Phoenix Computer & Network Services
17/08/2021
⌨ Windows 10 အသုံးပြုသူများအတွက် General Keyboard Shortcut များ အပိုင်း(၁)⌨
⌨⌨⌨⌨⌨⌨⌨⌨⌨⌨⌨⌨⌨⌨⌨⌨⌨
Windows 7 ကို နောက်ထပ် ဘာ Support မှ ထပ်မပေးတော့ပါဘူး။ Update လည်း မရတော့ပါဘူး။ နောက်ပိုင်း ထပ်မံထုတ်လုပ်တဲ့ Essential Software တွေနဲ့လည်း Compatible မဖြစ်တော့ပါဘူး။ ဒါ့ကြောင့် အနှေးနဲ့အမြန် ကျိန်းသေပေါက် Windows 10 ကို အသုံးပြုရပါတော့မယ်။👆
Windows 10 ရဲ့ အားသာချက်/အားနည်းချက်တွေကို နောက်မှ အလျင်းသင့်သလို တင်ပြပေးပါဦးမယ်။ အခုတော့ Windows 10 မှာ အသုံးပြုနိုင်မဲ့ Shortcut Key တွေထဲက အထွေထွေသုံး Shortcut Key တွေကို ဖော်ပြပေးမှာပါ။ 👆
Shortcut Key ဆိုတာမျိုးက မောက်စ်နဲ့ အဆင့်ဆင့် လိုက်နှိပ်စရာ မလိုဘဲနဲ့ ကီးဘုတ်ပေါ်ကနေ တစ်ခု(သို့မဟုတ်) တစ်ခုထက်ပိုတဲ့ ခလုတ်တွေကို တွဲနှိပ်ဖို့ ဖြတ်လမ်းနည်းတွေပဲ ဖြစ်ပါတယ်။☝
Shortcut Key တွေထဲကမှ အခု ဖော်ပြပေးမှာက General Shortcut Key တွေပါ။ အခြား ကီးတွေကိုလည်း နောက်နေ့နောက်နေ့တွေမှာ ဖော်ပြပေးဦးမှာပါ။
စ လိုက်ကြစို့။ တစ်ခုချင်းစီ အကြမ်းဖျဉ်း ရှင်းပြပါ့မယ်။
1️⃣ Ctrl+A (Select All) အားလုံးကို ရွေးချယ်တာပါ။ ဘာတွေကို ရွေးချယ်တာလဲဆိုတာက ကိုယ် ဘာကို Select လုပ်ထားသလဲ ဆိုတာပေါ် မူတည်ပါတယ်။ Icon ရုပ်ပုံလေးတစ်ခုကို Select လုပ်ပြီး နှိပ်လိုက်ရင် Icon အားလုံးကို ရွေးချယ်ပေးပါလိမ့်မယ်။ တကယ်လို့ စာသားတွေကြားထဲမှာ Cursor ချထားတယ်ဆိုရင် စာသားအားလုံးကို ရွေးချယ်ပေးပါလိမ့်မယ်။ လူတိုင်းနီးပါး သိပြီးသား Shortcut ပါ။
2️⃣ Ctrl + X (Cut the selected item) ဖြတ်ထုတ်တာပါ။ သူလည်း ထိုနည်းလည်းကောင်းပဲ ဘာကို ဖြတ်ထုတ်တယ်ဆိုတာ Select လုပ်ထားတဲ့အပေါ် မူတည်ပါတယ်။ ဖြတ်ထုတ်တာနဲ့ ဖျက်ထုတ်တာ မတူပါဘူးနော်။ ရည်ရွယ်ချက်ကိုက ပိတ်စတစ်စက အစတစ်စကို ဖြတ်ထုတ်ပြီး အခြားတစ်နေရာမှာ သွားကပ်ဖို့ သဘောမျိုး ဖြစ်ပါတယ်။ စာသားတွေ၊ ဖိုင်တွေကို Select လုပ်ပြီး ဖြတ်ထုတ်သွားတာပါ။ လူတိုင်းနီးပါး သိပြီးသား Shortcut ပါ။
3️⃣ Ctrl + V (Paste the selected item) "Cut" လုပ်ပြီးတာနဲ့ သူနဲ့ တွဲလျှက် လုပ်ရမဲ့ဟာက "Paste" ပါ။ တစ်နေရာက ဖြတ်ထုတ်လာတဲ့ ဖိုင်တစ်ဖိုင်ကို နောက်တစ်နေရာမှာ သွားကပ်လိုက်တာပါ။ ဥပမာအားဖြင့် Desktop ပေါ်က ဖိုင်ကို Cut လုပ်ပြီး D ထဲမှာ Paste လုပ်တယ်ဆိုရင် Desktop ပေါ်က ဖိုင် မရှိတော့ဘဲ D ထဲကို ရောက်သွားတာပါ။ ရှင်းရှင်းပြောရရင် ရွှေ့လိုက်တဲ့သဘောပါပဲ။ လူတိုင်းနီးပါး သိပြီးသား Shortcut ပါ။
4️⃣ Ctrl + C (Copy the Selected item) "Copy" ကျတော့ "Cut" နဲ့ ကွာပါတယ်။ Source File ပျက်မသွားဘဲ နောက်တစ်ခု ထပ်ပွားလိုက်တာ ဖြစ်ပါတယ်။ သူ့ချည်းပဲ အသုံးမပြုနိုင်ပါဘူး။ "Paste"(Ctrl+V) နဲ့ တွဲသုံးရပါတယ်။ Ctrl+C နှိပ်ရုံနဲ့ ဘာမှ မဖြစ်လာဘဲ နောက်ထပ် တစ်နေရာမှာ Ctrl+V ထပ်နှိပ်မှသာ Copy ကူးပေးသွားမှာ ဖြစ်ပါတယ်။ လူတိုင်းနီးပါး သိပြီးသား Shortcut ပါ။
5️⃣ Ctrl + Z (Undo an action) "ဘွာတေး" Shortcut ပါ။ ဖိုင်တစ်ဖိုင်ကို Copy ပွားလိုက်တယ် ဆိုပါစို့။ မပွားချင်တော့ဘူးဆိုရင် Ctrl+Z ကို ပြန်နှိပ်လိုက်ပါ။ ပွားထားတဲ့ဖိုင်တွေ ပြန်ပျောက်သွားပါလိမ့်မယ်။ နောက်ဆုံး လုပ်လိုက်တဲ့ လုပ်ဆောင်ချက် Action ကို မလုပ်တော့ဘူး လို့ ပြောလိုက်သလိုပါ။ ဒါပေမဲ့ နောက်ဆုံး Action တစ်ခုကိုပဲ ရပါမယ်။ Microsoft Office ထဲမှာတော့ Undo ဘယ်နှဆင့်အထိ လုပ်လို့ရတယ်ဆိုပြီး ပါတယ်။ ဒါပေမဲ့ Windows ထဲမှာတော့ တစ်ဆင့်ပဲ ရပါတယ်။
6️⃣ Ctrl + Y (Redo an action) "ဘွာတေး"ကို"ဘွာတေး" ထပ်လုပ်တာပါ။ ရှုပ်သွားသလား။ ဥပမာ.. ဖိုင်တစ်ဖိုင်ကို ဖျက်လိုက်တယ်။ Delete နဲ့။ ဒါပေမဲ့ မဖျက်ချင်သေးဘူး ဆိုပြီး Ctrl + Z ပြန်နှိပ်လိုက်တယ်။ ပြန်ရောက်လာတယ်။ မပျက်ဘူး။ ဒါပေမဲ့ စိတ်ကပြန်ပြောင်းသွားတယ်။ ဖျက်လိုက်တာပဲ အေးပါတယ် ဆိုပြီး Ctrl+Y ကို နှိပ်လိုက်တော့ ပြန်ပျက်သွားတယ်။ ဒီဥပမာ အတိုင်းပါပဲ။
6️⃣ အဲဒီမှာ သတိထားဖို့က File ကို Delete လုပ်တာမျိုးဆိုရင် Shift + Del နှိပ်လိုက်လို့ အပြီးပျက်သွားတာဆိုရင် Undo လုပ်လို့ မရပါဘူး။ အဲဒီတစ်ခုတော့ ရှိတယ်။ Undo, Redo တွေက ရတဲ့ဟာမှာသာ ရပြီး မရတဲ့ဟာတော့ မရတဲ့အတွက် တတ်နိုင်သမျှ သတိကြီးကြီး ထားစေလိုပါတယ်။
7️⃣ Alt + Tab (Switch between open apps) ဖွင့်ထားတဲ့ App အချင်းချင်း ချိန်းတာပါ။ နမူနာ အနေနဲ့ ကျွန်တော်တို့ Windows ပေါ်မှာ Microsoft Word နဲ့ Excel ကို တပြိုင်တည်း ဖွင့်ထားတယ်ဆိုပါစို့။ လက်ရှိ Microsoft Word ကို သုံးနေရာကနေ Excel ထဲက တစ်ခုခုကို လိုချင်လို့ Excel ကို ဖွင့်ချင်ရင် Alt + Tab ကို တစ်ချက် နှိပ်လိုက်ပါ။ နောက်ကို ရောက်နေတဲ့ Excel က Active ပြန်ဖြစ်သွားပါမယ်။
8️⃣ Alt + F4 (Close the active item, or exit the active app) ဖွင့်ထားတဲ့ App ကို ပိတ်တာပါ။ ဘယ် App ကို ဖွင့်သုံးနေသည်ပဲ ဖြစ်စေ Alt+F4 ကို တွဲနှိပ်လိုက်တာနဲ့ လက်ရှိလုပ်နေတဲ့ App ကို ပိတ်မှာလား၊ ဒါမှမဟုတ် Save မှာလားလို့ မေးပါမယ်။ တစ်ခုခုကို ရွေးနှိပ်ပေးလိုက်ရင် ပိတ်သွားပါလိမ့်မယ်။
9️⃣ Windows logo key + L (Lock your PC) ကျွန်တော်တို့ ကွန်ပျူတာ သုံးနေရင်းနဲ့ ခဏနားချင်တာပဲ ဖြစ်ဖြစ်၊ အပေါ့အပါး ထသွားချင်တာပဲ ဖြစ်ဖြစ် ကွန်ပျူတာကို မပိတ်ဘဲ ဖွင့်လျက်နဲ့ Lock ချသွားနိုင်ပါတယ်။ လုပ်ပုံလုပ်နည်းကတော့ Windows Logo Key + L ကို တွဲနှိပ်လိုက်တာပါ။ အတိုကောက် (Win + L) အဲလို နှိပ်လိုက်ရင် Logon Screen ကို ပြန်ရောက်သွားပါလိမ့်မယ်။ Password ထည့်ထားမယ်ဆိုရင် ဘယ်သူမှ ဖွင့်ကြည့်နိုင်တော့မှာ မဟုတ်ပါဘူး။
🔟 Windows logo key + D (Display and hide the desktop) Desktop ကို Hide (or) Show လုပ်တာပါ။ လက်ရှိ App တစ်ခု ဖွင့်သုံးနေရာက Desktop ကို ကြည့်ချင်ရင် Win+D ကို နှိပ်လိုက်ရုံပါ။ အဲဒီကနေ နောက်ဆုံး ဖွင့်ထားတဲ့ App ကို ပြန်သွားချင်ရင်လည်း Win+D ထပ်နှိပ်လိုက်ပါ။
1️⃣1️⃣ F2 (Rename the Selected Item) ဖိုင်တွေကို နာမည်ပြောင်းချင်ရင် F2 နှိပ်လိုက်ပြီး ကြိုက်တဲ့နာမည် ပြောင်းလို့ ရပါပြီ။
1️⃣2️⃣ F3 (Search for a File or Folder in File Explorer) (File Explorer ထဲမှာ ဖိုင်တွေရှာချင် F3 ကို နှိပ်ပါ၊ Ctrl + F ကိုလည်း နှိပ်လို့ရပါတယ်)
1️⃣3️⃣ F4 (Display the address bar list in File Explorer) File Explorer ထဲမှာ F4 ကို နှိပ်လိုက်ရင် ကိုယ်လက်ရှိ ရောက်နေတဲ့ File Location Path ကို ဖော်ပြပေးပါတယ်။ ဥပမာ C:\Windows\System32 အဲလိုမျိုး လိပ်စာ။
1️⃣4️⃣ F5 (Refresh the active Windows) လက်ရှိ ဖွင့်ထားတဲ့ Windows ကို Refresh လုပ်တာပါ။ ဒီနေရာမှာ Windows ဆိုတာ Operating System တစ်ခုလုံးကြီးကို ပြောတာမဟုတ်ဘဲ တစ်ခုချင်းတစ်ခုချင်းအလိုက် App တွေ ဖွင့်ထားတဲ့ ဘောင်အတွင်းကို Windows လို့ ခေါ်တာ ဖြစ်ပါတယ်။
1️⃣5️⃣ F6 (Cycle through screen elements in a window or on the desktop) Desktop ပေါ်မှာ F6 နှိပ်တာက Desktop ပေါ်မှာ ပြထားသမျှ တစ်မျိုးချင်းစီကို Cycle လုပ်ပေးတာပါ။ ပထမဆုံး F6 ကို နှိပ်ရင် Desktop ပေါ်က ထပ်ဆုံး Icon တစ်ခု၊ နောက်တစ်ချက်ထပ်နှိပ်ရင် Start Button၊ နောက်တစ်ချက် ထပ်နှိပ်ရင် Task Bar ပေါ်က Icon တစ်ခု၊ နောက်တစ်ချက်ထပ်နှိပ်ရင် Noti Tray ထဲက Icon တစ်ခု စသည်ဖြင့် အစဉ်လိုက် ပြောင်းသွားပါတယ်။ တစ်မျိုးချင်းစီ ရွေ့သွားတာပါ။ တစ်ခုချင်းစီမဟုတ်ပါဘူး။ ဒီတိုင်းဖတ်ရင် နားလည်ဖို့ခက်ပါတယ်။ လက်တွေ့နှိပ်ကြည့်လိုက်တာ အရှင်းဆုံးပါပဲ။
1️⃣6️⃣ F10 (Activate the Menu bar in the active app) လက်ရှိ ဖွင့်ထားတဲ့ App ရဲ့ Menu Bar ကို ဖော်ပြပေးမှာပါ။
Alt + Esc (Cycle through items in the order in which they were opened) ဒါကတော့ ဖွင့်ထားတဲ့ App တွေကို တစ်ချက်နှိပ်တိုင်း တစ်လှည့်စီ လှည့်ပေးမှာပါ။ ဖွင့်မထားဘဲ Task ဘားပေါ်မှာ Pinned ထားတဲ့ App တွေ မပါပါဘူး။
1️⃣7️⃣ Alt + Enter (Display properties for the selected item) ဒါကတော့ Select လုပ်ထားတဲ့ အရာရဲ့ Property ကို ဖော်ပြပေးမှာပါ။ ဖိုင်တစ်ဖိုင်ကို Select လုပ်ထားမယ်ဆိုရင် Alt+Enter ခေါက်လိုက်တာနဲ့ အဲဒီဖိုင်ရဲ့ Properties ထဲ ဝင်သွားပါလိမ့်မယ်။
1️⃣8️⃣ Alt + Spacebar (Open the shortcut menu for the active window) လက်ရှိဖွင့်ထားတဲ့ Active ဖြစ်နေတဲ့ ဝင်းဒိုးစ်တစ်ခုရဲ့ Shortcut Menu ကို ခေါ်ပေးပါမယ်)
1️⃣9️⃣ Alt+ L/R Arrow (Back/Forward) Alt ကို ဘယ်ဘက်မြှားနဲ့ တွဲနှိပ်ရင် Back ကို သွားတာဖြစ်ပြီး ညာကို နှိပ်ရင် Forward သွားတာ ဖြစ်ပါတယ်။
2️⃣0️⃣ Ctrl+Alt+Arrows (Desktop ကြီးကို ဇောက်ထိုး၊ ဘေးတိုက်၊ အတည့် လုပ်လို့ရတဲ့ Shortcut) Desktop ကြီး ဇောက်ထိုးဖြစ်သွားလို့ တိုင်ပတ်နေတဲ့သူ အများအပြားရှိပါတယ်။ ဒါနဲ့ အဆင်ပြေမှာပါ။
General Shortcut တွေ တစ်ပုံတစ်ပင် ရှိပါတယ်။ အဲဒီဟာတွေ အားလုံးကို Photo နဲ့ တင်ပေးလိုက်လို့လည်း ရပါတယ်။ ဒါပေမဲ့ ကျွန်တော် ရည်ရွယ်တဲ့ Target ကိုက လုံးဝမသိသေးတဲ့သူ၊ Beginner တွေနဲ့ Pre Intermediate လယ်ဗယ်တွေကို ဦးတည်တာ ဖြစ်ပါတယ်။ လုံးဝမသိသေးသူ သိသွားအောင်၊ စ လေ့လာတဲ့သူ ပိုသိသွားအောင်၊ အလယ်အလတ်တန်းအကြို User တွေ မေ့နေရင် မှတ်မိသွားအောင် ဖြစ်ပါတယ်။ Intermediate နဲ့ Advance/Professional တွေအနေနဲ့က ဒါတွေ ကြည့်နေစရာမလိုအောင် ဂျောင်းဂျောင်းပြေးနေပြီ ဖြစ်ပါတယ်။
ဒါ့ကြောင့်လည်း တစ်ကြောင်းချင်း အဓိပ္ပာယ်၊ ဥပမာတွေနဲ့တကွ ရေးပေးတာ ဖြစ်ပါတယ်။ ဒီ Shortcut တွေက မကုန်သေးပါဘူး။ နောက်ထပ် ပို့စ်တွေ အများကြီး ရေးရဦးမှာပါ။ အပိုင်း(၂)မကြာမီ လာမည်ပေါ့ဗျာ။
နှစ်သက်တယ်၊ သဘောကျတယ်၊ အသုံးဝင်တယ်ဆိုရင်တော့
Like & Share လေးတွေ အားပေးခဲ့ကြပါဦး။😍
Like တွေ Share တွေကို လိုချင်တာမဟုတ်ဘဲ ကျွန်တော့်ပို့စ်လေး လူဘယ်နှယောက်တော့ ဖတ်သွားတယ်၊ ဘယ်သူတွေကတော့ Reaction တွေပေးသွားတယ်၊ ဘယ်သူတွေကတော့ Comment တွေ ဝင်ရေးသွားတယ်၊ ဘယ်သူလေးကတော့ Page ကို Recommanded ပေးသွားတယ် ဆိုတဲ့ ပီတိကလေးပါ။ ပရိတ်သတ်များများရှိတော့ ဘောလုံးသမား ကန်လို့ကောင်းတာပေါ့ဗျာ။ 😘😘😘
အားပေးမှုအတွက် အများကြီး ကျေးဇူးတင်ပါတယ်။
AKK
Technology
Xiaomi က miui 12 ကို 27 April 2020 မှာ beta modeအနေနဲ့ ထွက်ရှိခဲ့ပါတယ်
Miui 12 မှာအပြောင်းအလဲ တွေအများကြီး ပြုလုပ်ခဲ့ပြီး
အဆင်မပြေတဲ့ error တွေလည်းရှိနေပါတယ်
Redmi k30 & mi8 se တို့မှာ miui12 တင်ပြီးတဲ့အခါမှာ playstore မရတာ နှင့် wave pay otp code မကျတာတွေဖြစ်တက်ပါတယ်
Miui12 ကိုတင်ပြီးသားလူတွေအနေနဲ့ playstore ထည့်ချင်တယ်ဆိုရင် အောက်ပါလင့်ကနေဒေါင်းပြီး မိမိဖုန်းရဲ့ android version ကိုကြည့်၍ ထည့်နိုင်ပါတယ်ခင်ဗျာ
TTA gapp-http://www.mediafire.com/file/9kfy7ebqc1aqz3u/TTA_Gapp_Installer_MNOPQ.apk/file
Android version အလိုက် install ပြီးရင် home screen ကိုသွားပြီး download app ကိုဖွင့်ပြီး ညာဘက်အပေါ်ထောင့်က အစက်သုံးစက်ကို နှိပ်ပြီး download data restricted ကို unlimited ထားပေးပါ
Miui 12 (Android 10) မှာ playstore error ဖြေရှင်းနည်းကတော့
အရင်ဆုံး ဖုန်းထဲက setting - my device - All specs - MIUI Version ကို (7) ချက်နှိပ်ပါ (Developer Option ရှိပြီးသားဆိုလုပ်စရာမလိုပါ)
Setting - additional setting - Developer Option - Turn On Optimization ကိုပိတ်ရပါမယ်
Wave pay otp code မကျတဲ့ error ဖြေရှင်းနည်း
Wave pay app ကို 5 seconds လောက်ဖိထားပါ app info ဆိုပြီး ပေါ်လာပါလိမ့်မယ်
App info - Other Permissions ထဲက Get device info ကိုနှိပ်ပြီး Deny ကိုရွှေးပေးပါ
Playstore နဲ့ wave pay app ကို clear data လုပ်ပြီး ဖုန်းကို reboot ချပြိး အသုံးပြုလို့ ရပါပြီခင်ဗျ
Miui 12 support model list
• Xiaomi Mi 10 Pro
• Xiaomi Mi 10
• Xiaomi Mi 10 Youth Edition
• Xiaomi Mi 9 Pro
• Redmi K30 Pro
• Redmi K30
• Redmi K20 Pro Premium Series
• Redmi K20 Pro
• Redmi K20
• Mi Mix 3
• Mi Mix 2S
• Xiaomi Mi 8 series
• Redmi Note 8 Pro
• Redmi Note 7, 7 Pro
• Mi CC9
• Mi CC9 Pro
• Mi 9 SE
• Mi 8 Series
• Mi Mix 2
• Mi 6X
• Redmi 8, 8A
• Redmi 7, 7A
• CC9E
• Mi Note 3
• Mi Max 3
• Mi 8 Youth Edition
• Mi 8 SE
• Redmi S2
• Redmi Note 8
• Redmi 6, 6Pro
• Redmi 6, 6A
• Redmi Note 5
• Redmi Y3
• Redmi Note 7S
• Redmi Note 6 Pro
• Redmi 4X
• Redmi Note 4X
• Redmi Note 9 Pro
• Redmi Note 9 Pro Max
Credit to electricworld
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon