MPS Myanmar

MPS Myanmar

Share

Photos from MPS Myanmar's post 24/03/2026

မြန်မာနိုင်ငံဓာတ်ပုံအသင်း(၅၉)ကြိမ်မြောက်မြန်မာနိုင်ငံလုံးဆိုင်ရာဓာတ်ပုံပြိုင်ပွဲဆုရအနုပညာဓာတ်ပုံပြပွဲကို၂၄.၃.၂၀၂၆နေ့လည် ၂ နာရီက
Junction City ‌မှာဟောပြောပွဲပြုလုပ်ရာ အောင်ပြည့်စိုး ဟောပြောစဉ် ။

Photos from MPS Myanmar's post 24/03/2026

မြန်မာနိုင်ငံဓာတ်ပုံအသင်း ၅၉ ကြိမ်မြောက်မြန်မာနိုင်ငံလုံးဆိုင်ရာဓာတ်ပုံပြိုင်ပွဲ ဆုရအနုပညာဓာတ်ပုံပြပွဲ ဆုချီးမျှင့်ပွဲနှင့်ဟောပြောပွဲကို ၂၃.၃.၂၀၂၆ ၊ နေ့လည် ၂ နာရီက
Junction City အောက်ထပ်တွင် ပြုလုပ်ရာ အောင်ချမ်းသာ မှဟောပြောစဉ်။

17/03/2026

ဓာတ်ပုံပြပွဲ ၊ ဟောပြောပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပပြုလုပ်မည်

မြန်မာနိုင်ငံဓာတ်ပုံအသင်း၏ ဆုရဓာတ်ပုံအနုပညာ လက်ရာများပြပွဲ ၊ ဟောပြောပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ် မတ်လ ၂၃ ၊ ၂၄ ၊ ၂၅ ရက်နေ့များတွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။ ရန်ကုန်မြို့ Junction City Shopping Mall ရှိ Promotion Area တွင် ကျင်းပပြုလုပ်မည့် ယင်းအခမ်းအနား၌
(၅၉)ကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဓာတ်ပုံပြိုင်ပွဲကြီး၏ ဆုရဓာတ်ပုံရာများ ၊ ၃ လပတ်ပြိုင်ပွဲ ၊ သင်တန်းသားပြိုင်ပွဲ များ၏ ဆုရဓာတ်ပုံရာများကို ချိတ်ဆွဲပြသသွားမည် ဖြစ်ပါသည်။
ပြပွဲနှင့်အတူ ဓာတ်ပုံပညာဆိုင်ရာ ဟောပြောပွဲများကို နေ့စဥ် နေ့လည် ၂ နာရီအချိန်တွင် ပြုလုပ်သွားမည်ဖြစ်ရာ စိတ်ဝင်စားသူ မည်သူမဆို အခမဲ့ တက်ရောက်နိုင်ပါသည်။
ဆုပေးပွဲကို လာမည့် မတ်လ၂၅ ရက်နေ့ နေ့လည် ၂ နာရီတွင် ယင်းအခမ်းအနား၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ဆုရရှိသူများ ကြိုတင်သိရှိစေရန် ဖိတ်ကြားအပ်ပါသည်။

ပြပွဲပြိုင်ပွဲ ကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဓာတ်ပုံအသင်း

Want your business to be the top-listed Photography Service in Yangon?
Click here to claim your Sponsored Listing.

Category

Culinary Team

Attire

Telephone

Address


No. 27/29, First Floor, 35th Street(Lower), Kyauktada Township
Yangon