Naing Clinic

Naing Clinic

Share

19/11/2021

မင်္ဂလာပါရှင်

ဆေးခန်းဖွင့်ချိန်
~~~~~~~~~~~
တနင်္လာမှစနေနေ့အထိ
⏰မနက် ၉:၀၀-၁၁:၀၀
⏰ညနေ ၃:၀၀-၇:၀၀ အထိဖွင့်ပါတယ်ရှင်

တနင်္ဂနွေနေ့တိုင်းဆေးခန်းပိတ်ပါသည်

အပြောင်းအလဲများရှိလျှင်လည်းထပ်မံကြော်ငြာပေးပါမယ်ရှင်

်ပါ
#လက်ဆေးပါ

လိပ်စာ
အမှတ်၂၃B, ဝေဠုဝန်လမ်းကျယ်, စမ်းချောင်း
📲09777325705

21/01/2021

Covid ကာလ သိမှတ်စရာလေးတွေပါ

ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဖြစ်သော နမိုးနီးယားရောဂါ
ရောဂါလက္ခဏာများမှာ အောက်ပါအတိုင်း ဖြစ်သည်။

👉ချောင်းဆိုးခြင်း
👉သွားလာလှုပ်ရှားမှုပြုချိန်တွင် အသက်ရှူမ၀ခြင်း
👉တရွှီးရွှီးမြည်ပြီး ရင်ကြပ်ခြင်း
👉နုန်းခွေနေခြင်း
👉ရင်ဘတ်အောင့်ခြင်း

(ပန်းနာရင်ကြပ်ရောဂါနှင့် အလားတူ ရောဂါလက္ခဏာများရှိတတ်သည်။)

ကိုရိုနာဗိုင်းရပ်စ်အဆုတ်ထဲ ၀င်ရောက်ပုံ

✅ရောဂါရှိသူ နှင့် အနီးကပ် အကာအကွယ်မပါဘဲ နေထိုင်သူသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်နိုင်ချေ အရှိဆုံးသူဖြစ်သည်။ ်ပါ 😷

✅ထိုသူရှူသွင်းလိုက်သော လေထဲတွင် ဗိုင်းရပ်စ်ပိုးများပါလာသည်။

✅နှာခေါင်းတွင်း၀င်ရောက်ပြီးသည်မှစ၍ ၎င်းသည် မျိုးပွားတော့သည်။

✅အသက်ရှူလမ်းကြောင်းတစ်လျှောက်ရှိ ကျန်းမာသောဆဲလ်များကို ဖျက်ဆီးသွားသည်။

✅အဆုတ်ထဲရောက်သည်နှင့် Alveoli ဟုခေါ်သော အဆုတ်လေအိတ်များအတွင်း ၀င်ရောက်ပြီး နမိုးနီးယားဟုခေါ်သော ပြင်းထန်အဆုတ်ရောင်ရောဂါကိုဖြစ်စေသည်။

✅ထိုစဥ္ အဆုတ်ရောင်ခြင်းပြင်းထန်လာပြီး အသက်ရှူရခက်ခဲလာသည်။

✅ထိုအချိန်တွင် ကွန်ပျူတာဓါတ်မှန် (CT scan ) ရိုက်ကြည့်မည် ဆိုပါက အဆုတ်အတွင်းတွင် အဖြူရောင်အကွက်အများအပြားကို တွေ့နိုင်မည်ဖြစ်သည်။ (Ground Glass Opacity)

✅Acute Respiratory Distress Symdrome (ADRS ) ဟုခေါ်သော လတ်တလော အသက်ရှူကြပ်ခြင်းအခြေအနေမှာ ရက်အနည်းငယ်အတွင်းဖြစ်ပေါ်လာသည်။မကုသဘဲထားပါက အသက်သေဆုံးသည်အထိပြင်းထန်တတ်သည်။

✅ကိုဗစ်ရောဂါပိုး မတွေ့တော့သည့်တိုင် အဆုတ်တွင်ဖြစ်ပေါ်သွားသော အပျက်အဆီးများသည် အချိန်အတိုင်းအတာတစ်ခုအထိကျန်နေတတ်သည်။

✅အဘယ်ကြောင့်ဆိုသော် နမိုးနီးယားဖြစ်စဥ္အတွင်းတွင် ကျွနု်ပ်တို့ မည်သို့ပင် အသက်ပင့်သက်ရှူစေကာမူ အဆုတ်က အောက်ဆီဂျင်ကို လုံလောက်အောင်မရရှိပေ။

✅အောက်ဆီဂျင် မရတာ ကြာလေလေ ခန္ဓာကိုယ်အတွင်းအင်္ဂါများ ပျက်စီးတာများလေလေ ဖြစ်လာပါသည်။

✅အဆုတ်ထဲက secretion အရည်တွေကို အပြင်ထွက်စေမဲ့ အသက်ရှူလေ့ကျင့်ခန်း (သလိပ်ထုတ်လေ့ကျင့်ခန်း)
-လှဲနေတာထက် နည်းနည်းလေးထောင်ထောင်လေးနေပေးပါ။
-အဆုတ်ထဲလေအပြည့်၀င်အောင် နှာသီး၀မှ အသက်ကို ဖြည်းညင်းစွာ ရှူသွင်းလိုက်ပါ။
-အသက်ကို ၃စက္ကန့်အောင့်ထားပါ။
-ပြီးနောက် အသက်ကို ပါးစပ်မှ ဖြေးဖြေးရှူထုတ်ပါ
-ထိုနည်းအတိုင်း ၃-၄ ကြိမ်လုပ်ပါ။
(ခဏအသက်အောင့်ထားချိန်တွင် အဆုတ်ထဲမှ လေအိတ်ကလေးများပွင့်လာပြီး secretion အရည်များကို အပြင်သို့ထုတ်ဖို့ ပိုမိုလွယ်ကူစေပါသည်)

်ပါ
#လက်ဆေးပါ

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


No. 23B, Wailuwun Main Street, Sanchaung Township
Yangon
1111

Opening Hours

Monday 08:00 - 11:00
15:00 - 21:00
Tuesday 08:00 - 11:00
15:00 - 21:00
Wednesday 15:00 - 21:00
Thursday 08:00 - 11:00
15:00 - 21:00
Friday 08:00 - 11:00
15:00 - 21:00
Saturday 08:00 - 11:00
15:00 - 21:00
Sunday 08:00 - 11:00
15:00 - 21:00