Glow Together
24/01/2022
တဖြေးဖြေးနဲ့စျေးကတက်လာဖို့ပဲရှိတယ်
ကျကိုမကျနိုင်တော့ဘူး😒😒 အခွန်တွေနဲ့
ဘာမှလုပ်စားလို့အဆင်မပြေအောင်လုပ်နေကြ😅
ပုံမှန် korea မှာ နှစ်ပတ် cargo မှာတစ်လမို့
Waiting တစ်လခွဲ ပြောရောင်းတယ်။
Korea deli ကြာတဲ့ website တွေကဆို နှစ်လ။
အခုဟာက မြန်မာဘက်ရောက်မှ
အရစ်ခံ အညစ်ခံရလို့ တစ်လထပ်ကြာ။
နောင်ဆို ကြာချိန်က
air တစ်လခွဲ / ship သုံးလ လောက်
ပြောရောင်းရတော့မယ်ထင်တယ်။
အဲ့အပြင်
အရင်က cargo ကပဲ အခွန်ဆောင်ရတယ်။
အညွှန်းတို့က cargo ကို သယ်ခပေးရတယ်။
အဲ့သယ်ခထဲ cargo က အကုန်ထည့်ထားပြီးသား။
အခုကျ
အညွှန်းတို့ထိပါ လိုင်စင်လုပ် အခွန်ဆောင်
တွေလုပ်လာတော့မယ်။ အဲ့တာတွေပါလာရင်
စျေးတွေ အကုန်တက်ကုန်မှာ။
လွန်ခဲ့တဲ့ နှစ်နှစ်က
ဝမ်တစ်သောင်းတန်ကို
2000 ကျပ် အမြတ်တင်ပြီး
ဒီအရောက် 17000 ကျပ် နဲ့ရောင်းတယ်။
ဒီနှစ်ကျ
ဝမ်တစ်သောင်းတန်ကို
2000 ကျပ် အမြတ်တင်ပြီး
ဒီအရောက် 22000 ကျပ် နဲ့ရောင်းတယ်။
နောင် အခွန်တွေ တိုးဆောင်ပြီးရင်
ဝမ်တစ်သောင်းတန်ကို
2000 ကျပ် အမြတ်နဲ့ပဲကို
ဒီအရောက် ဘယ်စျေးထိဖြစ်သွားမလဲမသိဘူး။
သေချာတာက
အသုံးအဆောင်စရိတ်တွေက ပိုတိုးလာမှာ။
လစာတွေ လိုက်တိုးရင်တော့ တစ်မျိုးပေါ့။
ဒီလစာအတိုင်း ဒီဝင်ငွေအတိုင်းဆက်ရှိနေရင်
အရင်တစ်လ cosmeticsသုံးမျိုး ဝယ်နေကျသူက
နောင် တစ်လ တစ်မျိုးပဲဝယ်နိုင်တော့မှာ။
မဝယ်နိုင်လျော့သုံးမယ်ဆိုတဲ့ အတွေးထက်
Data စျေးတက်ရင် မသုံးဘူးဟာ
ဆိုတဲ့ အတွေးထက်
ပုံမှန်အရင်အတိုင်း ဝင်ငွေရှိနေရက်နဲ့
ငါဘာလို့ အရင်လို မဝယ်နိုင်တော့တာလဲကို
တွေးကြည့်ကြပါ။
"ကိုယ်လုပ်မှ ကိုယ်စားရတာ'' က
တချို့တဝက် မှန်ပေမယ့်
ကိုယ်လုပ်ထားတဲ့ ကြိုးစားထားတဲ့
အကျိုးခံစားခွင့်တွေ ယုတ်လျော့လာတာက
လူ့အခွင့်ရေး ဆုံးရှုံးလာလို့ပါ။
တသက်လုံး ဒီအတိုင်း နေသွားနိုင်ကြလား?
ဒါတွေအားလုံးကနေ ပုံမှန်ပြန်ဖြစ်ဖို့ဆိုတာက
ကိုယ့်မှာလဲ တာဝန်ရှိတာကို မမေ့ကြပါနဲ့။ ။
20/01/2022
Twit Mins 77% Off
ပုံမှန်၃သောင်းကျော်ကို ခုဘာယူယူ 12500
၁နေ့ ၂လုံးသောက်ရုံပဲ...ဂျယ်လီလိုလေးပါ
Skin Vitamin-ဖရဲသီးအရသာလေးနဲ့ Vitamin C
လဲပါလို့ Collagen ထုတ်တဲ့နေရာမှာ support ပီးအသားအရည်ကြည်ပီးနုပျိုစေတယ်...
Apple Cider Vinegar-ကိုယ်ခံအားကောင်းစေတယ်...နှလုံးကျန်းမာရေးအတွက်လဲ အထောက်အကူဖြစ်စေတယ်...အရိုးနဲ့ကြွက်သားကိုလဲ သန်မာစေတယ်...မှတ်ညဏ်လဲကောင်းစေတယ်
Hair Vitamin
ဆံပင် problem ရှိတဲ့သူတွေ သောက်သင့်ပါတယ် ဆံပင်ကျွတ်သက်သာစေပီး Baby Hair လေးတွေတောင် မြန်မြန်ပြန်ပေါက်လာစေပါတယ်နော်
16/01/2022
WB Super Vegitoks Cleanser mini
30ml- 4000 Ks Instock
အဆီဖု၊ ဝက်ခြံပျောက်ချင်ရင်၊ အဆီပြန်တာသက်သာချင်ရင် အစိမ်းရောင်လေး
အသားအရေတင်းပြီး မျက်နှာလေးပြောင်ပြောင်ဝင်းဝင်းလေးနဲ့ Glow ချင်ရင် ခရမ်းရောင်လေး
Whitening အတွက်ဆို အနီလေး
15/01/2022
Retinol စသုံးမယ်ဆို ဒါတွေသိသင့်ပါတယ်နော်
Click here to claim your Sponsored Listing.
Category
Website
Address
Yangon