Excellence Physiocare
* Spine နှင့် အကြောအဆစ်ဆိုင်ရာ ဝေဒနာတွေအတွက် အရေးကြီးတဲ့ Core Stability ကို ဘယ်လိုစစ်မလဲ* "အပိုင်း ၁"
အရိုး၊ အကြော၊ အဆစ် ဝေဒနာ ခံစားနေရတဲ့သူတွေအတွက် core stability ဆိုတာဟာ အရေးကြီးဆုံး အခြေခံအုတ်မြစ်တစ်ခုပါပဲ။
ဖြစ်နေရင် (ကိုယ့်ရဲ့ core က တည်ငြိမ်မှု မရှိရင်)လှုပ်ရှားမှုတိုင်းဟာ မမှန်ကန်ဘဲ နာကျင်မှုတွေ ပိုဖြစ်စေနိုင်ပါတယ်။ ဒါဆိုရင် ကိုယ့်ရဲ့ core က တည်ငြိမ်မှု ရှိ၊ မရှိကို ဘယ်လို စစ်ဆေးနိုင်မလဲ။
အခြေခံအကျဆုံး နည်းလမ်းတစ်ခုကတော့ မှန်ကန်တဲ့ အသက်ရှုပုံစံ (breathing pattern) ကို စစ်ဆေးကြည့်တာပါပဲ။
#ဘာလို့အသက်ရှုတာကအရေးကြီးတာလဲ
မှန်ကန်တဲ့ အသက်ရှုပုံစံဟာ ကျွန်တော်တို့ရဲ့ ခန္ဓကိုယ်အတွက် ပြည့်စုံလုံလောက်တဲ့ ခါးပတ် တစ်ခုလိုမျိုး လုပ်ဆောင်ပေးပါတယ်။ ဒါဟာ ခါးရိုး၊ ကျောရိုးနဲ့ လည်ပင်းရိုးတစ်လျှောက်ကို တည်ငြိမ်အောင် ထိန်းထားပေးပါတယ်။
Stability): မှန်ကန်တဲ့ အသက်ရှုတာက ခန္ဓာကိုယ်ရဲ့ အတွင်းပိုင်းမှာ ဖိအားတစ်ခု ဖြစ်ပေါ်စေပြီး ( Intra abdominal pressure ) ကျောရိုးနဲ့ ခန္ဓာကိုယ် အလယ်ပိုင်းကို တည်ငြိမ်အောင် လုပ်ပေးပါတယ်။
): မှန်မှန်ကန်ကန် အသက်ရှုတဲ့အခါ ** diaphragm** (ရင်ဝမ်းခြားကြွက်သား)၊ pelvic floor (တင်ပါးဆုံအောက်ပိုင်း ကြွက်သား) နဲ့ abdominal muscles (ဝမ်းဗိုက်ကြွက်သား) တွေဟာ တစ်ပြိုင်တည်း တွဲဖက် လုပ်ဆောင်ကြပါတယ်။ ဒီလို တွဲဖက်လုပ်ဆောင်မှုက ပိုပြီး တည်ငြိမ်တဲ့ core တစ်ခုကို ဖြစ်လာစေပါတယ်။
): အသက်ရှုခြင်းကနေရရှိတဲ့ ဒီတည်ငြိမ်မှုဟာ လှုပ်ရှားမှုအားလုံးအတွက် မရှိမဖြစ်လိုအပ်ပါတယ်။ ဒီအခြေခံကနေမှ ပိုပြီး ရှုပ်ထွေးတဲ့၊ ပိုပြီး ထိရောက်တဲ့ လှုပ်ရှားမှုပုံစံတွေကို တည်ဆောက်နိုင်ပါတယ်။
မှန်ကန်တဲ့ အသက်ရှုပုံစံရဲ့ အကျိုးကျေးဇူးတွေကတော့:
* ကိုယ်ဟန်အနေအထား ကောင်းမွန်လာခြင်း (Improved Posture): အသက်ရှုခြင်းအားဖြင့် core ကို တည်ငြိမ်အောင် လုပ်ပေးတာက မှားယွင်းနေတဲ့ ကိုယ်ဟန်အနေအထားကို ပြုပြင်ပေးပြီး ကြွက်သာနှင့် လည်ပင်းရိုး၊ကျောရိုး၊ခါးရိုးတွေ နှင့်
အာရုံေကြာများ အပေါ် ဖိအားကို လျှော့ချပေးပါတယ်။
* နာကျင်မှု လျော့ပါးလာခြင်း (Reduced Pain): သဘာဝကျတဲ့ လှုပ်ရှားမှုနဲ့ တည်ငြိမ်မှုကို ပြန်လည်ရရှိလာတဲ့အခါ နာတာရှည် တောင့်တင်းမှု၊ နာကျင်မှုတွေကို သက်သာစေပါတယ်။
* တည်ငြိမ်မှု ပိုကောင်းလာခြင်း (Enhanced Stability): Diaphragmatic breathing (ဝမ်းဗိုက်နဲ့ ရင်ဝမ်းခြား ကြွက်သားကို အသုံးပြုပြီး အသက်ရှုခြင်း) ဟာ အကောင်းဆုံး core stability နဲ့ အဆစ်တွေရဲ့ centration (ဗဟိုချက် တည့်မတ်ခြင်း) ကို ရရှိဖို့ မရှိမဖြစ် လိုအပ်ပါတယ်။
* နေ့စဉ် လှုပ်ရှားမှု ပိုမိုကောင်းမွန်လာခြင်း (Better Overall Movement): တည်ငြိမ်ပြီး ပေါင်းစပ် ညှိနှိုင်းမှု ကောင်းတဲ့ core တစ်ခုက နေ့စဉ် လှုပ်ရှားမှုတွေကို ပိုပြီး ထိရောက်၊ ဟန်ချက်ညီပြီး လွယ်ကူစေပါတယ်။
ဒါကြောင့် ဝေဒနာတွေ ခံစားနေရတယ်ဆိုရင် မိမိ၏ အသက်ရှုပုံစံကို video အတိုင်း စစ်ကြည့်သင့်ပါတယ်။ နောက်ထပ် စစ်ကြည့်ရမည့် video များကိုလည်း ထပ်မံ တင်ပြပေးပါ့မယ်ဗျ။
မည့်သည့် Exercises, မည့်သည့် ကုသမှုများပြုလုပ်နေသော်လည်း အခု video အတိုင်းတွေ့ရှိနေသေးပါက ပျောက်ကင်းမည်မဟုတ်ပါ (ပြန်ဖြစ်လာလိုက်သက်သာလာလိုက် သံသရာ ရှည်နေပါလိမ့်မယ်)
သေချာပြုပြင် ကုသပြီးမှသာ တခြားသော ကုသမှုများ ထိရောက်မှာဖြစ်ပါကြောင်း သတင်းပေးပါရစေ။
I Can Make You Smile!
Be Happy and Healthy
Aung Myo Htun ( B.Med. Tech - Physiotherapy, M.Sc student in Cardiopulmonary Physiotherapy)
Click here to claim your Sponsored Listing.
Category
Culinary Team
Attire
Contact the practice
Telephone
Website
Address
No335 , Room 3 , Yan Aye Lane 1 , West Yankin , Yankin Township
Yangon