Myanmar Innovative Life Sciences
28/05/2026
World Food Safety Day 2026 အထိမ်းအမှတ်အဖြစ် Mekong Institute (MI)၊ Myanmar Innovative Life Sciences (MILS) နှင့် Sun Business Network (SBN) Myanmar တို့ ပူးပေါင်းစီစဉ်သည့် “Mekong CREATES Agrifood Systems Forum 2026” ကို ဇွန်လ ၅ ရက်နေ့၊ မနက် ၈:၃၀ နာရီမှ ညနေ ၅:၀၀ နာရီအထိ Zealax Hotel & Residence တွင် ကျင်းပသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
MILS အနေဖြင့် ဦးဆောင်စီစဉ်သူတစ်ဦးအဖြစ် ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ပြီး Food System Forum 2025 မှ ရရှိခဲ့သော Key Insights များကို ပြန်လည်မျှဝေသွားမည်ဖြစ်ပါသည်။ ထို့အပြင် Myanmar Agri-food Week (MAW) 2026 တွင် ပါဝင်နိုင်မည့် အခွင့်အလမ်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကိုလည်း မိတ်ဆက်ရှင်းလင်းပေးသွားမည် ဖြစ်ပါသည်။
Myanmar Agri-food Week (MAW) 2026 Session ကို နေ့လည် ၁:၃၀ နာရီမှ ၂:၃၀ နာရီအတွင်း ကျင်းပသွားမည် ဖြစ်ပါသည်။
အဆိုပါအစီအစဉ်ကို Invitation Only System ဖြင့် စီစဉ်ထားပြီး သက်ဆိုင်ရာ Stakeholders များထံသို့ Invitation Email များကို မကြာမီ ပေးပို့သွားမည်ဖြစ်ပါသည်။
အစီအစဉ်နှင့်ပတ်သက်သည့်အချက်အလက်များကို ဆက်လက်မျှဝေပေးသွားမည်ဖြစ်၍ စောင့်မျှော်ဖတ်ရှုပေးပါရန် ဖိတ်ခေါ်အပ်ပါသည်။
21/05/2026
🌱 သဘာဝမြေသြဇာအကြောင်း လူအများ လွဲမှားစွာ သိထားသော အချက် (၃) ချက်
ယနေ့ခေတ် စိုက်ပျိုးရေးကဏ္ဍတွင် ရေရှည်တည်တံ့သော စိုက်ပျိုးရေးစနစ် ဖော်ဆောင်နိုင်ရန်အတွက် သဘာဝမြေသြဇာများကို ပိုမိုအသုံးပြုလာကြပါတယ်။
သို့သော်လည်း သဘာဝမြေသြဇာများနှင့် ပတ်သက်၍ လွဲမှားစွာ နားလည်ထားမှုများ ရှိနေဆဲဖြစ်ပါတယ်။ ယနေ့တွင် MILS မှ တောင်သူဦးကြီးများ၊ မွေးမြူရေးလုပ်ငန်းရှင်များနှင့် Agri-Food Sector အတွက် အဆိုပါ ထင်မြင်ချက် လွဲမှားမှုများကို သိပ္ပံနည်းကျ အမှန်တရားများဖြင့် ဗဟုသုတရဖွယ် မျှဝေပေးလိုက်ပါတယ်။
❌ Myth 1: သဘာဝမြေသြဇာများသည် အာနိသင်ပြရန် အလွန်နှေးကွေးပြီး ထိရောက်မှုမရှိပါ။
💡 Fact: သဘာဝမြေသြဇာများသည် ဓာတုမြေသြဇာများကဲ့သို့ ချက်ချင်းအာနိသင် မပြသော်လည်း အပင်အတွက် လိုအပ်သော အာဟာရဓာတ်များကို ဖြည်းဖြည်းနှင့် မှန်မှန် စဉ်ဆက်မပြတ် ထုတ်လွှတ်ပေးပါတယ်။
ထို့အပြင် -
• မြေဆီလွှာဖွဲ့စည်းပုံကို ကောင်းမွန်စေခြင်း
• အကျိုးပြုအဏုဇီဝပိုးများ တိုးပွားစေခြင်း
• Fertilizer Burn (အမြစ်လောင်ခြင်း) ဖြစ်နိုင်ခြေကို လျှော့ချပေးခြင်း တို့ကိုလည်း အထောက်အကူပြုပါတယ်။
❌ Myth 2: သဘာဝမြေသြဇာများတွင် N-P-K ပါဝင်မှုနည်းသောကြောင့် အပင်ကြီးထွားရန် လုံလောက်သော အာဟာရ မရရှိနိုင်ပါ။
💡 Fact: သဘာဝမြေသြဇာများတွင် Nitrogen (N), Phosphorus (P), Potassium (K) ပါဝင်မှု ရာခိုင်နှုန်းနည်းပါးနိုင်သော်လည်း အပင်အတွက် မရှိမဖြစ်လိုအပ်သော အနုစိတ်အာဟာရဓာတ် (Micronutrients) များ ကြွယ်ဝစွာ ပါဝင်ပါတယ်။
ထို့အပြင် မြေဆီလွှာကျန်းမာရေး (Soil Health) ကို တိုးတက်စေကာ အဏုဇီဝပိုးမွှားများ၏ ကူညီမှုကြောင့် -
• အမြစ်စနစ် ပိုမိုအားကောင်းလာခြင်း
• မြေကြီးထဲရှိ အာဟာရများကို အပင်က စုပ်ယူနိုင်စွမ်း မြင့်တက်လာခြင်း
• အပင်ကြီးထွားမှု ပိုမိုရေရှည်တည်တံ့ ကောင်းမွန်လာခြင်း တို့ကို အထောက်အကူပြုနိုင်ပါတယ်။
❌ Myth 3: သဘာဝမြေသြဇာ အသုံးပြုခြင်းသည် ကုန်ကျစရိတ် ပိုမိုကြီးမားပါတယ်။
💡 Fact: ရေတိုတွင် သဘာဝမြေသြဇာဝယ်ယူမှု ကုန်ကျစရိတ် မြင့်မားသည်ဟု ထင်ရသော်လည်း ရေရှည်အတွက် ပိုမိုတွက်ခြေကိုက်ပြီး အကျိုးရှိစေပါတယ်။
အကြောင်းမှာ သဘာဝမြေသြဇာများသည် -
• Soil Degradation (မြေဆီလွှာပျက်စီးမှု) ကို လျှော့ချပေးခြင်း
• Water Retention Capacity (ရေထိန်းသိမ်းနိုင်စွမ်း) ကို တိုးမြှင့်ပေးခြင်း
• ရေရှည်တွင် အခြားသော ပိုးသတ်ဆေးနှင့် သွင်းအားစု ကုန်ကျစရိတ်များကို လျှော့ချပေးခြင်း တို့ကြောင့် ဖြစ်ပါတယ်။
သဘာဝမြေသြဇာများသည် မြေဆီလွှာကျန်းမာရေးကို ရေရှည်ထိန်းသိမ်းပေးပြီး ဘေးကင်းလုံခြုံသော အရည်အသွေးမြင့် စားသောက်ကုန်များ ထုတ်လုပ်ရာတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေပါတယ်။
စိုက်ပျိုးမွေးမြူရေးနှင့် Agri-Food Sector ဆိုင်ရာ ဗဟုသုတများကို ဆက်လက်လေ့လာနိုင်ရန် Myanmar Innovative Life Sciences ၏ Facebook စာမျက်နှာကို Follow လုပ်ထားနိုင်ပါတယ်။
🌾 တောင်သူဦးကြီးများအနေဖြင့် သဘာဝမြေသြဇာ အသုံးပြုမှုအတွေ့အကြုံများနှင့် မိမိတို့ကြုံတွေ့ဖူးသည့် အခက်အခဲများကို Comment Box တွင် မျှဝေဆွေးနွေးနိုင်ပါတယ်။
𝗖𝗼𝗻𝘁𝗮𝗰𝘁 𝘂𝘀 𝗮𝘁:
M: 09255167596/ 09447043463
E: [email protected]
𝐅𝐨𝐥𝐥𝐨𝐰 𝐮𝐬 𝐨𝐧:
Website: www.milsciences.com
Telegram: https://t.me/MILSciences
LinkedIn: https://www.linkedin.com/company/milsciences/
Viber: https://invite.viber.com/?g2=AQBxSOAdGvqQ81ZzT4cCZQWZ3vzJ%2Fh0j%2FQvWj
4EAAHJ8C%2FLbm03LLuy5AYClnVn
05/05/2026
စိုက်ပျိုးရေးကဏ္ဍတွင် ရေအရည်အသွေး၏ အရေးပါမှုနှင့် ကုန်ထုတ်စွမ်းအားအပေါ် သက်ရောက်မှု
စိုက်ပျိုးရေးလုပ်ငန်းများတွင် မြေဆီလွှာကျန်းမာရေး၊ မျိုးစေ့နှင့် ရာသီဥတုပြောင်းလဲမှုတို့ကို အဓိကထားလေ့ရှိကြသော်လည်း "ရေအရည်အသွေး (Water Quality)" သည် သီးနှံအထွက်နှုန်းနှင့် ရေရှည်တည်တံ့မှုအတွက် မရှိမဖြစ်လိုအပ်သော အခန်းကဏ္ဍမှ ပါဝင်နေပါသည်။ 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗜𝗻𝗻𝗼𝘃𝗮𝘁𝗶𝘃𝗲 𝗟𝗶𝗳𝗲 𝗦𝗰𝗶𝗲𝗻𝗰𝗲𝘀 (𝗠𝗜𝗟𝗦) မှ စိုက်ပျိုးရေးရလဒ်များကို အကောင်းဆုံးဖြစ်စေမည့် ရေအရည်အသွေးဆိုင်ရာ သိကောင်းစရာများကို ဗဟုသုတရဖွယ် တင်ပြအပ်ပါသည်။
💧 Nutrition Delivery and Absorption (အာဟာရဓာတ် ပို့ဆောင်မှုနှင့် စုပ်ယူမှု)
ရေသည် အပင်များအတွက် လိုအပ်သော အာဟာရဓာတ်များကို သယ်ဆောင်ပေးသည့် အဓိက ကြားခံနယ် (Medium) ဖြစ်သည်။ ရေ၏ အရည်အသွေးညံ့ဖျင်းခြင်း (ဥပမာ - pH အဆင့် မမှန်ကန်ခြင်း သို့မဟုတ် ဆားဓာတ်များခြင်း) သည် အပင်အမြစ်များ၏ အာဟာရစုပ်ယူမှုကို အဟန့်အတားဖြစ်စေကာ အပင်ကြီးထွားမှု နှေးကွေးခြင်းနှင့် အာဟာရချို့တဲ့ခြင်းတို့ကို ဖြစ်ပေါ်စေပါသည်။ pH Level 5.5 မှ 6.5 အတွင်းသည် အပင်အများစုအတွက် အသင့်တော်ဆုံးဖြစ်ပါသည်။
🌱 Soil Structure and Erosion Control (မြေဆီလွှာဖွဲ့စည်းပုံနှင့် တိုက်စားမှု ထိန်းချုပ်ခြင်း)
ရေတွင်ပါဝင်သော ဓာတုပစ္စည်းများသည် မြေဆီလွှာ၏ ရုပ်ဂုဏ်သတ္တိကို ပြောင်းလဲစေနိုင်ပါသည်။ အထူးသဖြင့် ဆိုဒီယမ်ဓာတ် (Sodium) များသောရေကို အသုံးပြုပါက မြေဆီလွှာ ကျစ်သွားခြင်း၊ ရေစိမ့်ဝင်မှု ခက်ခဲခြင်းနှင့် မြေဆီလွှာတိုက်စားခြင်းတို့ကို ဖြစ်စေနိုင်သဖြင့် ရေအရည်အသွေး စီမံခန့်ခွဲမှုသည် မြေဆီလွှာကျန်းမာရေးအတွက် အခြေခံကျပါသည်။
⚙️ Impact of Irrigation Systems (ဆည်မြောင်းစနစ်များအပေါ် သက်ရောက်မှု)
ခေတ်မီစိုက်ပျိုးရေးစနစ် (ဥပမာ - အစက်ချရေသွင်းစနစ်) များတွင် ရေအရည်အသွေးသည် အလွန်အရေးကြီးပါသည်။ ရေတွင် အနည်အနှစ်နှင့် သတ္တုဓာတ် (ထုံးဓာတ်၊ သံဓာတ်) များပြားပါက ပိုက်လိုင်းများနှင့် ရေလွှတ်ခေါင်းများကို ပိတ်ဆို့စေကာ ပြုပြင်ထိန်းသိမ်းမှုစရိတ် မြင့်မားစေပါသည်။ သန့်ရှင်းသောရေကို အသုံးပြုခြင်းဖြင့် စိုက်ပျိုးရေးအခြေခံအဆောက်အအုံများ၏ သက်တမ်းကို တိုးမြှင့်နိုင်ပါသည်။
🛡️ Disease Prevention (ရောဂါကာကွယ်ခြင်း)
ညစ်ညမ်းသောရေသည် အပင်ရောဂါဖြစ်စေသည့် ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နှင့် မှိုပိုးမွှားများ ခိုအောင်းရာနေရာ ဖြစ်နိုင်ပါသည်။ ရေအရည်အသွေးကို စနစ်တကျထိန်းချုပ်ခြင်းဖြင့် စိုက်ခင်းအတွင်းသို့ ရောဂါပိုးမွှားများ ဝင်ရောက်မှုကို တားဆီးနိုင်ပြီး တစ်ခင်းလုံး ပျက်စီးဆုံးရှုံးနိုင်ခြေကို လျှော့ချနိုင်ပါသည်။
📈 Impact on Crop Yield and Quality (သီးနှံအထွက်နှုန်းနှင့် အရည်အသွေး)
ရေအရည်အသွေးသည် သီးနှံ၏ အလေးချိန်၊ အရသာနှင့် အသွင်အပြင်ကို တိုက်ရိုက် အဆုံးအဖြတ်ပေးပါသည်။ သန့်ရှင်းပြီး အာဟာရဓာတ်မျှတသောရေသည် ဈေးကွက်ဝင် အရည်အသွေးမြင့် ထုတ်ကုန်များကို ရရှိစေကာ တောင်သူများ၏ စီးပွားရေးအကျိုးအမြတ်ကို တိုးတက်စေပါသည်။
စိုက်ပျိုးရေးတွင် အောင်မြင်မှုရရှိရန်မှာ ရေရှိရုံဖြင့် မလုံလောက်ဘဲ "အရည်အသွေးရှိသောရေ" ရှိရန် လိုအပ်ပါသည်။ ပုံမှန်ဓာတ်ခွဲခန်းစစ်ဆေးမှုများ ပြုလုပ်ခြင်းနှင့် စနစ်တကျ ရေစီမံခန့်ခွဲမှု ကျင့်သုံးခြင်းဖြင့် ရေရှည်တည်တံ့သော စိုက်ပျိုးရေးလုပ်ငန်းများကို တည်ဆောက်နိုင်မည် ဖြစ်ပါသည်။
𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗜𝗻𝗻𝗼𝘃𝗮𝘁𝗶𝘃𝗲 𝗟𝗶𝗳𝗲 𝗦𝗰𝗶𝗲𝗻𝗰𝗲𝘀 (𝗠𝗜𝗟𝗦) သည် စိုက်ပျိုးမွေးမြူရေးနှင့် အစားအစာ ထုတ်လုပ်သူများ ဘေးကင်း၍ ဈေးကွက်တန်ဖိုးမြင့်မားသော စားသောက်ကုန်များ ထုတ်လုပ်နိုင်စေရန် လိုအပ်သော ဓာတ်ခွဲခန်းဝန်ဆောင်မှုများကို နိုင်ငံတကာအသိအမှတ်ပြု နည်းလမ်းများဖြင့် စနစ်တကျ ဓာတ်ခွဲစမ်းသပ် စစ်ဆေးပေးလျက်ရှိပါသည်။
• Reference: Cropnuts
𝗖𝗼𝗻𝘁𝗮𝗰𝘁 𝘂𝘀 𝗮𝘁:
M: 09255167596/ 09447043463
E: [email protected]
𝐅𝐨𝐥𝐥𝐨𝐰 𝐮𝐬 𝐨𝐧:
Website: www.milsciences.com
Telegram: https://t.me/MILSciences
LinkedIn : https://www.linkedin.com/company/milsciences/
Viber: https://invite.viber.com/?g2=AQBxSOAdGvqQ81ZzT4cCZQWZ3vzJ%2Fh0j%2FQvWj
4EAAHJ8C%2FLbm03LLuy5AYClnVn
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Address
165 Aung Zay Ya (1) Street, Thirimingalar Road (Japan Road), Level 1, Insein Township
Yangon
11012
Opening Hours
| Monday | 08:30 - 16:30 |
| Tuesday | 08:30 - 16:30 |
| Wednesday | 08:30 - 16:30 |
| Thursday | 08:30 - 16:30 |
| Friday | 08:30 - 16:30 |