Fortune Business Institute - FBI

Fortune Business Institute - FBI

Share

30/03/2021

မင်္ဂလာပါ...
"Digital Marketing Class" သင်တန်းလေးကို ပြန်ဖွင့်ပြီလားလို့ စိတ်ဝင်တစားမေးမြန်းကြတဲ့အတွက် ကျေးဇူးတင်ပါတယ်..သြဂုတ်လ (၈) ရက်နေ့ဆို ပြန်ဖွင့်ပါပြီ။🥳
(Start August Eight)!

"Digital Marketing Class" သင်တန်းလေးဟာ...
1️⃣ Digital Marketer ဖြစ်လိုသူများ
2️⃣ ကိုယ်ပိုင်လုပ်ငန်းတစ်ခုကိုတည်ထောင်လိုသူများ
3️⃣ page ကို ထိထိရောက်ရောက် စီမံလိုသူများ
4️⃣ ကြော်ငြာစရိတ်ကို အထိရောက်ဆုံးဖြစ်အောင် အသုံးချလိုသူများ
5️⃣ လက်ရှိ Page က ထင်တာထက်ပိုပြီး အလုပ်ဖြစ်ပြီးရောင်းအားတက်လိုသူများ
6️⃣ လက်ရှိလုပ်ငန်းလုပ်ကိုင်နေပြီး သင်တန်းတက်ဖို့ အချိန်မပေးနိုင်သူများ
7️⃣ ခေတ်ရှေ့ကပြေးနေတဲ့ ဒီဂျစ်တယ်မားကက်တင်းကို ဘယ်လုပ်ငန်းခွင်ကမဆို အမှီလိုက်လိုသူများအတွက် အမှန်တကယ်တတ်ထားသင့်တဲ့ သင်တန်းလေးတစ်ခုဖြစ်ပါတယ်.👍👍

"ဘာတွေသင်မှာလဲ"❓
==============
၁။ Digital Marketing Strategy
တစ်ချိန်လုံး Boost လုပ်နေစရာမလိုပဲ Boost လုပ်နေသကဲ့သို့ မိမိလုပ်ငန်းဆက်လက် တိုးတက်နေစေမယ့် နည်းဗျူဟာတွေ သင်ယူရမှာပါ။
၂။ page တစ်ခုကို စနစ်တကျထောင်တဲ့ အခြေခံကစပြီး မိမိလုပ်ငန်းကို အချိန်တိုအတွင်း လူသိများလာအောင်၊ မိမိရောင်းကုန်ပစ္စည်း ရောင်းအားချက်ချင်း တိုးတက်လာအောင် ဘယ်လိုလုပ်မလဲ ဆိုတဲ့ အဆင့်မြင့်နည်းပညာနဲ့ strategy တွေကို သင်ယူရမှာပါ။
၃။ Messenger Bot ဆိုတဲ့မိမိကိုယ်စားအလိုအလျောက် စာပြန်ခြင်း၊ ကြော်ငြာခြင်း၊ ရောင်းချခြင်းတွေကို ဘယ်လိုလုပ်တာလဲ..သိရမှာပါ။
၄။ Online Shop ကို စနစ်တကျဘယ်လို စတင်ထူထောင်မလဲ။ တည်ထောင်ထားတဲ့ Online Shop ကိုဘယ်လိုတိုးတက်အောင်လုပ်မလဲ။ CRM ဘယ်လိုလုပ်မလဲ ဆိုတာတွေအပြင် Facebook Marketing ကိုလည်း Technical ရော Strategy ပါ တစ်ထိုင်တည်းအတတ်လေ့လာသင်ယူရမှာဖြစ်ပါတယ်။
၅။ Facebook Business Manager and Ads Manager
Facebook မှာ လုပ်ငန်းနဲ့ပတ်သက်ပြီး Marketing နဲ့ Advertisements ကိစ္စတွေအားလုံး ကို ကိုင်တွယ်နိုင်တဲ့ Facebook Business Manager နဲ့ Ads Manager တွေကို ဘယ်လိုသုံးမှာလဲ။ Ads Manager ကြောင့် သင့်လုပ်ငန်းတိုးတက်စေနိုင်တဲ့နည်းလမ်းတွေ လေ့လာရမှာပါ။
၆။ Page Insight Analysis
ကိုယ့်ရဲ့ရောင်းကုန်ကိုဘယ်သူတွေစိတ်ဝင်စားတာလဲ၊ Potential Customer တွေက ဘယ်လိုလူမျိုးတွေလဲ၊ ဘယ် ကြော်ငြာတွေက ထိရောက်လဲ စတာတွေကို အသေးစိတ်ခွဲခြမ်းလေ့လာမှု Researchတွေ ပါဝင်ပါတယ်။
၇။ Google Business
Facebook မှာ လူသိအောင်ကြော်ငြာသလို Google Business သုံးပြီးတော့လည်း မိမိလုပ်ငန်းကို လူသိများအောင်၊ Google Maps မှာရိုက်ထည့်လိုက်တာနဲ့ ကိုယ့်လုပ်ငန်းနေရာကို ဖော်ပြစေမယ့် နည်းလမ်းတွေလည်း ပါဝင်မှာပါ။
၈။ SEO
Website တစ်ခုဘယ်လိုဆောက်မလဲ။ ကိုယ့်လုပ်ငန်းနာမည်နဲ့ www လိပ်စာတစ်ခု ဘယ်လိုရမလဲ။ ကိုယ့် Website ကို Search Engine မှာ Optimize ဖြစ်အောင် ဘယ်လိုလုပ်ရမလဲ ဆိုတာတွေလည်း သိလာပါမယ်။ ဒါ့အပြင် Google Analytic ဆိုတာဘာလဲ နှင့် ဘယ်လိုအသုံးချရမလဲ ဆိုတာတွေတတ်ကျွမ်းလာပါမှာပါ။
၉။ SEM
အင်တာနက်မှာရှာတဲ့သူတွေဆီ အလွယ်တကူ မိမိလုပ်ငန်း ထိုးဖောက်နိုင်အောင် Search Engine Marketing ဘယ်လိုလုပ်မလဲ။ Google, Youtube တွေမှာ ဘယ်လိုကြော်ငြာတွေထည့်ရမလဲ ဆိုတဲ့ နည်းလမ်းတွေကိုလည်း လေ့လာခွင့်ရမှာပါ။
၁၀။ SMS Marketing
သင့်လုပ်ငန်းအတွက် Potential Customer တွေများလာအောင် လူတိုင်းကိုင်နေကြပြီဖြစ်တဲ့ ဖုန်းထဲကို တိုက်ရိုက် ဘယ်လိုကြော်ငြာမလဲ၊ လူပေါင်းများစွာဆီကို သင်ပေးချင်တဲ့ သင့်လုပ်ငန်းရဲ့ သတင်းအချက်အလက်တွေ တပြိုင်နက်ဘယ်လိုရောက်အောင် လုပ်မလဲ ဆိုတာတွေကိုလည်း သိလာစေဖို့ အခွင့်အရေးလည်း ရဦးမှာပါ။
၁၁။ Email Marketing
Email ပို့ပြီး ကြော်ငြာခြင်းဟာ မိမိလုပ်ငန်း မိမိထုတ်ကုန်နဲ့ပတ်သက်လို့ အသေးစိတ်ပြောပြကြော်ငြာနိုင်လို့ ကြော်ငြာရာမှာအလွန်ထိရောက်တဲ့ Marketing တစ်မျိုးဖြစ်ပါတယ်။ လူပေါင်းရာထောင်မက ဆီကို Email တွေဘယ်လိုပို့ပြီးကြော်ငြာရမလဲ ဆိုတာကိုလည်း ပါဝင်မှာပါ။
၁၂။ Digital Marketing channels တွေရဲ့ knowledge အစုံကို အလုပ်ခွင်အင်တာဗျူးအတွက်ပါအဆင်ပြေအောင် သေသေချာချာ share လုပ်ပေးသွားမှာပါ။
-------------
တစ်ဦးချင်းစီ ထိထိရောက်ရောက် လက်တွေ့သင်ကြားခြင်းဖြစ်ပြီး
လုပ်ငန်းခွင်မှာ အသုံးချတတ်စေဖို့အတွက် Digital Marketing ပညာရပ်မှာ ရင်းနှီးမြှုပ်နှံလိုက်ပါ။🔑🔑🔑

📅သင်တန်းနေ့ရက်
August 8 & August 9 (ရက်တိုသင်တန်း)
(8.8.2020 Sat , 8.9.2020 Sun)

🕘သင်တန်းချိန်🕘
---------------
11:00am ~ 5:00pm

🎁 Full payment - 90,000 ks (after 9,000 ks DISCOUNT from 99,000 ks)
(Certificate ကြေး၊ စာအုပ်စာတန်းဖိုး အပါ)🎁

***(ကြိုတင်စာရင်းပေးအပ်နှံရန်လိုအပ်ပါသည်။)
(ကိုဗစ်ကာလ လူစုလူဝေးမဖြစ်စေရန် လူဦးရေအနည်းငယ်သာကန့်သတ်ထားပါသည်)
💎Corporate အထူးအစီအစဉ်အနေဖြင့် လုပ်ငန်းတစ်ခုတည်းကနေ သင်တန်းသား ၃ယောက်တက်တိုင်း နောက်ထပ်တစ်ယောက် အခမဲ့တက်ခွင့် (3+1) အထူးအစီအစဉ်လည်း ရှိပါသေးတယ်...။
Messenger သို့မဟုတ် 09 25 400 4112 သို့ SMS ဖြင့်

အမည်
မှတ်ပုံတင်
ဖုန်းနံပါတ်

ပေးပို့ပြီး စာရင်း ပေးသွင်းနိုင်ပါသည်။
အတွေ့အကြုံရင့် ဆရာ ကိုယ်တိုင်သင်ကြားပြသပေးမယ့်
August ၈ ရက်နေ့ စမဲ့ Digital Marketing သင်တန်းကို စိတ်ပါဝင်စားသူများ cb မှ စာရင်းပေး ဆက်သွယ်ပေးလို့ရပါပြီ 👍

🌈
🤝for your business📷
📷 Be Innovative for your Successful Business 🤝
📷FORTUNE Business Institute
Call Now: 09 25 400 4112📷

ကိုဗစ်ကာလမှာ ပိုချမ်းသာလာတဲ့ ဘီလီယံနာများ 14/06/2020

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါအစမှာပဲ ၁၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့တဲ့ ဘီလီယံနာတွေရဲ့ ကြွယ်ဝမှု စုစုပေါင်းဟာ လက်ရှိအချိန်မှာတော့ ၃ ဒဿမ ၅ ရာခိုင်နှုန်း ထရီလီယံထိတောင် ရောက်ရှိသွားပြီ ဖြစ်ပါတယ်။ Amazon သူဌေး Jeff Bezos တယောက်တည်း ဝင်ငွေတင် မတ်လထက်စာရင် ၃၆ ဒဿမ ၂ ဘီလီယံကျော် ပိုများလာပါတယ်။

Credit thanks to The Irrawaddy Lifestyle
ယခု သတင်းအား

Android application တွင်ဖတ်ရန် - https://goo.gl/VHxHq4

iOS application တွင်ဖတ်ရန် - https://goo.gl/r1SmUC

Website တွင် ဖတ်ရန် - https://bit.ly/2zxUj8s

ကိုဗစ်ကာလမှာ ပိုချမ်းသာလာတဲ့ ဘီလီယံနာများ ဘီလီယံနာသူဌေးတွေရဲ့ ချမ်းသာကြွယ်ဝမှု ပိုများလာတာဟာ စတော့ရှယ်ယာ ဈေးကွက်မှာ မထင်မှတ်ထားတဲ့ အပိုင်းကနေ ရှယ်.....

02/06/2020

“အဖွဲ့အစည်းတွေမှာ သိပ်တော်တဲ့ခေါင်းဆောင်တွေနဲ့သာမန် ခေါင်းဆောင်တွေကို ကွဲပြားစေတဲ့အရာက technical skill အတတ်ပညာ ကျွမ်းကျင်မှု မဟုတ်ပါဘူး..တဲ့။
တကယ်တော့E.Q လို့ခေါ်တဲ့ မိမိရဲ့စိတ်ခံစားမှုကို ထိန်းသိမ်းနိုင်တဲ့ စွမ်းရည်။
တနည်း စိတ်ရင့်ကျက်မှုပါ..တဲ့။ E.Q မြင့်တဲ့ခေါင်းဆောင်တွေ အုပ်ချုပ်တဲ့
အဖွဲ့အစည်းတစ်ခုဟာ တနှစ်ကို အောင်မြင်မှု ၂၀% ပို တိုးတက်တာ တွေ့ရပါတယ်..တဲ့။
E.Q/E.I (Emotional Intelligence) စိတ် ဓါတ် ရင့်ကျက်မှု အညွန်းကိန်းမှာ ပါ တဲ့..
စွမ်းရည်တွေကတော့..
(၁) Self-awareness; (မိမိ ကိုယ်ကို သိတာ)မိမိရဲ့အားသာချက်၊
အားနည်းချက်တွေ။မိမိ က အပြောအဆို။ အပြုအမူတွေ က သူတပါး အပေါ် ဘယ်လို
သက်ရောက်မယ်ဆို တာ ကို သိတာ..
(၂) Self-regulation(မိမိကိုယ် ကို ထိန်းသိမ်းနိုင်တာ) (စိတ်ဆိုး၊စိတ် ညစ်၊ဒေါသ ထွက်စရာ တွေရှိ ရင်)
မိမိ ကိုယ် ကို ထိန်း ချုပ် နိုင်တာ။ဒါမှ မဟုတ်.အာရုံပြောင်း နိုင်တာ)
(၃) Motivation: စိတ်ပျော်ရွှင်မှု။ စိတ် တက်ကြွ မှု ကို ထိန်းသိမ်းနိုင်တာ.
(၄) Empathy: သူတပါးရဲ့စိတ် ခံစား ချက် ကို နားလည်တာ.
(၅) Social skill: အခြားသူတွေ နဲ့ဆက်ဆံရေးကောင်းမွန်၊ယုံကြည် မှု တည်ဆောက်ပြီး
ကိုယ် လို ချင်တဲ့ပန်းတိုင်ကို ဦးဆောင်နိုင်တာ ပါ ..တဲ့။ ကျနော် တို့အားလုံးမှာ..အဲဒီ စွမ်းရည် ၅ ခု
မွေး ကတဲ က ရှိ ကြပါတယ်..တဲ့။အချို့စွမ်းရည် တွေမှာ အားနည်း နေတာ၊အချို့ စွမ်း ရည် တွေမှာ
မြင့်နေတာ တော့ရှိ တတ်ပါတယ်..တဲ့။ အဲ ဒီ စွမ်းရည်တွေကို ပိုမို အားကောင်းအောင် လေ့ကျင့် လို့ရပါတယ်။
လေ့ကျင့်ဖို့နည်းတွေကတော့...ဇွဲ ရှိရှိနဲ့ လ့ကျင့်တာ၊ မိတ်ဆွေတွေ၊ လေ့ကျင့်ပေးတဲ့ဆရာတွေဆီက ဝေဖန်၊ အကြံပေးမှုတွေ တောင်းခံတာပါ ပဲ..တဲ့။ “

ကျနော် ကိုယ့်ကိုယ်ကို ဆန်းစစ်တဲ့နည်းကတော့စွမ်းရည်တစ်ခုမှာ အမှတ်ပြည့်က ၁၀၀ ဆိုရင် ငါ ဘယ်လောက်ရမလဲ စဉ်းစားကြည့်တာ။
နံပါတ် (၁) စွမ်းရည်မှာ အမှတ် ၄၀ လောက်ပဲ ရနိုင်တယ်ထင်တယ်။
နံပါတ်(၂) ကျတော့အမှတ် ၃၀ လောက်ပဲရှိမယ်။ အမှတ် (၄) စွမ်းရည် ကတော့မဆိုးဘူး။
အမှတ် ၇၀ ထိ ပေးကြည့်ထားတယ်။ အမှတ် (၃)နဲ့(၅) ကတော့ ၅၀ ကျော်၊၆၀ လောက်ရှိ မလားမသိဘူး။
ကျနော်ကတော့ ကိုယ့်မှာ အားနည်း နေတဲ့ ပထမ ၂ ခု self-awareness နဲ့self-regulation ကို လေ့ကျင့်နေတယ်။
တော်တော် အကျိုး ရှိတယ်ဗျ။ မိတ်ဆွေ တွေ၊သူငယ်ချင်းတွေလဲ ဘယ်ဟာတွေ လေ့ကျင့်ကြမလဲ။

credit-ayechanmon(IQ& EQ)
(ကောက်နှုတ်ချက်-Harvard Business Review စာအုပ်ထဲက Daniel Goleman ရေးတဲ့ What makes a Leader?)

Photos 27/05/2020

💥ယနေ့ခေတ် Digital Marketing ဆိုတာဘာလဲ❓2020 Digital Marketing Trends ဘယ်လဲ ❓💥 Your Business is Booming 💥
=== === === === === === ===
အခုဆိုရင် Digital Marketing ဆိုတာ.. ကမ္ဘာပေါ်မှာ စိတ်လှုပ်ရှားစရာအကောင်းဆုံးဂိမ်းတစ်ခုလို ဖြစ်နေပါပြီ။
DM ဆိုတာ.. Digital channelsတွေသုံးပြီး Marketing of products / Services (or) အင်တာနက်၊ မိုဘိုင်းဖုန်းအက်ပလီကေးရှင်းများ၊ ကြော်ငြာနှင့်အခြားဒစ်ဂျစ်တယ်နည်းလမ်းများမှ Consumers ဆီရောက်အောင်လုပ်တဲ့ services (တစ်နည်းအားဖြင့်) Product တွေကို Internet, Electronic Devices, Mobile Phone တွေကနေတဆင့် Audience ဆီကို ကြော်ငြာပေးတဲ့ Marketing နည်းလမ်းအားလုံးကိုဆိုလိုပါတယ်။ အဓိကရည်ရွယ်ချက်မှာ digital မီဒီယာအမျိုးမျိုးမှတစ်ဆင့် (Promote brands) မိမိကုန်အမှတ်တံဆိပ်များ၏ Brand & Sales ကိုမြှင့်တင်ရန် Marketing လုပ်တာပါ။
Digital marketing campaigns တွေက search engine optimization (SEO), search engine marketing (SEM), content marketing, influencer marketing, content automation,
campaign marketing, data-driven marketing e-commerce marketing,
social media marketing(SMM), Pay-Per-Click Advertising (PPC) , Affiliate Marketing , Instant Messaging Marketing , Radio/Television Advertising ,social media optimization, e-mail direct marketing, display advertising, e–books, and optical disks and games စတာတွေ အကုန်ပါဝင်နေကြပါသည်။ Digital Marketing က ယခုခေတ် စီးပွားရေးလုပ်ငန်း တော်တော်များမှာ Strategy မျိုးစုံနဲ့ ထိုးဖောက်လုပ်ကိုင်နေတာ တွင်တွင်ကျယ်ကျယ် လုပိကိုင်နေကြပါပြီ။ Target တိတိကျကျရွေးချယ်ပြီး ရောင်းအားတက်စေတဲ့အပြင် Report ကောင်းကောင်းလုပ်နိုင်ခြင်း နှင့် Research and analysis လုပ်နိုင်တာတွေကြောင့် Data Analysis အားကောင်းပြီး Remarketing ပြန်လုပ်နိုင်ခြင်း၊ Strategy ကောင်းကောင်း သုံးနိုင်ခြင်း၊ social media platform မျိုးစုံသုံးပြီး လူသိများကျော်ကြားအောင် Brand Image မြင့်တင်နိုင်ခြင်း အစရှိတဲ့ အကျိုးရလဒ်တွေ အများကြိးရရှိစေမှာပါ။ ယနေ့ Digital Marketing က အရင်တုန်းက ကြော်ငြာခဲ့တဲ့ နည်းလမ်းဟောင်းတွေထက် အများကြီး အကုန်အကျသက်သာလို့ ခေတ်နဲ့အမှီလိုက်နိုင်တဲ့ လုပ်ငန်းတွေရဲ့ လက်စွဲတော်ကြီးဖြစ်နေပါပြီ။
>>>>>>>>>>>>>>>>>>>>>
2020 Digital Marketing Trends ဘယ်လဲ ❓ to be continued

========================
❄️ Be Innovative for your Successful Business ❄️
Digital Marketing နဲ့ ပတ်သတ်တဲ့ အခြားအကြောင်း အရာတွေစုံစုံလင်လင်နဲ့ တွင်တွင်ကျယ်ကျယ် အသုံးချဖို့ Fortune မှ ကူညီပါရစေ .. cb မှ စိတ်ဝင်စားသူတိုင်း email address နှင့်Contact number ချန်ထားခဲ့ခြင်းဖြင့်လည်း အပတ်စဉ်ဆောင်းပါးများနှင့် eBooks များ အလျဉ်းသင့်သလို ပေးပို့သွားပါ့မယ်။
🔮FORTUNE Business Institute
Call Now: 09 25 400 4112📲
ရွှေချိုးဖြူကွန်ဒို၊ (ယုဇနဆေးခန်းနှင့်မေဓါဝီလမ်းဆုံ အနီး)
မြောက်ဥက္ကလာပမြို့ ၊ ရန်ကုန် ။

2020 Digital Marketing Trends ဘယ်လဲ ❓
=== === === === === === ===

“၂၀၂၀ ခုနှစ်မှာပို ခေတ်စားလာမယ့် ...
၂၀၂၀ - Digital Marketing Trends “ များစွာထဲက 5️⃣ ချက်ကို သင် နှင့် သင့် လုပ်ငန်း အတွက် မျှဝေပေးသွားချင်ပါသည်။
1️⃣Voice Search
Google Home and Amazon echo တို့က အသံရှာဖွေရေးလုပ်ငန်းတွင်အဓိက Players ‌တွေဖြစ်နေကြပါတယ်။ ကမ္ဘာတစ်ဝန်းရှိစမတ်ဖုန်းအသုံးပြုသူအများစုက အသံဖြင့်သက်ဝင်လှုပ်ရှားသည့် Siri ကို တစ်ပတ်အနည်းဆုံးနှစ်ကြိမ် အသုံးပြုနေကြပါသည်။ စာရိုက်ထည့်ပြီး ရှာလျင် တိုတိုလေးတွေရှာမယ့် အစား Voice Search နဲ့ ပြောတဲ့အခါ အရှည်ကြီးတွေပြောပြီးရှာလာတာကို တွေ့ရှိရပါသည်။
နောက်ပိုင်းမှာ Voice Search သည် လူကြိုက်များသထက်များလာမယ့် နည်းပညာတစ်ခုဖြစ်လာမှာ အမှန်ပါပဲ ။Voice Search ကြောင့် ပြိုင်ဘက်တွေထက်ပိုသာနေစေမယ့် နည်း နဲ့ website ကို လူကြည့်များလာစေမယ့် .. customer experience ပိုတိုးတက်လာစေမယ့် .. SEO လုပ်တဲ့နည်းကိုပြောင်းလဲသွားလိမ့်မယ်။

2️⃣Influencer Marketing ၏ သြဇာလွမ်းမိုးမှု
ဟိုအရင်ကတော့ နာမည်ကျော် celebrities တွေနှင့် “လူသန်းပေါင်းများစွာ followers ရှိတဲ့ internet celebs” ကဲ့သို့ နယ်ပယ်တစ်ခုခုရဲ့ နာမည်ကြီး အကျော်အမော်တွေအများစုက Influencers တွေဖြစ်ခဲ့ကြပါသည်။ နောက်ပိုင်းမှာတော့ Influencer Market ကြီးကလည်း များပြားလာမှာဖြစ်ပြီး .. Companies တွေက သူတို့၏ ပစ်မှတ်ထားတဲ့ ပရိတ်သတ်တွေ/ စားသုံးသူ တွေက အပြည့်အဝယုံကြည်ကြတဲ့ သာမန်လူတွေကြားထဲမှာပဲ သူတို့ပေးချင်တဲ့ message တွေကို တိုက်ရိုက်မြန်မြန်ရောက်စေဖို့ လူထုထဲမှ လူတွေကို Influencers တွေ အဖြစ် ပိုပြီး အသုံးချလာကြပါလိမ့်မည်။ Influencer marketing ကို တစ်ဦးတစ်ယောက်ချင်းစီအကြိုက်ပိုပြီးတွေ့လာစေဖို့ ကြီးကြီးမားမား ပြောင်းလဲလာမှာပါ။

3️⃣Streaming Video ဗီဒီယိုကြော်ငြာဆွဲဆောင်မှုကဏ္ဍ
Video ကဏ္ဍသည် ၂၀၁၉ digital marketing၏မဖြစ်မနေလုပ်ရမဲ့ ကဏ္ဍတစ်ခုဖြစ်နေပြီး.. 2020 မှာလည်း ဒီကဏ္ဍ ဆက်လက်ကြီးထွားလာဖို့ရှိကြောင်း IAB’s 2019 Videoကြော်ငြာအသုံးစရိတ်အစီရင်ခံစာအရသိရပါသည်။Marketers report အရ ဒီဂျစ်တယ်ဘတ်ဂျက်သည်တစ်နှစ်လျှင် ၂၅ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး IAB နှုန်းအရ…
• ၁၃ နှစ်အထက် အမေရိကန်တွေ၏ သုံးစွဲမှုနှုန်း ၇၄ ရာခိုင်နှုန်းသည် အွန်လိုင်းဗီဒီယိုကို အပတ်စဉ်စောင့်ကြည့်ပြီး ၄၁ ရာခိုင်နှုန်းကနေ့စဉ် စောင့်ကြည့်ကြပါသည်။
ဒစ်ဂျစ်တယ်ဗီဒီယိုကြည့်ရှုသူ ၇၈ ရာခိုင်နှုန်းကအခမဲ့ကြည့်စရာContent တွေအတွက် ကြေငြာတွေကို ကြည့်ရှူကြပါသည်။
အွန်လိုင်းဗီဒီယိုကြည့်ရှုသူတွေကပညာရေးဗီဒီယိုတွေကိုကြည့်တဲ့အခါအကြောင်းအရာရော၊ ကြော်ငြာရောပါပိုအာရုံစိုက်လာကြပါသည်။
သင်၏လူမှုကွန်ယက်များနှင့် sites ပေါ်တွင်ဗွီဒီယိုများထပ်ထည့်ခြင်းဖြင့် (Facebook Live နှင့် Instagram Live တွင်Live Videoများထည့်သွင်းခြင်းဖြင့်) live မဟုတ်သော ဗီဒီယိုများထက် ၃ ဆပိုပြီး လူကြည့်နှုန်းများပြားလာနိုင်ပါသည်။
၂၀၂၀ ခုနှစ်သည် streaming များနှင့်ဗီဒီယိုကြော်ငြာများကို ပိုအလေးအနက်ထားဖို့ အချိန်ရောက်လာပါပြီ။

4️⃣နည်းပညာမြင့်တက်လာခြင်း
မိုဘိုင်းထုတ်ကုန်များမှ 5G နည်းပညာ AI တိုးတက်မှု၊ အသံနှင့်ချိတ်ဆက်ထားသောတီဗီများ၊ သုံးစွဲသူများသည် ကြော်ငြာများနှင့်ထိတွေ့ဆက်ဆံမှုသည်လာမည့်နှစ်တွင်အမှန်တကယ်ပြောင်းလဲလာလိမ့်မည်။
• 5G နည်းပညာက သုံးစွဲသူများသည် Content တွေကို ဘယ်လို Access လုပ်တယ်ဆိုတာကို ပြောင်းလဲသွားစေလိမ့်မယ်..ဆိုလိုသည်မှာတကမ္ဘာလုံးဆိုင်ရာပရိသတ်များအကြားမိုဘိုင်းအသုံးပြုမှုသိသိသာသာတိုးပွားလာလိမ့်မည်။
•Content ကောင်းတွေအတွက် AI နည်းပညာတိုးတက်မှုများကဒီဂျစ်တယ်ဗွီဒီယိုကိုပိုမိုစိတ်ကြိုက်ပြုလုပ်လာနိုင်လိမ့်မည်။
•အိမ်အတွက် Alexa ၊ Siri နှင့် Google Home ကိုဆက်လက်အသုံးပြုကြပြီး၊ Developers များကမူ တိကျမှန်ကန်မှုကိုတိုးတက်အောင်ဆက်လက်ပြုလုပ်နေရတာကြောင့်(smart speakers)အတွက် Voice Search အသံဖြင့်ရှာဖွေခြင်း တွေကို ဆက်လက်ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်လာလိမ့်မည်။
•ချိတ်ဆက်ထားသောတီဗီများနှင့် OTT (ထိပ်တန်းမီဒီယာများ) တွင်တိုးတက်မှုသည်အသုံးပြုသူများအားသူတို့၏တီဗီနှင့်မိုဘိုင်းထုတ်ကုန်များမှကြော်ငြာများနှင့်အပြန်အလှန်ဆက်သွယ်နိုင်အောင်ထုတ်လွှင့်မှုဗီဒီယို(streaming video )အတွင်းထုတ်ကုန်နေရာချထားမှုတိုးလာစေသည်။

5️⃣ Interactive Content Takes Off
• ဝယ်သူ၏ ၉၁ ရာခိုင်နှုန်းသည် အပြန်အလှန်ဆက်သွယ်သော Content များကိုအွန်လိုင်းတွင် ပိုမို၍ ရှာဖွေနေကြသည်။ ၂၀၂၀ တွင်သူတို့လိုချင်သည့်အရာများပိုမိုရရှိစေရန်အာရုံစိုက်လာပါလိမ့်မည်။ (Interactive Content Examples - shoppable posts, AR / VR, 360 ဒီဂရီဗီဒီယို၊ ဉာဏ်စမ်းပဟေဠိများနှင့်စစ်တမ်းများ စသဖြင့်)
၂၀၂၀ ၏ထိပ်တန်းဈေးကွက်ရှာဖွေရေးလမ်းကြောင်းများထဲမှတစ်ခုဖြစ်လိမ့်မည်။

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Shwe Gyoe Phyu Condo, No. 286, Khay Mar Thi Road (Near Maydarwi Junction)
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00