Security & Spy Store

Security & Spy Store

Share

Photos from Security & Spy Store's post 13/08/2024

2 in 1 Alarm Lock (အသံမြည် လုံခြုံရေးသော့)

ကိုင်းရှည်+ကိုင်းတို +သော့တံ၃ခု+ဓာတ်ခဲ၆လုံး

စျေးနှုန်း>> ၃၅၀၀၀ကျပ် (35000Ks)

🔐" ငတ်လို့ခိုးတာ။ မွဲလို့ခိုးတာ" ဆိုတဲ့ အယူအဆကို လူတိုင်းလက်ခံထားကြပါတယ်။ "

🔐လွယ်ရင် သူကြွယ်တောင် ခိုးတတ်ကြတယ်" တဲ့။ ပိုက်ဆံမွဲလို့ ခိုးတာပဲဖြစ်ဖြစ်၊ စာရိတ္တငတ်မွတ်လို့ ခိုးတာပဲဖြစ်ဖြစ် အဓိက အကြောင်းရင်းခံက လွယ်နေလို့ပါပဲ။

🔐ဘယ်သူမှတော့ ကိုယ့်ပစ္စည်းဥစ္စာကို လွယ်လွယ်ခိုးလို့ရအောင် မထားချင်ကြပါဘူး။ လုံခြုံအောင် ထားမယ်။ သော့ခတ်ထားမယ်။ စောင့်ကြည့်နေမယ်။

🔐ဘယ်လောက်လုံခြုံနေပါစေ >>> သူခိုးက ဖောက်ထွင်းမြင်တတ်တဲ့အစွမ်းရှိတယ်။
ဘယ်လောက် သော့ခတ်ခတ် >>> ဖျက်နိုင်တဲ့ ပညာ သဘာ ရှိတယ်။

🔐"သော့ဆိုတာ စည်းစိမ်ဥစ္စာရဲ့ အချုပ်အခြာပါ။ ဂုဏ်သိက္ခာရဲ့ တံတိုင်းပါ။ စိတ်ချရတဲ့ ဘဏ္ဍာရေးမှူးပါ" ဆိုရင် Alarm Lock ဆိုတာ အာကျယ်ကျယ် ဘဏ္ဍာရေးမှူးပါပဲ။

🔐 ဘယ်လောက်ကောင်းတဲ့ အာမခံသော့ဖြစ်ပါစေ။ အချိန်အတိုင်းအတာတစ်ခု ပေးနိုင်ရင် မဖွင့်နိုင်တဲ့ သော့ဝိဇ္ဇာရယ်လို့ မရှိပါဘူး။

🔐သော့တစ်ခုတည်းနဲ့ လုံခြုံစိတ်ချထားခဲ့လို့ မဖြစ်တော့တဲ့ခေတ်မှာသူခိုး၊ ဖောက်ထွင်း၊ သော့ဝိဇ္ဇာတို့ရန်ကနေ ကာကွယ်နိုင်ဖို့ အမျိုးမျိုး ကြံစည်လာခဲ့ကြရာ Alarm Lock ဆိုတဲ့ သော့မျိုးက လက်ရှိအနေအထားမှာ စိတ်အချရဆုံး လုံခြုံမှုအပေးနိုင်ဆုံး သော့ခလောက်အမျိုးအစား ဖြစ်နေပါတယ်။

🔐 သော့ဖွဲ့စည်းပုံမှာ သံသတ္ထုကိုယ်ထည် သော့ခလောက်ဖြစ်ပြီး ခိုင်ခန့်မာကျောပါတယ်။ သော့တံမှာလည်း ရှားပါးသော ဒီဇိုင်းမျိုး ဖြစ်သောကြောင့် သော့မိတ္တူဆိုင်တွေမှာ အတုပွားထားဖို့ ခဲယဉ်းပါတယ်။ သော့တံ၃ချောင်း ပါရှိတာမို့ မိသားစုလောက်လောက်ငှငှ သုံးနိုင်ပါတယ်။

🔐သော့တုနဲ့ ဖွင့်ရင် ကီးလိုင်း အနည်းငယ်မျှ မတူတာနဲ့ ကျယ်လောင်သောအသံ ထမြည်ပါတယ်။မာစတာကီးနဲ့ ဟိုစမ်းဒီစမ်းဖို့ မကြံပါနဲ့။ သော့တံတစ်ချောင်း ထည့်လို့ မူရင်းသော့မဟုတ်ဘူးဆိုတာနဲ့ ၇အိမ်ကြား ၈အိမ်ကြား ထမြည်တာမို့ အိမ်သားတွေ တရေးတမော အိပ်နေရင်တောင် ကျိန်းသေနိုးလာစေမှာပါ။

🔐Alarm စနစ်ပါလို့ ခပ်ပျော့ပျော့လို့တော့ မထင်လိုက်ပါနဲ့။ မိုးရေဝင်လို့လည်း မပျက်စီးနိုင်တာမို့ Outdoor မှာလည်း သုံးလို့ရပါတယ်။

🔐 သော့ခလောက်မောင်းတံ ကျွတ်ထွက်သွားအောင် ဖျက်ဆီးနိုင်ရင်တောင်မှ အရေးပေါ်သံက (၃၅စက္ကန့်တိုင်) အဆက်မပြတ်မြည်နေအုံးမှာပါ။ အသံထွက်တဲ့အပေါက်ကို တိပ်ပတ်ပြီး ဝစီပိတ်လုပ်ထားအုံးမလား။ တိပ်ပတ်ဖို့ သော့ခလောက်ကို ကိုင်လိုက်တာနဲ့ လှုပ်ရှားမှုကို အထဲက ဆင်ဆာကသိရှိပြီး ထအော်မှာပါ။ ဘယ်လောက်ပဲ တိပ်နဲ့ပတ်ပတ် အဝတ်နဲ့ ထုပ်ထုပ် အထဲမှာ ပဲ့တင်ရိုက်အောင် ဂလိုင်လုပ်ထားတာမို့ အသံထွက်နေမှာပါပဲ။

🔐 အထဲမှာ လက်ပတ်နာရီဓါတ်ခဲ ၆လုံးနဲ့ စွမ်းအင်ပေးပြီး သာမန်သုံးရင် ၂နှစ်အထိ အားခံပါတယ်။ ထပ်လဲလှယ်ဖို့ ဓါတ်ခဲ၆လုံးလည်း ပါရှိပြီး သော့ခလောက်မောင်းကွေး၏ ချိုင့်ခွက်ထဲက စကူ၂လုံးကို ဖြုတ်ပြီး အောက်ခြေအထိုင်ခွက် ဖြုတ်ကာ အလွယ်တကူလဲလှယ်နိုင်ပါတယ်။ စကူပေါက်က အတွင်းချိုင့်ခွက်ထဲမှာမို့ သော့ပိတ်ထားတုန်း ဝက်အူလှည့်နဲ့ ဓါတ်ခဲကိုဖြုတ်ဖို့တော့ မလွယ်ကူပါ။

🔐 ဂိုထောင်တွေ၊ လူအနေနည်းတဲ့ အိမ်တွေ၊ လူနည်းတဲ့ ခြံဝန်းကျယ်တွေ၊ အိမ်တွင်းသူခိုးကြောက်ရတဲ့ အရေးကြီးပစ္စည်းသေတ္တာတွေ၊ အသက်မက တန်ဖိုးကြီးတဲ့ စာရွက်စာတမ်းထားရာ ဗီဒိုတွေမှာ လစာမပေးရတဲ့ ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ပေးဖို့ အသင့်ရှိပါတယ်။
************************************************************************************************
ဆက်သွယ်ရန် ဖုန်းနံပါတ်
☎ ဖုန်းနံပါတ် - 09422966155
☎ အ်ာဒါပြုလုပ်ပုံ
မြို.နယ်အလိုက် ပို့ခ (Delivery Charges) ပေးရပါမည်။

🚂အချို့မြို့နယ်များကိုကားဂိတ်ထိသာပို့ပေးပါသည်။ကားဂိတ်ထိပို့ပေးပါကငွေကြိုလွှဲရပါမည်။

☎ Order လုပ်လိုသူများဆက်သွယ်ရမည့်ဖုန်းနံပါတ်ကို Comment သို့မဟုတ် Message box တွင်ရေးခဲ့ပေးပါ။
☎ ဖုန်းနံပါတ် - 09422966155 ***သို့လည်း ဆက်သွယ်၀ယ်ယူနိုင်ပါတယ်။
-------------------------------------------
🔎 အကယ်၍ ယခုအချိန် မလိုအပ်သေးလို့ စိတ်မ၀င်စားပါကလည်း နောက်တစ်ချိန် လိုအပ်လာသည့် အခါတွင် အလွယ်တကူ ဆက်သွယ်၀ယ်ယူနိုင်ရန်၊ မိတ်ဆွေ အပေါင်းအသင်းများ လိုအပ်သည့်အခါ လမ်းညွှန် နိုင်ရန် မိမိ၏ wall တွင် post ကို share ခြင်းဖြင့် သိမ်းဆည်း ထားနိုင်ပါသည်။
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon