Arr Pay Mal
30/07/2025
1 နှစ်ပြည့် promotion အထူးအစီအစဉ်လေး 🔋✨
Arr Pay Mal မှ ခင်မင်ရတဲ့မိတ်ဆွေများအားလုံး မင်္ဂလာပါ ရှင့်
Arr Pay Mal မှ
Power Station လေးတွေကို စတင်ရောင်းချခဲ့တာ အခုဆို ၁ နှစ်လေးပြည့်ခဲ့ပါပြီ! 🥳 ဒီတစ်နှစ်တာကာလတစ်လျှောက်လုံး ကျွန်မတို့ကို အားပေးခဲ့တဲ့ တစ်ဦးချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်နော်။ 🙏
Arr Pay Mal ကနေ Power Station တွေဟာ ခရီးသွားရင်းပဲဖြစ်ဖြစ်၊ အိမ်မှာပဲဖြစ်ဖြစ်၊ လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ် မီးပြတ်လို့ စိတ်မပူရအောင် စွမ်းအင်လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနေပါတယ် ။ ဒီ Power Station တွေဟာ မီးပျက်တဲ့အခါ အားထားရသလို၊ အရေးပေါ်အခြေအနေတွေမှာလည်း အရမ်းအသုံးဝင်ပါတယ်။ 💡
၁ နှစ်ပြည့် အထူးပရိုမိုးရှင်း! 🎁
=====================
ဒီ ၁ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ Arr Pay Mal က မိတ်ဆွေတို့အတွက် အကောင်းဆုံး Power Station အရောင်းမြှင့်တင်ရေး အထူးအစီအစဉ် ကို စီစဉ်ထားပါတယ်။ 🎉
* အထူးလျှော့စျေးများ: 💸 ကျွန်မတို့ရဲ့ Power Station တွေကို ၈ လပိုင်း နဲ့ ၉ လပိုင်း ထိ နှစ်လတိတိ မယုံနိုင်လောက်စရာ လျှော့စျေးတွေနဲ့ ရောင်းချပေးသွားပါ့မယ်
* အခမဲ့ ပို့ဆောင်မှု: 🚚 သတ်မှတ်ထားတဲ့ မြို့ကြီးတွေမှာဆိုရင် Power Station တွေကို အခမဲ့ အိမ်အရောက် ပို့ဆောင်ပေး ပါမယ်။
* အထူးအာမခံ: ✅ ကျွန်မတို့ရဲ့ Power Station တွေအတွက် အစဉ်အလာမပျက် ထုံးစံအတိုင်းယုံယုံကြည်ကြည် အသုံးပြုနိုင်ဖို့ အထူးအာမခံ လည်း ပါဝင်တာကြောင့် စိတ်ချလက်ချ ဝယ်ယူနိုင်ပါတယ်။
ဒီအခွင့်အရေးကို လက်လွတ်မခံဘဲ Arr Pay Mal ရဲ့ Power Station တွေနဲ့အတူ စွမ်းအင်ပြည့်ဝတဲ့ ဘဝကို ပိုင်ဆိုင်လိုက်ပါ! 💪
Arr Pay Mal Power Station တွေက ဘာကြောင့် သင့်အတွက် အကောင်းဆုံးလဲ? 🌟
===============================
* လှပတဲ့ဒီဇိုင်းနဲ့ အရည်အသွေး: ခေတ်မီတဲ့ဒီဇိုင်းအပြင် အရည်အသွေးမြင့်ပစ္စည်းတွေနဲ့ ထုတ်လုပ်ထားပါတယ်။ ✨
* ဘေးကင်းလုံခြုံ: လုံခြုံရေးစနစ်တွေကို ဦးစားပေးပြီး ထုတ်လုပ်ထားလို့ စိတ်ချလက်ချ သုံးနိုင်ပါတယ်။ 🔒
* တာရှည်ခံ: အရည်အသွေးကောင်းတဲ့ ပစ္စည်းတွေကြောင့် နှစ်ရှည်လများ အသုံးပြုနိုင်ပါတယ်။ 💎
* သယ်ရလွယ်ကူ: ပေါ့ပါးပြီး သယ်ရလွယ်လို့ ဘယ်နေရာသွားသွား အတူယူသွားနိုင်ပါတယ်။ 🎒
ဒီအထူးအစီအစဉ်က အချိန်အကန့်အသတ်နဲ့ဖြစ်လို့ အမြန်ဆုံးဝယ်ယူဖို့ တိုက်တွန်းပါရစေနော်။
⏳ Arr Pay Mal Page ကို စောင့်ကြည့်ပြီး အသေးစိတ်ကို မေးမြန်းနိုင်ပါတယ်ရှင်။ 📲
Arr Pay Mal နဲ့အတူ စွမ်းအင်အပြည့်နဲ့ ပျော်ရွှင်တဲ့နေ့ရက်တွေကို ပိုင်ဆိုင်ပါစေ! 💫
ကျေးဇူးတင်ပါတယ်! 🥰
16/07/2025
ဘက်ထရီတွေကို အားအကြာကြီး မသွင်းဘဲ ပစ်ထားရင် ဘာဖြစ်မလဲ။ 😱
ဘယ်သူတွေ ဒီလိုလုပ်ဖူးလဲ မှန်မှန်ပြော! 🙋♀️🙋♂️
ဖုန်း၊ လက်တော့ပ်၊ ဒါမှမဟုတ် တခြားဘက်ထရီသုံး ပစ္စည်းတွေကို အားကုန်တဲ့အထိ သုံးပြီး အကြာကြီး ပစ်ထားဖူးပါသလား။ ဒါဆိုရင် သင့်ဘက်ထရီလေးရဲ့ သက်တမ်းကို တိုက်ရိုက်ထိခိုက်စေတယ်ဆိုတာ သိပါသလား။ 😥 ဘာတွေဖြစ်လာနိုင်လဲ ကြည့်လိုက်ရအောင်!
⚡ ဘာဖြစ်တတ်လဲ?
* ❌ အားလုံးဝပြန်မဝင်တော့တာမျိုး ဖြစ်နိုင်ပါတယ်။ ဘက်ထရီထဲက ဆဲလ်တွေဟာ အားလုံးဝကုန်သွားတဲ့အခါ ပျက်စီးပြီး အားပြန်သွင်းလို့ မရတော့တာမျိုး ဖြစ်တတ်ပါတယ်။
* 📉 ဘက်ထရီ သက်တမ်း သိသိသာသာ တိုသွားမယ်။ အားအပြည့်မရှိဘဲ အကြာကြီးထားခြင်းက ဘက်ထရီရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းစေပြီး မူလသက်တမ်းထက် စောစီးစွာ ကုန်ဆုံးသွားစေပါတယ်။
* ** swelling_battery: ဖောင်းပွလာနိုင်ပါတယ်။** အချို့ဘက်ထရီတွေဟာ အားကုန်ပြီး အကြာကြီးပစ်ထားတဲ့အခါ ဓာတုဓာတ်ပြုမှုတွေကြောင့် ဖောင်းပွလာတတ်ပါတယ်။ ဒါက စက်ပစ္စည်းကို ပျက်စီးစေရုံသာမက ဘေးအန္တရာယ်လည်း ဖြစ်စေနိုင်ပါတယ်။ 😱
✅ ဘယ်လိုကာကွယ်မလဲ။
* 🔋 ဘက်ထရီတွေကို အားလုံးဝမကုန်ခင် ပုံမှန်အားသွင်းပေးပါ။
* storaging_battery: အချိန်အကြာကြီး အသုံးမပြုဘဲထားမယ်ဆိုရင်တောင် ဘက်ထရီအားကို ၂၀% ကနေ ၈၀% ကြားမှာ ထားပေးပါ။ (အကောင်းဆုံးကတော့ ၅၀% ဝန်းကျင်ပါပဲ။)
* 🌡️ ရာသီဥတု ပူတဲ့နေရာတွေမှာ ထားခြင်းကို ရှောင်ရှားပါ။ အေးမြခြောက်သွေ့တဲ့နေရာမှာ ထားတာ အကောင်းဆုံးပါ။
သင့်ရဲ့ ဘက်ထရီလေးတွေ သက်တမ်းရှည်ရှည်ခံပြီး ကောင်းကောင်းမွန်မွန် အသုံးပြုနိုင်ဖို့ ဒီအချက်လေးတွေကို သတိထားကြပါစို့နော်! ✨
ArrPayMal(PowerStation)
online shop ကနေ Power Station လေးတွေကို ပစ္စည်းမှန် စျေးနှုန်းမှန် ပြီး Warrantyမှန်မှန်ကန်ကန်နဲ့ စျေးမတက်ပဲ ဆက်ရောင်းချပေးနေပါတယ် ။
ားပေးမယ်
29/06/2025
❤️😎 ထပ်ရောက်ပြီဗျို့ ❤️😍
သင့်အတွက် အမြဲတမ်း အားမပြတ်စေဖို့ ။
==============================
"အားပေးမယ်" ရဲ့ လူကြိုက်အများဆုံး
300 W PowerStation လေးတွေထပ်ရောက်ပါပြီ နော် ။
Page မှာ အရောင်းရဆုံးဖြစ်တဲ့ 300 W - 16Ah
Power Station ရဲ့ Specification လေး တွေကတော့
✅ ဘက်ထရီပမာဏ - 192Wh
✅ သတ်မှတ်ပါဝါ. - 300W
✅ အမြင့်ဆုံးပါဝါ - 500W
✅ အထွက်လှိုင်းပုံစံ - Pure Sine Wave
✅ ဘက်ထရီအမျိုးအစား - လီသီယမ်ဘက်ထရီ
✅ ဘက်ထရီဗို့အား - 12.6 V
✅ AC အားသွင်းချိန် - 5 နာရီ (Full charge 0% to 100%)
✅ဆိုလာပြားနှင့်အားသွင်းလျှင် - 100W (18V)
✅ဆိုလာအားသွင်းလျှပ်စီး။ - 4-8 A
✅အရွယ်အစားနှင့် အလေးချိန် - 24*13*14 cm , 3.1 kG
✅စွမ်းဆောင်ရည် အညွှန်းများ -
⚡AC-Fan(55W)- 3.5 နာရီခနိ့ ၊
⚡ 32လက်မ LED-TV(55W) -3.5 နာရီခန့် ၊
⚡Laptop(55W) - 3.5 နာရီခန်း ၊
⚡20W LED 4ပေ မီးချောင်း -9.75 နာရီခန့်
😍Battery အာမခံ - ၂ နှစ်
😍 စက်ပစ္စည်းအာမခံ - ၁ နှစ်
အသေးစိတ်သိလိုသည်များကို
Arr Pay Mal Online Shopping Page Chat Box
နှင့်
09784401707 (viber)
တို့ မှာ အသေးစိတ် လာရောက်ဆက်သွယ်မေးမြန်းလို့ရပါတယ် ။
သင်သုံးချင်တဲ့ လျှပ်စစ်ပစ္စည်းတွေရဲ့ Watt ကိုပါ တွက်ပြီး အကြံ ပေးဦးမှာ ဖြစ်လို့ သိချင်တာ ခုပဲအမြန်ဆုံး လာ မေးလိုက်တော့နော်
ားပေးမယ်
16/02/2025
Power Station လေးတွေ Pre Order ကြို မှာထားကြတဲ့ Customer များအတွက် ဒီတစ်ပတ်ထဲမှာ ပစ္စည်းလေးတွေ လာရောက်ပို့ဆောင် ပေး ပါတော့မယ် ခင်ဗျ ။
လမ်းခရီးသယ်ယူ ပို့ဆောင်မှုအခက်အခဲ နဲ့ ကားလမ်းအခက်အခဲ တွေကြောင့် နောက်ထပ်ေရာက်လာမယ့် ပစ္စည်းစျေးနှုန်းလေးတွေကိုတော့ ပုံမှန်ဈေးနှုန်းလေး တွေထပ် 10% ကနေ 20% လောက်ထိထပ်တက်ဖို့ ရှိပါတယ် ။
အရင် Pre Order လာမှာထားကြတဲ့ Customer များနှင့် ဆိုင်မှာ လက်ရှိ ထပ်ရောက်ထားသလောက်သာ အရင်စျေးလေး တွေနဲ့ ဆက်ရောင်းချပေးပါ့မယ် ။
🚨Stock လက်ကျန် ရှိသလောက်သာ
🚨For_Limited_Stock_Only
#အားပေးမယ် _ ArrPayMal
04/02/2025
မကြာခင် .... နွေရာသီတောင် ရောက်တော့မယ်နော် ။
=========================================
သင့်အတွက် နွေရာသီမှာလဲ အားမပြတ်စေဖို့ ။ "အားပေးမယ်" ရဲ့ လူကြိုက်အများဆုံးဖြစ်တဲ့ 300 W PowerStation လေးတစ်လုံးလောက်
တော့ ကြိုတင် စုဆောင်း ထားဖို့လိုပါတယ် ။
Page မှာ အရောင်းရဆုံးဖြစ်တဲ့ 300 W - 16Ah
Power Station ရဲ့ Specification လေး တွေကတော့
✅ ဘက်ထရီပမာဏ - 192Wh
✅ သတ်မှတ်ပါဝါ. - 300W
✅ အမြင့်ဆုံးပါဝါ - 500W
✅ အထွက်လှိုင်းပုံစံ - Pure Sine Wave
✅ ဘက်ထရီအမျိုးအစား - လီသီယမ်ဘက်ထရီ
✅ ဘက်ထရီဗို့အား - 12.6 V
✅ AC အားသွင်းချိန် - 5 နာရီ (0% to 100%)
✅ဆိုလာပြားနှင့်အားသွင်းလျှင် - 100W (18V)
✅ဆိုလာအားသွင်းလျှပ်စီး။ - 4-8 A
✅အရွယ်အစားနှင့် အလေးချိန် - 24*13*14 cm , 3.1 kG
✅စွမ်းဆောင်ရည် အညွှန်းများ -
⚡AC-Fan(55W)- 3.5 နာရီခနိ့ ၊
⚡ 32လက်မ LED-TV(55W) -3.5 နာရီခန့် ၊
⚡Laptop(55W) - 3.5 နာရီခန်း ၊
⚡20W LED 4ပေ မီးချောင်း -9.75 နာရီခန့်
လာတင်ကြတဲ့ Customer များအတွက်လဲ အထူးအစီအစဉ်လေးလဲရှိလို့ အမြန်ဆုံး Order လာတင်ထားလိုက်တော့နော်
နှင့်အသေးစိတ်သိလိုသည်များကို Page Chat Box မှာ ဆက်သွယ်မေးမြန်းပေးလို့ရပါတယ် ။
ားပေးမယ်
04/02/2025
လက်ရှိ Page မှာ ရောင်းချ ပေးနေတဲ့ Power Station အမျိုးအစားလေးတွေကတော့ ...
03/02/2025
Inverter Vs Power Station တို့ ရဲ့ ခြားနားချက် များ
==========================================
Inverter ကို Battery အိုးနှင့် တွဲသုံးရခြင်းနှင့် Power Station များအသုံးပြုရခြင်းတို့မှာ **အားသာချက်** **အားနည်းချက်**များရှိပါတယ်
ြာင်း
============
Inverter ဆိုတာကတော့ လျှပ်စစ် စွမ်းအင်ကို သိုလှောင်နိုင်စွမ်း မရှိပါဖူး။ ဒါကြောင့် စွမ်းအင်သိုလှောင်ဖို့ ဘက်ထရီအိုးနဲ့ တွဲပြီးအသုံးပြုပေးဖို့ လိုအပ်ပါတယ်။
Inverter + Battery စနစ်
=================
Inverter ရဲ့ အဓိကအလုပ်က လျှပ်စစ်စွမ်းအင်ကို DC မှ AC သို့ ပြောင်းလဲပေးတာဖြစ်ပြီး၊ Battery ကတော့ စွမ်းအင်ကို သိုလှောင်ပေးပါတယ်။
**အင်ဗာတာရဲ့အားသာချက်များ:**
- Battery အရွယ်အစားကို လိုအပ်သလို ချဲ့ထွင်နိုင်ပါသည် (ဥပမာ - မိမိ ရဲ့အိမ်ရဲ့ လျှပ်စစ်လိုအပ်ချက်ပေါ် မူတည်ပြီး ဘက်ထရီအိုးများကို လိုအပ်သလို တွဲသုံးနိုင်ပါတယ်)။
- Battery အိုးနှင့် Inverter အတွဲကို စိတ်ကြိုက် Customize လုပ်ပြိး ရွေးချယ် အသုံးပြုနိုင်ပါတယ် ။
- Battery အိုးကို ကောင်းစွာထိန်းသိမ်းပါက Battery များသည် နှစ်ပေါင်းများစွာ အသုံးပြုနိုင်ပါတယ်။
- နေရောင်ခြည်၊ လျှပ်စစ်ဓာတ်အား ၊ မီးစက် စတဲ့ အရင်းအမြစ်တွေကနေ အားသွင်းနိုင်ပါတယ်။
**အင်ဗာတာရဲ့အားနည်းချက်များ:**
- Battery အိုးများသည် ကြီးမားပြီး လေးလံသဖြင့် သယ်ဆောင်ရခက်ခဲပါတယ်။ တစ်နေရာမှာ ထားပြီးရင် နေရာရွေ့ပြောင်းဖို့ မလွယ်ကူပါဖူး ။
(ဉပမာ အိမ် ရှေ့က Inverterနဲ့ Battery အိုးကြီးကို သင့်ရဲ့ အိမ်နောက်ဖေးခန်းမှာ အသုံးပြုချင်တယ် ဆိုရင် မီးကြိုးတွေနဲ့ ထပ်မံချိတ်ဆက်ဖို့လိုပါတယ် / တစ်ချို့တွေကတော့ Inverterအောက်ခြေမှာ ဘီးနဲ့ တွန်းပြီး ရွေပြောင်းကြတာတွေတော့ရှိပါတယ် )
- ကိုကိုယ်တိုင်က လျှပ်စစ်အကြောင်း နားမလည်ရင် စဝယ်လာကတည်းက နားလည်တဲ့လူနဲ့ခေါ်ပြီးတပ်ဆပ်ခိုင်းရမှာဖြစ်ပါတယ် ။
- Lead-Acid Battery အိုးများအတွက် ရေဖြည့်ခြင်း၊ ဘက်ထရီသက်တမ်း စောင့်ကြည့်ခြင်း စတဲ့ ထိန်းသိမ်းမှုများ လိုအပ်ပါတယ် ။
- Inverter၊ Battery၊ အားသွင်းကိရိယာ စသည်တို့ကို သီးသန့်ပြင်ဆင်ရပါတယ်။
(သို့မဟုတ် Portable Power Station)အကြောင်း**
=======================================
Power Station တွေကတော့ Inverter ရဲ့ အလုပ်နဲ့ Battery ရဲ့ အလုပ်ကိုပါပေါင်းပြီး စက်တစ်လုံးထဲမှာ All in One ပေါင်းစပ်ပေးထားတဲ့ စက်တွေပဲဖြစ်ပါတယ် ။
ဒီစက်တွေဟာ Portable သယ်ဆောင်ရလွယ်ကူပြီး plug-and-play အဆင်သင့် အသုံးပြုနိုင်တဲ့အတွက် အလွယ်တကူအသုံးပြုဖို့လိုအပ်တဲ့နေရာတိုင်းမှာ အသုံးများကြတာဖြစ်ပါတယ်။
**Portable_PowerStation များရြဲအားသာချက်များ**
- လျှပ်စစ်ဓာတ်အား၊ နေရောင်ခြည်၊ ကားဘက်ထရီ၊ မီးစက် စတဲ့ မည်သည့်အရင်းအမြစ်မှမဆို အားသွင်းပြီး လွယ်ကူစွာ ချက်ချင်းအသုံးပြုနိုင်တာပဲ ဖြစ်ပါတယ်။
- Battery အိုးကိုပါ သီးသန့် သယ်စရာမလိုပဲ စက်တစ်လုံးတည်းမှာ ပေါင်းစပ်ပေးထားတဲ့အတွက် ဘယ်နေရာသွားသွား ပေါ့ပါးပြီး Plug and Play အဆင်သင့်အသုံးပြုနိုင်တာပဲဖြစ်ပါတယ်။
- Plug Ang Play ရဲ့ အဓိပ္ပာယ်ဟာ စဝယ်လာကတည်းက Plug ထိုးပြီး အဆင်သင့်အသုံးပြုနိုင်တာကိုဆိုလိုတာပဲဖြစ်ပါတယ် ။ကိုကိုယ်တိုင်က လျှပ်စစ်အကြောင်းနားမလည်ရင်လဲ ဘာမှထပ်မံ ချိတ်ဆက်စရာမလိုတော့ပဲ အလွယ်တကူ အဆင်သင့်အသုံးပြုနိုင်မှာပဲဖြစ်ပါတယ် ။
- ဘက်ထရီကို ပြုပြင်ထိန်းသိမ်းရန် မလိုအပ်ဘဲ အဆင်သင့် အသုံးပြုနိုင်ပါတယ် ။
( Battery နှင့် စက် ကို Warranty အပြည့်အဝပေးထားတဲ့ ယုံကြည်စိတ်ချရတဲ့နေရာမျိုးမှာ ရွေးချယ် ဝယ်ယူဖို့တော့ လိုအပ်ပါတယ် )
- Power Station များမှာ Overcharge၊ လျှပ်စီးကူးမှု၊ အပူလွန်ကဲမှု စတဲ့ အန္တရာယ်များကို ကာကွယ်ပေးသော စနစ်များ ပါဝင်ပါတယ်။
**Portable PowerStation တွေရဲ့ အားနည်းချက်များ:**
- Battery နှင့် Inverter ကို စိတ်ကြိုက် Customize လုပ်ပြီးရွေးချယ်လို့မရပါ ။ ထုတ်လုပ်သူက တပ်ဆင်တွဲစပ်ပေးထားသော Set-up ကိုသာ အဆင်သင့် ရွေးချယ်အသုံးပြုနိုင်ပါတယ် ။
- ဓာတ်အား အများကြီး ဖြန့်ဖြူးပြီးအသုံးပြုဖို့ လိုအပ်တဲ့နေရာတွေမှာဆို Inverter + Battery စနစ်ထက် စျေးနှုန်းပိုမြင့်မားပါတယ် (အထူးသဖြင့် စွမ်းအင်မြင့် မော်ဒယ်များ)။
- သိုလှောင်နိုင်သော စွမ်းအင်ပမာဏ ကန့်သတ်ထားပါတယ်။ PowerStation အများစုဟာ Battery အိုးတွေကို လိုအပ်သလို Extension ထပ်ချိတ်ပြီး အသုံးပြုနိုင်ရန် ခက်ခဲပါတယ် ။
- Lithium Battery များဟာ နှစ်ရှည် သက်တမ်း ကြာပါက စွမ်းဆောင်ရည် ကျဆင်းလာနိုင်ပါတယ်။
** အကျဉ်းချုပ် **
========
- ဓာတ်အားအများကြီးသုံးဖို့ လိုအပ်ပါက **Inverter + Battery** စနစ်ကို ရွေးချယ်ပါ။
- ဖုန်းအားသွင်းမယ်၊ Laptop အားသွင်းမယ်၊ မီးချောင်းထွန်းမယ်၊ ပန်ကာဖွင့်မယ် ၊ TV ဖွင့်မယ် ၊ wifi သုံးမယ် စတဲ့ လျှပ်စစ် ပစ္စည်းများအတွက် **Power Station** ကို ရွေးချယ်ပါ ။
- ရေစက်တင် ထမင်းချက် ရေနွေးအိုးတည်ဖို့ အတွက် မိမိ လိုအပ်ချက်ပေါ်မူတည်ပြီး Watt အနည်းအများ PowerStation မျိုးစုံ ရွေးချယ် နိုင်ပါသေးတယ် ။
- Power Station များဟာ Overcharging ၊ လျှပ်စီးကူးမှု၊ အပူလွန်ကဲမှု စတဲ့ အန္တရာယ်များကို ကာကွယ်ပေးသော စနစ်များ ပါဝင်တာဖြစ်လို့ ပြုပြင်ထိန်းသိမ်းဖို့အလုပ်ရှုပ်မခံချင်သူများ၊ နှင့် အလွယ်တကူ အသုံပြုချင်သူများ၊ လုံခြုံမှုတို့ကို ဦးစားပေးသူများတို့အတွက် အထူးသင့်တော်ပါသည်။
ားပေးမယ် Power Station Distributor Page ရဲ့ Original Post ကို လွတ်လပ်စွာShare နိုင်ပါတယ် ။
#စာသားများတိုက်ရိုက်ကူးယူဖော်ပြခြင်းခွင့်မပြုပါ ။
ကဲ ဒီနေ့ ဘယ်သူ့ ဆီ လာပြီး
⚡ အားးး ⚡ ပေးရမလဲ ... ပြော လိုက်
02/02/2025
Power station တွေမှာရေးထားတဲ့ watt ဆိုတာ inverter အထွက် watt အားပါ။
ဘယ်လောက် battery ကြာကြာ အသုံးခံတာနဲ့ မဆိုင်ပဲ ဘယ်လောက် watt များတဲ့ ပစ္စည်းနဲ့ တွဲသုံးလို့ရလဲဆိုတာကိုပြတာပါ။ Battery ဘယ်လောက်များများများပါလဲသိချင်ရင် Wh ကိုကြည့်ရမှာပါ။
ဘယ်ပစ္စည်းနဲ့ ဘယ်လောက်ကြာကြာသုံးလို့ရလောက်လဲသိချင်ရင် ကိုယ်သုံးမယ့် ပစ္စည်းရဲ့ watt နဲ့ power station မှာပါတဲ့ Wh(watt-hour) ကို စားပြီးတွက်ရတာပါ။ ဒါတောင် ကြားထဲမှာ အပူရယ် inversion efficiency တွေကြောင့် power loss ရှိတဲ့အတွက် အနီးစပ်ဆုံးပဲ ယူဆလို့ရပါမယ်။ (အပူကြောင့် ဆုံးရှုံးရတဲ့ စွမ်းအင်ဆိုတာ စက်ကထွက်တဲ့ အပူကိုပဲ စဉ်းစားလို့မရပါ ၊ ရာသီဉတုရယ် သဘာ၀ပတ်၀န်းကျင်ကြောင့် ဖြစ်လာတဲ့အပူဟာလဲ ဘက်ထရီပေါ်သက်ရောက်မှုရှိတာကို ထည့်သွင်းစဉ်းစားရမှာပါ ၊ ဆောင်းတွင်းမှာ မသိသာပေမယ့် နွေဘက်တွေဆို ပိုသိသာနိုင်ပါတယ်)
ဒါဆို အောက်က 300W , 192Wh ရှိတဲ့ PowerStation လေးရဲ့ ပျှမ်းမျှအသုံးပြုနိုင်တဲ့ ကြာချိန်ကို Energy Loss တွေပါဖယ်ပြီး တွက်ပြပါမယ် ။
========================================
192Wh ထဲက အပူတွေ ၊ Voltage Transmission တွေကြောင့် ဆုံးရှုံး မယ့် ပျှမ်းမျှ 10% လောက်ကို နှုတ်ပြီး 90% နဲ့ပဲ ထားပြီးတွက်မယ်ဆို
192Wh * 90% = 172.8 Wh ရပါတယ် ။
(90% ကိုပဲယူပြီးတွက်တာက လျှပ်စစ်ပစ္စည်းတွေကထွက်တဲ့ အပူကြောင့် ၊ Voltage Conversion ကြောင့်အပြင် တခြားအကြောင်းတွေကြောင့် ဆုံးရှုံးရတဲ့ Energy လိုလိုမယ်မယ် 10% ကို နှုတ်ပြီး ထည့်တွက်ထားတာပါ ။ +(plus) or - (minus) တွေရှိနိုင်ပါသေးတယ် ။
ဒါဆို အောက်က 300Watt / Battery Capacity 172.8 Wh ရှိတဲ့ Power Station နဲ့ အသုံးပြုမယ်ဆိုရင်
✅10 W Load ရှိတဲ့ 2ပေ LED မီးချောင်း2ချောင်းသုံးမယ်ဆို 172.8Wh/20W = 8.64 နာရီ သုံးနိုင်မယ် ။
✅12 W Load ရှိတဲ့ Wifi သုံးမယ် ဆို
14.4 နာရီ အသုံးခံမယ် ။
✅55W ရှိတဲ့ AC ပန်ကာသုံးမယ်ဆို
3.14 နာရီ အသုံးခံမယ်
✅32လက်မ 55W ရှိတဲ့ LED TV သုံးမယ်ဆို
3.14 နာရီ အသုံးခံမှာပဲ ဖြစ်ပါတယ် ။
✅ပစ္စည်းေတွက စက်ပိုင်းဆိုင်ရာ 1 year warranty ပေးပြီး battery ကို 2 years warranty ပေးထားပါတယ်
✅သင့်ရဲ့ ယုံကြည်ရမှုက ကျွန်တော်တို့ရဲ့ ပထမဆုံးဦးစားပေးပါ ။
Customer တစ်ယောက် ရဲ့စာသင်ချိန်တွေမှာ ကောင်းကောင်း အသုံးပြုနိုင်ဖို့ အတွက်Pre Order လေးကြိုမှာထားတဲ့
300W 16Ah Power Station လေးရဲ့ လက်တွေ့လုပ်ဆောင်ချက်လေးကို Customer ကို သွားရောက်ပို့ဆောင်ပေးရင်း နဲ့ ရှင်းပြပေးထားတာလေး ဖြစ်ပါတယ် ။
Stock တွေက ရောက်-ကုန် ဖြစ်နေတာမို့လို့ Pre Order တင်ပြီး Waiting time လေး အနည်းငယ်စောင့်ယူပေးကြတဲ့ customer များအတွက်လဲ Cashback ပြန်ပေးတဲ့အထူးခံစားခွင့်လေးတွေ လုပ်ပေးထားပါသေးတယ် ။
Stock လေး ပြန်ပြည့်တာနဲ့ Special Offer လေးနဲ့ရတော့မှာမဟုတ်လို့ မြန်မြန် Order လေး လာတင်ပေးထားဖို့ တော့လိုပါတယ် နော် ။
ပုံမှန်ဈေး - 480000 mmk
( ဈေးအပြောင်းအလဲ ရှိနိုင်ပါတယ် ခင်ဗျာ ၊ အသေးစိတ်ကို Messengerမှာ အားမနာတမ်း လာရောက်မေးမြန်းနိုင်ပါတယ် )
#အားပေးမယ်
Click here to claim your Sponsored Listing.
Category
Website
Address
Yangon