Yangon Civil Engineering

Yangon Civil Engineering

Share

12/07/2025

သင်တန်းသင်တဲ့အမက အရမ်းသဘောကောင်းပါတယ်
၁ယောက်ချင်း သင်ရတော့ မသိတာလဲ သေချာမေးလို့ ရတယ် သင်တန်းပျက်လဲ စာလွတ်မှာ စိတ်မပူရဖူး
အမက သေချာသင်ပေးတဲ့ အပြင် ၁ခုချင်း ကိုယ်တိုင်တွက်ရတော့ သေချာနားလည်p ပိုမှတ်မိပါတယ်
သင်ကြားတာ ရှင်းလင်းp နားမလည်မချင်း လုပ်ငန်းခွင်ကပုံတွေနဲ့ပါ ပြp မျက်စိထဲပေါ်လာအောင် သင်ကြားပေးပါတယ်။

✍️ဖူးပွင့်သူ

19/02/2025

ရေနံချောင်းမြို့မှ Civil Engineer များအတွက်

👷🏻‍♂️အင်ဂျင်နီယာတစ်ယောက်အတွက်မဖြစ်မနေလိုအပ်တဲ့ Estimate👷🏻‍♀️

YCE မှာ သင်ကြားနေတဲ့ Estimate သင်တန်းများကိုဖော်ပြပေးထားပါတယ်✍️✍️✍️

ဖော်ပြထားတဲ့အတန်းအားလုံးတက်ရမှာလား 🤔🤔🤔

မလိုပါဘူး မိမိရဲ့ရည်ရွယ်ချက်နဲ့ ရှိထားတဲ့ knowledge and experience တွေကိုမေးမြန်းပြီး တက်သင့်တဲ့အတန်းကို ဆွေးနွေးတက်ရောက်စေတာပါ 🤗🤗

🍀Steel structure Estimate

☘️RC Estimate with all foundation type (pile, strip and Mat, etc..)

☘️Decoration & extra

☘️Quantity Surveying and Estimating

☘️Road and Bridge Estimate

အတန်းအားလုံးကို Hand Calculation and Excel နှစ်မျိုးလုံးနဲ့သင်ကြားပေးနေပါတယ်။👏👏👏

တွက်ပြီးသား File ကို Print ထုတ်ပြီး သင်ကြားပေးခြင်းမျိုးလား?

🙅‍♀️လုံးဝမဟုတ်ပါဘူး။ အစအဆုံးကိုယ်တိုင်တွက်ချက်ရတာပါ။

💥Detail Measurement, Builder’s Estimate, Abstract of cost, Bill of Quantity များအား Format and Table ဆွဲနည်းမှစပြီး Tender and Quotation တင်သည်ထိ သင်ကြားပေးသွားမှာပါ။

💥Site အတွင်း Management and Rebar Schedule များပါ သင်ကြားပေးနေတာပါ။

💥 Analysis of rage (Yellow book) မှ အသုံးများသော item များတင် list ထုတ်သင်ကြားပေးခြင်းမဟုတ်ပဲ စာအုပ်တစ်ခုလုံးရဲ့ သဘောတရားပါဝင်တဲ့ item အသေးစိတ်ရည်ညွှန်းချက်များကိုပါ ကိုယ်တိုင်စာအုပ်ကြည့်စေပြီး တွက်ချက်ရှင်းလင်းပြသခြင်းဖြစ်ပါတယ်။

💥site photos များနှင့်တွဲဖက်သင်ကြားပေးနေခြင်းဖြစ်ပါသည်။

📌မည်သည့်အဆောက်အဦ အမျိုးအစားအတွက်မဆို Estimate ကိုအခက်အခဲမရှိဖန်တီးနိုင်ပြီလား

📌အင်တာဗျူးများဖြေဆိုရာတွင်လည်းအားလုံးတိကျစွာဖြေဆိုနိုင်ပြီလား

📌Estimate တွက်ချက်ရာမှာအဓိကအသုံးပြုတဲ့ Microsoft excel ကိုကျွမ်းကျင်စွာဖြင့် Formula သွင်း link ချိတ်ပြီး Final BQ ထွက်သည်ထိ လျင်မြန်စွာပြုလုပ်ဖန်တီးလိုပါသလား။

📌 QS တစ်ယောက် လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်တွေကိုလည်း ရှင်းလင်းစွာသိရှိလိုပါသလား

📌Estimate တွက်ချက်ခြင်းကို Microsoft Excel ဖြင့် အခြေခံမှစပြီး သင်ကြားလိုပါသလား

ဖော်ပြပါအချက်များအားလုံးပြည့်စုံစေဖို့အတွက် YCE Training Center ဖြင့်ဆက်သွယ်ပါ

သင်တန်းနေရာ - ရွှေဘုံသာအရှေ့ ၊ GTI ကျောင်းအနီး
📲09-798466382, 09-454600021

Tea

13/09/2024

ကုသိုလ်လည်းရ ပညာလည်းရအောင် အစီအစဉ်လေးတစ်ခု ( 100% ရေဘေးသို့လှူပါမည်)

RC Basic Estimate Class လေးသင်ပါမယ်။

သင်တန်းကြေး - ၇၀၀၀၀

သင်တန်းချိန် - Monday to Friday 10:00 to 12:00 am

သင်တန်းသား ၅ ဦးအနည်းဆုံးမှ စတင် သင်ကြားပါမည်။

Zoom Meeting ဖြင့်သင်ကြားပါမည်။

09/05/2024

Decoration Estimate စာအုပ်မှာ အကြောင်းအမျိုးမျိုးကြောင့် လောလောဆယ် ရရှိနိုင်ခြင်းမရှိသေးပါ။ Page Messenger တွင်လာရောက် မေးမြန်းထားသူများသောကြောင့် တစ်ဦးခြင်းဆီ မပြောတော့ပဲ Post တင်ပြောကြားလိုက်ရပါတယ်။

ထပ်မံရရှိမည့်အချိန်ကို ပြန်လည်ပြောကြားပေးပါ့မည်။ Item အသစ်များနှင့် အခြားအသေးစိတ် အချက်များပါ ထပ်တိုးထည့်ပေါင်းထားပါသည်။

17/12/2023

🔷Cement (ဘိလပ်မြေ)🔷

⭐️ တစ်ကုဗပေလျှင် ၉၄ ပေါင်မျှလေးသည်။ ထုထည်ဖြင့်ချိန်တွယ်လျှင် ၁၂" x ၁၂" x ၁၄" အရွယ်ရှိပုံးတွင် ဘိလပ်မြေအပြည့်ဖြည့်၍ မျက်နှာပြင်ညှိပြီးလျှင် ယင်းဘိလပ်မြေကို ပေါင် ၉၀ ရှိသည်ဟု ယူဆနိုင်သည်။

⭐️ ဘိလပ်မြေအမှုန့်ကို တစ်လက်မအတွင်း အပေါက် ၁၇၀ ပါသော ဇကာဖြင့်ချလျှင် ၁၀% ထက်ဇကာပေါ်တွင် မတင်ကျန်စေရ။

⭐️ကနဦးအိပ်ချိန်မှာ ၃၀ မိနစ်ထက်မစောချေ။ နောက်ဆုံးအိပ်ချိန်မှာ ၁၀ နာရီထက်နောက်မကျပါ။

📎အအိပ်မြန်သောဘိလပ်မြေ 👉 ရေစတင်ရောပြီး ၅မိနစ်အကြာတွင် အိပ်စပြုပြီး မိနစ် ၃၀ အကြာတွင် လုံးဝအိပ်သွားသည်။
📎 အအိပ်နှေးသော ဘိလပ်မြေ 👉 ရေစတင်ရောပြီး ၁ နာရီအကြာတွင် အိပ်စပြုပြီး နာရီ ၂၀ အကြာတွင် လုံးဝအိပ်သွားသည်။
📎ရိုးရိုးဘိလပ်မြေ 👉 👉 ရေစတင်ရောပြီး ၃၀ မိနစ်အကြာတွင် အိပ်စပြုပြီး ၁၀ နာရီအကြာတွင် လုံးဝအိပ်သွားသည်။

⭐️ ဘိလပ်မြေကို လက်ချောင်းဖြင့်ချေကြည့်၍ လွယ်ကူစွာကြေခြင်းမရှိလျှင် ယင်းဘိလပ်မြေကို သံကူကွန်ကရစ်လုပ်ငန်းများတွင် လုံးဝအသုံးမပြုရပေ။

⭐️ ဘိလပ်မြေအိတ်စီရာတွင် အမြင့် ၅အိတ်ထက် မပိုစေပဲ စီထားရပြီး အစိုဓါတ်နှင့်မထိတွေ့စေရန် တာပေါ်လင်ပိတ်ဖြင့်အုပ်ထားသင့်သည်။

Want your university to be the top-listed University in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Room No-1A6, Nwe Thar Ki Housing (Type-A), Sixth Floor, Nwe Thar Ki Street, 29th Quarter, North Dagon Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00