NEC SOLAR

NEC SOLAR

Share

Photos from NEC SOLAR's post 25/12/2025

Year End Promotion
-----------------------
ဆိုလာ/အင်ဗာတာ ရောင်းခဲ့တဲ့(၄) နှစ်အတွင်း
စျေးအကျဆုံးအချိန်ပါ။ ဒါ့ကြောင့်
လာမယ့်နွေရာသီအတွက် ဒီအချိန်မှာ တပ်ဆင်ထားရင်
အသက်သာ ဆုံးပါပဲ။
အင်ဗာတာ၊ဘက္ထရီ တပ်ဆင်ထားပြီး ဆိုလာမတပ်ရသေးရင်လည်း
ခုချိန် ဆိုလာတပ်ပါ။ EPC မီးကို မှီခိုစရာမလိုဘဲ တနေကုန် ဆိုလာကနေ
အိမ်သုံးနေတာက စိတ်ချမ်းသာစရာပါ။ မင်မင်ကတော့ စိတ်ချမ်းသာနေတာ
(၄) နှစ်ရှိပါပြီ။ထမင်းဟင်းချက်တာကအစ ဆိုလာနဲ့မို့ ဂက်(စ်) တောင်မဝယ်ရတော့ဘူး။ ရေရှည်မှာလည်း စွမ်းအင်အတွက် ဖြည့်ဆည်းလို့ မလောက်နိုင်တဲ့အတွက်ကိုယ့်တအိမ်စာ၊လုပ်ငန်းတခုစာ စီစဉ်ထားလိုက်ရင် လျှပ်စစ်မီးအတွက် ခေါင်းစားစရာမလိုဘဲ အားလုံးအဆင်ပြေချောမွေ့ပြီပေါ့။
အသက်သာဆုံး စျေးနှုန်းလေးတွေနဲ့ package လေးတွေပါ။
အင်ဗာတာ၊ ဘက္ထရီ error ကင်းတာတွေပဲ ရောင်းသလို
စပ်ဆပ်သုံးစွဲတဲ့ ဘရေကာ၊ကြိုး မီးပစ္စည်းတွေကိုလည်း အရည်အသွေး
အကောင်းဆုံးတွေပဲ သုံးတာမို့ စိတ်ချလက်ချ သုံးစွဲနိုင်ပါတယ်။
-
ဆက်သွယ်ဝယ်ယူတပ်ဆင်ရန်
-
NEC SOLAR
အမှတ် (၁၁၇၄) ၊ သုမန လမ်း ၊ ၂/ တောင် ရပ်ကွက်
အမှတ်(၂) စျေးရှေ့ ၊ သာကေတမြို့နယ်။
ဖုန်း - 09-765647526 ,09-765647528,
09-444295750, 09-444296069

26/09/2025

မေ့ထားလို့မရတဲ့ Degradation
-------------------------------
Lifepo4 Battery တွေ ရောင်းကြရာမှာ သက်တမ်း
Cycle life ဘယ်လောက်ရတယ်၊ ဘက်ထီထဲကနေ ဘယ်လောက်
ထိ ထုတ်သုံးလို့ရတယ်( DOD 80/90/95 စသဖြင့်) Mention လုပ် ကြေငြာ
ကြပေမယ့် ဘယ်လောက် cycle, ဘယ်နှစ်နှစ်သုံးပြီးရင်တော့ ဘက္ထရီရဲ့
ကျန်းမာရေးအခြေအနေ ( SOH- State of Health) ဘယ်လောက်ကျန်နိုင်မယ်
ဆိုတာကိုတော့ ကျွန်တော် အပါအဝင် ဘက္ထရီရောင်းသူတွေ ဖော်ပြလေ့ မရှိပါဘူး။ Battery မို့ သုံးတာ သက်တမ်းတခုရောက်လာတာနဲ့ cell degrade ဖြစ်ပြီး သိုလှောင်နိုင်အား ကျလာမှာ အသေအချာပါပဲ။ ဘက္ထရီ အသစ်စသုံးတာကနေ ၅ နှစ်သက်တမ်းရှိချိန်မှာ ကျန်ရှိနိုင်တဲ့ SOH က
တဉီးနဲ့ တဉီး သုံးစွဲပုံမတူလို့ ကျန်ပုံလည်း မတူနိုင်ပါဘူး။
-
အရည်အသွေးကောင်းတဲ့ new cell , grade A နဲ့ တပ်ဆင်ထားတဲ့ ဘက္ထရီ တစ်လုံးကို လေ့လာကြည့်မယ်ဆိုရင် …..
-
၁။ အသုံးနည်းသူ
တစ်ရက်ကို 0.5 cycle သုံးရင် ( ဘက္ထရီအိုးထဲက အားကို တစ်ရက် ပျှမ်းမျှ 40/50% လောက်ပဲ သုံးသူ)
၅ နှစ်နေရင် ခန့်မှန်း cycle 900 လောက် ပဲ ရှိပြီး SOH 92-95% ကျန်နိုင်ပါတယ်။
ကျွန်တော်တို့ ဆိုလာလုပ်ငန်းလုပ်ကိုင်ခဲ့တဲ့ ၄ နှစ်အတွင်း
Lifepo4 Battery အလုံးရေ ထောင်ချီတပ်ဆင်ပေးခဲ့တဲ့ အတွေ့အကြုံအရ
80% လောက်သော သုံးစွဲသူတွေဟာ တစ်ရက် ပျှမ်းမျှ 0.5 cycle လောက်ပဲ သုံးပါတယ်။ တစ်လမှ 15/20 Cycle ပဲ တက်တယ်။
-
၂။ ပုံမှန်လောက် သုံးသူ
တစ်ရက်ကို 1 cycle သုံးရင် ( ဘက္ထရီကို အားအပြည့်သွင်းပြီး 80% လောက် သုံးသူ)၅ နှစ်ကို ပျှမ်းမျှ 1800 Cycle လောက် ရှိနိုင်ပြီး ဘက္ထရီ SOH 80-90% ကျန်နိုင်ပါတယ်။ လက်ရှိသုံးစွဲနေသူတွေရဲ့ 10-15% လောက်သာ တစ်ရက် 1 cycle လောက် သုံးတာ တွေ့တယ်။
-
၃။ အသုံးများသူ
တစ်ရက်ကို 2 cycle သုံးရင် ( တရက်အတွင်း ဘက္ထရီကို အားအပြည့်သွင်း၊အကုန်နီးပါးသုံး ၂ ခါလောက်သုံးသူ)
၅ နှစ်ကို 3650 Cycle လောက်ရှိနိုင်ပြီး ဘက္ထရီ SOH 70-80% ကြား ကျန်နိုင်ပါတယ်။
သုံးစွဲသူတွေရဲ့ 2-5% လောက်သာ တစ်ရက် 2 cycle လောက် သုံးတာ တွေ့တယ်။
လုပ်ငန်းသုံးဖို့ လွန်ခဲ့တဲ့ 10 လက ဆင်ပေးထားတဲ့ Deye HV ဘက္ထရီက အားသွင်း/အားထုတ် အရမ်းများလို့ ၁၀ လ သက်တမ်း( ရက်ပေါင်း ၃၀၀) မှာ 629 cycle တက်နေတာတွေ့ပြီး SOH ကတော့ 100% ပဲပြနေပါတယ်။
-
ဒါက တကယ်ကောင်းတဲ့ new cell, Grade A ဖြစ်ရမယ်။ Cycle 4000-6000 ကြား ရနိုင်တဲ့ battery cell ဖြစ်ပြီးအပူချိန် မမြင့်တဲ့ နေရာ ထားရမယ်။ အပူချိန် မြင့်တဲ့နေရာဆို သက်တမ်းပိုတိုမယ်။
အားသွင်း/အားထုတ်ရင် သင့်တင့် မျှတတဲ့ နှုန်းလောက်နဲ့ အားသွင်း၊အားထုတ်ရမယ်။ ဘက္ထရီထဲကနေ အကုန်နီးပါး ထုတ်မသုံးရဘူး။ 90-95 DOD ထိသုံးလေ့ရှိတဲ့ဘက္ထရီက အကျပိုမြန်ပြီး
50-80 DOD လောက်ထိသုံးတဲ့ ဘက္ထရီက cycle life ပို ကြာကြာရမယ်။
တပ်ဆင်ထားတဲ့ BMS အမျိုးအစားကောင်းဖို့လိုမယ်၊ cell balancing ပုံမှန်အလုပ်လုပ်ရမယ်။
ဘက္ထရီအား SOC ကို 20% -90% အတွင်းလောက်ထားပါ။ အသုံးနည်းလို့ အားပြည့်တာများနေရင်
တစ်လ တစ်ခါလောက် 20% လောက်ကျန်တဲ့အထိ သုံးပေးပါ။
အခု သုံးစွဲနေကြတဲ့ အမျိုးအစားကောင်းတဲ့ Lifepo4 Battery တွေဟာ
သုံးစွဲမှုအပေါ် ကိုလိုက်လို့ ၈ နှစ်မှ ၁၅ နှစ်လောက်အထိ အသုံးခံပါလိမ့်မယ်။
-
NEC SOLAR

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


No. 1174, Thumana Road, 2/Taung Ward, Thaketa Township
Yangon
11241

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00