HMA Technical Sharing

HMA Technical Sharing

Share

06/10/2024

♦ အင်ဂျင်ဝိုင် ဂိတ်တံအိပ်ဇောငွေ့ထွက်ခြင်း ၊ အိပ်ဇောအခိုးလိုက်ခြင်း နှင့် PCV ဗားပြစ်ချက်များ ♦

တလောက မိတ်ဆွေတစ်ယောက် မေးတာလေး အလျင်းသင့်လို့ ယခု post တင်ပြီး မျှဝေပေးခြင်းပါ။ အင်ဂျင်ဝိုင်စစ်ရင်းနဲ့ ဂိတ်တံဆွဲထုတ်လိုက်တာ အိပ်ဇောငွေ့တွေထွက်လာတယ်။ ဘာပြဿနာများလဲ? စဥ်းစားကြည့်တဲ့အခါ ပုံမှန်ဆိုရင် အိပ်ဇောငွေ့ဟာ အင်ဂျင်ရဲ့ 4stroke cycle မှာ exhaust stroke အပြီးမှာ exhaust valve ပွင့်ပြီး exhaust manifold ကနေ အိပ်ဇောငွေ့တွေ မှုတ်ထုတ်ပါတယ်။ အိပ်ဇောငွေ့က ထိုအချိန်မှာ ထိုလမ်းကြောင်းကနေ ထွက်သွားတယ်။ ကျန်တဲ့ အချိန် ကရိုင်းကေ့စတဲ့ အင်ဂျင်အခြားအစိတ်အပိုင်း နေရာတွေကနေ အိပ်ဇောငွေ့တွေ ထွက်လာခွင့်မရှိပါဘူး။ အဲ့လို ထွက်လာခဲ့ရင် အင်ဂျင်မှာ ပြစ်ချက်တစ်ခုခု ရှိနေပါပြီ။ စကားမစပ် အင်ဂျင်ဝိုင်တို့ ဂီယာဝိုင်တို့က မကြာမကြာ စစ်သင့်တဲ့ အလေ့အကျင့် တစ်ခု လုပ်ထားသင့်ပါတယ်။ အကယ်၍ အင်ဂျင်ဟာ ရိန်းတွေမလုံတော့ဘူးဆိုရင် ၊ ဒါမှမဟုတ် ရိန်းတွေက top ring ၊ 2nd ring စသဖြင့် ပွန်းစား နေမယ်ဆိုရင် ပေါက်ကွဲအားလျော့လာမယ်။ တနည်းအားဖြင့် အင်းလက်ကနေ ဝင်တဲ့ လေတွေကလည်း ကရိုင်းကေ့ထဲ ရောက်သွားမှာဖြစ်သလို အေ့ဇောငွေ့တွေကလည်း ကရိုင်းကေ့ထဲ ရောက်သွားမှာဖြစ်ပါတယ်။ ထိုအချိန်မှာ crankcase ventilation pressure များလာမှာဖြစ်ပါတယ်။ crankcase ventilation များရင် intake manifold ထဲကို ပြန်ထည့်ပေးဖို့ PCV ဗားတွေကို သုံးပါတယ်။ PCV ဗားတွေက ပရက်ရှာတခုခုနဲ့ အလုပ်လုပ်ပြီး blowby gas တွေကို inlet ထဲကို ပြန်ထည့်ပေးပါတယ်။ တနည်းအားဖြင့် crankcase pressure ကိုထိန်းထားပေးမှာဖြစ်ပါတယ်။ သူသက်မှတ်ထားတဲ့ blowby gas pressure မရောက်မချင်း inlet ထဲကို မထည့်ပေးသေးပါဘူး။ PCV ဗားတွေရဲ့ သက်တမ်းက မိုင်တစ်သိန်းအထက်ဖြစ်ပါတယ်။ PCV ဗားတွေ အလုပ်မလုပ်တာနဲ့ အင်ဂျင်ကို သွားထိတာမျိုးရှိတက်ပေမဲ့ဒီတစ်ချက်တည်းကြောင့် အင်ဂျင်ထိတယ်လို့ပြောလို့မရပါဘူး။ အင်ဂျင်ပျက်စီးစေတဲ့ အကြောင်းအရင်းက အများကြီးပါဘဲ။ အကယ်၍ အင်ဂျင်ဝိုင်ဂိတ်တံကနေ အိပ်ဇောငွေ့တွေ ထွက်လာရင်တော့ အထက်မှာပြောခဲ့သလို အင်ဂျင်ကျတာဖြစ်နိုင်တယ်။ နောက် PCV ဗားမကောင်းလို့ blowby gas တွေကို တဖတ်ကို မထည့်ပေးနိုင်တာမျိုးလည်းရှိတတ်ပါတယ်။ ထိုအချိန်မှာ crankcase ထဲမှာ blowby gas တွေဟာ အိပ်ဇောငွေ့တွေရောနှောပြီးရှိနေတာဖြစ်တယ်။

#စက်ပြင်ဆရာညီအကိုတွေ အားလပ်ချိန်စာအုပ်ဖတ်ချင်တယ်ဆိုရင် ကားနည်းပညာစာအုပ်ကြီး (၆) အုပ်၀ယ်ဖတ်လို့ရပါတယ်🙏
ပေးရတဲ့ငွေကြေးတန်းဖိုးထက်10ဆမကတန်ဖိုးရှိသောလက်တွေ့အသုံး၀င်တဲ့ကားပြင်စာအုပ်တွေဖြစ်ကြောင်းအာမခံပါတယ်ခင်ဗျာ

#ကားစက်ပြင်အခြေခံစာအုပ်ကြီး
16000ကျပ်
https://m.facebook.com/story.php?story_fbid=766847602150418&id=100064755550366&mibextid=Nif5oz

#အော်တိုဂီယာဗားဘော်ဒီစာအုပ်ကြီး
17000ကျပ်
https://m.facebook.com/story.php?story_fbid=1013562349431096&id=127119418075398

#ကားWiring&ECUစာအုပ်ကြီး
16000ကျပ်
https://www.facebook.com/127119418075398/posts/1109230133197650/

#စက်ပြင်ဆရာလက်စွဲဓာတ်ဆီအင်ဂျင်စာအုပ်ကြီး
15000ကျပ်
https://www.facebook.com/127119418075398/posts/1074605609993436/

#ဒီဇယ်အင်ဂျင်နှင့်ကွန်မွန်းရေးစာအုပ်ကြီး
17000ကျပ်
https://m.facebook.com/story.php?story_fbid=667128985455614&id=100064755550366&mibextid=Nif5oz

& Sensorကား၀ပ်ရှော့နည်းပညာများစာအုပ်ကြီး
16000ကျပ်
https://www.facebook.com/100064755550366/posts/551421737026340/

မြန်မာလိုကားစက်ပြင်စာအုပ်ကောင်းများကိုမှာယူမယ်ဆိုပါရင်09796756476 09784710458 သို့ဆက်သွယ်မှာယူနိင်ပါတယ်ခင်ဗျာ

🙏ထမင်းရှင်စက်ဆရာများရဲ့ဂုဏ်ကျေးဇူးကိုအမြဲသတိတရဦးညွှတ်လျက်ပါခင်ဗျာ🙏

အောက်ပါ တယ်လီဂရမ်လင့်ကိုလည်း ဂျိုင်းပြီး အဖိုးတန်ဆောင်းပါး ၊ ပုံတွေ ၊ စာအုပ်တွေ ရယူနိုင်ပါတယ်ခင်ဗျာ
https://t.me/+X2wga8MUZlw4M2Vl (ဂရု)
https://t.me/automechanicsbook14 (ချန်နယ်)

Want your business to be the top-listed Engineering Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon