Biflora Myanmar
04/07/2024
မိုးရာသီနှင့် ဝမ်းပျက်ဝမ်းလျော
မိုးရာသီကာလတွင် အဖြစ်များသော ရောဂါများအနက် ဝမ်းပျက်ဝမ်းလျော ရောဂါသည်လည်း တခုအပါအဝင် ဖြစ်ပါသည်။ ဝမ်းပျက်ဝမ်းလျော ရောဂါသည် မသန့်ရှင်းသော အစားအစာနှင့်ရေများ စားသောက်မိခြင်းကြောင့် ဖြစ်ပါသည်။
မိုးရာသီကာလတွင် ရေကြီးရေလျှံပြီး စိုထိုင်းဆ မြင့်မားခြင်းကြောင့် အစားအစာနှင့်ရေများတွင် ဘက်တီးရီးယား၊ ဗိုင်းရပ်စ်ပိုးများ ရှိနေတတ်ပြီး ပိုမိုပေါက်ဖွားစေကာ ဝမ်းပျက်ဝမ်းလျော ဖြစ်စေပါသည်။ ဝမ်းပျက်ဝမ်းလျော ရောဂါခံစားရပါက ဝမ်းအရည်သွားခြင်း၊ ဝမ်းအကြိမ်ရေများခြင်း၊ လေပွခြင်း၊ ဗိုက်အောင့်ခြင်း၊ ပျို့အန်ခြင်း တို့ပါခံစားရတတ်ပါသည်။
မိုးရာသီတွင် ဝမ်းပျက်ဝမ်းလျောမှ ကာကွယ်ရန် ရေသန့် သို့မဟုတ် ရေကို သေချာစွာ ကျိုချက်ပြီးမှ သောက်ခြင်း၊ အစားအစာ မချက်ပြုတ်ခင်နှင့် ချက်ပြုတ်ပြီးတိုင်း၊ အိမ်သာမှ ထွက်လာတိုင်း လက်ကို ဆပ်ပြာနှင့် သေချာစွာဆေးခြင်း၊ အစားအစာများကို ကျက်အောင် သေချာစွာချက်ပြုတ်၍ ယင်မနားအောင်ထားခြင်း၊ အမှည့်လွန်သော အသီးများ၊ ရက်လွန်သော အစားအစာများ၊ ယင်နားစာများကို စားခြင်းမှရှောင်ခြင်း တို့အပြင် ရေကြီးရေလျှံလာပါကလည်း အစားအစာနှင့် တကိုယ်ရေ သန့်ရှင်းရေးကို အထူးဂရုပြုလုပ်ဆောင်ရပါမည်။
ဝမ်းပျက်ဝမ်းလျော ဖြစ်ပါက ရေဓါတ် ပြန်လည်ဖြည့်တင်းပေးရန် လိုသဖြင့် ရေနှင့်ဓါတ်ဆားရည်ကို သောက်ပေးရပါမည်။
ထို့အပြင် ဝမ်းပျက်ဝမ်းလျော ရပ်တန့်စေရန် အကျိုးပြုဘက်တီးရီးယား (Probiotics) များသောက်သုံးသင့်ပါသည်။
ဝမ်းပျက်ဝမ်းလျောခြင်းအတွက် အထူးဖော်စပ်ထုပ်လုပ်ထားသော Biflora တွင် အူလမ်းကြောင်း အကျိုးပြု ဘက်တီးရီးယား ၂ မျိုးသာမက Zinc ဓါတ်ကိုပါ ထည့်သွင်း ဖော်စပ်ထား၍ ၀မ်းပျက်၀မ်းလျောကို လျင်မြန်စွာ သက်သာပျောက်ကင်းစေပါသည်။ အမှုန့်အဖြစ် ထုတ်လုပ်ထားသောကြောင့် လူကြီးလူငယ်မရွေး အလွယ်တကူ သောက်သုံးနိုင်ပြီး သယ်ဆောင်ရလည်း လွယ်ကူပါသည်။ ဘေးထွက်ဆိုးကျိုးလည်း နည်းပါးသောကြောင့် အိမ်တိုင်းဆောင်ထားသင့်သော ဆေးစွမ်းကောင်းတစ်လက်အဖြစ် တင်ပြလိုက်ပါသည်။
02/07/2024
အရေးကြီးတဲ့ စားဖိုမှူး (သို့မဟုတ်) ထမင်းဟင်းချက်ပြုတ်သူများ တကိုယ်ရေသန့်ရှင်းရေး
နေ့စဥ်စားသောက်သော အစားအစာများသည် သန့်ရှင်းနေဖို့ အရေးကြီးပါသည်။ အစားအစာများကို သိုလှောင်သိမ်းဆည်းရာတွင်လည်းကောင်း၊ ချက်ပြုတ်ပြင်ဆင်ရာတွင်လည်းကောင်း အစရှိသဖြင့် အမြဲသန့်ရှင်းစေဖို့ ဂရုပြုရပါမည်။
ထို့ပြင် အစားအသောက်များကို ချက်ပြုတ်သော စားဖိုမှူးများ (သို့မဟုတ်) ထမင်းဟင်းချက်ပြုတ်သူများ၏ တကိုယ်ရေ သန့်ရှင်းရေးသည်လည်း အရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်နေသည်။
စားဖိုမှူးများ (သို့မဟုတ်) ထမင်းဟင်းချက်ပြုတ်သူများ တကိုယ်ရေ သန့်ရှင်းရေးအတွက် အောက်ပါအချက်များကို လိုက်နာ၍ အစားအစာများကို ချက်ပြုတ်ပြင်ဆင်သင့်ပါသည်။
စားဖိုမှူးများ (သို့မဟုတ်) ထမင်းဟင်းချက်ပြုတ်သူများ ဖျားနာနေမကောင်း ဖြစ်နေလျှင် မီးဖိုခန်းထဲသို့ မဝင်ဘဲ သီးခြားနေထိုင်ပါ။
စားဖိုမှူးများ (သို့မဟုတ်) ထမင်းဟင်းချက်ပြုတ်သူများ၏လက်ကို အစားအစာများကို ကိုင်တွယ်မချက်ပြုတ်ခင်နှင့် ချက်ပြုတ်ပြီးတိုင်း အိမ်သာမှထွက်လာတိုင်း ဆပ်ပြာဖြင့် သေချာဆေးကြောပါ။ ချက်ပြုတ်နေစဥ်တွင်လည်း လိုအပ်လျှင် လိုအပ်သလို လက်ကို ဆေးပါ။
စားဖိုမှူးများ (သို့မဟုတ်) ထမင်းဟင်းချက်ပြုတ်သူများသည် လက်သည်းကို အရှည်မထားဘဲ ပုံမှန်ညှပ်ပေးရပါမည်။ ဟင်းချက်နေစဥ်တွင် လက်စွပ်၊ လက်ကောက် အစရှိသည့် လက်ဝတ်လက်စားများကို မဝတ်ဆင်ဘဲ ချွတ်ထားသင့်ပါသည်။
ဆံပင်ကို သေချာစွာ စည်းထားခြင်း သို့မဟုတ် Cap ဖြင့် သေချာစွာ ဖုံးအုပ်ထားပါ။
ချက်ပြုတ်ပြီး စားရန်အသင့် အစားအစာများကို ကိုင်တွယ်ပါက တခါသုံး လက်အိတ်များဖြင့်သာ ကိုင်တွယ်ပါ။
ဟင်းချက်ရာတွင် ဝတ်ဆင်ထားသော အေပရွန်နှင့် အဝတ်အစားများကို ဆပ်ပြာနှင့် သန့်စင်အောင် သေချာလျှော်ဖွပ်ပြီးမှ ဝတ်ပါ။
မီးဖိုခန်းအတွင်း မတော်တဆဖြစ်မှုများ၊ ချော်လဲမှုများမှ ကာကွယ်ရန် ခြေမအပိတ်ဖိနပ်နှင့် မချော်လဲနိုင်သော ဖိနပ်စီးပါ။
စားဖိုမှူးများ (သို့မဟုတ်) ထမင်းဟင်းချက်ပြုတ်သူများ အနေဖြင့် အထက်ပါအချက်များကို လိုက်နာဆောင်ရွက်ခြင်းဖြင့် ဝမ်းပျက်ဝမ်းလျောရောဂါများ ကူးစက်ဖြစ်ပွားခြင်းမှ ကာကွယ်နိုင်မည်ဖြစ်ကြောင်း တင်ပြလိုပါသည်။
Click here to claim your Sponsored Listing.
Category
Website
Address
No. 218, Bogyoke Road, Botahtaung Tsp
Yangon