Epic Sports

Epic Sports

Share

03/11/2022

အေစီမီလန်နဲ့ ဆွီဒင် ဂန္တဝင် ကစားသမားကြီး ဇလာတန် အီဘရာဟီမိုဗစ်က ဘာစီလိုနာမှာ ကစားခဲ့တာက သူ့ရဲ့ ကစားသမားဘဝ အတွက် အဆိုးရွားဆုံး အမှတ်တရပဲလို့ ပြောကြားခဲ့ပါတယ်။

အီဘရာဟီမိုဗစ်ဟာ (၂၀၀၉) ခုနှစ်မှာ လာလီဂါ ကလပ် ဘာစီလိုနာကို ရောက်ရှိလာခဲ့ပေမယ့် တစ်နှစ် အကြာမှာပဲ အေစီမီလန်ကို ပြောင်းရွှေ့သွားခဲ့ပါတယ်။

အဆိုပါ ဆွီဒင် ဂန္တဝင်ဟာ ဘာစီလိုနာ အတွက် ပြိုင်ပွဲစုံ (၄၆) ပွဲမှာ (၂၂) ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ အီဘရာဟီမိုဗစ်က “ကျနော့် အတွက် အဆိုးရွားဆုံး အမှတ်တရလား။ ဘာစီလိုနာမှာ ဖြစ်မယ်လို့ ထင်ပါတယ်”
“ဘောလုံးနဲ့ ပတ်သက်လို့တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကျနော့်မှာ ဖြစ်ပျက်ခဲ့တဲ့ အရာတွေက စဥ်းစားစရာတွေ အများကြီးရှိပါတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း စိတ်ပျက်ခဲ့ပြီး ကျနော် ကိုယ်တိုင်လည်း မတူကွဲပြားတာတွေ လုပ်ခဲ့မိပါတယ်”

“မလုပ်ခင်မှာ ကျနော် နှစ်ခါလောက် စဥ်းစားခဲ့ပေမယ့် စိတ်ပျက်ခဲ့ရပြီး ကျနော့်ရဲ့ ကိုယ်ပိုင်ဟန်က ဘာစီလိုနာမှာ ပျောက်ဆုံးခဲ့ရပါတယ်။ အဲ့ဒီနောက်ပိုင်းက စလို့ ကိုယ့်ကိုယ်ကိုယ် ပြန်ရှာဖွေနိုင်ခဲ့ပြီး ကမ္ဘာကြီးကို လွှမ်းမိုးနိုင်ခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

01/11/2022

ဒဏ်ရာကြောင့် ကမ္ဘာ့ဖလားနဲ့ လွဲတော့မယ့် ပေါ့ဘာ
------------------------------------------------

Gamble responsibly (21+)
ငွေအရင်မသွင်းပဲ MMK 5000 တန်ဖိုးရှိ အခမဲ့အားကစားလောင်းခွင့်ဘောက်ချာကို ၁ ကြိမ် ရယူပြီးကစားကြည့်နိုင်ဖို့ လိဒ်စ်ယူနိုက်တက်ဘောလုံးအသင်းကြီး၏ စပွန်ဆာ ဖြစ်တဲ့ SBOTOP မှာ အခုပဲ အကောင့်ဖွင့်လိုက်ပါ။
အကောင့်ဖွင့်ရန် - https://t.me/+LZ_7Mg_I7yo0OGM9
SBOTOP Viber - +639617722077
SBOTOP ဖေ့စ်ဘွတ်ပေ့ချ် - https://www.facebook.com/sbotop.mmr

ပြင်သစ် ကွင်းလယ်လူ ပေါလ် ပေါ့ဘာဟာ သူ့ရဲ့ ကလပ် ဖြစ်တဲ့ ဂျူဗင်တပ်စ် အတွက် လေ့ကျင့်ခန်း ဆင်းနေချိန်မှာ ကြွက်သား ဒဏ်ရာ ထပ်မံရရှိသွားခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ပါဝင်နိုင်တော့မှာ မဟုတ်ပဲ သေချာပေါက် လွဲချော်သွားခဲ့ပြီလို့ သိရပါတယ်။

ကစားသမားရဲ့ အေးဂျင့်ဖြစ်သူ ကလည်း အတည်ပြုပြောဆိုထားပြီး ဖြစ်လို့ ပြင်သစ် ကြယ်ပွင့် ကတော့ ဆိုးရွားတဲ့ ဘောလုံးရာသီ တစ်ခုနဲ့ ရင်ဆိုင်နေရပြီလို့ ပြောမယ် ဆိုရင်လည်း မမှားပါဘူး။

မန်ချက်စတာယူနိုက်တက် ကနေ ဂျူဗင်တပ်စ်ကို အလွတ်ပြောင်းရွှေ့ကြေး နဲ့ နောက်တစ်ကြိမ် ပြောင်းရွှေ့သွားတဲ့ ပေါ့ဘာ ဟာ ဒူးဒဏ်ရာ ခွဲစိတ်ကုသမှု ခံယူခဲ့ရပြီး လအတန်ကြာ အနားယူခဲ့ရပါသေးတယ်။ အဲဒဏ်ရာက ပြန်ကောင်းလာခဲ့လို့ အသင်းနဲ့ လေ့ကျင့်ခန်း ပြန်ဆင်းနေချိန်မှာ နောက်ထပ် ဒဏ်ရာ ထပ်ရခဲ့တာ ဖြစ်လို့ ဂျူဗီ အတွက်လည်း စိတ်ပျက်စရာ သတင်းဆိုး ဖြစ်ခဲ့ရပါတယ်။

ဒီရာသီမှာ ဂျူဗင်တပ်စ် အတွက်လည်း တစ်ပွဲမှ ပါဝင် ကစားပေးထားနိုင်ခြင်း မရှိသေးတဲ့ ပေါ့ဘာ အနေနဲ့ အခုလို ဒဏ်ရာ ထပ်မံ ရရှိသွားတဲ့ အတွက် ပြင်သစ်နဲ့အတူ ကမ္ဘာ့ဖလား ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ခွင့် ဆုံးရှုံးခဲ့ပါတယ်။ ပြင်သစ် လက်ရွေးစင် အသင်း အတွက် ကလည်း နောက်ထပ် အဓိက ကွင်းလယ်လူ တစ်ဦး ဖြစ်တဲ့ အန်ဂိုလို ကန်တေကို လက်လွှတ်ထားရချိန်မှာ ပေါ့ဘာ ကိုပါ ထပ်မံ ဆုံးရှုံးရတော့မှာ ဖြစ်လို့ နည်းပြ ဒက်စ်ရွှမ့် အတွက် ခေါင်းကိုက်စရာ ဖြစ်လာခဲ့ပါပြီ။

ပေါ့ဘာရဲ့ အေးဂျင့် ရာဖေးလ်ပီမန်တာ ကတော့ “သူက အမြန်ဆုံး ပြန်လာချင်နေပေမယ့် စိတ်ရှည် သည်းခံရဦးမှာပါ၊ ဒီလိုခက်ခဲတဲ့ အချိန်တွေမှာ သူ ပိုကြိုးစားရပါလိမ့်မယ်၊ သူ့အသင်းနဲ့ ပရိသတ်တွေ အတွက် ကွင်းထဲမှာ အကောင်းဆုံး ကစားပေးနိုင်ဖို့ သူ ကြိုးစားသွားမှာပါ” လို့ ပြောဆိုခဲ့ပါတယ်။

Gamble responsibly (21+)

ငွေအရင်မသွင်းပဲ MMK 5000 တန်ဖိုးရှိ အခမဲ့အားကစားလောင်းခွင့်ဘောက်ချာကို ၁ ကြိမ် ရယူပြီးကစားကြည့်နိုင်ဖို့ လိဒ်စ်ယူနိုက်တက်ဘောလုံးအသင်းကြီး၏ စပွန်ဆာ ဖြစ်တဲ့ SBOTOP မှာ အခုပဲ အကောင့်ဖွင့်လိုက်ပါ။

အကောင့်ဖွင့်ရန် - https://t.me/+987C1LmvlqswZTU1
SBOTOP Viber - +639617722077

SBOTOP ဖေ့စ်ဘွတ်ပေ့ချ် - https://www.facebook.com/sbotop.mmr

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon