The Eyes For Justice
20/02/2023
အခက်အခဲမျိုးစုံ၊ ငြင်းပယ်လို့မရတဲ့ အကြောင်းတရားမျိုးစုံတွေကြောင့် စစ်ကောင်စီယန္တရားအောက်မှာ ဆက်ပြီး အလုပ်လုပ်နေရပါသလား...။
ပြည်သူ့ဘက်၊ အမှန်တရားဘက်ကို မျက်နှာမူလိုက်ဖို့ပဲ လိုပါတယ်။ အရာရှိ စစ်သည်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဌာနအသီးသီးမှာ ရှိနေကြတဲ့ ဝန်ထမ်းတွေထဲကနေ အမာခံသတင်းပေးပို့မယ့် ( ဖရဲသီး ) တွေအတွက် စိတ်ချလုံခြုံစွာနဲ့ လွယ်လင့်တကူ သတင်းပေးပို့နိုင်မယ့် လမ်းကြောင်းတစ်ခုကို ဖွင့်လှစ်ထားပါပြီ။
■ http://t.me/MyanmarPeople
ဒီ Telegram Channel ကို ဆက်သွယ်ပြီး ပေးပို့ပါ။ ကိုယ်ရေးအချက်အလက် လုံခြုံမှုအတွက် စိတ်ပူစရာ လုံးဝ ( လုံးဝ ) မလိုတဲ့အပြင် ပေးပို့လာတဲ့ သတင်းအချက်အလက် အဆင့်အတန်းပေါ်မူတည်ပြီး ချီးမြှင့်ငွေတွေကိုပါ ခံစားခွင့်ရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီလိုဆက်သွယ် သတင်းပေးပို့လာမယ့် ( ဖရဲသီး ) တွေအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အသိအမှတ်ပြုမှုကို ရရှိထားမှာ ဖြစ်ပြီး တော်လှန်ရေးအလွန်ကာလမှာလည်း ပြည်သူ့ရင်ခွင်ခိုလှုံရေး အစီစဥ်ရဲ့ အကျိုးခံစားခွင့်တွေကိုပါ ထပ်ပြီး ရရှိဦးမှာပါ။
စစ်ကောင်စီယန္တရားအောက်မှာ ဟန်မပျက် အလုပ်လုပ်ပြီး ပြည့်သူ့ အမာခံ ( ဖရဲသီး ) အဖြစ် သတင်းပေးပို့ ပါဝင်ရင်း အကာအကွယ်ပေးမှု အာမခံချက်ကို အမြန်ဆုံး ရယူထားဖို့ တိုက်တွန်းလိုက်ပါတယ်...။
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
06/08/2022
“မပြီးဆုံးသေးတဲ့ ၈ လေးလုံး
လူထုလွတ်မြောက်ရေး ဒို့အတူရုန်း”
▬▬▬▬▬▬▬▬▬▬▬▬▬▬▬
ယခုလာမယ့် ဩဂုတ်လ (၈) ရက်ဟာ မြန်မာ့နိုင်ငံရေးသမိုင်းမှာ အထင်ကရ နေ့ရက်တစ်ခုဖြစ်တဲ့ ရှစ်လေးလုံး (၈၈၈၈) လူထုအရေးတော်ပုံကြီး (၃၄) နှစ်ပြည့် နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။
မြန်မာ့နိုင်ငံရေးမှာ ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့ အခန်းကဏ္ဍက လေးနက်စွာ မှတ်တမ်းတင်ထားရမယ့် လူထုသမိုင်းမှတ်တိုင်ကြီးလည်း ဖြစ်ပါတယ်။ ဒီအရေးတော်ပုံကြီးအတွင်းမှာ လူထုတိုက်ပွဲအင်အားကြောင့် အာဏာရှင် သမ္မတဆိုး (၃) ယောက်ဆက်တိုက် ပြုတ်ကြတဲ့အထိ လှုပ်ရှားနိုင်ခဲ့ပြီး တစ်ပါတီအာဏာရှင်စနစ်ကို အဆုံးသတ်နိုင်ခဲ့ပါတယ်။
ဒီရှစ်လေးလုံးအရေးတော်ပုံကြီး (၃၄) နှစ်ပြည့်မြောက်တဲ့ အချိန်ကာလမှာလည်း ပြည်သူလူထုဟာ သမိုင်းတကျော့ပြန်အနေနဲ့ စစ်အာဏာရှင်စနစ်ကို တွန်းလှန် တိုက်ပွဲဝင်နေကြရပြန်ပါတယ်။ ယခု နွေဦးတော်လှန်ရေးကြီးမှာတော့ အာဏာရှင်စနစ်ပေါင်းစုံကို တွန်းလှန်ကြတဲ့နေရာမှာ အဆုံးသတ်တိုက်ပွဲအဖြစ် မှတ်ယူပြီး (၈၈) က မပြီးဆုံးသေးတဲ့ တိုက်ပွဲအလံတော်ကို ဆက်လက် သယ်ဆောင်နေကြခြင်း၊ လွှင့်ထူနေကြခြင်းလည်း ဖြစ်ပါတယ်။
ဒါကြောင့် ဒီသမိုင်းဝင် ရှစ်လေးလုံးအရေးတော်ပုံကြီး (၃၄) နှစ်ပြည့်အခါသမယမှာ ပြည်သူလူထုတစ်ရပ်လုံးအနေနဲ့ (၈၈၈၈) အရေးတော်ပုံရဲ့ တိုက်ပွဲဝင် စိတ်ဓာတ်တွေကို ထုံမွှမ်းရယူ၊ လက်ဆင့်ကမ်း သယ်ဆောင်ပြီး စစ်အာဏာရှင်စနစ်ဆိုးကို အမြစ်ကနေ တွန်းလှန်လို့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်တစ်ရပ်ကို ပုံဖော်ထုဆစ်ကြဖို့၊ တော်လှန်ရေးမှာ ကဏ္ဍအသီးသီးကနေ အတူ ရုန်းကန် ဆောင်ရွက်ကြဖို့ အထူး တိုက်တွန်းနှိုးဆော်လိုပါတယ်ခင်ဗျား။
နိုင်ငံတကာအစိုးရများနှင့် အသိုင်းအဝိုင်းများအနေဖြင့်လည်း မြန်မာပြည်သူတစ်ရပ်လုံးရဲ့ ရန်သူ ဖက်ဆစ် အကြမ်းဖက်စစ်အုပ်စုကို ပတ်သက် ဆက်ဆံခြင်းမပြုဘဲ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တော်လှန်ရေး အင်အားစုများကို ထောက်ခံ ကူညီသွားခြင်းဖြင့် ပြည်သူ့ဆန္ဒကို အလေးထားကြောင်း ပြသပေးကြပါရန် အလေးအနက် နှိုးဆော်လိုက်ရပါတယ်။
ဒါကြောင့် ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ တော်လှန်စိတ်ကို နှလုံးသွင်းပြီး ပြည်သူလူထု တစ်ရပ်လုံးရဲ့ တော်လှန်ရေးလှုပ်ရှားမှုများအဖြစ် သံပုံးတီးခြင်း၊ လူထုလှုပ်ရှားမှုများ ဖော်ဆောင်ခြင်းဖြင့် ပါဝင်တော်လှန်ကြပါရန် ဆော်ဩလိုက်ရပါတယ် ခင်ဗျား။
#နွေဦးတော်လှန်ရေး_သန္နိဋ္ဌာန်_၈၈ရဲ့မပြီးဆုံးသေးတဲ့_တိုက်ပွဲအလံ
#အာဏာရှင်စနစ်ဟူသမျှ_မုချကျရှုံးရမည်
#အရေးတော်ပုံ_အောင်ရမည်
Click here to claim your Sponsored Listing.
Category
Contact the organization
Website
Address
Yangon