SAMM
16/05/2026
နာမည်ကြီး Mic အမျိုးအစားများ
ဒီနေ့မှာတော့ Home Studio အတွက် အသုံးပြုသင့်သော နာမည်ကြီး မိုက် အမျိုးအစားများကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်...
ဒါမှသာ သင် မိုက်တစ်လုံးဝယ်ယူရာမှာ မည်သည့် Mic အမျိုးအစားက ကောင်းသည် ဆိုးသည် ဆိုတာကို နားလည်သဘောပေါက်မှာ ဖြစ်ပါတယ်။ ထို့ပြင် ဖော်ပြပါ Mic များဟာ International စံ အနေဖြင့် အကောင်းဆုံး ဆိုပြီး သတ်မှတ်ထားသည့် မိုက် အမျိုးအစားများ ဖြစ်သည်။
ကမ္ဘာ့အကောင်းဆုံးဟု သတ်မှတ်ခံထားရတဲ့ မိုက် အမျိုးအစား Brand တွေကတော့ ..
(၁) AKG
(၂) Shure
(၃) Neuman
(၄) Sennheiser
(၅) Audio Technica
(၆) Behringer
(၇) Rode
(၈) Samson (Consumer Level)
စတဲ့ Mic အမျိုးအစား များ ဖြစ်ပါတယ်။
SAMM မှ ဖွင့်လှစ် သင်ကြားပေးလျှက်ရှိသော သင်တန်းတွေကတော့ ...
1. Audio Engineering And Mixing Course
Home Studio စတင်လုပ်ကိုင်လိုသူများ ၊ အသံဖမ်းခြင်း၊ အသံတည်းဖြတ်ခြင်း ၊ Mixing , Mastering ပြုလုပ်လုပ်ခြင်း) စသည်တို့ကို အခြေခံ မှစတင်၍ သင်ကြားပေးသော သင်ခန်းစာ ဖြစ်ပါတယ် ...
2. Computer Music Creation Course
ကွန်ပျူတာဖြင့် တေးသီချင်းဖန်တီးလိုသူများ, Drum , Piano , Bass , Violin , KB စတဲ့လိုင်းများကို FL ဖြင့်တီးခတ်ပြီး သီချင်းတစ်ပုဒ်အနေဖြင့် ဖန်တီးရယူလိုသူများ၊ ကိုယ်ပိုင်သံစဉ်သီချင်း တီးခတ်ဖန်တီးလိုသူများ) အတွက် Music Theory နှင့်တွဲဖက်၍ သင်ကြားပေးသော သင်ခန်းစာ ဖြစ်ပါတယ် ...
3. Mixing And Mastering Advanced Course
Professional အဆင့်Mixing ပြုလုပ်နည်းနှင့် Mastering ပြုလုပ်နည်းကို သင်ကြားရမည့် Course ဖြစ်ပြီး AAX Plugins များ , Drum Trigger အသုံးပြုနည်း , Vocal အတွက် Pitch ပြင်ဆင်ခြင်း ၊ ဟာမိုနီလိုင်းများထပ်မံဖန်တီးခြင်း ,Stereo Image ပိုမိုကောင်းမွန်အောင်ပြုလုပ်ခြင်း စသည်ဖြင့် Advanced Mixing နည်းစနစ်များစွာကို သင်ကြားရမည့် သင်ခန်းစာဖြစ် ပါတယ် ...
(4) Music Theory And Lead Guitar Course
Music သီအိုရီကို စနစ်တကျလေ့လာလိုသူများ နှင့် Lead Guitar , Jazz ဂစ်တာ တီးခတ်လိုသူများ , လက်မြန်လိုသူများ, Speed တင်လိုသူများ) အတွက်သင့်တော်တဲ့ Guitar Course တစ်ခု ဖြစ်ပါတယ် ...
14/05/2026
သင်တန်းသားတစ်ယောက်ရဲ့ မေးခွန်းလေးကို ပြန်လည်ဖြေကြားပေးခြင်း ဖြစ်ပါတယ် ...
ဒီမေးခွန်းလေးကတော့ လက်ရှိ Online Class မှာ တက်ရောက်နေတဲ့သင်တန်းသားတစ်ဦးရဲ့ မေးခွန်းလေး ဖြစ်ပါတယ်... သူမေးပုံက Mixing ပြုလုပ်ရာမှာ Frequency တွေကို နားလည်နေဖို့ တနည်းအားဖြင့် Low ,MId , High ကို အနည်းအများ ပမာဏ ခွဲခြားနိုင်စေဖို့ အတွက် ဘယ်လိုလေ့ကျင့်သင့်သလဲ ဆိုတဲ့ မေးခွန်း ဖြစ်ပါတယ် ...
ထို့အတူ Frequency အလိုက် Low , Mid , High အနည်းအများကို နားထောင်ခွဲခြားနိုင်စေရန် နှင့် သီချင်းတစ်ပုဒ်တွင်ပါရှိတဲ့ တူရိယာများရဲ့ Level ပမာဏတွေကိုပါ နားထောင်ခွဲခြားနိုင်စေရန် အတွက်လည်း ဘယ်လိုလေ့ကျင့်သင့်သလဲ ဆိုတာကို မေးမြန်းထားခြင်း ဖြစ်ပါတယ် ...
Online သင်တန်းမှာ ပြန်လည်ဖြေကြားပေးထားတဲ့ အဖြေအတိုင်း SAMM စာဖတ်ပရိတ်သတ်များ ဗဟုသုတရစေရန် Page မှာ ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါတယ် ...
Frequency ပိုင်းကို နိုင်နင်းချင်တယ်ဆိုရင်တော့ အဓိကအားဖြင့် အကြားစွမ်းရည်ကို လေ့ကျင့်ပေးရပါမယ် ... အကြားစွမ်းရည်ကောင်းမွန်စေရန်အတွက် အဓိကအထောက်အပံ့ပေးနိုင်တဲ့အချက်တွေကတော့ ...
- တူရိယာ တစ်မျိုးမျိုး မဖြစ်မနေ တီးသင့်ပါတယ်
- တူရိယာ တစ်မျိုးချင်းစီအလိုက် Frequency Hz တွေကို အကြမ်းမျဉ်းအားဖြင့် သိထားဖို လိုပါမယ် ...
ဥပမာ အားဖြင့် ...
- Kick ဆိုရင် 20 Hz ကနေ 1 kHz ဝန်းကျင်
- Snare ဆိုရင် 100 Hz လောက်ကနေ အထက် 5 kHz ဝန်းကျင်
- Hi Hat , Cymble ဆိုရင် 3 kHz လောက်ကနေ 18 kHz ဝန်းကျင်
- Vocal ဆိုရင် 100 Hz ကနေ 1 kHz ဝန်းကျင် အသံစူးတဲ့သူဆိုရင် 5 kHz ဝန်းကျင်
စတာတွေကို သိထားဖိုလိုပါမယ် ...
Frequency တွေကို နားယဉ်နေဖို့ တနည်းအားဖြင့် သီချင်းတစ်ပုဒ်ကို နားထောင်လိုက်တာနဲ့ Low , Mid , High ပမာဏ နှင့် တူရိယာတွေရဲ့ Level အတိုးအကျယ်ထားရှိပုံတွေကို သိရှိနားလည်စေရန်အတွက်ကတော့ အောက်ဖော်ပြပါ အချက်များကို လိုက်နာကျင့်သုံးထားဖို့ လိုပါတယ် ...
- စပီကာ တစ်လုံးကို ယဉ်ပါးသည်အထိ သီချင်းများများနားထောင်ရပါမယ်
- သီချင်းနားထောင်တဲ့ အခါမှာ Volume ကို မတိုးမကျယ် အနေအထား တိတိကျကျ သတ်မှတ်ထားပြီး အမြဲ နားထောင်ရပါမယ် ...
ဆိုလိုတာက Volume တစ်ဝက် ပဲ ထားမယ်ဆိုရင် အမြဲတမ်း Fix လုပ်ထားပြီး အဲဒီ အတိုးအကျယ် ကိုပဲ စွဲစွဲမြဲမြဲ သုံးပြီး နားနှင့်အလွတ်ရသည်အထိ မှတ်သားထားဖို လိုပါမယ် ...
- Mixing ပြုလုပ်တဲ့ အခါမှာ မိမိ နှစ်သက်တဲ့ သီချင်းတစ်ပုဒ်ကို Project ထဲသိုထည့်သွင်းထားပြီး နမူနာ အနေနဲ့ အတုယူ၍ Mixing ပြုလုပ်သင့်ပါတယ်
နောက်ဆုံး အရေးအကြီးဆုံး အချက်ကတော့ Ear Training ကို စွဲစွဲမြဲ မြဲ လေ့ကျင့် သင့်ပါတယ် ...
Mixing လုပ်မည့်သူတစ်ယောက်ဟာ အနည်းဆုံး ...
- တူရိယာ တစ်မျိုး မျိုး တီးခတ်နိုင်ဖို လိုပါတယ် ...
- တူရိယာ တစ်မျိုးချင်းစီအလိုက် ထားရှိသင့်တဲ့ အတိုးအကျယ် ကိုသိထားရပါမယ် ...
- Chord အသွားအလာ သဘောတရား ဒို , ရေ , မီ , ဖာ နုတ် စတာတွေကို နားနဲ့ ခန့်မှန်းနိုင်တဲ့ အကြားစွမ်းရည် ရှိသင့်ပါတယ် ...
- Pitch မှန်ကန် မှု ရှိမရှိ စတာတွေကို သိထားဖို လိုအပ်ပါတယ်
- Mixing အတွက် အသုံးပြုရမယ့် Monitor စပီကာ ၂ မျိုးလောက် နှင့် Ear Phone ၂ မျိုးလောက်ရဲ့ အသံထွက် အနေအထားကို အလွတ်ကျက်ထားဖို လိုပါမယ် ...
SAMM မှ ဖွင့်လှစ် သင်ကြားပေးလျှက်ရှိသော သင်တန်းတွေကတော့ ...
1. Audio Engineering And Mixing Course
(Home Studio စတင်လုပ်ကိုင်လိုသူများ ၊ အသံဖမ်းခြင်း၊ အသံတည်းဖြတ်ခြင်း ၊ Mixing , Mastering ပြုလုပ်လုပ်ခြင်း) စသည်တို့ကို အခြေခံ မှစတင်၍ သင်ကြားပေးသော သင်ခန်းစာ ဖြစ်ပါတယ် ...
2. Computer Music Creation Course
(ကွန်ပျူတာဖြင့် တေးသီချင်းဖန်တီးလိုသူများ, Drum , Piano , Bass , Violin , KB စတဲ့လိုင်းများကို FL ဖြင့်တီးခတ်ပြီး သီချင်းတစ်ပုဒ်အနေဖြင့် ဖန်တီးရယူလိုသူများ၊ ကိုယ်ပိုင်သံစဉ်သီချင်း တီးခတ်ဖန်တီးလိုသူများ) အတွက် Music Theory နှင့်တွဲဖက်၍ သင်ကြားပေးသော သင်ခန်းစာ ဖြစ်ပါတယ် ...
3. Mixing And Mastering Advanced Course
Professional အဆင့်Mixing ပြုလုပ်နည်းနှင့် Mastering ပြုလုပ်နည်းကို သင်ကြားရမည့် Course ဖြစ်ပြီး AAX Plugins များ , Drum Trigger အသုံးပြုနည်း , Vocal အတွက် Pitch ပြင်ဆင်ခြင်း ၊ ဟာမိုနီလိုင်းများထပ်မံဖန်တီးခြင်း ,Stereo Image ပိုမိုကောင်းမွန်အောင်ပြုလုပ်ခြင်း စသည်ဖြင့် Advanced Level Mixing နည်းစနစ်များစွာကို သင်ကြားရမည့် သင်ခန်းစာဖြစ်ပြီး Pro Tools အခြေခံ အသုံးပြုတတ်ရန်လိုအပ်ပါတယ် ...
(4) Music Theory And Lead Guitar Course
Music သီအိုရီကို စနစ်တကျလေ့လာလိုသူများ နှင့် Lead Guitar , Jazz ဂစ်တာ တီးခတ်လိုသူများ , လက်မြန်လိုသူများ, Speed တင်လိုသူများ) အတွက်သင့်တော်တဲ့ Guitar Course တစ်ခု ဖြစ်ပြီး ဂစ်တာ လေ့ကျင့်နည်းစနစ် , သီအိုရီနှင့် သီချင်း ပေါင်းစပ်ဖွဲ့စည်းပုံ , Speed Exercises များ , Music Thoery စာအုပ်များဖြင့် သင်ကြားပေးခြင်း ဖြစ်ပါတယ် ...
12/05/2026
Shure SM 94 Mic မိုက် ရဲ့ စွမ်းဆောင်ရည် နှင့် Frequency Response
ယခုတစ်ခေါက်မိတ်ဆက်ပေးချင်တဲ့ မိုက်လေးကတော့ Shure SM 94 လို့ခေါ်တဲ့ Instrument အသံတွေဖမ်းယူရန် သင့်တော်တဲ့ မိုက်အကြောင်းဖြစ်ပါတယ် ...
အားလုံးသိကြတဲ့အတိုင်း မိုက်တစ်လုံးကိုဝယ်ယူတဲ့အခါမှာ ဘူးအခွံမှာ မိုက်ရဲ့ အသံဖမ်းယူပေးနိုင်တဲ့ Frequency Chart ကို ဖော်ပြပေးထားတာကိုတွေ့မြင်နိုင်ပါတယ် ...
ဒီတော့ ပထမဦးဆုံးအနေဖြင့် Frequency ဆိုတာဟာကျွန်တော်တို့ကြားနိုင်တဲ့အသံလှိုင်းအလျှားတွေကို Hz ယူနစ်နဲ့ဖော်ပြပေးထားခြင်းဖြစ်ပြီး Frequency Response ဆိုတာဟာ ဒီလို လှိုင်း Hz ယူနစ်တွေအလိုက် တုန့်ပြန်လုပ်ဆောင်နိုင်ခြင်းမျိုးဖြစ်ပါတယ် ..
အထူးသဖြင့် မိုက်တွေကို ဝယ်ယူတဲ့အခါမှာ သက်ဆိုင်ရာ မိုက်ကရိုဖုန်းရဲ့ Frequency Response ပုံစံ Chart ကို ဘူးအခွံမှာ အောက်ပါပုံအတိုင်း ဖော်ပြပေးထားမှာ ဖြစ်ပါတယ် ...
ဒီ Chart ကို ကြည့်ခြင်းအားဖြင့် ဒီမိုက်ဟာ Low , Mid , High ညီမျှစွာဖမ်းယူနိုင်တဲ့ မိုက်အမျိုးအစားလား (သို့မဟုတ်) High အသံများလား , Low အသံများလား , Mid အသံများလား စတာတွေကို အလွယ်တကူ သိရှိနိုင်အောင် ထည့်သွင်းဖော်ပြထားခြင်း ဖြစ်ပါတယ် ...
Frequency Response Curve ကို သာမန် Sine Wave ပုံစံမျိုး မိုက်ရဲ့ ဘူးခွံ တွေမှာ ဖော်ပြထားလေ့ရှိပြီး ၎င်းဟာ မိုက်ကရိုဖုန်းမှ Frequency လှိုင်းများအလိုက် မိုက်မှ အသံဖမ်းဆွဲယူနိုင်မည့် ပုံစံကို ရည်ရွယ်ခြင်းဖြစ်ပါတယ် ...
အခု ပုံမှာဖော်ပြပေးထားတာကတော့ Shure SM 94 Mic ရဲ့ Frequency Response ဖြစ်ပြီး ဒီ Graph ကိုကြည့်ခြင်းအားဖြင့် ဒီ Mic ဟာ (10 kHz ) High Frequency မှ 200 Hz (Low Frequency ) ကို response လုပ်တယ်ဆိုတာကို သိရှိနိုင်ပါတယ်။ ဒီတော့ SM 94 Mic ဟာ တူရိယာ အများစုနှင့် ကိုက်ညီတယ်ဆိုတာကို မြင်တွေ့နိုင်ပါတယ်။
ဘာကြောင့်လဲဆိုတော့ Bass သံဟာ 200 Hz မှာရှိပြီး Drum သံရဲ့ Cymble ဟာ 10 kHz မှအထက် အထိရှိပါတယ်။ ဒီတော့ သာမန် Frequency မျိုးသာ ထုတ်လုပ်ပေးနိုင်တဲ့ Guitar , String , Flute , Violin တို့ရဲ့ အသံကို ဖမ်းယူရာမှာ ဒီ mic ကို အသုံးပြုနိုင်တယ်လို့ မှတ်ယူရမှာ ဖြစ်ပါတယ် ...
ဒီလောက်ဆိုရင်တော့ မိုက်တစ်လုံးရဲ့ Frequency Response ရဲ့အရေးပါပုံကို သိရှိနားလည်သဘောပေါက်သွားပြီဖြစ်ပါတယ် ...
SAMM မှ ဖွင့်လှစ် သင်ကြားပေးလျှက်ရှိသော သင်တန်းတွေကတော့ ...
1. Audio Engineering And Mixing Course
Home Studio စတင်လုပ်ကိုင်လိုသူများ ၊ အသံဖမ်းခြင်း၊ အသံတည်းဖြတ်ခြင်း ၊ Mixing , Mastering ပြုလုပ်လုပ်ခြင်း) စသည်တို့ကို အခြေခံ မှစတင်၍ သင်ကြားပေးသော သင်ခန်းစာ ဖြစ်ပါတယ် ...
2. Computer Music Creation Course
ကွန်ပျူတာဖြင့် တေးသီချင်းဖန်တီးလိုသူများ, Drum , Piano , Bass , Violin , KB စတဲ့လိုင်းများကို FL ဖြင့်တီးခတ်ပြီး သီချင်းတစ်ပုဒ်အနေဖြင့် ဖန်တီးရယူလိုသူများ၊ ကိုယ်ပိုင်သံစဉ်သီချင်း တီးခတ်ဖန်တီးလိုသူများ) အတွက် Music Theory နှင့်တွဲဖက်၍ သင်ကြားပေးသော သင်ခန်းစာ ဖြစ်ပါတယ် ...
3. Mixing And Mastering Advanced Course
Professional အဆင့်Mixing ပြုလုပ်နည်းနှင့် Mastering ပြုလုပ်နည်းကို သင်ကြားရမည့် Course ဖြစ်ပြီး AAX Plugins များ , Drum Trigger အသုံးပြုနည်း , Vocal အတွက် Pitch ပြင်ဆင်ခြင်း ၊ ဟာမိုနီလိုင်းများထပ်မံဖန်တီးခြင်း ,Stereo Image ပိုမိုကောင်းမွန်အောင်ပြုလုပ်ခြင်း စသည်ဖြင့် Advanced Level Mixing နည်းစနစ်များစွာကို သင်ကြားရမည့် သင်ခန်းစာဖြစ်ပြီး Pro Tools အခြေခံ အသုံးပြုတတ်ရန်လိုအပ်ပါတယ် ...
(4) Music Theory And Lead Guitar Course
Music သီအိုရီကို စနစ်တကျလေ့လာလိုသူများ နှင့် Lead Guitar , Jazz ဂစ်တာ တီးခတ်လိုသူများ , လက်မြန်လိုသူများ, Speed တင်လိုသူများ) အတွက်သင့်တော်တဲ့ Guitar Course တစ်ခု ဖြစ်ပါတယ် ...
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
No 61 Lake Kan Street Yay Kyaw
Yangon
11182