Ba Kone
14/01/2021
27/12/2020
Instock itemလေးပါ...
Ygnမြို့တွင်း အိမ်အရောက်ငွေချေပါ။
အကုန်မြန်တတ်တာမို့လို့ မြန်မြန်လေးသာမှာထားလိုက်တော့နော်🤗🤗
23/12/2020
🛠"စောက်ချိုးပြင်ဆိုင်" လာပါပြီ🛠
☆☆☆☆☆☆☆☆☆☆☆☆
🏡သင့်ပတ်ဝန်းကျင်၊သင့်အိမ်၊သင့်အနီးအနားမှာ နိစ္စဓူဝ "မင်းအချိုးပြေပြေနေ၊ မင်းအချိုးပြင်လိုက်ရင်ကောင်းမယ်၊ ဒီကောင်စောက်ချိုးမပြေဘူးကွာ"စတဲ့အသံတွေကိုခဏခဏကြားဖူးနေပါသလား❓
ဒါမှမဟုတ်သင်ကိုယ်တိုင်အပြောခံနေရပြီလား?ဒါဆိုရင်တော့ မပူပါနဲ့တော့ "Mr.Bakone_စောက်ချိုးပြင်ဆိုင်ကြီး"ဖွင့်လှစ်လိုက်ပါပြီ🎉🎉
▪︎ဗီဇကြောင့်ပဲ စောက်ချိုးမပြေမပြေ
▪︎ပတ်ဝန်းကျင်ကြောင့်ပဲ စောက်ချိုးမပြေမပြေ
▪︎ကြီးလာမှပဲ စောက်ချိုးမပြေမပြေ
▪︎စောက်ဆံရှိလာမှပဲ စောက်ချိုးမပြေပြေ
▪︎မိဘအရှိန်အဝါကြောင့်ပဲစောက်ချိုးမပြေပြေ
▪︎လင်အရှိန်အဝါကြောင့်ပဲစောက်ချိုးမပြေမပြေ
▪︎ဘဲလုပ်စာနဲ့ပဲ စောက်ချိုးမပြေမပြေ
ဘယ်လိုအကြောင်းမျိုးနဲ့စောက်ချိုးမပြေတာပဲဖြစ်ဖြစ် အချိန်တိုအတွင်းထိရောက်မြန်ဆန်စွာ စောက်ချိုးပြင်ပေးပါတယ်။
🎉ဆိုင်ဖွင့်ပွဲ အထူး promotionအနေနဲ့...
ပထမဆုံးအလုပ်လာအပ်သူ ၅ယောက်ကို 50%disပေးအပ်သွားမှာပဲဖြစ်ပါတယ်။🎉
တစ်ခါစောက်ချိုးပြင်ထားရုံနဲ့ တစ်သက်တာအာမခံလည်းရှိသေးတော့ ဘာလိုသေးလဲကွာ...အခုပဲပြေးပြီးစောက်ချိုးပြင်လိုက်ရအောင်...။🛠
🏠Address - ကန်စွန်းရွက်၊ပေါက်ပေါက်ဆုပ်၊ပေါင်မုန့်။
📱Ph no - 09500R100
#စောက်ချိုးပြင်ဆိုင်
23/12/2020
⚠️ဒီpostက အရက်ပျံလောင်းမှာပါ။တိုက်ဆိုင်မှုရှိလို့ စပ်သွားရင် ခင်ဗျားကိုပြောတယ်မှတ်ပါ။⚠️
အများဂျင်းပြုတ်ရည်သောက်လို့လိုက်သောက်သူများ
------------------------------------------------------------------
လက်ရှိ ကိုဗစ်ကာလမှာ အများဆုံးတွေ့ရတာက လူခေါ်postတွေဖြစ်ပါတယ်။ လူတစ်ယောက်ခေါ်ပေးရင် ဘယ်လောက်ရမယ်။ ပစ္စည်းဘယ်လောက်ရောင်းရရင် အမြတ်ကဘယ်လောက်ရမယ်။ အနည်းဆုံးတစ်လကို ဘယ်နှသိန်းကပြေးမလွတ်ဘူးဆိုတဲ့ postတွေမျက်စိနောက်အောင်တွေ့လာရပါတယ်။
ပြဿနာကဘာလဲဆိုတော့ ရောင်းတဲ့လူတွေအရမ်းများနေပြီး ဝယ်သူမရှိတဲ့ပြဿနာပါ။အရိုးရှင်းဆုံးပြောပြထားတာဖြစ်ပါတယ်။ ဟုတ်ပါတယ် ခင်ဗျားက အဲ့လိုpostတွေ့လို့ လူခေါ်ပေးမယ်ရောင်းပေးမယ်ဆိုပြီးမန်ဘာဝင်လိုက်တယ်ဆိုပါစို့။ ခင်ဗျားကလည်းနောက်ထပ်ရောင်းပေးမဲ့လူကိုရှာရမယ် ရောင်းလည်းရောင်းနေရမယ် ဒါမှခင်ဗျားအတွက်ပိုက်ဆံရမယ်။ ခင်ဗျားရှာပေးတဲ့လူကလည်း သူ့အတွက်နောက်လူရှာရမယ် ဈေးရောင်းရမယ်။ ဈေးကွက်တစ်ခုမှာ လူ၉၉ယောက်က ရောင်းသူဖြစ်ပြီးတော့ ၁ယောက်ကသာဝယ်သူဖြစ်တယ်ဆိုရင် ဒီဈေးကွက်အခြေအနေကိုခင်ဗျား သဘောပေါက်လောက်ပြီထင်ပါတယ်။
နောက်တစ်ခုက ခင်ဗျားအဲ့groupတွေထဲကိုဒီအတိုင်းဝင်လို့မရပါဘူး။ကိုယ့်ရဲ့အိတ်ထဲက အရင်စိုက်ထုတ်ပြီးမှဝင်လို့ရမှာဖြစ်ပါတယ်။ သူတို့ကတော့ပြောပါလိမ့်မယ် ကြိုးစားရင်ကြိုးစားသလောက်ရမယ်ဆိုတဲ့ဂျင်းကို။အရင်ဆုံးကုန်သွားတာက ကိုယ့်အိတ်ထဲကပိုက်ဆံပါ။
နောက်ထပ်ရှိသေးတယ် အလုပ်တစ်ခုလျှောက်တဲ့အခါ အလုပ်အတွေ့အကြုံဘယ်လောက်ရှိရမည်တို့ဘာတို့ပါတယ်။ ခင်ဗျားတို့ရဲ့ CVမှာ ကျွန်တော်ကတော့၊ကျွန်မကတော့ ဘယ်productရဲ့ agentပါ။ Fbက ဘယ်gpမှာ လူခေါ်အရောင်းpostတွေတင်တဲ့ အလုပ်တွေလုပ်ဖူးပါတယ်လို့ထည့်ရေးမှာလား။သူတို့ပြောတဲ့ တစ်လ၂သိန်းလောက်ကတော့ သန့်ရှင်းရေးဝန်ထမ်းဝင်လုပ်ရင်တောင်ရပါတယ်။ Serviceရလာရင် superတွေဘာတွေတောင်ဖြစ်နိုင်သေးတယ်။ကိုယ့်ရဲ့တန်ဖိုးရှိတဲ့အချိန်တွေကို အလဟဿမဖြုန်းတီးမိစေဖို့ရည်ရွယ်ရင်း ဒီpostရေးလိုက်ပါတယ်။
(အထည်တို့ လူခေါ်တာတို့ဆိုတာ ဥပမာပေးတာနော်။ MLMလို စောက်ဂျင်း Cosmetic Agentတွေလည်းပါတယ်။)
အရက်ပြန်လောင်းလိုက်လို့စပ်သွားရင် စိတ်မရှိပါနဲ့။ စိတ်ရှိလည်းဂရုမစိုက်ပါဘူး။တော်သေးပြီ။
Click here to claim your Sponsored Listing.
Category
Website
Address
Yangon