AAT Sport

AAT Sport

Share

Photos from AAT Sport's post 22/04/2025

လက်ကျန်နှစ်ပွဲအလိုမှာ ပရီးမီးယားလိဂ်ကို
လိဒ်စ်နဲ့ ဘန်လေ တန်းပြန်တက်

➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

ယမန်နေ့ကကစားခဲ့တဲ့ လိဂ်ချန်ပီယံရှစ်ပွဲစဉ် ၄၄ အပြီးမှာတော့ အမှတ်ပေးဇယားထိပ်ဆုံး နှစ်သင်းဖြစ်တဲ့ လိဒ်စ်နဲ့ ဘန်လေအသင်းတို့ လက်ကျန်နှစ်ပွဲအလိုမှာပဲ ပရီးမီးယားလိဂ်ကို တိုက်ရိုက်တန်းတက်ခွင့် ရရှိခဲ့ပါတယ်။

ပွဲစဉ်-၄၄ မှာ ဒုတိယနေရာက ဘန်လေအသင်းနဲ့ တတိယနေရာက ရှက်ဖီးယူနိုက်တက်အသင်းတို့ ရင်ဆိုင်ကစားခဲ့ရကာ ဘန်လေအသင်းက ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့လို့ အခုလို အဖြေထွက်ခဲ့တာပါ။

လိဒ်စ်အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲနဲ့ နှစ်နှစ်ကြာကင်းကွာခဲ့ပြီးမှ ပြန်ကစားခွင့်ရခဲ့တာဖြစ်တယ်။

လိဒ်စ်အသင်းအနေနဲ့ ပြီးခဲ့တဲ့ရာသီကလည်း
ပရီးမီးယားလိဂ်ကို တန်းပြန်တက်ဖို့ နီးစပ်ခဲ့ပေမဲ့ play-off ဗိုလ်လုပွဲမှာ ဆောက်သမ်တန်ကို အရှုံးပေးခဲ့ရပါတယ်။

စကော့ပါကား နည်းပြအဖြစ် တာဝန်ယူထားတဲ့
ဘန်လေအသင်းကတော့ ပရီးမီးယားလိဂ်ကို ချက်ချင်းတန်းပြန်တက်ခဲ့တာပါ။

နောက်ဆုံးကစားတဲ့ အမှတ်ပေးပွဲ ၃၁ ပွဲဆက်တိုက် ရှုံးပွဲမရှိ ကစားခဲ့ပြီး အသင်းသမိုင်းမှာ ၁၀၄ ကြာ
ရှုံးပွဲမရှိပွဲဆက်အများဆုံးကို ကျော်ဖြတ်ကာ မှတ်တမ်းသစ် ရေးထိုးခဲ့ပါတယ်။

လိဒ်စ်နဲ့ ဘန်လေအသင်းဟာ အခုရာသီ အမှတ်ပေးချန်ပီယံဆုအတွက် လက်ကျန်နှစ်ပွဲမှာ အဆုံး
အဖြတ် ခံယူရမှာဖြစ်ပါတယ်။

Photos from AAT Sport's post 14/04/2025

ပရီးမီးယားလိဂ် ချန်ပီယံလိဂ်ဝင်ခွင့်အတွက်
ငါးသင်း အကြိတ်အနယ်

➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ငါးနေရာရ
ထားတဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲကတော့ လက်ကျန် သုံးနေရာကို ငါးသင်း အကြိတ်အနယ် ယှဉ်လုရဖို့
ရှိပါတယ်။

ဧပြီလ ၁၃ ရက် ပရီးမီးယားလိဂ် ပွဲတွေအပြီးမှာ လီဗာပူးလ်၊ အာဆင်နယ်အသင်းတွေနောက်
နော်တင်ဟမ်ဖောရက်စ်၊ နယူးကာဆယ်၊ မန်စီးတီး၊ ချယ်လ်ဆီး၊ အက်စတွန်ဗီလာအသင်းတွေပဲ လုရဖို့ များလာခဲ့ပါတယ်။

ဒီအထဲမှာ လက်ကျန်တစ်ပွဲ ကစားဖို့ရှိသေးတဲ့ နယူးကာဆယ်အသင်းက အခွင့်အရေးအကောင်းဆုံး ဖြစ်နေပါတယ်။

လက်ရှိမှာ ဖူလ်ဟမ်အသင်းက တစ်ပွဲလျော့ကစားကာ အက်စတွန်ဗီလာ၊ ချယ်လ်ဆီးတို့နဲ့ ခြောက်မှတ်သာ ကွာဟနေပေမဲ့ လက်ကျန်ပွဲမှာ နယူးကာဆယ်နဲ့ဖြစ်လို့ မလွယ်လှပါဘူး။

နယူးကာဆယ်အသင်းက မန်ယူနိုက်တက်ကို ဂိုးပြတ်အနိုင်ရပြီး ၁၉၃၀-၃၁ ရာသီကတည်းက ပထမဆုံးအကြိမ် အနိုင်ကစားခဲ့တာပါ။

ချယ်လ်ဆီးကတော့ နှစ်ဂိုးအရှုံးကနေ တစ်မှတ်ရအောင် မနည်းကစားခဲ့ရပြီး အဆင့် ခြောက်နေရာအထိ ကျဆင်းခဲ့ရပါတယ်။

ထိပ်ဆုံးက လီဗာပူးလ်ကတော့ ဝက်စ်ဟမ်းကို နောက်ကျဂိုးနဲ့ အနိုင်ရလိုက်လို့ အာဆင်နယ်ကို ၁၃ မှတ်အထိ ဖြတ်နိုင်ခဲ့ပါတယ်။

တန်းဆင်းဇုန်မှာ ဝုလ်ဗ်အသင်းက ပရီးမီးယားလိဂ် ရှင်ကျန်ရစ်ဖို့ သေချာလာခဲ့ပြီး အဆင့် ၁၈ က အစ်ဝစ်ချ်အသင်းကို ၁၄ မှတ် ဖြတ်ထားခဲ့တာပါ။

ဆောက်သမ်တန်ပြီးနောက် လက်စတာ၊ အစ်ဆွစ်ချ်တို့ ပြီးခဲ့တဲ့ရာသီ တန်းတက် သုံးသင်းစလုံး တန်းပြန်ဆင်းရဖို့ နီးစပ်ခဲ့ပါတယ်။

Photos from AAT Sport's post 12/04/2025

အင်တာမိုင်ယာမီအသင်းနဲ့ မက်ဆီ စာချုပ်သက်တမ်းတိုးဖို့ နီးစပ်နေ

➖➖➖➖➖➖➖➖➖➖➖➖➖➖

အင်တာမိုင်ယာမီအသင်းခေါင်းဆောင် မက်ဆီဟာ အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ နီးစပ်နေပြီလို့
သိရပါတယ်။

မက်ဆီ(၃၇ နှစ်)ရဲ့လက်ရှိစာချုပ်ဟာ အခု ၂၀၂၅ ရာသီကုန်မှာ သက်တမ်းကုန်ဆုံးမှာဖြစ်တယ်။

မက်ဆီအနေနဲ့ အနည်းဆုံး တစ်နှစ်သက်တမ်းတိုးဖို့ ရှိနေတယ်လို့ သတင်းတွေက ဖော်ပြကြပါတယ်။

၎င်းဟာ ၂၀၂၃ ခုနှစ် ဇူလိုင်လမှာ အင်တာမိုင်ယာမီအသင်းကို ရောက်လာခဲ့တာဖြစ်တယ်။

အင်တာမိုင်ယာမီအသင်းဟာ ပြိုင်ပွဲစုံ ၄၈ ပွဲကစားကာ ၄၂ ဂိုးသွင်းပြီး ၂၁ ဂိုး သွင်းယူထားပါတယ်။

မက်ဆီဟာ လတ်တလော CONCACAF Champions Cup ကွာတားဖိုင်နယ် ဒုတိယ
အကျော့မှာ နှစ်ဂိုးသွင်းပြီး ဆီမီးဖိုင်နယ် ပို့ဆောင်ပေးခဲ့ပါတယ်။

၎င်းအနေနဲ့ လက်ရှိစာချုပ်အရ တစ်နှစ် ပေါင် သန်း ၅၀ နဲ့ ၆၀ ကြား ရနေတယ်လို့လည်း သိရပါတယ်။

အင်တာမိုင်ယာမီအသင်းနဲ့အတူ ၂၀၂၃ Leagues Cupနဲ့ ၂၀၂၄ Supporters' Shield ဖလားတွေ ရယူပေးခဲ့ပါတယ်။

Want your business to be the top-listed Gym/sports Facility in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


Yangon

Opening Hours

Monday 09:30 - 17:30
Tuesday 09:30 - 17:30
Wednesday 09:30 - 17:30
Thursday 09:30 - 17:30
Friday 09:30 - 17:30
Saturday 09:30 - 17:30