့်ပြီးတစ်ဆင့်ပဲ။
အလုပ်လုပ်နေလည်း အဲ့အလုပ်ကို အကောင်းဆုံးနဲ့ အမှန်ဆုံးဖြစ်အောင်လုပ်မယ်။ တစ်ဆင့်ပြီးတစ်ဆင့်။ မှန်မှန်လေးပဲ။ မြန်မြန်လေးလုပ်ဖို့ မလိုဘူး။
ဒါဟာအချိန်ဆွဲဖို့ မဟုတ်ဘူး။ အကောင်းဆုံးပြီးမြောက်ဖို့။

“လောရမဲ့ အလုပ်တွေကျ ဘယ်လိုလုပ်မလဲ” လို့ စောဒကတက်ချင်တယ်ဆိုရင်.. ဒီမယ် ကျမပြောပြမယ်။ ကျမက ကြော်ငြာအေဂျင်စီမှာ စာရေးတဲ့အလုပ်ကို လုပ်ပါတယ်။ ကြော်ငြာအေဂျင်စီမှာက အရာရာတိုင်းက လျင်လျင်မြန်မြန် ဖြစ်ပျက်နေလေ့ရှိပါတယ်။
ဒီလိုအခြေအနေမျိုးကို နေ့တိုင်းကျော်ဖြတ်ဖို့ အပေါ်မှာ ပြောခဲ့သလို ကိုယ့် Pace နဲ့ကိုယ် မှန်မှန်ကန်ကန် အလုပ်လုပ်ခြင်းက အဖြေပါပဲ။ အချိန်ဆွဲလို့တော့မရဘူး။​ အခြားအတွေးတွေ ဝင်လို့မရဘူး။ ရေလိုက်ငါးလိုက် ပြင်လိုက်ဆင်လိုက်နဲ့ပေါ့။

နောက်ပြီး လမ်းပျောက်နေရင်လည်း ဆက်ပျောက်နေလိုက်ပါ။ ဒါပေမဲ့ လုပ်စရာရှိတာရှိရင်းတော့ ပျောက်ပေါ့နော်။​ တစ်ခုခုတော့ လုပ်နေမှကိုဖြစ်မှာ။ အနည်းဆုံး အသက်ရှူတာကိုပဲ အာရုံစိုက်နေတာမျိုးပေါ့။

ဒါ့ကြောင့်လေ အခြားအတွေးတွေ မဝင်ဘဲ၊ နားရမလား ကစားရမလားမသိရင် ရေလိုက်ငါးလိုက်နေရင်း အသက်ပဲရှူနေလိုက်ပါလို့။

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon