Ma Mhone - Insurance Advisor

Ma Mhone - Insurance Advisor

Share

07/12/2025

အသက်အာမခံထားထားပြီး
ပူလောင်နေရမယ်ဆိုရင် ထားမနေပါနဲ့
ကိုယ့်ပိုက်ဆံနဲ့ကိုယ် စိတ်ပူလောင်နေရတာမျိုးဖြစ်နေရင် မထားပါနဲ့

အသက်အာမခံဆိုတာ
အိမ်ရဲ့အဓိကငွေရှာနေတဲ့သူတစ်ယောက်ဟာ
အကြောင်းတခုခုကြောင့် သေဆုံးတာ/ ထာဝရမသန်စွမ်း(ဒုက္ခိတ)ဖြစ်သွားတာမျိုးဆို
အိမ်ရဲ့မိသားစုအခြေအနေ ရုတ်တရက်ယိမ်းယိုင်မသွားအောင် ဒေါက်တိုင်တစ်ခုအနေနဲ့ကြိုထောက်ထားတဲ့ plan တစ်ခုပါ ။

ဒီလိုမှမဟုတ်ဘဲ
အသက်အာမခံကြေးသာ နှစ်တိုင်းသွင်းနေရတယ်
ဘာမှလည်းမဟုတ်ဘူး
ရွှေဝယ်ထားလိုက်ရင် ၊ ဒေါ်လာဝယ်ထားလိုက်ရင်
တော်တော်မြတ်နေပြီ ။ ဘဏ်မှာအပ်ထားလိုက်ရင်အတိုးရနေပြီ ...အစရှိတဲ့ တခြားသောမတူညီတဲ့လုပ်ငန်းတွေနဲ့နှိုင်းယှဉ်ပြီး ပေသီးခေါက်နေမယ်
ယူထားလိုက်မိတာမှားပြီဆိုပြီး နှစ်စဉ်ပရီမီယမ်ကြေးသွင်းခါနီတိုင်း စိတ်ညစ်နေရင်
ကိုယ့်ပိုက်ဆံနဲ့ကိုယ် အပူယူထားသလိုဖြစ်နေမှာမို့
မတန်ပါဘူးနော်
မထားပါနဲ့

အသက်အာမခံရဲ့အနှစ်သာရအမှန်က အပေါ်မှာရေးခဲ့သလို
ကိုယ့်ဝင်ငွေ ကိုယ့်ဘတ်ဂျက်နဲ့နိုင်နင်းတဲ့ပမာဏနဲ့
ပုံမှန်သွင်းသွားရတဲ့ နိုင်ငံတော်ကအသိအမှတ်ပြုထားတဲ့တရားဝင်လုပ်ငန်းတစ်ခုပါ။
( စတင်ခဲ့တာ နှစ်အတော်ကြာပါပြီ )

ကုမ္ပဏီပေါင်းစုံက အေးဂျင့်ပေါင်းစုံက
ကော်မရှင်ရလိုမှု ၊အ‌ရောင်းကမ်ပိန်းတွေရလိုမှု ၊ ဆုတံဆိပ်တွေယူလိုမှုနဲ့ မနိုင်မနင်းအာမခံကြေးတွေထားခိုင်းတာဟာ
နောက်ပိုင်းနှစ်တွေမှာ ပရီမီယမ်သွင်းခါနီးတိုင်းစိတ်ညစ်နေရမှာပါ

အသက်အာမခံဆိုတာ
Peace of mind ရဖို့ လုပ်ငန်းစဉ်တခုဖြစ်ပါတယ်
စိတ်လုံခြုံမှုကို အရင်ရယူတဲ့ကိစ္စပါ
( အလျော်ရတာက နောက်ပိုင်းမှပါ )

ဒါ့ကြောင့်
တကယ့်စိတ်လုံခြုံမှုရစေဖို့
ကျွမ်းကျင်တဲ့ အကြံပေးနဲ့တိုင်ပင်ပါ
မိမိနိုင်နင်းတဲ့ ဘက်ဂျက်အနေအထားနဲ့သာထားပါ

အားလုံးပဲ နားလည်နိုင်ကြပါစေ။

အသက်အာမခံဆိုင်ရာ ဆွေးနွေးတိုင်ပင်လိုရင်
မက်ဆန်ဂျာကနေ အချိန်မရွေးဆက်သွယ်နိုင်ပါတယ်

Crd Min Yel Kyaw Swar

16/11/2025

လက်လျှော့မယ်ကြံတိုင်း ဒါကိုဖတ်ပါ။

Dale Carnegie ရဲ့ ပုံပြင်တစ်ပုဒ်ဖတ်ဖူးတယ်။

တစ်ခါက ရေကူးချံပီယံတစ်ယောက်ဟာ ရေလက်ကြားတစ်ခုကို ကန့်လန့်ဖြတ် ဖြတ်ကူးပြီး စံချိန်သစ်တင်မယ်လို့ ကြေငြာလိုက်တယ်။ လူတွေကလည်း ဒီသတင်းကို ကြားတော့ တော်တော်လေး စိတ်ဝင်စားသွားကြတယ်။

အဲ့လိုနဲ့ ဖြတ်ကူးမယ့်နေ့ကို ရောက်လာတယ်။ လူတွေဟာ တစ်ဖက်ကမ်းကနေ အုတ်အော်သောင်းနင်း ကြည့်ရှု့နေကြတယ်။

ရေကူးချံပီယံစကူးပါပြီ။ သူ့အတွက် ရေကူးရတာဟာ ဘာမှအပန်းမကြီးဘူးဆိုတဲ့ ယုံကြည်မှုမျိုးနဲ့ ကူးနေပါတယ်။ အဲ့လိုကူးနေရင်းနဲ့ သူဟာ တစ်ဖက်ကမ်းကို လှမ်းကြည့်လိုက်တဲ့အခါမှာတော့ မြူတွေ အုံစိုင်းနေတာကို တွေ့လိုက်ရပါတယ်။

ဟုတ်ပါတယ်။ အဲ့ဒီနေ့က ရာသီဥတုဟာ နှင်းတွေကျပြီး မြူတွေစိုင်းနေပါတယ်။ သူဘာကိုမှ သဲသဲကွဲကွဲမမြင်ရဘဲ လက်ပစ်ကူးနေရတာပါ။

တော်တော်ကြာအောင် ကူးပြီးတဲ့အခါကျတော့ သူစိုးရိမ်စရိတ်ဝင်လာတယ်။ သူကူးနေတာ လမ်းကြောင်းရော မှန်ရဲ့လား၊ မြူတွေကြောင့် ဘာမှမမြင်ရဘဲ ဆန့်ကျင်ဘက်ကို ကူးနေမိပြီလား စိုးရိမ်စိတ်တွေဝင်လာတယ်။

နောက်တော့ တော်တော်ကြာကြာတဲ့အထိ ကူးနေပေမယ့်လည်း ကမ်းကို မရောက်နိုင်တော့ သူ့ဟာ လက်လျှော့လိုက်ပါတော့တယ်။ လက်လျှော့ပြီး သူ့ဆီ ကယ်ဆယ်ရေးတွေလွှတ်ဖို့ အကူအညီတောင်းပါတော့တယ်။

ကမ်းပေါ်​ပြန်ရောက်တော့မှ သူသိလိုက်ရတာက သူဟာ ကမ်းနဲ့ မီတာ ၁၀၀ အကွာရောက်တော့မှ လက်လျှော့လိုက်တယ် ဆိုတာပါပဲ။

အင်တာဗျူးသမားတွေက သူ့ကို ဘာလို့ လက်လျှော့လိုက်တာလဲမေးတော့...

"မီတာ ၁၀၀ပဲ လိုတော့တယ်ဆိုတာ မသိလို့ပါ။ မီတာ ၁၀၀ ပဲ လိုတော့တယ်ဆိုတာသာ သိမယ်ဆိုရင် လက်လျှော့ခဲ့မှာ မဟုတ်ပါဘူး" လို့ ပြန်ပြောလိုက်ပါတယ်။

အဲ့လိုပဲ ကျွန်တော်တို့အနေနဲ့ တစ်ခါတလေကျရင် ဒီရေကူးချံပီယံလိုပဲ လက်လျှော့တော့မယ်လို့ ကြံတဲ့အချိန်ဟာ အောင်မြင်မှုနဲ့ မီတာ ၁၀၀ အကွာကို ရောက်နေတဲ့ အချိန်လည်း ဖြစ်နေတတ်တယ်။

လက်လျော့တော့မယ်ကြံတဲ့အခါတိုင်း ဒီအဖြစ်အပျက်ကလးကို ဆင်ခြင်သုံးသပ်ပြီး သေချာဆုံးဖြတ်ကြပါလို့ တိုက်တွန်းချင်ပါတယ်။

မူရင်းရေးသားသူအားလေးစားစွာဖြင့်
Credit

Photos from Ma Mhone - Insurance Advisor's post 15/11/2025

မမှုန်တို့ရဲ့ Manulife Myanmar Bago Office ကို
အခုလို ရက်မြတ်တစ်ခုမှာ Grand Opening အဖြစ်ဖွင့်လှစ်လိုက်ပါပြီ

Manulife မှာ အောင်မြင်တဲ့ Insurance advisor တစ်ယောက်ဖြစ်ချင်တယ်ဆိုရင်တော့ မမှုန်နဲ့ အခုပဲ ဆက်သွယ်လိုက်တော့နောိ

ဝတ်မှုန်ဝေ
District Director

Grand Opening အတွက် Facebook Hashtag Campaign ရှိပါတယ်ရှင်
Manulife Myanmar Bago Sale Force (Facebook group) မှာ အောက်ပါ Hashtag 4 ခုကိုရေး၊ Friend 3ယောက်ကို Tag တွဲပြီး Public Post တင်ရမှာဖြစ်ပါတယ်။ အဲ့ထဲကမှ Likes & Share အများဆုံးရတဲ့ ၃ ယောက် ကိ City Mart Gift Card 50,000 ပြန်လည်ဆုချီးမြှင့်သွားမှာ ဖြစ်ပါတယ်ရှင့်။

Campaign Hashtag နဲ့ Facebook Group QR လေးကိုတော့ အောက်ပါ QR မှာတွေ့နိုင်မှာပဲဖြစ်ပါတယ်ရှင့်..
အားလုံးပဲ Facebook Campaign ကို တူတူပါဝင်ပြီး Gift တွေရယူလိုက်ကြရအောင်နော်....

01/08/2025

အသက်အာမခံတွေမှာ
ပထမနှစ်နဲ့ ဒုတိယနှစ်တွေမှာ
ဘာလို့ငွေပြန်ထုတ်လို့မရတာလဲ ❓❓❓

ဒါကအမေးများတဲ့မေးခွန်းပါ

အာမခံနယ်ပယ်မှာ စာသင်ရတဲ့အခါ
" Loss of a few , shared by many " ဆိုတဲ့စာသားလေးသင်ခဲ့ရပါတယ် ။ ဆုံးရှုံးသွားတဲ့လူအနည်းငယ်ကို ဘာမှမဖြစ်သေးတဲ့လူအများစုက စုပေါင်းထည့်ဝင်ပြီးလျော်ကြတဲ့သဘောပါ ။

" သူတို့ဖြစ်တာငါကဘာလို့လျော်ရမှာလဲ
ငါကဘာမှမဖြစ်ဘူးလေ " လို့ တွေးနိုင်ပါတယ်

ဒါဆိုရင် ဘဏ်မှာသာငွေစုပါ
ငွေလိုရင်ပြန်ထုတ်ပါ အတိုးအနည်းငယ်ရပါလိမ့်မယ် ။

အသက်အာမခံမှာတော့
အာမခံထားရှိသူတွေရဲ့ပရီမီယမ်အားလုံးကိုစုလိုက်ပါတယ်။
‌ရောင်းချတဲ့အကြံပေးအေးဂျင့်တွေကို ကော်မရှင်ပေးရပါတယ် ၊ ဘောနပ်စ်ပေးရပါတယ် ၊
အာမခံရုံးခန်းငှားခ/ ရုံးအသုံးစရိတ်တွေကို အဲဒီပိုက်ဆံထဲကရှင်းရပါတယ် ၊
အမြဲတမ်းခန့်ရုံးဝန်ထမ်းတွေကို လစာပေးရပါတယ်
အဲဒီတွေအပြင် အသက်သေဆုံးသွားတဲ့သူတွေကို အာမခံလျော်ကြေးတွေပေးလျော်ရပါတယ်

ဒါ့ကြောင့် ပထမ (၂) နှစ်မှာ ပေးချေထားတဲ့ပရီမီယမ်ကြေးတွေဟာ ဆက်မထားတော့ဘူးဆိုရင် ပြန်ထုတ်လို့မရခြင်းဖြစ်ပါတယ် ။

ကိုယ့်ပိုက်ဆံနဲ့ကိုယ် သူများကိုလျော်နေရတယ်လို့မြင်ရင် အာမခံဝယ်ယူပြီး တစ်နှစ်အတွင်းမှာပဲအကြောင်းအမျိုးမျိုးကြောင့်သေဆုံးသွားတဲ့သူတွေအများကြီးရှိတယ်ဆိုတာ မမေ့ပါနဲ့။

"ငါငွေသွင်းထားမယ် ငါဖြစ်ရင်အများကြီးလျော်
ငါမဖြစ်ရင် ငါ့ပိုက်ဆံငါပြန်ထုတ်မယ် "လို့ တွေးလို့မရပါဘူး ။ ငါ့ကိုအများကြီးလျော်ဖို့ သူများတွေရဲ့ပရီမီယမ်တွေပါလိုအပ်တယ်ဆိုတာ ထည့်တွေးပေးပါ။

ဘဏ်နဲ့အသက်အာမခံ အလုပ်လုပ်ပုံမတူပါဘူး
ဘဏ်ကထုတ်ချင်တဲ့အချိန်ပြန်ထုတ်လို့ရပါတယ်

အသက်အာမခံက အဲဒီသဘောမျိုးမဟုတ်ပါဘူး
နှစ်စဉ်ပုံမှန်ထည့်သွားရတာမျိုးဖြစ်ပြီး
အသက်သေဆုံးခြင်း၊ ထာဝရမသန်စွမ်းဖြစ်ခြင်း၊ စာချုပ်ပါသတ်မှတ်ရောဂါများဖြစ်ပွားလာတဲ့အခါ
လျော်ကြေးရနိုင်ပါတယ်

ကိုယ်သွင်းထားတာ ဘယ်နှစ်နှစ်ပဲဖြစ်ဖြစ်၊ ဘယ်နှစ်သိန်းပဲဖြစ်ဖြစ် နှစ်မပြည့်အချင်း စာချုပ်ပါ‌သတ်မှတ်လျော်ကြေးကိုရရှိမှာဖြစ်ပါတယ်

တကမ္ဘာလုံးကအသက်အာမခံတွေဟာ
အခြေခံအားဖြင့် အလုပ်လုပ်ပုံအတူတူပါပဲ။

#နှစ်ပြည့်သွားရင်တော့
#မိမိလည်းဘာမှမဖြစ်ခဲ့ဘူးဆိုရင်
#အာမခံစုငွေအားလုံးကို_ငွေဖြူအဖြစ်အသိအမှတ်ပြုပြီး_ပြန်ထုတ်ပေးလိုက်မှာဖြစ်ပါတယ်

လေ့လာပါ
မေးမြန်းဆွေးနွေးပါ
နားလည်သဘောပေါက်တဲ့အခါ
မိသားစုအတွက် အာမခံနဲ့ကြိုတင်ကာကွယ်ပါ။

မက်ဆန်ဂျာမှတဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Crd min yel kyaw Swar

Want your business to be the top-listed Finance Company in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Mandalay Street
Yangon
11221