M&M GDS
09/03/2026
🇲🇾 Malaysia သို့ ပစ္စည်းပို့ဆောင်လိုသူ Customer များရှင့်🇲🇾
16 ရက်နေ့မှာ 🛫 flight ရှိတာဖြစ်လို့ 15 ရက်နေ့ ညနေ 5 နာရီအထိ ပစ္စည်းလေးတွေ နောက်ဆုံးထားလက်ခံပေးနေပါပြီဆိုတာလေး အသိပေးအပ်ပါတယ်ရှင့်🥰
゚viralシalシ
16/10/2025
📣 စစ်ကိုင်းပြတ်ရွေ့တောင်ဘက်စွန်း/ရှမ်းကုန်းပြင်
မြင့်တကြော ပြတ်ရွေ့များ ဖိအားဆက်တိုက် တိုးနေ
ဆဲ!
မတ်လ ၂၈ ရက်နေ့က လှုပ်ခဲ့တဲ့ M 7.7 စစ်ကိုင်း
ငလျင်ကြီး ရဲ့ နောက်ဆက်တွဲ ဖိအားတွေဟာ လုံးဝ
မကုန်သေးပါဘူး။ နိုင်ငံတကာနဲ့ ဒေသတွင်း
Stationsများက တိုင်းတာဖြန့်ဝေပေးထားတဲ့
GNSS (ဂြိုလ်တုတိုင်းတာမှု) နဲ့ ငလျင်ဒေတာ
ပေါင်း စပ်သုံးသပ်ချက်အရ အရေးကြီးတဲ့ ဇုန်
(၂) ခု မှာ အန္တရာယ်ဟာ ဆက်တိုက် တိုးနေ
ပါတယ်။ (နေ့တိုင်း သတိပေးပြောပြနေလို့ ငလျင်ကြီးက နေ့ချင်းညချင်းချက်ချင်းမလှုပ်သေးပဲ...
ကြာနေရင် Page ကို Unfollow ချင်လောက်အောင်
ဖြစ်လည်း ကျနော်တို့က အထူးနှိုးဆော်သတိပေး
နေရမှာပါ။ အန္တရာယ်ရှိရင်ရှိတယ် လျော့ရင်လျော့
တယ်ကိုပါ အချိန်နဲ့အမျှရရှိလာတဲ့ အချက်အလက်
တွေကနေ တွက်ယူစစ်ဆေး ပြောပြအသိပေးနေ
မှာပါ )
📌 ဒီနေ့ စစ်ကိုင်းပြတ်ရွေ့ မတ်လ ၂၈ရက် တောင်
ဘက်စွန်းအက်ကွဲကြောင်းအနီး ပဲခူးမြောက်ပိုင်း
(ကျောက်တံခါး/ပဲနွယ်ကုန်း)၊ ကျောက်ကြမ်းပြတ်ရွေ့ အရှေ့ဘက်တကြော ရှမ်းပြည်နယ် (ဟိုမိန်း) နဲ့ ကရင် ပြည်နယ် ဖာပွန်) စတဲ့ ဒေသတွေမှာ M 1.8 ~
2.8 အဆင့် ငလျင်ငယ်များ ဆက်တိုက် လှုပ်ခတ်
နေခဲ့ပါတယ်။
ဒါဟာ ဘာကို ပြနေလဲဆိုရင်_
🔴ဇုန်(၁) စစ်ကိုင်းပြတ်ရွေ့ တောင်ဘက်ပိုင်း
M 7.7 ငလျင်ကြီးက အပြည့်အဝ မပေါက်ကွဲခဲ့တဲ့
ဖိအားများဟာ ကျောက်တံခါး/ပဲခူး ဝန်းကျင်မှာ
ဆက်လက် စုဆောင်းနေဆဲပါ။ ဒါကြောင့် လာမယ့်
မဝေးတော့တဲ့ကာလအတွင်း ( အမြန်ဆုံး ၂လ / မ
နှေးမမြန် ၆ လ / အနှေးဆုံး ၁ နှစ်ကျော်) အတွင်း
M 6 ~ 6.5+ အဆင့် ငလျင်တစ်ခု ဖြစ်လာဖို့
အလားအလာဟာ ပိုပြီး မြင့်တက်လာနေပါတယ်။
• သက်ရောက်နိုင်ခြေအများဆုံး : ပဲခူး(တောင်ငူ/ဖြူး/မှသည် ရန်ကုန်မြောက်ပိုင်းအထိ )
🔴 ဇုန်(၂) ရှမ်းကုန်ပြင်မြင့် ဆက်စပ်တကြော
• M 7.7 ရဲ့ တွန်းအားကြောင့် ရှမ်းကုန်းပြင်မြင့်နဲ့
မြေပြန့်မြေနိမ့်ပိုင်း အနားသပ်ဖြစ်နေတဲ့ ရှမ်း
တောင်တန်းပြတ်ရွေ့ကစပြီး -> ကျောက်ကြမ်းအလယ် =>ရှမ်းကုန်ပြင်မြင့် ပြတ်ရွေ့တွေဟာ မတည်မငြိမ် ဖြစ်နေဆဲပါ။ မန္တလေး နေပြည်တော် နဲ့
ပဲခူးမြောက်ပိုင်းတို့နဲ့ နွယ်နေတဲ့ ရှမ်းတောင်တန်း
ပြတ်ရွေ့စုတွေတခုခုမှာများ အခန့်မသင့်လို့ M 5
~ 6 အဆင့် Moderate အဆင့် ငလျင်တွေ၀င်
လာခဲ့ရင် အနက်တိမ်မှာ လှုပ်နိုင်တာကြောင့် ပြန် လည်ထူထောင်ရေးနဲ့ ပြင်ဆင်ရေး မပြီးသေးတဲ့ အဆောက်အအုံတွေအတွက် သတိပြုဖို့လို
ပါတယ်။ ( ဒီအချက်တွေအတွက် မတ်လ၂၈ ရက်
နေ့ ဒဏ်ခံ ပြည်သူများကို အားနာပေမယ့် ခံစား
ချက်နဲ့ကာထား/ဖော့ထား လို့မရတဲ့ သိပ္ပံနည်းကျအချက် အလက်တွေက တွက်ယူရရှိတဲ့ အချက် အလက်မို့ အစိုးရိမ်မလွန်ပဲ သတိလေးပိုထား
နိုင်ဖို့ပါ)
⚠️ ပြည်သူများအတွက် ကြိုတင် သတိပြုပြင်
ဆင်နိုင်ရန် (Actions)
လက်ရှိ အခြေအနေမှာ ကြိုတင်သတိပြုပြင်ဆင်မှု ဟာ အကောင်းဆုံးကာကွယ်မှုပါ။
• မတ်လက လှုပ်ခဲ့တဲ့ဒဏ်ကြောင့် အက်ကြောင်း
တွေရှိပြီး ပြန်လည်ပြုပြင်ထားခြင်းမရှိပဲ ပျက်စီးနေတဲ့ အဆောက်အအုံတွေအောက်မှာ နေထိုင်ခြင်း၊ အနီး အနားမှာ ရှိနေခြင်းကို ရှောင်ကြဉ်ပါ။
• အရေးပေါ်အိတ် ပြင်ဆင်တဲ့အလေ့အကျင့်
ရှိထားပါ။ Water (ရေ)၊ Light (မီးအိမ်/ဓာတ်မီး)၊
First Aid (ရှေးဦးသူနာပြုပစ္စည်း)၊ Money (ငွေ
သား) စတာတွေ ပါဝင်တဲ့ အရေးပေါ် အိတ်ကို
မိသားစုတိုင်း ပြင်ဆင်ထားတဲ့အလေ့အကျင့်ထား
ရှိပြီး အနီးအနားမှာ ထားပါ။ (သူခိုးရန်ကိုလည်း
သတိထားပါ )
• ဘေးလွတ်ရာ စုရပ် သတ်မှတ်ပါ။ မိသားစုဝင်အားလုံးအတွက် ငလျင်လှုပ်ပြီးနောက် စုစည်း
ရမည့် ပွင့်လင်းတဲ့နေရာ (ဘောလုံးကွင်း၊ ပန်းခြံ စသည်) ကို သတ်မှတ်ထားပါ။
⚠️ သတိချပ်ပါ။ သိပ္ပံပညာရှင်တွေဟာ ငလျင်ကို
ဘယ်အချိန် ဘယ်နေရာမှာ လှုပ်မယ်ဆိုတာ တိတိ
ကျကျ ပြောလို့ မရသေးပါဘူး။ ဒါပေမယ့် ဖိအား
တွေ စုဆောင်းနေတဲ့ နေရာကိုတော့ တိကျစွာ
ထောက်ပြနိုင်ပါတယ်။ ဒီကနေပဲ ငလျင်ကြီးလာနိုင်
တဲ့ ဇုန်တွေကို သတ်မှတ်ခန့်မှန်းပေးနိုင်တာပါ။ လာ
မယ့် လအနည်းငယ်အတွင်းကစပြီး ငလျင်ဒဏ်
ခံနိုင်ရေး ကြိုတင်တွေးဆကာ သတိဝီရိယရှိရှိ
နေထိုင်ကြဖို့ အားလုံးကို တိုက်တွန်းပါတယ်။
မေတ္တာဖြင့်
🌿AI INFO TEAM 🌿
10:30 PM | 14 OCT 2025
#ငလျင်သတိပေးချက် #စစ်ကိုင်းပြတ်ရွေ့
20/07/2025
Myanmar 🇲🇲 မှ Malaysia 🇲🇾 သို့
မလေးရှားကို ပစ္စည်းပို့ဖို့ Cargo ရှာနေတယ်ဆိုရင် တပတ် 1 ကြိမ် လေယာဉ်နဲ့ တင်ဆောင်ပေး ပါတယ် ⚡📦
အစားအသောက်ပဲပို့မလား၊အဝတ်အထည်ပဲပို့မလား၊အလှကုန်ပဲပို့မလား 1Kgကနေစတင်ပို့ဆောင်နိုင်ပါတယ်ရှင့်🎁
❗Kgခကို မလေးရှားဘက် ပစ္စည်းရောက်မှပဲ ကီလိုခပေးချေရမှာဖြစ်လို့ အဆင်ပြေပြေနဲ့ထုတ်ယူလို့ရပါတယ်ရှင့်💓
မလေးရှား Flight လေးက တစ်ပတ်မှာ Monday 1 ရက်ပဲထွက်တာဖြစ်လို့ စနေနေ့နောက်ဆုံး ပစ္စည်းအရောက်ပို့နိုင်ရင် ရပါတယ်ရှင့် ✈️📦
အသေးစိတ်သိရှိလိုပါက Page Messenger မှာဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်😍
#ပစ္စည်းပို့ဆောင်ရေး
Click here to claim your Sponsored Listing.
Contact the business
Telephone
Website
Address
Yangon