How2

How2

Share

Photos 19/05/2013

ဒါလေးကတော့ အခေါ်ဝေါ်လေးပါ။ Technical တော့မပါပါဘူး။

ကျွန်တော်တို့သုံးတဲ့ Windows cmd ဒါမှမဟုတ် Ubuntu or Linux terminal မှာတွေ့ရတတ်ပါတယ်။ Windows မှာဆိုရင်တော့ C:\Users\username> နဲ့ terminal မှာ တော့ username@computer:~$ ဆိုတာမျိုးလေးတွေပါ။

Prompt လို့ခေါ်ပါတယ်။

-Linux မှာ ဆိုရင်တော့ "the bash prompt ဆိုရင် ပိုပြီးမှန်ပါတယ်။ KSH shell, The KSH (korn shell) prompt ဆိုပြီးခေါ်ပါတယ်။

-Windows မှာဆိုရင် "the C prompt" လို့ခေါ်ပါတယ်။ ဒါကတော့ တော်တော်များများသိပီးသာပါ။ C:\ ဒါမှမဟုတ် C:\> တွေဟာ လူသိအများဆုံးပါ။ ဒီမှာ တခုမေးလို့ရပါတယ်။ ကျွန်တော်တို့ CD ဒါမှမဟုတ် floppy ကနေ boot တက်တဲ့အခါမှာ A:\ or D:\ ဖြစ်နေတတ်ပါတယ်။ ဒါပေမယ့်ဘယ်တစ်ဦးတစ်ယောက်ကမှ A prompt, D prompt လို့မခေါ်ကြပါဘူး။ ဘာကြောင့် C prompt လို့နာမည်တွင်ရလဲဆိုရင် ကျွန်တော်တို့အသုံးများတဲ့ Microsoft ရဲ့ အဓိက windows ပိုင်းကို C ကနေ boot တက်အောင်လုပ်ထားလို့ပါ။ A နဲ့ B ကို floppy drive အတွက်ရည်၇ွယ်ထားတာလည်းပါပါတယ်။ Floppy ကတော့ ဒီနေ့ခေတ် မှာ တော်တော်ဝယ်ရခက်မဲ့ ပစ္စည်းစာရင်းထဲပါ သွားပါပီ။

ကိုကား-howtogeek
by- Admin@how2

Photos 19/05/2013

ကျွန်တော်တို့ Google Chrome မှာ ကြုံတွေ့လေ့ရှိတဲ့ Error လေးပါ။

How 2 Fix Shockwave Flash Crashes in Google Chrome!

ခု ပြဿနာက ကျွန်တော်တို့ Chrome မှာသာအဖြစ်များပြီး firefox မှာဖြစ်ခဲတဲ့ပြဿနာလေးပါ။ The following plug-in has crashed: Shockwave Flash. ဆိုပြီး chrome ဟန်းသွားလေ့ရှိပါတယ်။ Tab တခုတည်းတင်မက အကုန်လုံးပါ crash ဖြစ်လေ့ရှိပါတယ်။
ဒါဘာကြောင့်ဖြစ်တာလဲဆိုတာလေးကို အရင်ပြောပါရစေ။
Google Chrome ဟာတခြား browser တွေနဲ့မတူပါဘူး။ တမူထူးပါတယ်။ Internal Chrome installation Flash ဆိုပြီး သီးသန့်ပါပါတယ်။ နောက်တခုကတော့ OS installation of Flash ပါ။
ခုပြဿနာရဲ့ အဓိကအကြောင်းအရာကတော့ Flash Player Confilct ဖြစ်တာပါ။
ပထမဆုံး ကျွန်တော်တို့ Flash Plug in ကိုရှာပါမယ်။ Address Bar မှာ about:plugins ဆိုပြီး ၀င်လိုက်ပါ။ Plug-ins တွေ တွေ့ရပါလိမ့်မယ်။ Adobe Flash Player (2files) ဆိုတာတွေ့ပါလိမ့်မယ်။
ကျွန်တော်တို့ဖြေရှင်းနည်းကလွယ်ပါတယ်။ တခုကို disable လုပ်လိုက်ရုံပါဘဲ။ ညာဘက်မှာ + sign လေးရှိပါတယ် detail ကြည့်လိုက်ပါ။ ခုနက ကျွန်တော်ပြောသလို နှစ်ခုတွေ့ပါလိမ့်မယ်။ Internal တခုက User document အောက်မှာ ရှိပါတယ်။ နောက်တခုက တော့ windows folder အောက်မှာပါ။ Internal ကို disable လုပ်လိုက်ပါ။
C:\Users\******\AppData\Local\Google\Chrome\User Data\PepperFlash\11.7.700.202\pepflashplayer.dll
**** ကတော့ user name ပါ။
Chrome ကို restart ချပြီး ပြန်သုံးကြည့်ပါ။ အရင်လိုမဟုတ်ဘဲ shock wave flash player crack ပြဿနာကင်းဝေးသွားပါလိမ့်မယ်။
ဒီလိုလုပ်လိုက်ခြင်းအားဖြင့်ကျွန်တော်တို့က adobe flash player ကို အမြဲ update လုပ်ရပါလိမ့်မယ်။ Internal flash ကို disable လုပ်လိုက်တဲ့ အတွက် chrome ကနေ update မလုပ်နိုင်တော့လို့ပါ။

ကိုးကား - howtogeek
by- Admin@how2

Want your business to be the top-listed Computer & Electronics Service in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon