HD Computer Group
Happy New Year 2021
31/10/2020
ဘေးဘယာကင်းကွာပြီး
ကျန်းမာငြိမ်းအေးကြပါစေ...
01/10/2020
ကွန်ပျူတာသုံး မြန်မာစာလုံးများ
===================
ပထမဆုံးမြန်မာစာစနစ်ကို ကွန်ပျူတာမှာအသုံးပြုဖို့ တက္ကသိုလ်များ ကွန်ပျူတာဌာန (ထိုစဉ်က ယူစီစီ) ပုံဖော်ခဲ့ကြပေမယ့် တလိုင်းခြင်း ပြင်ဆင်ရသည့်စနစ်ဖြစ်လို့ အသုံးမတွင်ကျယ်ခဲ့ပါ။
(မရှိမဖြစ်အောင်ကြိုးစားခဲ့မှုကို လေးစားရပါတယ်။)
စခရင်တခုလုံးမှာ လိုရာရွှေ့ပြောင်းပြီး ပြင်လို့ရတဲ့မြန်မာစာစနစ်ကို အဲပယ်ကွန်ပျူတာတွေမှာ စတင်အသုံးပြုပါတယ်။ မြန်မာစာတတ်ကျွမ်းသူ နိုင်ငံခြားသား အကူအညီနဲ့ ဖန်တီးခဲ့တာဖြစ်လို့ အသံထွက်နဲ့ သင်္ကေတဖော်ခဲ့ပါတယ်။ အေ ဆို အ၊ ကေ ဆို က ဆိုတာမျိုးပါ။
(စာအုပ် စာစောင်တွေမှာ ကွန်ပျူတာအသုံးပြု
မြန်မာစာလုံး စမြင်ရတာပါ။)
ဝင်းဒိုးစနစ်ပေါ်မှာ ပထမဦးဆုံး မြန်မာစာစာလုံးကတော့ ရွှေနဲ့မြပါ။ ကွန်ပျူတာတက္ကသိုလ် (ထိုစဉ်က အိုင်စီအက်စ်တီ) က ဆရာနှစ်ဦး ဖန်တီးခဲ့ကြသော်လဲ စာလုံးနံပါတ်များပေါ်မှာ စီရန် ရှာရန် ဦးစားပေးခဲ့လို့ အသုံးပြုမှု လက်ကွက်က အသစ်ဖြစ်နေခဲ့ပါတယ်။
(အများသုံး အိုင်ဘီအမ် (IBM) ကွန်ပျူတာ ၀င်းဒိုးစနစ်မှာ စသုံးနိုင်ခဲ့ပါတယ်။)
လက်နှိပ်စက် လက်ကွက်ကို အများစု အခြေခံပြီး ပေါ်လာတဲ့ ဝင်းမြန်မာစာလုံးက အသုံးပြုမှုလွယ်ကူလာပြီး အများက လက်ခံအသုံးပြုလာကြတယ်။ စာလုံးစတိုင် မျိုးစုံပါဝင်ခြင်းကြောင့် ပုံနှိပ်ခြင်းမှာ တွင်ကျယ်လာပါတယ်။
(ပုံနှိပ်မီဒီယာမှာ မရှိမဖြစ်တဲ့ မြန်မာစာစာလုံး တခုပါ။)
အရုပ်ပုံစနစ်ကို အခြေခံပြီး စာလုံးပုံဖော် တည်ဆောက်ရတာဖြစ်တဲ့အတွက် အင်တာနက် အသုံးတွင်ကျယ်လာတဲ့အခါ အွန်လိုင်းပေါ်မှာ အဆင်မပြေတော့တဲ့အတွက် အင်တာနက်မှာ အသုံးပြုလွယ်ကူရန် အသုံးတွင်ကျယ်နေတဲ့ ဝင်းမြန်မာလက်ကွက်ကို အခြေခံပြီး အယ်လ်ဖာအဖွဲ့က ဇော်ဂျီဖောင့်ကို တီထွင်ခဲ့လို့ အွန်လိုင်းပေါ်မှာ အဆင်ပြေပြေ အသုံးပြုလာနိုင်ကြပါတယ်။
(အွန်လိုင်းပေါ်မှာ မရှိရင် မသိရင် မဖြစ်အောင် စွမ်းဆောင်ခဲ့ကြပါတယ်။)
သို့သော် ရရစ်၊ အောက်ကမျင့်၊ တချောင်းငင်တို့က တခုထက်မက အသုံးပြုလာရတဲ့အတွက် ရှာဖွေခြင်း၊ စီခြင်းမှာ အခက်အခဲများစွာရှိလာပါတယ်။
ဒီအထိ ပေါ်လာတဲ့ စာလုံးများရဲ့ စာရိုက်ပုံက အရင်လာ အရင်ရိုက်ပုံစံပါဘဲ။
အခုအသုံးပြုမယ့် ယူနီကုတ်ကတော့ စာလုံးပေါင်းသလိုစာရိုက်ရမှာပါ။ ပြည်ထောင်စု ယူနီကုတ်ကတော့ ဒီပြသနာကိုဖြေရှင်းရင်း စံတခုသတ်မှတ်လိုတဲ့အတွက် ရှာခြင်း၊ စီခြင်းမှာ အခက်အခဲနည်းသွားပြီး အသုံးချပရိုဂရမ်တွေ နောင် ဝင်းဒိုးစနစ်အထိ မြန်မာလိုအသုံးပြုနိုင်တဲ့အပြင် အများမျှော်လင့်နေတဲ့ ရှုပ်ထွေးတဲ့ပွဲစားဝန်ဆောင်မှု လာဒ်ပေးမှုတွေမပါတဲ့ အီး ဂါဗားမန့်စနစ်ကို ရောက်ရှိစေမှာပါ။
ထို့ကြောင့်..
ရည်ရွယ်ချက်အမျိုးမျိုးဖြင့် စေတနာထားပြီး မြန်မာစာစနစ် အဆင့်ဆင့် တီထွင်ခဲ့သူများကို လေးစားစွာဖြင့်..
[zawgyi]
ကြန္ပ်ဴတာသုံး ျမန္မာစာလုံးမ်ား
===================
ပထမဆုံးျမန္မာစာစနစ္ကို ကြန္ပ်ဴတာမွာအသုံးျပဳဖို႔ တကၠသိုလ္မ်ား ကြန္ပ်ဴတာဌာန (ထိုစဥ္က ယူစီစီ) ပုံေဖာ္ခဲ့ၾကေပမယ့္ တလိုင္းျခင္း ျပင္ဆင္ရသည့္စနစ္ျဖစ္လို႔ အသုံးမတြင္က်ယ္ခဲ့ပါ။
(မရွိမျဖစ္ေအာင္ႀကိဳးစားခဲ့မႈကို ေလးစားရပါတယ္။)
စခရင္တခုလုံးမွာ လိုရာေ႐ႊ႕ေျပာင္းၿပီး ျပင္လို႔ရတဲ့ျမန္မာစာစနစ္ကို အဲပယ္ကြန္ပ်ဴတာေတြမွာ စတင္အသုံးျပဳပါတယ္။ ျမန္မာစာတတ္ကြၽမ္းသူ ႏိုင္ငံျခားသား အကူအညီနဲ႔ ဖန္တီးခဲ့တာျဖစ္လို႔ အသံထြက္နဲ႔ သေကၤတေဖာ္ခဲ့ပါတယ္။ ေအ ဆို အ၊ ေက ဆို က ဆိုတာမ်ိဳးပါ။
(စာအုပ္ စာေစာင္ေတြမွာ ကြန္ပ်ဴတာအသုံးျပဳ
ျမန္မာစာလုံး စျမင္ရတာပါ။)
ဝင္းဒိုးစနစ္ေပၚမွာ ပထမဦးဆုံး ျမန္မာစာစာလုံးကေတာ့ ေ႐ႊနဲ႔ျမပါ။ ကြန္ပ်ဴတာတကၠသိုလ္ (ထိုစဥ္က အိုင္စီအက္စ္တီ) က ဆရာႏွစ္ဦး ဖန္တီးခဲ့ၾကေသာ္လဲ စာလုံးနံပါတ္မ်ားေပၚမွာ စီရန္ ရွာရန္ ဦးစားေပးခဲ့လို႔ အသုံးျပဳမႈ လက္ကြက္က အသစ္ျဖစ္ေနခဲ့ပါတယ္။
(အမ်ားသုံး အိုင္ဘီအမ္ (IBM) ကြန္ပ်ဴတာ ၀င္းဒိုးစနစ္မွာ စသုံးႏိုင္ခဲ့ပါတယ္။)
လက္ႏွိပ္စက္ လက္ကြက္ကို အမ်ားစု အေျခခံၿပီး ေပၚလာတဲ့ ဝင္းျမန္မာစာလုံးက အသုံးျပဳမႈလြယ္ကူလာၿပီး အမ်ားက လက္ခံအသုံးျပဳလာၾကတယ္။ စာလုံးစတိုင္ မ်ိဳးစုံပါဝင္ျခင္းေၾကာင့္ ပုံႏွိပ္ျခင္းမွာ တြင္က်ယ္လာပါတယ္။
(ပုံႏွိပ္မီဒီယာမွာ မရွိမျဖစ္တဲ့ ျမန္မာစာစာလုံး တခုပါ။)
အ႐ုပ္ပုံစနစ္ကို အေျခခံၿပီး စာလုံးပုံေဖာ္ တည္ေဆာက္ရတာျဖစ္တဲ့အတြက္ အင္တာနက္ အသုံးတြင္က်ယ္လာတဲ့အခါ အြန္လိုင္းေပၚမွာ အဆင္မေျပေတာ့တဲ့အတြက္ အင္တာနက္မွာ အသုံးျပဳလြယ္ကူရန္ အသုံးတြင္က်ယ္ေနတဲ့ ဝင္းျမန္မာလက္ကြက္ကို အေျခခံၿပီး အယ္လ္ဖာအဖြဲ႕က ေဇာ္ဂ်ီေဖာင့္ကို တီထြင္ခဲ့လို႔ အြန္လိုင္းေပၚမွာ အဆင္ေျပေျပ အသုံးျပဳလာႏိုင္ၾကပါတယ္။
(အြန္လိုင္းေပၚမွာ မရွိရင္ မသိရင္ မျဖစ္ေအာင္ စြမ္းေဆာင္ခဲ့ၾကပါတယ္။)
သို႔ေသာ္ ရရစ္၊ ေအာက္ကမ်င့္၊ တေခ်ာင္းငင္တို႔က တခုထက္မက အသုံးျပဳလာရတဲ့အတြက္ ရွာေဖြျခင္း၊ စီျခင္းမွာ အခက္အခဲမ်ားစြာရွိလာပါတယ္။
ဒီအထိ ေပၚလာတဲ့ စာလုံးမ်ားရဲ႕ စာ႐ိုက္ပုံက အရင္လာ အရင္႐ိုက္ပုံစံပါဘဲ။
အခုအသုံးျပဳမယ့္ ယူနီကုတ္ကေတာ့ စာလုံးေပါင္းသလိုစာ႐ိုက္ရမွာပါ။ ျပည္ေထာင္စု ယူနီကုတ္ကေတာ့ ဒီျပသနာကိုေျဖရွင္းရင္း စံတခုသတ္မွတ္လိုတဲ့အတြက္ ရွာျခင္း၊ စီျခင္းမွာ အခက္အခဲနည္းသြားၿပီး အသုံးခ်ပ႐ိုဂရမ္ေတြ ေနာင္ ဝင္းဒိုးစနစ္အထိ ျမန္မာလိုအသုံးျပဳႏိုင္တဲ့အျပင္ အမ်ားေမွ်ာ္လင့္ေနတဲ့ ရႈပ္ေထြးတဲ့ပြဲစားဝန္ေဆာင္မႈ လာဒ္ေပးမႈေတြမပါတဲ့ အီး ဂါဗားမန္႔စနစ္ကို ေရာက္ရွိေစမွာပါ။
ထို႔ေၾကာင့္..
ရည္႐ြယ္ခ်က္အမ်ိဳးမ်ိဳးျဖင့္ ေစတနာထားၿပီး ျမန္မာစာစနစ္ အဆင့္ဆင့္ တီထြင္ခဲ့သူမ်ားကို ေလးစားစြာျဖင့္..
07/08/2020
ရုံးဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် ကွန်ပျူတာနဲ့ပတ်သက်လို့ အခြေခံကို နားလည်ပြီး စနစ်တကျအသုံးချနိုင်ရန် HD Computer Group မှ ကွန်ပျူတာအသုံးချသင်တန်းများကို တစ်ဦးချင်း အချိန်ညှိ၍ ဖွင့်လှစ်သင်ကြားပေးနေပါတယ်။
ကွန်ပျူတာနဲ့ ပတ်သက်လို့ စာသင်သက် (၂၅) နှစ်ကျော် အတွေ့အကြုံရှိ ဆရာ၊ ဆရာမများကိုယ်တိုင် ဦးစီးသင်ကြားပေးနေတာဖြစ်လို့ ယုံကြည်စိတ်ချစွာဖြင့် လေ့လာသင်ယူနိုင်ပါတယ်။
"အရှိန်အဟုန် ပြင်းပြင်းနဲ့
မှန်မှန်ပြောင်းလဲနေတဲ့ ပတ်ဝန်းကျင်ထဲမှာ
ပြည့်ပြည့်စုံစုံနဲ့ ယုံယုံကြည်ကြည် ဖြတ်သန်းနိုင်ဖို့
ကွန်ပျူတာအသုံးချသင်တန်းများကို ၁၉၉၆ ခုနှစ်ကတည်းက
တစ်ဦးချင်းအချိန်ညှိ၍ သင်ကြားပေးလျှက်ရှိသော...
HD Computer Group"
=========================
သင်ကြားပေးလျှက်ရှိတဲ့ Course တွေကတော့...
▪️Basic Window
▪️DTP
▪️Advanced Office
▪️Advanced Excel
▪️Microsoft Access
▪️Auto CAD
▪️Revit
▪️3DSMax
▪️Adobe Photoshop
▪️Adobe Illustrator
▪️Adobe Indesign
▪️Professional Hardware Maintenance (A+)
▪️Internet & Email Special
▪️page Management
=========================
🕤 သင်တန်းအချိန်တွေကတော့...
တနင်္လာနေ့မှ ကြာသပတေးနေ့ အထိ တပတ်လေးရက် အတန်းအချိန်တွေကတော့ မနက် ၇-၉/ ၉-၁၁/ ၁၁-၁/ ၁-၃/ ၃-၅/ ၅-၇ မှ ည ၇-၈ခွဲ အထိဖြစ်ပြီး
စနေ၊ တနင်္ဂနွေ တပတ်နှစ်ရက် အတန်းအချိန်တွေ ကတော့ မနက် ၇-၁၀/ ၁၀-၁/ ၁-၄ မှ ည ၄-၇ အထိဖြစ်ပါတယ်။
📆 သင်တန်းကာလကတော့...
တစ်ဦးချင်း သင်တဲ့အတွက်ကြောင့် ကျောင်းသားရဲ့ လိုက်နိုင်မှု၊ လုပ်နိုင်မှုနဲ့ ယူတဲ့ သင်တန်းအချိန်နဲ့ course အပေါ်မူတည်ပြီး ကြာမြင့်ပါတယ်။
✅ ပိတ်ရက် တစ်ရက်တည်းသာ တက်နိုင်တဲ့ ရုံးဝန်ထမ်းများနဲ့ အမြန်လိုသော သင်တန်းသားများအတွက်လည်း အချိန်စီစဉ်ပေးပြီး တစ်ဦးချင်း သင်ကြားပေးနေပါတယ် ✅
====================
အသေးစိတ်သိရှိလိုပါက
HD Computer Group
တိုက် အမှတ် (၁)၊ အခန်း (၂၄)၊ လှည်းတန်း လမ်းဆုံ၊ အင်းစိန် လမ်းမ၊ ကမာရွတ် မြို့နယ်၊ ရန်ကုန်။
ဖုန်း 09 43 026937, 09 73 225916, 09 443 225916
www.hdcomputergroup.com
Messenger Chat Box မှတဆင့်လည်း မေးမြန်းစုံစမ်းနိုင်ပါသည်။ (https://m.me/HDComputerGroup)
19/07/2020
၁၉ ဇူလိုင် မမေ့နိုင်၊ အာဇာနည်နေ့ ဒို့မမေ့...
ယနေ့ကျရောက်သော (၇၃) နှစ်မြောက် အာဇာနည်နေ့တွင် တိုင်းပြည်နှင့်လူမျိုးအတွက် အသက်ပေး၍ တိုင်းပြည်တာဝန် ထမ်းဆောင်ခဲ့ကြသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကျေးဇူးတရားကို အောက်မေ့သတိရခြင်းများစွာဖြင့် HD Computer Group မှ ဂါရဝပြုအပ်ပါသည်။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Room No. (24), Building (1), Insein Road , (Hledan Junction)
Yangon
Opening Hours
| Monday | 07:00 - 20:30 |
| Tuesday | 07:00 - 20:30 |
| Wednesday | 07:00 - 20:30 |
| Thursday | 07:00 - 20:30 |
| Saturday | 07:00 - 19:00 |
| Sunday | 07:00 - 19:00 |