Myanmar Services

Myanmar Services

Share

29/06/2013

ငွေဈေးနှုန်း

S$1 = 765 Kyats
US$1 = 1000 Kyats
US$1 = S$1.27191
US$1 = JPNY 97.70
Gold = 686,000 kyats
as of = (27- June -2013)

24/06/2013

ငွေဈေးနှုန်း

S$1 = 765 Kyats
US$1 = 977 Kyats
US$1 = S$1.27527
US$1 = JPNY 97.88
Gold = 697,000 kyats
as of = (24- June -2013)

13/06/2013

ဝင်းရွှေဝါ အိမ်ခြံမြေအကျိုးဆောင်မှ MD ဒေါ်မို့မို့အောင်နှင့်တွေ့ဆုံခြင်း

Posted by ရွှေဆဌဂံ ဂျာနယ် on June 11, 2013 // 0 Comments
ရွှေဆဌဂံ ဂျာနယ်

တန်ဖိုးနည်းအိမ်ရာစီမံကိန်းတွေကို များများတည်ဆောက်ပေးနိုင်မယ်ဆိုရင် အခြေခံလူတန်းစားတွေအတွက် ပိုပြီးအဆင်ပြေစေမှာပါ

( ၀င်းရွှေဝါ အိမ်ခြံမြေအကျိုးဆောင်မှ MD ဒေါ်မို့မို့အောင်နှင့်တွေ့ဆုံခြင်း )

လတ်တလော ရန်ကုန်အိမ်ခြံမြေဈေးကွက် အခြေအနေ၊ ကွန်ဒိုဈေးကွက် အခြေအနေ၊ တန်ဖိုးနည်းအိမ်ရာ ဈေးကွက်အခြေအနေ၊ တန်ဖိုးနည်းအငှားစီမံကိန်း ဈေးကွက်အခြေအနေ၊ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုနှင့် မြန်မာ့အိမ်ခြံမြေဈေးကွက်အချိတ်အဆက်များနှင့်ပတ်သက်ပြီး အမှတ်(၁၃၆)၊ ၂လွှာ ၊ ၃၈ လမ်း(အလယ်ဘလောက်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၃၇၂၉၀၀ ရှိ ၀င်းရွှေဝါ အိမ်ခြံမြေ အကျိုးဆောင်မှ MD ဒေါ်မို့မို့အောင်နှင့် တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
မေး - လတ်တလော ရန်ကုန် အိမ်ခြံမြေ ဈေးကွက်ကို သုံးသပ်ပေးပါ။
ဖြေ – ရန်ကုန် အိမ်ခြံမြေဈေးကွက်မှာတော့ အရောင်းပါးနေပေမယ့် အငှားကတော့သွက်ပါတယ်။ ဂျပန်ဝန်ကြီးချုပ်လာပြီး သန်လျင်ကိုကြည့်သွားတော့ အဲဒီမှာလည်းအရောင်းအ၀ယ်တွေဖြစ်လာတယ်။ရင်းနှီးမြှုပ်နှံမှုလည်းများလာတယ်။ အငှားကတော့ နေရာအပေါ်မှုတည်ပြီးအလုပ်ဖြစ်ပါတယ်။ ရုံးခန်းလူနေအိမ်အတွက် ငှားကြတာများပါတယ်။ Down Town ဈေးကွက်ကောင်းလာတယ်။ မြို့နယ်စွန်တွေကလွဲရင် သူ့နေရာနဲ့ သူအလုပ်ဖြစ်ပါတယ်။
မေး – စက်မှုဇုန်ဈေးကွက်အခြေအနေကိုသုံးသပ်ပေးပါ။
ဖြေ – သီလ၀ါစက်မှုဇုန်မှာတော့ တစ်ဧကကို ၃၅၀၀ ၀န်းကျင်ပေါက်ဈေးရှိပြီး အရောင်းအ၀ယ်ဖြစ်ပါတယ်။ ဒဂုံဆိပ်ကမ်းစက်မှုဇုန်တော့ ၁၅၀၀ ၀န်းကျင်နဲ့ပုံမှန်လေးပဲအလုပ်ဖြစ်တယ်။ အငှားမှာတော့ဂိုဒေါင်အသုံးပြုဖို့အတွက် ငှားတာများတယ်။ အထူးသဖြင့်လှိုင်သာယာ စက်မှုဇုန်ဘက်မှာ ပိုပြီးဈေးကွက်ကောင်းတယ်။
မေး – ကွန်ဒိုဈေးကွက်အပေါ်သုံးသပ်ပေးပါဦး။
ဖြေ – ကွန်ဒိုဥပဒေ ထွက်လာလို့ ၀ယ်ခွင့်ပေးမယ်ဆိုရင်တော့ ပိုကောင်းပါတယ်။ နိုင်ငံခြားသားတွေအနေနဲ့ ငှားနေရာက ၀ယ်ယူပိုင်ဆိုင်ခွင့်ရှိလာမှာဖြစ်လို့ ဈေးကွက်ပိုကောင်းလာမှာပါ။ လက်ရှိဈေးကွက်ထဲမှာ ရှိနေတဲ့ ကွန်ဒိုတွေကလည်းနည်းနေတော့ နိုင်ငံခြားသားဝယ်ခွင့်ပေးလို့ဈေးကွက်ကောင်းလာရင် လိုအပ်ချက်မြင့်တက်လာလိမ့်မယ်။ ဒီထက်ပိုပြီးဆောက်လာမယ်ဆိုရင်တော့ ဈေးကွက်ကျယ်ပြန့်လာမှာပါ။
မေး – မြို့နယ်စွန် အိမ်ခြံမြေ ဈေးကွက် အခြေအနေပြောင်းလဲလာမှုကိုရှင်းပြပေးပါ။
ဖြေ – ဒီနှစ်တွေထဲမှာ ဒဂုံဆိပ်ကမ်းမြို့နယ်၊ တောင်ဒဂုံစတဲ့မြို့နယ်တွေမှာ တန်ဖိုးနည်းအိမ်ယာစီမံကိန်းတွေလည်းတည်ဆောက်လာလို့ အရောင်းအ၀ယ်ကောင်းလာတယ်။ ဒဂုံဆိပ်ကမ်းမှာဆိုရင် ဗိုလ်မှူးဗထူးအိမ်ယာစီမံကိန်းတွေလည်း တည်ဆောက်လာလို့ အိမ်ယာတွေရဲ့အနီးဝန်းကျင်မှာ အရောင်းအ၀ယ်ဈေးကွက်တွေ အရင်ကထက် ပိုပြီးဖြစ်ထွန်းလာသလို သန်လျင်မြို့နယ်၊ သီလ၀ါ စက်မှုဇုန် အနီးဝန်းကျင်ဈေးကွက်လည်းကောင်းတယ်။
မေး – တန်ဖိုးနည်းအိမ်ရာ စီမံကိန်းဈေးကွက်အခြေအနေကိုလည်း ရှင်းပြပေးပါ။
ဖြေ – ဗိုလ်မှူးဗထူးတန်ဖိုးနည်းအိမ်ရာစီမံကိန်းက တိုက်ခန်းတွေကို သိန်း ၁၀၀ အောက်နဲ့ရောင်းပေးမယ်လို့တော့ကြားတယ်။ အဲဒီဈေးနဲ့ရောင်းပေးမယ်ဆိုရင် အခြေခံလူတန်းစားတွေ လက်လှမ်းမှီမှာပါ။ ဒဂုံဆိပ်ကမ်းမြို့နယ်က ၁၈ ထပ်တိုက် ၄၈ လုံးရှိတဲ့ ရတနာအိမ်ရာ စီမံကိန်းက တိုက်ခန်းတွေကို ဘယ်လောက်နဲ့ ရောင်းပေးမလဲ၊ ဘယ်လိုလူမျိုး ကိုရောင်းမလဲ ၊ ဘယ်စနစ်နဲ့သွားမလဲ၊ ဘဏ်စနစ်နဲ့ သွားမယ်ဆိုရင်
နှစ်ရှည်ပေးချေရမယ့် ပုံစံမျိုးဆိုရင် အခြေခံလူတန်းစားအားလုံးမဟုတ်ရင်တောင် အတော်များများ အဆင်ပြေစေမှာပါ။ တန်ဖိုးနည်းအိမ်ရာစီမံကိန်းတွေကို များများတည်ဆောက်ပေးနိုင်မယ်ဆိုရင် အခြေခံလူတန်းစားတွေအတွက် ပိုပြီးအဆင်ပြေစေမှာပါ။
မေး – တန်ဖိုးနည်းအိမ်ရာအငှားစီမံကိန်းပေါ်ပေါက်လာမယ်ဆိုရင် ဈေးကွက်ဘယ်လိုအခြေအနေများရှိနိုင်မလဲ။
ဖြေ – နိုင်ငံတော်အနေနဲ့ နယ်မြေဒေသအလိုက် ဆောင်ရွက်ပေးမယ်ဆိုရင်တော့ အိမ်ငှားနဲ့ နေထိုင်ရတဲ့သူအတွက်အဆင်ပြေစေမှာပါ။ အငှားဈေးနှုန်းကိုလည်း အပြင်ပေါက်ဈေးထက်နည်းမယ်ဆိုရင်တော့ လက်ရှိ ရှိနေတဲ့ အငှားဈေးကွက်ကိုလည်း ထိန်းချုပ်နိုင်မယ့်အပြင် ပြည်သူတွေအတွက်လည်း ပိုပြီးတော့ အဆင်ပြေစေမှာပါ။
မေး – နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေထွက်လာပြီးနောက်ပိုင်း မြန်မာ့အိမ်ခြံမြေဈေးကွက်ပြောင်းလဲမှုများရှိပါသလား ။
ဖြေ – နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေက မြန်မာလိုမထွက်သေးတော့ ယခုလက်ရှိကာလမှာစောင့်နေဆဲကာလ ဖြစ်တဲ့အပြင် ၂၀၁၅ ရွေးကောက်ပွဲကိုလည်း စောင့်နေကြတာပါတယ်။ ရင်းနှီးမြှုပ်နှံမှု ဥပဒေထွက်လာပြီးပေမယ့် အာရှရင်းနှီးမြှုပ်နှံသူတွေကလာပြီး မေးတယ်။ ကြည့် ကြည့်ပြီးပြန်သွားတာများတယ်။ ရွေးကောက်ပွဲကာလ အလွန်မှာတော့ ဒီထက်မကရင်းနှီးမြှုပ်နှံလာမယ်လို့တော့ထင်ပါတယ်။ ၂၀၁၅ ခုနှစ်မှာကျင့်သုံးမယ့် အာဆီယံ ဖရီးထရိတ်အပေါ်မူတည်ပြီး ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ၀င်ရောက်လာမယ်ဆိုရင်တော့ မြန်မာ့အိမ်ခြံမြေဈေးကွက်လည်း ပိုပြီးကောင်းလာမယ့်အပြင် တိုင်းပြည်လည်းဖွံ့ဖြိုးတိုးတက်လာမှာပါ။
မေး – လက်ရှိကျင့်သုံးနေတဲ့ အခွန်စနစ်အပေါ်သုံးသပ်ပေးပါဦး
ဖြေ – အခွန် ၁၅ ရာခိုင်နှုန်းကာလမှာတော့ အရောင်းအ၀ယ်တွေသွက်ခဲ့ပါတယ်။ အခုကျင့်သုံးနေတဲ့ အခွန် ၃၇ ရာခိုင်နှုန်းမှာတော့ ဈေးကွက်ပါးသွားတယ်။ အရောင်းအ၀ယ်လုပ်ရာမှာလည်း အခွန် ၃၀ ရာခိုင်နှုန်းဆောင်နေရလို့ SP-GP တွေနဲ့ပဲ အလွှဲအပြောင်းလုပ်လာကြတယ်။ အခွန်ကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ အိမ်ခြံမြေ ၀န်ဆောင်မှုအသင်းက သူရဦးရွှေမန်းနဲ့ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံတဲ့ပွဲမှာ တင်ပြထားတာတော့ရှိပါတယ်။ လက်ရှိဖြစ်နေတာက GP-SP နဲ့ပဲအရောင်းအ၀ယ်လုပ်နေတာကြောင်း ရေရှည်မှာမလိုလားအပ်တဲ့ တရားမမှုတွေဖြစ်လာနိုင်တယ်လို့တော့ နိုင်ငံတော်ကိုတင်ပြထားပါတယ်။
မေး – အနာဂါတ်မြန်မာ့ အိမ်ခြံမြေ ဈေးကွက်အပေါ်သုံးသပ်ပေးပါဦး။
ဖြေ – ကွန်ဒိုဥပဒေထွက်ဖို့နဲ့ နိုင်ငံခြားရင်နှီးမြှုပ်နှံမှုဥပဒေ မြန်မာလိုထွက်လာမယ်ဆိုရင် ပြည်ပက ရင်းနှီးမြှုပ်နှံမယ့်သူတွေအတွက်နဲ့ များများဝင်ရောက်ရင်းနှီးမြှုပ်နှံလာမှာပါ။ ဒီဥပဒေ မထွက်သေးရင်တော့ လက်ရှိအခြေအနေအတိုင်းပဲ ဆက်သွားနေမှာပါ။ တိုင်း/ပြည်နယ်ဈေးကွက်တွေက ရန်ကုန်လောက်အရောင်းမသွက်ပါဘူး။ မန်းအိမ်ခြံမြေကတော့ ရန်ကုန်နီးပါး အလုပ်ဖြစ်ပါတယ်။

Category : သတင်း &အိမ်ခြံမြေသတင်း &ပြည်တွင်းသတင်း

Want your business to be the top-listed Engineering Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


Laydaunk Kan Road, #57 First Floor, Thingungan
Yangon