Groovy Cinderella
လေဒီရူးလေးတွေ
အသားကာလ ကြိုက်တာ ပြောလို့ရနေပါပြီ
တချို့ခြေထောက်အဆင်မပြေလို့ စီးရတာ ခက်ခဲနေသူတွေ အတွက်လဲ ကြိုးသိုင်ထပ်တတ်ပေးပီး အဆင်ပြေအောင်လုပ်ပေးပါတယ်
ခြေပုံပြပီး ဖိနပ်ဆရာကို အဆင်ပြေအောင် လုပ်ခိုင်းလို့လဲ ရနေပါပြီ
jeans ( မိုးပြာ ဂျင်းအနီမှိုတက် ဂျင်းအနီရင့်ရင့်
အပြာရောင် ပန်းရောင်တို့ရပါပြီ
အနီက အရောင်စိုလွန်းလို့ မကိုင်ကြည့်ရင် ဂျင်းမှန်းသိပ်မသိသာပါဘူး
ယိုးဒယားဂျင်းသားမို့ ဆေးသားတွေခိုင်ပီး အရောင်ကျွတ်တာ မရှိပါဘ )
စိန်ကတ္တီပါသားနဲ့လိုချင်ရင်လဲ colour စုံရပါပြီ
ဈေးကတော့ - 15000 ပါ
messenger ကနေ ဆက်သွယ်စုံစမ်းနိုင်ပါပီ
Groovy Cinderella Shoes ,slipper order made Send a message to learn more
ဖိနပ်ပေါက်ခြင်း ( ကုစားနည်း )
-----------------------------------
ဒေါက်ဖိနပ်ပဲစီးစီး ခြေညှပ်ဖိနပ်ပဲစီးစီး ရူးဖိနပ်ပဲစီးစီး
ဖိနပ်ဝယ်ခါစမှာ အသားမကျဘဲ ကြပ်နေတတ်တဲ့အတွက်ကြောင့် ဖိနပ်ပေါက်တဲ့ဒါဏ်ကို လူတိုင်းနီးပါ ခံစားဖူးကြမှာပါ ။ အဓိကတော့ ခြေမနှစ်ခုကြား၊ ခြေဖမို၊ ခြေဖိနောင့်လိုနေရာမျိုးတွေမှာ ပွတ်တိုက်ဒါဏ်ကြောင့် ရေကြည်ဖုတွေထပီး အပူလောင်သလိုမျိုး ခံစားရတတ်ပါတယ်။ဒါဟာ သိပ်ကြီးမားတဲ့ ဒါဏ်ရာမျိုးမဟုတ်ပေမဲ့ လမ်းလျှောက်စဉ်နဲ့ လှုပ်ရှားသွားလာမှုတွေပြုလုပ်တိုင်းမှာ စပ်ဖျဉ်းဖျဉ်းနဲ့ ပူလည်းပူ နာလည်းနာနဲ့ အရမ်းခံစားရခက်တဲ့ဝေဒနာမျိုးပါပဲ။
ဒါကြောင့် ဖိနပ်ပေါက်လာခဲ့ရင် အိမ်တွင်းပစ္စည်းလေးတွေနဲ့
ထိရောက်ပီး အလွယ်ကူဆုံး ကုစားနည်းလေးတွေ
သိသလောက်လေး ပြောပြပါရစေ
( 1 ) ဆန်အနည်းငယ်ကို ထောင်း၍ဖြစ်စေ ကြိတ်၍ဖြစ်စေ အမှုန့်ဖြစ်အောင် ပြုလုပ်ပါ။ ဆန်မှုန့်ကိုလည်း အသုံးပြုနိုင်သည်။ ထို့နောက် ရေအနည်းငယ် ရောပြီး ပျစ်ပျစ်လေးဖြစ်အောင် လုပ်ကာ ဖိနပ်ပေါက်နေသော နေရာပေါ်တွင် အုံပေးပါ။
ခြောက်သွားလျှင် ရေခပ်နွေးနွေးလေးနှင့် ဆေးလိုက်ပါ။ တနေ့သုံးလေးကြိမ်းလောက်လုပ်ပေးရင် အနာကျက်မြန်စေပါတယ် ။
( 2 ) ပျားရည်နှင့် နှမ်းဆီကို အချိုးတူရောစပ်၍ အရေပြားပေါ်တွင် သုတ်လိမ်းပေးပါ။ ခြောက်သွားလျှင် ရေခပ်နွေးနွေးနှင့် ဆေးပါ။ ( ပျားရည် သီးသန့် သုတ်လိမ်းလို့လဲ အဆင်ပြေသည်။ )
( 3 ) ရှားဇောင်းလက်ပတ် အနှစ်ကိုလည်း အရေပြားပေါ်တွင် သုတ်လိမ်းပြီး ခြောက်သွားတဲ့အခါ ခြေထောက်ကို ရေခပ်နွေးနွေးနှင့် ဆေးပေးပါ။ တစ်နေ့ သုံးလေးကြိမ်း ပြုလုပ်ပေးလျှင် အနာကျက်မြန်ပီး
နေလောင်ထားသော အသားအရေများလဲ တင်းရင်း စိုပြည်နုညံ့လာစေနိုင်ပါတယ် ။
( 4 ) တမာရွက်ကို ထုထောင်း၍ဖြစ်စေ မွှေစက်နှင့်ဖြစ်စေ ကြိတ်ခြေပီး နနွင်းမှုန့် ထမင်းစားဇွန်း ၁ဇွန်းနှင့် ရေအနည်းငယ်ထဲ့၍ ခပ်ပျစ်ပျစ် အနေအထား ရအောင်ပြုလုပ်ပါ။
ဖိနပ်ပေါက်သောနေရာတွင် ယင်းကို သုတ်လိမ်းပေးနိုင်သည်။ ထို့အပြင် မီးလောင် ဒါဏ်ရာများအတွက်လည်း အသုံးပြုနိုင်သည်။
( 5 ) သွားတိုက်ဆေး အနည်းငယ်ကို ဒါဏ်ရာပေါ်တွင် သုတ်လိမ်းပေးပါ။ မိနစ်အနည်းငယ် ကြာပြီးနောက် ရေစိုအဝတ်ဖြင့် သုတ်၍ဆေးလိုက်ပါ။ ပြီးလျှင် အုန်းဆီ အနည်းငယ် လိမ်းထားလိုက်ပါ။
( 6 ) ရေခဲတုံးဖြင့် ဖိနပ်ပေါက်နေသော အရေပြားပေါ်တွင် ပွတ်တိုက်ပေးပါ။( ဒီနည်းက ပွတ်တိုက်မှုကြောင့်ဖြစ်တဲ့ နာကြင်မှုဒါဏ်ကို သက်တော့သက်သာစေပါတယ်။ အနာတော့ မပျောက်ကင်းစေပါဘူး ။ )
**** အနာနဲ့ အပြင်သွားမယ်ဆိုရင် ဖိပန်ပေါက်တဲ့နေရာကို အနာကပ်ပလားစတာ ကပ်ထားသင့်ပါတယ် ။ဘာဖြစ်လို့လဲဆို မသန့်ရှင်သောလမ်းတွေပေါ်ကနေ မေးခိုင်ပို့ဝင်တတ်တာမို့လို့ပါ ။
ကြိုတင်ကာကွယ်ချင်းသည် အကောင်းဆုံးသောဆေးပါ …………
ဖိနပ်ပေါက်တယ် ဆိုတာ လူတိုင်းဖြစ်လေ့ဖြစ်ထရှိတာမို့
အကယ်၍များ ဖြစ်ခဲ့တယ် ဆိုရင်လည်း အထက်ဖေါ်ပြပါ နည်းလမ်းများ အလွယ် တကူအသုံးပြု ပြီး မိမိကိုယ်ကို ဂရုစိုက်နိုင်ကြပါစေ။
( Groovy Cinderella ကတော့ ဖိနပ်ပေါက်တာမျိုးမဖြစ်အောင် အသေးစိတ် ပြင်ဆင်ဆန်းစစ်ထားပီး customer စိတ်ကြိုက်ဖြစ်အောင် ဖန်တီးပေးပါတယ် )
19/12/2018
''ဘယ်လောက်ပဲ လှပပီး ဘယ်လောက်ပဲ ဖက်ရှင်ကျနေပါစေ
ခိုင်ခန့်မှုမရှိရင်
အဲ့ပစ္စည်းဟာ အပေါ့စားပဲ ……… ''
တကယ်ပါပဲ ………
လူငယ်ဘာသာဘာဝ
သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်တဲ့ အခါမျိုးမှာ
နောက်ဖေးပေါက်က ခုန်ချပီး ခိုးရာလိုက်ပြေးမယ်ဆိုရင်တောင်
ချစ်လမ်းခရီးဖြောင့်ဖြူးသာယာဖို့ ဖိနပ်ကောင်းတစ်ရံတော့ မရှိမဖြစ် လိုကိုလိုအပ်ပါတယ်
ဒီတစ်ခေါက် gvc - 016 လေးနဲ့မိတ်ဆက်ပေးပါရစေ
ဒီ gvc - 016 ဟာဆိုရင်တော့
Thai နှိင်ငံထုတ် jeans ဆွဲသားအကောင်းစားကို သုံးထားပီးတော့
jeans သားဟာ ------ရာသီဥတု သုံးခုလုံးနဲ့
လိုက်လျောညီထွေဖြစ်ချင်း
ဆေးသားခိုင်ခြင်း အကြမ်းခံခြင်း
free style နေထိုင်ချိန်တိုင်းတွေမှာ အသုံးအတည်းဆုံးပစ္စည်းပါ
တခြား satin, synthetic leather .တို့ကိုလဲ မိမိလိုချင်တဲ့ကာလာအတိုင်း မေးမြန်မှာယူနိုင်ပါတယ်
ပေါ့ပါးကျစ်လှစ်ပီး
လှပ သေသပ် ချုပ်ရိုးပျောက်ချုပ်ထားပါတယ်
ငဝlဝပr အနေနဲ့ - ဂျင်းမိုးပြာ ဂျင်းအပြာနက် ဂျင်းအနီ
ဖိနပ်ကျိုးကြေခြင်း ခေါက်ချိုးဖြစ်ခြင်းတွေမရှိဘဲ
အောက်ခံပြားပါးခြင်းတို့အတွက်safeဖြစ်အောင် အကောင်းဆုံး ဖန်တီးထာပါတယ်
synthetic leatherခင်းပေးထားပါတယ်
ဒေါက်နဲ့လိုချင်ရင်တော့
( တကယ်တော့ ဒီဒဇိုင်းတွေဟာ အနိမ့်လေးနဲ့ပဲ ပိုလှပါတယ် )
ပလပ်စတစ်ဒေါက် ၁ လက်မ ၂ လက်မတတ်ပေးလို့တော့ရပါတယ်
ဒေါက်ချောတာ
ဖနောင့်နာတာ အသံကျယ်တာမျိုး လုံးဝမရှိပါဘူး
ဈေးနှန်း - 15000 ks
#(မှာယူချင်တယ်ဆိုရင် cb မှာ နာမည် , လိပ်စာ, ဖုန်းနံပါတ် အပြည့်အစုံ ပို့ပေးကြပါ )
order မို့ customer စိတ်ကြိုက် အကောင်းဆုံးပြုလုပ်ပေးပါတယ်
16/12/2018
လိုက်ဖက်ညီ ရွေးချယ်မှု
-------------------------------------------------------
အရောင်အသွေးမျိုးစုံ ၊ ဒီဇိုင်းမျိုးစုံနဲ့ ခေတ်ပေါ်ဖက်ရှင်တွေ များလှတဲ့ ခေတ်ကြီးထဲမှာ များပြားလှတဲ့ ဖိနပ်တွေပိုင်ဆိုင်ထားရင်တောင် ကိုယ်နဲ့လိုက်ဖက်ညီတဲ့ ဖိနပ် တစ်ရံကို ရွေးချယ်တတ်ဖို့ဆိုတာ အလွန်တရာအရေးပါပါတယ် ။ခုပြောချင်တာကတော့ ဘယ်လိုနေရာမျိုး၊ ဘယ်လိုဝတ်စားဆင်ယင်မှုမျိုးမှာ ဘယ်လိုဒီဇိုင်းကာလာအနိမ့်အမြင့်မျိုးကို ရွေးချယ်သင့်လည်း ဆိုတာကို သိသလောက်မှတ်သလောက်လေး အကြံပေးချင်လို့ပါ ။
( #1 )အဝတ်အစားနဲ့ ဖိနပ်ကာလာကိုက်ညီမှု
အကယ်၍ သစ်လွင်တောက်ပခေတ်ဆန်နေတဲ့ အရောင်တောက်တောက် အဝတ်အစားတွေ ဝတ်ဆင်လိုက်တဲ့အခါ သင်၏ဖိနပ်အရောင်ကို အနက် (သို့) အနီရောင်တောက်တောက် ဖိနပ်တွေကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ် ။ သို့မဟုတ်ပဲ မီးခိုးရောင်တို့ အညိုတို့ အရောင်မွဲမွဲတွေ ဝတ်ဆင်မယ်ဆိုလို့ရှိရင် သင်ဝတ်စားထားတဲ့ အဝတ်အစားဖက်ရှင်တွေအကုန် မြောင်းထဲရောက်သွားပါလိမ့်မယ် ။
ဒါဟာ ဘယ်အခြေအနေမျိုးမှာဖြစ်ဖြစ် မအပ်ဆပ်တာမျိုးပါ
( #2 )အရောင်တောက်တောက် ဖိနပ်ဝတ်ဆင်သောအခါ
အရောင်တောက်တောက် ဖိနပ်ဝတ်ဆင်သောအခါမျိုးမှာ ပထမဆုံး ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိဖို့တော့ လိုအပ်ပါလိမ့်မယ် ။ပီးမှာ အခြေအေနပေါ်မူတည်ပီး ရွေးချယ်တာမျိုး
ဥပမာ - အနီရောင်ဖိနပ်ကို ဝတ်ဆင်သောအခါမျိုးမှာ သင့်အနေဖြင့် အဝတ်အစားကို အနက်ရောင် အညိုရောင် အနီရောင်ကဲသို့ ကာလာခပ်ရင့်ရင့်တို့ကို ရွေးချယ်ဝတ်စားသင့်ပါတယ် ။
( #3 )သမာရိုးကျ ကာလာနဲ့အဝတ်အစားကို ဝတ်ဆင်သောအခါ
အဖြူရောင်၊ပန်းရောင်နုနု ၊မိုးပြာနုနုကဲသို့ ရုပ်အကျီ င်္များကိုဝတ်ဆင်သောအခါ ခရမ်းရောင်ရင့်ရင့် ပန်းရောင်ရင့်ရင့် ဖိနပ်မျိုးကို ရွေးချယ်သင့်ပါတယ် ။
( #4 )ကန့်သတ်ကာလာရှောင်ရှားဝတ်ဆင်ခြင်း
ခေါင်းမှခြေအထိ တစ်ပုံစံတည်းအရောင်နုနုကိုရှောင်ပါ ။အဖြူ သို့မဟုတ်
အနက်တို့လိုမျိုး အကျီ င်္အနက်၊ ဘောင်းဘီအနက်တို့ကိုဝတ်ဆင်တဲ့အခါ ဖိနပ်အနက်ကိုစီးတာ ကိစ္စမရှိပေမယ့် ဥပမာ - အပြာရောင် အကျီ င်္၊ အပြာရောင်စကပ်ကို ဝတ်ဆင်သောအခါမျိုးမှာ အပြာရောင်ဖိနပ်ကို ရှောင်ရှားသင့်ပါတယ် ။
( #5 )ကွဲပြားသော ပုံစံကိုတွေးပါ
ပန်းရောင်တောက်တောက် အကျီ င်္မျိုးနဲ ဂျင်းနက်ပြာဘောင်းဘီလိုမျိုးတွေဝတ်ဆင်တဲ့အခါမျိုးမှာဆိုရင် သင်ဟာ ပန်းရောင်တောက်တောက် ဖိနပ်မျိုးကို ရွေးချယ်သင့်ပါတယ် ။
ဘာလို့ဆို သူတို့ဟာ လိုက်လျောညီထွေတဲ့ အတွဲစပ်ဖြစ်လို့ပါပဲ ။
( #6 ) ပရိုဆန်ဆန်လိုက်လျောညီထွေဖို့အတွက်
အစီးအဝေးပွဲခန်းမလိုမျိုးနေရာတွေမှာဆိုရင် သင့်ရဲ့ရင့်ကျက်မှု လူလေးစားသမှုရှိဖို့လိုအပ်တဲ့ နေရာမျိုးတွေမှာ အနီရောင်ကဲသို့ အရောင်တောက်တောက်တွေ မိုးပြာကဲသို့ အရောင်နုနုတွေထက်
အနက်ရောင်တောက်တောက် မီးခိုးရောင်တောက်တောက်ကဲသို့ ရိုးရှင်းသော ဖက်ရှင်မျိုးကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ် ။
သင်ဝတ်ဆင်ထားတဲ့ဖိနပ်သည် ခေတ်အပေါ်သင့်၏အမြင်ဖြစ်သည်
( order hand made ဖိနပ်လေးတွေပါ )
Gvc - 003 ဟာဆိုရင်တော့ satin, synthetic အကောင်းစား အသားနဲ့ ပြုလုပ်ထားပီး
အမြင့်အနေနဲ့ 4 " plastic heel ကို အသုံးပြုထားပီး
ကိုယ်လိုချင်သလောက်အမြင့်ကို မှာယူလို့ ရပါတယ်
( 4" လက်မ အောက်ကို ပြောတာပါ )
colour ကိုတော့ မိမိကြိုက်နှစ်သက်ရာ ကာလာကို ရွေးချယ်မှာယူနိုင်ပီး
မိမိခြေအတိုင်းနဲ့ မှာယူနိုင်ပါပီ
order မှာမှ size , colour ကို စိတ်ကြိုက် ပြုလုပ်ပေးခြင်းဖြစ်သောကြောင့် အချိန်သုံးပါတ်လောက်တော့ စောင့်ပေးရမှာဖြစ်ပါတယ်
ဈေးနှန်း - 35000 ks
#(မှာယူချင်တယ်ဆိုရင် cb မှာ နာမည် , လိပ်စာ, ဖုန်းနံပါတ် အပြည့်အစုံ ပို့ပေးကြပါ )
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |