Raid - 5 Technology

Raid - 5 Technology

Share

Photos from Raid - 5 Technology's post 24/04/2021

ပွင့်ပွင့်လင်းလင်းရှင်းအောင်
ပြောရမယ်ဆိုရင်တော့ သူတို့ ပေးသုံးတဲ့
Website တွေကိုပဲ သုံးရတော့မှာပါ
သူတို့ ခွင့်ပြုထားတဲ့ Website တွေအပြင်
တခြား မည်သည့် Website ကိုမှ
ဘယ်နည်းနဲ့မှ သုံးလို့ရမှာ မဟုတ်ပါဘူး
ရှင်းတမ်း၊
အင်တာနက်ကို ပိတ်တဲ့နေရာမှာ Whitelist နဲ့
Blacklist ဆိုပီး နှစ်မျိုးရှိပါတယ်။ လက်ရှိ
ကျွန်‌တော်တို့ကိုပိတ်ထားတာ Blacklist နဲ့
ပိတ်ထားတာပါ။
Backlist သဘောတရားသည်
ပိတ်စေချင်တာကို ရွေးရတာပါ။
ဥပမာ PornHub ပိတ်မယ်၊ Facebook
ပိတ်မယ်၊ အဲ့ ၂ ခုကလွဲလို့ ကျန်တာ
အကုန် ပွင့်‌နေဆဲပါ။
Whitelist ကတော့ Blacklist နဲ့ပြောင်းပြန်ပါ။
ပွင့်စေချင်တာကိုရွေးရတာပါ။
ဥပမာ ပွင့်ချင်တဲ့ Military Website တွေကိုပဲ
ရွေးဖွင့်ထားပြီး ကျန်တဲ့ တစ်ကမ္ဘာလုံး
ကဟာတွေ အကုန်ပိတ်သွားမှာပါ။

ဒါက ဆိုးလားဆိုတော့ တော်တော်ကိုဆိုးပါတယ်။
ကျနော်တို့ Blacklist သည် သာမာန်နည်းနဲ့
ကျော်လို့ရနိုင်ပါတယ်။ ဘာလို့ဆို Blacklist သည်
အရာအားလုံးကို လိုက်မပိတ်နိုင်ပါဘူး။
ဥပမာ VPN Software တစ်ခု အစက
သုံးလို့ရပြီး နောက်ကျမရတော့တာကို
ကြုံဖူးကြမှာပါ။
ဒါသည် Blacklist နဲ့ လိုက်ပိတ်နေလို့
ဖြစ်ပါတယ်။ အစပိုင်းမှာ မပိတ်ထားပေမဲ့
နောက်ကျ လိုအပ်သလို အဲ့ VPN ကို
Blacklist ထဲ ထည့်ပြီး ပိတ်လိုက်တာ
ဖြစ်ပါတယ်။
Whitelist နဲ့ ဆိုရင်တော့ အပေါ်မှာ
ပြောခဲ့သလိုပဲ ပွင့်စေချင်တာ သီးသန့်ကိုပဲ
ဖွင့်ထားတာဆိုတော့ VPN ကျော်လို့လည်း
မရတော့ပါဘူး။
ပြီးတော့ အောက်မှာပါတဲ့ SS က ပြောထားတဲ့
Intranet(အင်ထွာနက်) ကတော့
အလွယ်ရှင်းပြရရင် အင်တာနက်ရမှ
သုံးလို့ရမှာတွေကို အင်တာနက်မရဘဲနဲ့
သုံးလို့ရအောင်လုပ်တာပါ။ ဥပမာ
အင်တာနက်မရရင်တောင် Mobile Data
ဖွင့်ပြီး Telenor App ကို သုံးလို့ရအောင်
Telenor က လုပ်ထားပါတယ်။
ါကသူ့ Telenor App သည် သူ့
Telenor Local Network အတွင်းမှာပဲမို့
ရနေတာဖြစ်ပါတယ်။ ဒီသဘောနဲ့ပဲ
Mobile Banking App တွေကိုလည်း
လုပ်လာဖို့ဖြစ်နိုင်ပါတယ်။
သိရသလောက် တချို့ ISP တွေမှာ
အင်တာနက်မရရင်တောင် ရုံးချုပ်နဲ့
ရုံးခွဲတွေ အချင်းချင်းဆက်သွယ်နိုင်ဖို့ဆိုပြီး
Intranet ကို စရောင်းနေပါပြီ။
ဒီတော့ အာဏာသိမ်းစစ်ကောင်စီဟာ
Banking App တွေကို Intranet နဲ့
ရအောင်လုပ်မယ်။ အင်တာနက်ကိုလည်း
Whitelist နဲ့ လုပ်မယ်ဆိုရင်တော့
အရာအားလုံးဟာ ပိတ်သွားမှာဖြစ်ပါတယ်။
မသိသေးတဲ့လူတွေကို ရှင်းပြတာပါ။
(IT Field က မဟုတ်တဲ့လူတွေအတွက်ပါ)
crd

Want your business to be the top-listed Computer & Electronics Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


No. 13 , Manpyae Street 15 , Tharkayta Township
Yangon
11231