Meta Problem Solving Center

Meta Problem Solving Center

Share

Photos from Meta Problem Solving Center's post 03/07/2022

ရန်ကုန်လေဆိပ်အနီး နယ်နေရာကောင်း ခြံအကျယ်ရောင်းမည်
====================

လေဆိပ်ရိပ်သာလမ်း၊ ကိုယ်ပိုင်လမ်းအပါ၊
- အကျယ် - ( ၁၀၀ ပေ × ၆၅ ပေ) မြေအပို (၃၀ ပေ) အပါ၊ ဘိုးဘွားပိုင်မြေ (၇၄၀၀) စတုရန်းပေ၊
- ရောင်းဈေး - 7000 သိန်း(ညှိနှိုင်း)
-ခေတ်ဟောင်းပုံစံ တိုက်အပါ အိမ်အကျယ် ( ၅၀ ပေ × ၅၀ ပေ)

Facilities
=======
- 2 ထပ်အုပ်တိုက် ( ရှေးမူလက်ရာ )
- Master Bedroom (2) Units၊ Single Bedroom (2) Units
- ရပ်ကွက်အလွန်သန့်
- စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်လိုသည်ဖြစ်စေ ၊ ကိုယ်တိုင်နေထိုင်လိုသည်ဖြစ်စေ အလွန်အချက်အချာကျ
၍ ကောင်းမွန်သောနေရာဖြစ်သည်၊
- လေဆိပ်နှင့် အလွန်နီးကပ်သောနေရာဖြစ်၍ လုံခြုံရေး အထူးကောင်းသော ပတ်ဝန်းကျင်လည်းဖြစ်ပါသည်၊
- ရန်ကုန်မြို့၏ အဓိက ပင်မအချက်အချာနေရာများထဲ မှ တစ်ခုအပါအဝင်ဖြစ်၍ ရင်းနှီးမြုပ်နှံလိုသူများ လက်မလွှတ်သင့်သော နေရာတစ်နေရာဖြစ်ပါသည်၊

အိမ်ကြည့်လိုက (၂) နာရီကြိုတင်ဆက်သွယ်ပေးပါ။
09 9680 44937

*အကျိုးတူဆောင်ရွက်လိုသော မိတ်ဆွေကြီးများကိုလည်းဖိတ်ခေါ်ပါတယ်*

24/06/2022

တိုက်ခန်းဝယ်တော့မယ်ဆိုရင် တောင်းယူရမည့် စာရွက်စာတမ်းများ =======================
တိုက်ခန်းဝယ်တော့မယ်ဆိုရင်.

တိုက်ခန်း အရောင်းအဝယ်လုပ်တဲ့အခါ ဝယ်ယူသူတွေအနေနဲ့ ပိုပြီးခိုင်မာမှုရှိအောင် တောင်းယူရမယ့် စာရွက်စာတမ်းတချို့ကို မဖြစ်မနေ တောင်းယူသင့်ပါတယ်။

အရောင်းအဝယ် လုပ်တဲ့အခါ ရောင်းသူနဲ့ပွဲစားတွေရဲ့ ပြောစကားတွေကိုသာ ဝယ်သူတွေက ယုံကြည်ကြရပါတယ်။

ဒါကြောင့် အရောင်းအဝယ် လုပ်တဲ့အခါ ပိုပြီးစိတ်ချနိုင်အောင် လုပ်သင့်တာတွေ ရှိပါတယ်။

စရန်ပေးရင် ပိုင်ဆိုင်မှု မိတ္တူတောင်းပါ။ ဝယ်ယူသူတွေအနေနဲ့
တိုက်ခန်းနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေ မှန်ကန်အောင် ပြည့်စုံအောင် သေချာမသိကြဘူး။

ဈေးတန်ရင် ဈေးဆစ်ဝယ်ကြတာပါပဲ။
ကိုယ်ဝယ်မယ့်တိုက်ခန်းစာရွက် စာတမ်းတွေကလည်း စရန်မြေပေး စာချုပ်ချုပ်တော့မှ ထုတ်ပြကြတာပါ။

တစ်ခါတရံရောင်းသူတွေက ကျန်ငွေချေတဲ့အခါမှသာ မူရင်းပေးမယ်လို့ ပြောတတ်ကြပြီး ဒါတွေကို သတိထားသင့်ပါတယ်။ စာရွက်စာတမ်းကျွမ်းကျင်သူ ဝယ်သူတော်တော်များများက စရန်ပေး စာချုပ်ချုပ်တဲ့အခါ ရှေ့နေခေါ်ဖို့ မလိုဘူးထင်ပြီး ပွဲစားတွေ ယူလာတဲ့ အိမ်ခြံမြေအရောင်းအဝယ်စာချုပ်တွေ တိုက်ခန်းအရောင်းအဝယ် စာချုပ်တွေနဲ့ပဲ စရန်ငွေပေးပြီး စလွယ်လုပ်တတ်ကြပါတယ်။

ဒါကြောင့်ဝယ်တဲ့အခါ ခိုင်မာအောင် စာရွက်စာတမ်း ကျွမ်းကျင်သူတွေကို ခေါ်ယူသင့်ပါတယ်။

ရောင်းသူထံက တောင်းယူမယ့် စာရွက်စာတမ်း ကန်ထရိုက်ထံက တိုက်ခန်း တိုက်ရိုက်ဝယ်ယူတဲ့အခါ မြေရှင်နဲ့ ကန်ထရိုက်တို့ အခန်းအပေးအယူ သဘောတူစာချုပ်ချုပ်ထားတဲ့ ကတိစာချုပ် (မိတ္တူ)၊ ရောင်းသူနဲ့ကျန် ကန်ထရိုက်တာနှစ်ဦး အခန်းခွဲဝေတဲ့ သဘောတူစာချုပ်(မူရင်း)၊ BCC လူနေထိုင်ခွင့် လက်မှတ် (မိတ္တူ)တွေကို ရောင်းသူထံက တောင်းယူဖို့ လိုအပ်ပါတယ်။ ပြီးမှ ရောင်းသူထံက မှတ်ပုံတင်မိတ္တူနဲ့ အိမ်ထောင်စု စာရင်းမိတ္တူ တောင်းယူသင့်ပါတယ်။

မြေရှင်လက်မှတ်ယူပါ။

တိုက်ခန်းအရောင်းအဝယ် စာချုပ်ပြီး အခွန်မဆောင်ရင်တော့ မိမိဝယ်တဲ့တိုက်ခန်းနဲ့ မြေရှင်လက်မှတ်ယူသင့်ပါတယ်။

အရင်ဆုံး မြေရှင်လက်မှတ်ထိုးခအဖြစ် မြေနဲ့အိမ်တန်ဖိုးပေါ်မူတည်ပြီး တစ်ရာခိုင်နှုန်း ပေးရပါတယ်။

မြေရှင်လက်မှတ် ထိုးပေးတဲ့အတွက် အရောင်းအဝယ် ကောင်းစွာပြုလုပ်နိုင်ပါတယ်။

Credit # # #

Want your business to be the top-listed Realtor/realty Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00