Shwe Pyi Thar Polyclinic

Shwe Pyi Thar Polyclinic

Share

14/03/2025

💊 ဆေးသောက်လျှင်
သတိထားရမည့်အရာများ 💊
~~~~~~~~~~~~~~~~~
ပါမောက္ခဒေါ်ခင်ဖြူ ( မြင်းခြံ )

* ဆေးသောက်လျှင်
ရေနဲ့ သောက်ရမည်ကို
မသိသူမရှိ သို့သော်
လွယ်ကူ၍အရေးကြီးသော
ကွင်းဆက်ကို မေ့လျော့သည့်အတွက် ဆေးအာနိသင် ရသင့်သလောက်
မရသည့်အပြင် အစာမျိုပြွန်ကို
ထိခိုက်နိုင်သည်။

* ဆေးပြားသည် သာမာန်
အားဖြင့် အဓိက ဆေးမူန့်နဲ့
ပုံသွင်းမူန့် ( ကော်မူန့်/ သကြား)
စသည်တို့ကို ဖိ၍ ပုံသွင်းထားခြင်း
ဖြစ်သည်။

ဆေးအာနိသင် မြန် နှေး ပြင်း ပျော့သည် အဓိက ဆေးမူန့်၏ အစာအိမ် အူလမ်းကြောင်း တလျောက် စုပ်ယူခံရမူ အမြန်နူန်းပေါ်တွင် မူတည်သည်။

ဆေးပြားသည် သွေးအတွင်းသို့ စုပ်ယူမခံရမီ အစာအိမ်နဲ့ အူလမ်းကြောင်းတွင် သေးငယ်သော ထောင်သောင်း မကသော အမူန်ငယ်များအဖြစ် ကွဲကြေသွားပြီး အရည်ထဲ ပျော်ဝင်နေမှ သွေးထဲ စုပ်ယူခံနိုင်မည်။

ဆေးသောက်ပြီးရေများများသောက်မှ သွေးထဲသို့ စုပ်ယူခံရမူ ပိုမိုမြန်ဆန်မည်။
ထို့ကြောင့် ဆေးမသောက်မီ ရေနွေးနွေးတစ်ခွက်သောက်ခြင်းဖြင့် အစာလမ်းကြောင်းကို စိုစွတ်စေနိုင်သည်။ ပြီးမှ ဆေးကို ရေများများနဲ့ သောက်ခြင်းဖြင့် အာနိသင် မြန်ဆန်
ထက်မြက်စေနိုင်မည်။

ရေသောက်နည်းလျှင် ဆေးပြားဆေးတောင့်တို့သည် အစာမျိုပြွန် အစာအိမ်နံရံတွင်ကပ်နေနိုင်ပြီး ထိခိုက်ဒါဏ်ရာ ရစေနိုင်သည်။
ဥပမာ - အက်စ်ပရင်./ ပရိုဖင် /အကိုက်အခဲပျောက်ဆေးမျိုးစုံ ပရီနိုစလုံးဆေး. ကင်ဆာရောဂါကု ရူဘီဒိုမိုက်စင် စသည်တို့ဖြစ်သည်။

၁။ လှဲလျှက်ဆေးမသောက်ရ
ဆေးသောက်သည့်အခါ မတ်တပ်ရပ်လျှက် သို့မဟုတ် ထိုင်လျက် ဆေးသောက်ရမည်။ လှဲလျှက်ဆေးမသောက်ရ - ဆေးသောက်ပြီး ချက်ခြင်းမလှဲရ အနည်းဆုံး ၃ မိနစ် ၅ မိနစ် ဆက်လက် ထိုင်နေသင့်သည်။

နာတာရှည်ရောဂါသည်နှင့်အစာမျို ခက်ခဲသူများသည် ဆေးအရည်ကို သောက်သင့်သည်။

၂။ အိပ်ခါနီးဆေးသောက်ချိန်

အိပ်ခါနီး ဆေးသောက်ရန် လိုအပ်လျှင် ဆေးသောက်ပြီး နှစ်မိနစ် သုံးမိနစ်ခန့် သွားလာ လူပ်ရှားပြီးမှ အိပ်သင့်သည်။

၃။ ဆေးနဲ့ တွဲ၍ မသောက်သင့်သည့် အရာများ

၁) ဆေးကို နွားနို့နဲ့ မသောက်သင့်ပါ. နွားနို့တွင် ပရိုတင်းဓာတ်နဲ့ ဖက်တီးအက်ဆစ်ပါသည့်အတွက် ဆေးမူန့်လေးများ၏ ပတ်ပတ်လည်တွင် အမြေးပါး တထပ်နဲ့ အပေါ်ကို
အုပ်ဆောင်းထားတတ်သည်။

ထို့ပြင် နွားနို့တွင် ကြွယ်ဝစွာ ပါဝင်သော ကယ်လ်စီယမ်ဓာတ် မီးစုန်းဓာတ်. သံဓာတ်တို့သည်လည်း အချို့ဆေးဝါး ပစ္စည်းများနဲ့ ဓာတ်ပြုနိုင်ပြီး ပျော်ဝင်ရန် ခက်ခဲသောဆားများ
အဖြစ်သို့ ဓာတ်ပြောင်းလဲ သွားနိုင်ပါသည်။

၂ ) ဟင်းရည် လက်ဖက်ရည်. ကော်ဖီ. ရေနွေးကြမ်း အချိုရည် ဘိလပ်ရည်တို့နှင့် ဆေးကို မသောက်ရ ရေနွေးနွေးနင့်သာ သောက်သင့်ပါသည်။

ဆာလ်ဖာ ဆေးဝါးသောက်လျှင် ကျောက်တည်ုခြင်းမှ ကာကွယ်ရန် အထူးသဖြင့် ရေများများ ပိုသောက်ရမည်။အနည်းဆုံး ရေတစ်ပုလင်းခွဲခန့် - (၁၅၀၀မီလီမီတာ )- ထိုနေ့တွင် သောက်ရမည်။ သို့မှသာ သွေးကျဲ ဆီးရွှင် ကျောက်ကပ်ကို ကာကွယ်ရာ
ရောက်မည်။

၃ ) အကိုက်အခဲပျောက်ဆေး. အဖျားကျဆေးများ သောက်လျင်လည်း ရေများများ သောက်ရန် လိုအပ်သည်။ ကိုယ်ပူကျပြီး ချွေးများများ ထွက်သောအခါ ရှော့ခ် ဖြစ်ခြင်း
မှ ကာကွယ်နိုင်မည်။

၄ ) မည်သည့်ဆေးကို သောက်သည်ဖြစ်စေ ရေများများ သောက်ရမည်ဟူ၍ မဟုတ်ပါ။ အချို့ ချောင်းဆိုး ပျောက်ဆေးသည် သောက်ပြီး ၅ မိနစ်ကြာမှ ရေသောက်ရသည်။

ထို့ကြောင့် ဆေးအာနိသင် ကောင်းစေရန် ဆေးပေးသူကို ဆေးသောက်ရမည့် အချိန် နည်းလမ်းတို့ကို သေချာ မေးမြန်းပြီး မှတ်သား လိုက်နာရမည် ဖြစ်ပါသည်။

Photos from Shwe Pyi Thar Polyclinic's post 31/12/2024

ရွှေပြည်သာ အထူးကုဆေးခန်း new year အလှူ ယနေ့ (31.12.2024 ) တွင်လာသော လူနာအားလုံးအား ကြက်သားကီးမားပလာတာ ကျွေးမွေး ဧည့်ခံ နေပါသည်။🤍

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


No. 732, Thamine 4th Street
Yangon
11062

Opening Hours

Monday 15:00 - 20:00
Tuesday 15:00 - 20:00
Wednesday 15:00 - 20:00
Thursday 15:00 - 20:00
Friday 15:00 - 20:00
Saturday 15:00 - 20:00