Jacqueline Chatty Forum
14/07/2021
ယနေ့အတွက် အောက်ဆီဂျင်ရယူနိုင်သော နေရာများ (၁၄.၇.၂၀၂၁)
ရှာလို့လွယ်အောင် လို့ hashtag နဲ့ share ပေးစေချင်ပါတယ်ရှင်။
ရန်ကုန်
ဧရာစံ
09252252832
အမှတ် ၄၄၂၊ စက်မှုဇုန် ၁ လမ်းမကြီးနှင့် ရန်ကုန်လမ်းထောင့်၊ တောင်ဒဂုံမြို့နယ်။
အိုးအသေးပဲဖြည့်လို့ရပါမယ်
တန်းစီရပါမယ်
တောင်ဒဂုံ
တောင်ဒဂုံ စစ်ကိုင်းလမ်းက Naing
https://www.facebook.com/100043896435100/posts/383125036494041/?d=n
https://www.facebook.com/110908947931578/posts/111400794549060/?d=n
ဒေါပုံနွယ်အေး
https://www.facebook.com/101026598932917/posts/102710758764501/?d=n
(ဖုန်းတော့မကိုင်ဘူး ပေးနေကြဆိုတော့ သေချာသလောက်ရှိပါတယ်။)
https://www.facebook.com/100069180667461/posts/123936969922325/?d=n (အရေအတွက် limit ရှိပါတယ်)
အိုးအလွတ်
09785362652 (တောင်ဒဂုံ)
ဒီအကိုဆီကလည် အိုးလွတ်ရပါတယ်တဲ့
ရန်ကုန် Volunteer ( ကိုယ်တိုင်သွားရောက်မဖြည့်နိုင်သူများအတွက်)
https://www.facebook.com/groups/covid19oxygen/permalink/340122484431720/
မန္တလေး
Mandalay ၁၁၇လမ်း ၅၃×၅၄
မြရည်နန္ဒာပရဟိတအသင်း
မနက်၉နာရီစပေးမှာပါတဲ့ရှင်
ပြည် (အိုးအသေးရ)
NKS O2 အငှား
09796996762
ပြည်
အောင်လုပ်ငန်းစု
095310228
၉ နာရီလောက်ရပါမယ်တဲ့။
ပြည်
ပရဟိတပါရမီလူမှုကူကယ်ဆယ်ရေးအသင်း
09453200007
အိုးအလွတ်ယူသွားပြီးမှ တစ်ဆင့်သွားဖြည့်ပေးမှာပါ။ (ဖုန်းဆက်ပြီး)
ရှေ့တစ်ပတ် ရန်ကုန်ရောက်မဲ့ concentrator
https://www.facebook.com/1725531574377831/posts/2898061777124799/?d=n
Stay Strong ❣️
Crd:
08/07/2021
ရန်ကုန်မှာ အောက်ဆီဂျင်အိုး ရနိုင်မယ့် နေရာများ
==================================
အလွယ်တကူ ရှာနိုင်ရန် သင်္ကေတ
🌻 အဝါပန်းပွင့် 👉🏻 ပရဟိတအသင်းများ
🌺 အနီပန်းပွင့် 👉🏻 အရောင်းဆိုင်များ
🌳 အစိမ်းသစ်ပင် 👉🏻 ပြန်ဖြည့်လို့ ရနိုင်သော နေရာများ
🌻 ဘုရားလမ်း လူမှုကူညီရေးအသင်း
ပန်းပဲတန်းမြို့နယ်
09786012786
🌻 ပေးဆပ်ခြင်း ပရဟိတအသင်း
ပုဇွန်တောင်မြို့နယ်
09421139525
09263876640
09263876644
🌻 စေတနာ လူမှုကူညီရေးအသင်း
အမှတ်(၃/၄)ရပ်ကွက်၊ ပုဇွန်တောင်မြို့နယ်
09254839779
09253381448
092500800100
09440470636
09793622114
095184798
🌻 ငြိမ်းချမ်းခြင်းလက်များ ပရဟိတအသင်း
အနော်မာရပ်ကွက်၊ သာကေတမြို့နယ်
09421004119
095077446
09420259094
🌻 နွယ်အေး ဗလီ
ဒေါပုံမြို့နယ်
09976544981
09250011562
095500787
🌻 ဖို့မြေရပ်ကွက် လူမှုကူညီရေးအသင်း
အမှတ်(၉၈/၁၀၀)၊ ၁၀၁လမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်
01290782
095047868
0940044545
09443219152
🌻 သပြေကုန်းရပ်ကွက် လူမှုကူညီရေးအသင်း
အမှတ်(၃၅ ဘီ) ၁၂၅လမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်
09424777120
09424777150
09424777160
09424777180
🌻 မင်္ဂလာအောက်စီဂျင်လေအလှူတော်
ဆရာစံတောင်ရပ်ကွက်၊ မင်းလမ်းမှတ်တိုင်အနီး၊ ဗဟန်းမြို့နယ်
095177186 095050668
🌻 ချမ်းမြေ့ဆည်းဆာ လူမှုကူညီရေးအသင်း
မရမ်းကုန်းမြို့နယ်
09254191610
09761965504
🌻 ရတနာအောင်လူမှုကူညီကယ်ဆယ်ရေးအသင်း
(၁)ရပ်ကွက်၊ အောင်ချမ်းသာ(၄)လမ်း၊ ကမာရွတ်မြို့နယ်
09448006765
09403077227
09880996991
🌻 လှည်းတန်း လူမှုကူညီရေးအသင်း
ကမာရွတ်မြို့နယ်
09403789779
09788526300
🌻 အမေ - အောက်ဆီဂျင် ကုသိုလ်ဖြစ်
အမှတ် ၂၁၊ မင်္ဂလာလမ်း၊ ၈ရပ်ကွက်၊ ကမာရွတ်မြို့နယ်
095122487
🌻 လှိုင်မြို့နယ်(၃)ရပ်ကွက်(၁၀)ဓမ္မာရုံ
🌻 မယ်ဇလီ ပရဟိအသင်း
အမှတ်(၈)ရပ်ကွက်၊ ဦးချိူလမ်း၊ လှိုင်မြို့နယ်
🌻 ပရဟိတအသင်း - အမည်မသိ
ဘူတာရုံလမ်းမှတ်တိုင်အနီး၊ လှိုင်မြို့နယ်
09443193099
🌻 ရောင်စဥ်မဲ့ လူမှုကူညီရေးအသင်း
ကြည့်မြင်တိုင်မြို့နယ်
09259967778
09799639331
🌻 ပရဟိတနှလုံးသား လူမှုကူညီရေးအသင်း
ကြည့်မြင်တိုင်မြို့နယ်
🌻 မွန်မြတ်သန့်ရှင်း ပရဟိတအသင်း
၄၀ စျေးအနီး၊ ၃၅ရပ်ကွက်၊ တပင်ရွှေထီးလမ်း၊ မြောက်ဒဂုံမြို့နယ်
🌻 စက္ကဝတ်ထိပ်ကဓမ္မာရုံ၊ မြောက်ဥက္ကလာပမြို့နယ်
🌻 မင်္ဂလာဒုံ နာရေးကူညီမှုအသင်း
ကျိုက္ကလော့ဘုရား၊ ဝတ္တကနယ်မြေ၊ မင်္ဂလာဒုံမြို့နယ်
09899964587
09899964588
🌻 အေးချမ်းမေတ္တာ လူမှုကူညီရေးအသင်း
အင်းစိန်မြို့နယ်
09751072309
🌺 K.K နိုင် - အရောင်း/အငှား
အမှတ်(၂၃၆/ဘီ)၊ အခန်း(၁၄)၊ ဗိုလ်တစ်ထောင်စျေးလမ်း×အနော်ရထာလမ်းထောင့်၊ ပုဇွန်တောင်မြို့နယ်
01397255
095048718
09421115487
🌺 K.K နိုင် - အရောင်း/အငှား
အမှတ်(၁၇/၁၈)၊ ယမုံနာလမ်းမကြီး၊ ရန်ပြေ၊ သာကေတမြို့နယ်
0973043096
09965048718
09785048718
🌺 June group - အရောင်း
အမှတ်(၄၃၇) ယမုံနာလမ်း၊ ဇေယျာသီရိရပ်ကွက်၊ ဒေါပုံမြို့နယ်
🌺 Naing Family - အရောင်း/အငှား/refill
အမှတ်(၂၈၈)၊ ကုန်သည်လမ်း၊ ဗိုလ်တထောင်မြို့နယ်
09952218898
🌺 Naing Family - အရောင်း/အငှား/refill
အမှတ် ၁၉/၂၀၊ ပုဇွန်တောင်စက်မှုဇုံလမ်း၊ တောင်ဥက္ကလာပမြို့နယ်
09443043094
09443196913
🌺 မာဃအောက်ဆီဂျင် - အရောင်း
မာဃလမ်းမကြီး ၁၂လမ်းကွေ့ အနီး။ တောင်ဥက္ကလာပမြို့နယ်
09402591759
🌺 နေလအောက်စီဂျင် -
ကံဘဲ့၊ ရန်ကင်းမြို့နယ်
🌺 June group - အရောင်း
D - ပုဇွန်တောင်စက်မှုလမ်းမကြီး၊ စက်မှုဇုံ(၃)၊ တောင်ဒဂုံမြို့နယ်
098100287
🌺 အောင်မြန်မာ - အရောင်း
ဟံသာဝတီပျိုးဥယျာဥ်ဝန်း၊ ကျွန်းတောလမ်းမ၊ ကမာရွတ်မြို့နယ်
0973009532
098612738
09266027185
0973011903
🌺 June group - အရောင်း
အမှတ် (၁၉၂)၊ ၁၃ရပ်ကွက်၊ အင်းစိန်လမ်းမကြီး၊ လှိုင်မြို့နယ်
01704773, 012305082
🌺 June group - အရောင်း
အမှတ်(၂၅၂)၊ ၁၆ရပ်ကွက်၊ အင်းစိန်လမ်းနှင့် ပါရမီလမ်းထောင့်၊ လှိုင်မြို့နယ်
098619957
09796217069
🌺 ပါရမီစိန်ဂေဟာမီးပွိုင့်အနီး၊ သမိုင်းမြို့နယ်
🌺 ရွှေသွေးအိမ်လုပ်ငန်းစု - အရောင်း
မြို့သစ်ဈေးရှေ့၊ အင်းစိန်မြို့နယ်
095080178
🌺 Joy House - အရောင်း
ဘုရင်းနောင် လမ်းမကြီး၊ ရွာမအနောက်ရပ်ကွက်၊ အင်းစိန်မြို့နယ်
09444555946
🌳 Unity Oxygen - refill
အမှတ် ၂၈၆၊ စက်မှုလမ်းသွယ် (၆)လမ်း၊ ဇုံ (၁)၊ ရွှေပြည်သာမြို့နယ်၊ ရန်ကုန်မြို့။
🌳 ရွှေပြည်ညွန့် Oxygen Plant - refill
အမှတ်(၆) စက်မှုဇုံ(၁)၊ တောင်ဥက္ကလာပမြို့နယ်
098550383
🌳 Best Naing Oxygen Plant - refill
ဒဂုံမြို့သစ်မြို့နယ်
09972188977
🌳 A Yar San Oxygen Plant - refill
အမှတ်(၄၄၂), စက်မှုဇုံ(၁)လမ်းမကြီးနှင့် ရန်ကုန်လမ်းထောင့်၊ တောင်ဒဂုံမြို့နယ်
🌳 Mr. Air Oxygen plant - refill
အမှတ်(၈) ဗဟန်း(၁)လမ်း
09260993058
🌳 June Group - အရောင်း/ refill
အကွက်(၇၃) မြနန္ဒာလမ်း၊ ဒဂုံဆိပ်ကမ်း သင်္ဘောကျင်း
0949214625
🌳 Lwin Family - refill
အမှတ်(၂၇)၊ ၅၃လမ်း - အလယ်ဘလောက်
01295520
098636400
ဒါကတော့ ရန်ကုန်အတွက် Yangon Directory က စုပေးထားတဲ့ Link ပါ https://cutt.ly/umkP7YK
မန္တလေးမှာ အောက်ဆီဂျင်အိုး ရနိုင်မယ့် နေရာများ
https://facebook.com/107690241086965/posts/298322988690355/
အောက်စီဂျင်အိုး အသုံးပြုပုံ
https://m.facebook.com/story.php?story_fbid=298975135291807&id=107690241086965
အောက်စီဂျင်အိုး အသုံးပြုသူများ ဆောင်ရန်၊ ရှောင်ရန်
https://m.facebook.com/story.php?story_fbid=298975348625119&id=107690241086965
ကနဦး စုစည်းထားတဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်
ပြည်သူများ ကပ်ဘေးမှ အမြန်ဆုံး ကျော်လွှားနိုင်ကြပါစေ
Crdit
07/07/2021
မေတ္တာသုတ်ကို နားလည်ပီးမှ ရွတ်ရတာ
ပိုအကျိုးရှိမယ်ထင်လို့ပါ။
မေတ္တာသုတ် အကြောင်း🙏🏻🙏🏻🙏🏻🙏🏻
ဗုဒ္ဓဘာသာတိုင်း သိထားသင့်သော
မေတ္တာသုတ် ၊ အဓိပ်ပါယျနဲ့ ပွားများခြင်း အကျိုးကျေးဇူးများ နှင့်
မေတ္တာသုတ်ကျင့်သူများ လိုက်နာရန် များကို တင်ပြ လိုက်ပါတယ်
၁။ယဿာနုဘာဝတော ယက္ခာ၊
နေ၀ ဒေဿန္တိ ဘီသနံ။
ယဥှိ စေဝါနုယုဉ္ဇန္တော၊
ရတ္တိန္ဒိ၀ မတန္ဒိတော။
**မေတ္တသုတ်ပရိတ်တော်၏ တန်ခိုးရှိန်စော် အာနုဘော်ကြောင့် ကြမ်းတမ်းခက်ထန်သော ဘီလူး သရဲစသော နာနာဘာ၀တို့သည် မခြောက်လှန့်နိုင်ကြကုန်၊ ယင်းသုတ်ကို နေ့ညမပြတ် ရွတ်ဖတ်သရဇ္စျာယ်သောသူသည်...
၂။ သုခံ သုပတိ သုတ္တော စ၊
ပါပံ ကိဉ်စိ န ပဿတိ။
ဧ၀မာဒိ ဂုဏူပတေံ။
ပရိတ္တံ တံ ဘဏာမ ဟေ။
**ချမ်းသာစွာ အိပ်ပျော်ခြင်း၊ အိပ်နေစဉ်လည်း အိပ်မက်ဆိုးများ မမြင်မက်ခြင်းစသော အကျိုးဂုဏ်များရှိသောကြောင့် - အို သူတော်ကောင်းအပေါင်းတို့ ငါတို့ ရွတ်ဆိုကြပါစို့
၃။ကရဏီယ မတ်ထကုသလနေ၊
ယန်တ သန်တံ ပဒံ အဘိသမဈစေ။
သက္ကော ဥဇူ စ သုဟုဇူ စ၊
သုဝေစာ စဿ မုဒု အနတိမာနိ၊
**အကျိုးစီးပွားလိုလား၍ လိမ္မာကျွမ်းကျင်သောအမျိုးကောင်းသား၊ အမျိုးကောင်းသမီးတို့သည် ငြိမ်သက်အေးချမ်းသော နိဗ္ဗာန်၏ ဂုဏ်တို့ကို အာရုံပြုကာ ယခုကဲ့သို့မေတ္တာပွားမှုကို ပြုသင့်ပါပေ၏၊ ထိုသို့ မေတ္တာပွားလိုသူသည် တစိုက်မတ်မတ်စွမ်းနိုင်အောင် ပွားများအပ်၏၊ ကိုယ်စိတ်နှစ်ပါး ရိုးသားဖြောင့်မတ်သင့်၏၊ အလွန် ရိုးဖြောင့်သူ ဖြစ်သင့်၏၊ ဆုံးမလွယ်သူ၊ သူတပါး၏စကားကို နာခံလွယ်သူဖြစ်ပြီး ကိုယ်နှုတ်နှလုံး သိမ်မွေ့ကာ ကိုယ့်ကိုယ်ကို အထင်ကြီးခြင်းမာန်မာနလဲ မထားသင့်ပေ။
၄။ သန္တုဿကော စ သုဘရော စ၊
အပ်ပကိစ်စော စ သလ်လဟုကဝုတ်တိ။
သန္တိနြ္ဒိယော စ နိပကော စ၊
အပ္ပဂဗ္ဘော ကုလေသွ န နုဂိဒ္ဓေါ။
**စားသောက်စရာ၊ နေစရာအရာရာတို့တွင် ရှိသမျှဖြင့် တင်းတိမ်ရောင့်ရဲလွယ်သူ ဖြစ်သင့်၏၊ ကိုယ့်၀မ်းတခါးအတွက် လွယ်လင့်တကူပေ့ါပါးစွာ အသက်မွေးနိုင်သူလည်း ဖြစ်သင့်၏၊ အပိုဗာဟိရ ကိစ္စ နည်းပါးနိုင်သလောက် ကျင့်သုံးသင့်၏၊ စိတ်သွားတိုင်းကိုယ်ပါနေသကဲ့သို့ ဖြစ်သင့်၏၊ ထို့ပြင်သာမက မျက်စိ၊ နားစသော ဣနြေ္ဒငါးပါးကို ထိန်းသိမ်းသူ၊ တည်ငြိမ်ရင့်ကျက်သူ၊ ဥာဏ်ပညာဖြင့် ချင့်ချိန်နိုင်သူလည်း ဖြစ်သင့်၏၊ ကိုယ့်နင့်ဆက်စပ်သော သူအားလုံးတို့အပေါ်၌ တွယ်တာမနေသင့်ပေ။
၅။န စ ခုဒ္ဒ မာစရေ ကိဉ္စိ၊
ယေန ဝိညူ ပရေ ဥပ ဝဒေယျုံ။
သုခိနော၀ ခေမိနော ဟောန္တု၊
သဗ်ဗသတ်တာ ဘ၀န်တု သုခိတတ်တာ။
**ရှေးရှေးသော ပညာရှိတို့ ကဲ့ရဲ့အပ်သော မကောင်းမှုမှန်သမျှ အသေးအမွှားလေးကအစ ဘာတစ်ခုမျှ မပြုလုပ်ပါစေကုန်လင့်၊ သတ္တဝါအားလုံးတို့သည် ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာ၍ ချမ်းသာကြပါစေသတည်း၊ ဘေးရန်ကင်းကွာ ချမ်းသာစွာ နေနိုင်ကြပါစေသတည်း၊
၆။ ယေ ကစေိ ပါဏဘူတတ်ထိ၊
တသာ ဝါ ထာ၀ရာ၀ နဝေသသာ။
ဒီဃာ ဝါ ယဝေ မဟန်တာ၊
မဇစွှိမာ ရဿကာ အဏုက ထူလာ။
**ထွက်သက်၀င်သက် အသက်ရှုနေကြသော သတ္တဝါမှန်သမျှ၊ ကြောက်ရွံ့ထိတ်လန့်တတ်ကြသောရဟန္တာမဖြစ်ကြသေးသော သတ္တဝါများ၊ မကြောက်မရွံ့့ တည်ကြည်ငြိမ်သက်ကြသော ရဟန္တာမထေရ်မြတ်ကြီးများ၊ ခန္ဓာကိုယ်ရှည်လျားသော သတ္တဝါ၊ ခန္ဓာကိုယ်ကြီးမားသော သတ္တဝါ၊ မရှည်မတို၊ မကြီး မသေး အလယ်အလတ်ဖြစ်ကြသော သတ္တဝါ၊ ခန္ဓာကိုယ် ဆူဖြိုးသောသတ္တဝါ၊ အားဖြင့် နောက်ဆုံး အဏုမြူတမျှ သေးငယ်ကုန်သော သတ္တဝါတွေအပါအ၀င် အားလုံးတို့သည် ဘေးရန်မရှိ ချမ်းသာပကတိရှိကြပါစေ
၇။ ဒိဋ္ဌာ ဝါ ယေ၀ အဒိဋ္ဌာ၊
ယေ၀ ဒူရေ ၀သန်တိ အဝိဒူရေ။
ဘူတာ၀ သမ်ဘေ၀သီ၀၊
သဗ်ဗသတ်တာ ဘ၀န်တု သုခိတတ်တာ။
**မျက်စိဖြင့် မြင်နိုင်သောမြင်ဖူးသောသတ္တဝါ၊ မမြင်နိုင်သော၊ မမြင်ဖူးသောသတ္တဝါ၊ ကျွနုပ် အဝေးမှာ ရှိနေသော၊ အနီးနားမှာ ရှိနေသော၊ မနီးမဝေးမှာ ရှိနေသောသတ္တဝါများ၊ နောင်ဘ၀မဖြစ်ရတော့သည့် ရဟန္တာစသော သူတော်ကောင်းတို့သည်၄င်း၊ နောင်ဘဝြဖစ်ကြအုံးမည့် ပုထုဇဉ် သေက္ခစသော သတ္တဝါအားလုံးတို့သည်၄င်း ဘေးရန်ကင်းကွာ ချမ်းသာကြပါစေကုန်သတည်း၊
၈။ န ပရော ပရံ နိကုဗ္ဗေထ၊
နာတိမညထေ ကတ်ထစိ န ကဉ်စိ။
ဗျာရောသနာ ပဋိဃသည၊
နာည မညဿ ဒုတ်ခ မိစ်ဆယြေ။
**တစ်ယောက်ယောက်က တစ်ယောက်ယောက်ကို၊ တိရိစ္ဆာန်တကောင်က တစ်ကောင်ကို ဘယ်လိုအကြောင်းကြောင့်မျှ၊ ဘယ်နေရာမှာမဆို၊ စဉ်းလဲကောက်ကျစ်မကောင်းကြံခြင်း၊ မာန်မာနထောင်လွှားကာ မထီမဲ့မြင် မပြုကြပါစေလင့်။
ကိုယ်နှုတ်တို့ဖြင့် စော်ကားပုတ်ခတ်ခြင်း၊ ဒေါသအာဃာတဖြင့် အချင်းချင်း သူတပါးဒုက္ခရောက်သည်ကို အလိုမရှိကြပါစေကုန်လင့်။
၉။မာတာ ယထာ နိယံပုတ်တ၊
မာယုသာ ဧကပုတ်တ မနုရက်ခေ။
ဧ၀မပြိ သဗဗြဘူတသေု၊
မာနသံ ဘာဝယေ အပရိမာဏံ။
**တစ်ဦးတည်းသော သားရှိသော မိခင်သည် မိမိသားအပေါ် ဘေးရန်မကျရောက်အောင် အသက်ပေးကာ စောင့်ရှောက်သကဲ့သို့ အကျိုးကျေးဇူးအနန္တများပြားလှသော မေတ္တာစိတ်ကို သတ္တဝါအားလုံးတို့အပေါ်တွင် ဖြန့်ကျက်နေနိုင်ကြပါစေ..
၁၀။မတျတေဉျစ သဗ်ဗလောကသ်မိ ံ၊
မာနသံ ဘာဝယေ အပရိမာဏံ။
ဥဒ္ဓံ အဓော စ တိရိယဉ္စ၊
အသမ်ဗာဓံ အဝရေ မသပတ်တံ။
**အထက်ဘ၀ဂ် အရူပဗြဟ္မာ့ဘုံတိုင်အောင်၊ အောက်အဝီစိအပါယ်ဘုံတိုင်အောင်၊ အလယ်အလတ် လူ့ဘုံ၊ နတ်ပြည်ခြောက်ထပ်၊ ရူပဗြဟ္မာ့ဘုံ အပါအ၀င် နေရာမလပ် အကျိုးအနန္တများပြားလှသော၊ အတိုင်းအဆပမာဏ မရေတွက်နိုင်သော မေတ္တာစိတ်ကို ပွားများနိုင်ကြပါစေ၊ အပိုင်းအခြားလွတ်ကင်း ကျဉ်းမြောင်းခြင်းမရှိ၊ ကိုယ်တွင်းဘေးရန်လဲ မရှိ၊ ပြင်ပရန်သူလဲ မရှိပဲ အေးချမ်းစွာ နေနိုင်ကြပါစေသတည်း၊
၁၁။ တိဋ္ဌံ စရံ နိသိန္နော ၀၊
သယာနော ယာ၀တာဿ ဝီတမိဒ္ဓေါ။
ဧတံ သတိံ အဓိဋ္ဌေယျ၊
ဗွဟ်မ မတေံ ဝိဟာရ မိဓ မာဟု၊
**ရပ်နေစဉ်၊ လမ်းလျောက်နေစဉ်၊ ထိုင်နေစဉ်၊ ခန္ဓာကိုယ်လဲလျောင်းနေစဉ် ဘယ်အချိန်မှာမဆို စိတ်ပျံ့လွင့်မှုကင်း ကြည်လင်ရွှင်ပြစွာဖြင့် မေတ္တာစိတ်နှင့်ယှဉ်သော သတိကို ထားနိုင်ကြပါစေ.. ထိုကဲ့သို့ မေတ္တာစိတ် ဖြန့်ကျက်ကာ နေခြင်းကိုပင် မြင့်မြတ်သော ဗြဟ္မာကြီးတို့၏ နေထိုင်ခြင်း ဗြဟ္မဝိဟာရဟူ၍ ပညာရှိအပေါင်းတို့ ဆိုကြပေ၏။
၁၂။ ဒိဋ္ဌိဉ္စ အနု ပဂ္ဂမ္မ၊
သီလဝါ ဒဿနေန သမ္ပန္နော။
ကာမသေု ဝိနယ ဂဓေံ၊
န ဟိ ဇာတု ဂ ဗ္ဘသေယျ ပုန ရေတိ။
မတ်တေသုတ်တံ နိဋ္ဌိတံ။
**အမြဲမပြတ် မေတ္တာကမ္မဋ္ဌာန်း စီးဖြန်းပွားများလေ့ ရှိသူသည်၊ အယူလွဲမှား ဖောက်ပြန်သောဘ၀သို့ မရောက်နိုင်တော့ပဲ လောကုတ္တရာ သီလများနှင့် ပြည့်စုံပြီး မဂ်ဥာဏ်ဖိုလ်ဥာဏ်များကိုပင်မျက်မှောက်ပြုရတတ်သည်၊ သက်ရှိ၊ သက်မဲ့ ၀တ်တုအာရုံ ကာမဂုဏ်ငါးပါးတို့၌ မက်မောတွယ်တာမှုများ ကင်းကွာကာ နောင်တဖန် ပဋိသန္ဓေတည်နေရခြင်း ဇာတိဒုက္ခကိုပင် မခံစားရတော့ပေ။
(မေတ္တာသုတ် မွနျမာပွနျအဓိပ်ပါယျ ပြီးပါပြီ)
မေတ္တာအကျိုး ( ၁၁ )မျိုး
===============
၁။ ချမ်းချမ်းသာသာ အိပ်ပျော်ခြင်း၊
၂။ ရွှင်ရွှင်ပြပြ အိပ်ရာနိုးခြင်း၊
၃။ မကောင်းသော အိပ်မက်ဆိုးများ မမက်ခြင်း၊
၄။ ပတ်၀န်းကျင်မှ လူများ၏ချစ်ခင်မှု ရရှိခြင်း၊
၅။ လူမှတပါး အခြားသော ပရလောကမှပုဂ္ဂိုလ်များ ချစ်ခင်ခြင်း၊
၆။ ဘုန်းတန်ခိုးကြီးမားသော နတ်ဗြဟ္မာများ စောင့်ရှောက်မှု ခံရခြင်း၊
၇။ မီးဘေး၊ အဆိပ်ဘေး၊ ဒုတ် ၊ ဓားလက်နက် မှန်သမျှ မထိရောက်နိုင်၊
၈။ ကမ္မဋ္ဌာန်းတခုခုကို အာရုံပြုလျင် စိတ်တည်ကြည် သမာဓိရလွယ်ခြင်း၊
၉။ မေတ္တာစိတ်ကြောင့် အမြဲတမ်း မျက်နှာကြည်လင်နေခြင်း၊
၁၀။ သေခါနီး၀ယ် ကြည်ကြည်လင်လင် ရွှင်ရွှင်ပြပြ သေနိုင်ခြင်း၊
၁၁။ ယခုဘ၀တွင် မဂ်ဖိုလ်မရလျင်တောင် မေတ္တာစျာန်ဖြင့် ဗြဟ္မာ့ပြည်ရောက်ရှိနိုင်ခြင်း၊
( မေတ္တာအကျိုး ဆောင်ပုဒ် )
မေတ္တာဂုဏ်ရည် , ဆယ့်တစ်လီကား , အညီသတ္တဝါ , မလပ်ပါအောင် , ခါခါနေ့စဉ် , မေတ္တာယှဉ်မှု , ကြည်လင်အိပ်ပျော် ထချိန်တော်၍ , နိုးသော် ရွှင်ရွှင် , အိမ်မက်မြင်လည်း , အစဉ်ကောင်းစွာ , မြင်မက်ရာ၏ ။ ပြည်ရွာလူသား , နတ်အများလည်း , မြင်ကြားသမျှ , ချစ်ခင်ကြသဖြင့် , ဒေဝထွေထွေ စောင့်ရှောက်လေ၏ ။ မီး , ရေ , ခိုးသူ , များရန်သူလည်း , မယူမဖျက် , မနှောက်ယှက်တည်း ။ စိတ်ဓာတ်လည်းတည် , မျက်နှာကြည်၍ , သေမည်ခါချဉ်း , တွေဝေကင်း၏ ။ မှန်းရင်းဓမ္မ , မဂ်မရလည်း , စျာန်ရလေလစ် , ဗြဟ္မာဖြစ်သည် ... ဆယ့်တစ်မေတ္တာအကျိုးတည်း
မေတ္တသုတ်တော်လာ လိုက်နာသင့်ဖွယ် ( ၁၅ )ချက်
=============================
၁။ သက္ကောစ= တစိုက်မတ်မတ်စွမ်းနိုင်အောင် ပွားများအပ်၏၊
၂။ ဥဇု စ= ကိုယ်နှုတ်နှစ်ပါး ရိုးသားဖြောင့်မတ်သင့်သည်၊
၃။ သုဟုဇု စ= သာမာန်မဟုတ်ပဲ အလွန်ကောင်းစွာ ဖြောင့်မတ်သင့်၏။
၄။ သုဝစော စ= ဆိုဆုံးမ လွယ်သူဖြစ်သင့်၏၊
၅။ မုဒု စ= စိတ်ထား နူးညံ့သိမ်မွေ့သင့်၏၊
၆။ အနတိမာနီ စ= ကိုယ့်ကိုယ်ကို အထင်ကြီးခြင်း၊ သူတပါးကို အထင်သေးခြင်း မာန်မာန မထားသင့်ရာ၊
၇။ သန္တုဿကော စ= ရောင့်ရဲလွယ်သင့်သည်၊
၈။ သုဘရော စ=အသက်မွေးမှုအတွက် မွေးမြူလွယ်သင့်သည်၊
၉။ အပ္ပကိစ္စော စ= အမှုကိစ္စ မှန်သမျှ နည်းပါးသင့်၏၊
၁၀။ သလ္လဟုကဝုတ္တိ စ= ပေါ့ပါးသော အသက်မွေးခြင်းလဲ ရှိသင့်၏၊
၁၁။ သန္တိနြ္ဒိယော စ= ငြိမ်သက်သော ဣနြေ္ဒရှိသင့်၏၊
၁၂။ နိပကော စ= ရင့်ကျက်သော တည်ငြိမ်သော ပညာဥာဏ်လဲ ရှိသင့်၏၊
၁၃။ အပ္ပဂဗ္ဘော= ကိုယ်နှုတ်နှလုံး ကြမ်းတမ်းခြင်း မရှိရာ။
၁၄။ ကုလေသု အနနု ဂိဒ္ဓေါ= အမျိုးလေးပါးတို့၌ တပ်မက်မှုမရှိသင့်ပေ၊
၁၅။ န စ ခုဒ္ဒ မာစရေ ကိဉ္စိ - ဒုစရိုက်ကို အနည်းငယ်မျှလည်း မပြုကျင့်ရာ။
ထိုသို့လိုက်နာကျင့်သုံးလျှင် မေတ္တာစျာန်ဖြင့်
ဗြဟ္မာ့ပြည်ရောက်ရှိနိုင်ခြင်း၊
Special Thanks for your precious post ဗုဒ္ဓဘာသာစောင့်ရှောက်သူများအသင်း
Credit:
Click here to claim your Sponsored Listing.
Category
Website
Address
Botahtaung Township
Yangon
095155587
Opening Hours
| Monday | 07:00 - 21:00 |
| Tuesday | 07:00 - 21:00 |
| Wednesday | 07:00 - 21:00 |
| Thursday | 07:00 - 21:00 |
| Friday | 07:00 - 21:00 |
| Saturday | 07:00 - 21:00 |
| Sunday | 07:00 - 21:00 |