First Step To Try

First Step To Try

Share

04/06/2020

How to promote your career?

05/01/2019

08/11/2018

Strategy တစ်ခုကို အကောင်အထည်ဖော်တဲ့အခါမှာ Manager အဆင့်ဆင့်အလိုက် သူ့ရဲ့ တာဝန်ဝတ္တရားတွေရှိပါတယ်။ သူတို့လုပ်ရမယ့်အရာတွေပေါ့။ သူတို့လုပ်ရမယ့် အရာတွေအကြောင်းမပြောခင် သူတို့ကို ဘယ်လိုခွဲထားသလဲဆိုတာကို လေ့လာကြည့်ရအောင်။

Manager တွေကို လုပ်ငန်းတစ်ခုမှာ အကြမ်းဖျင်း အဆင့် (၃) ဆင့်ခွဲလို့ရပါတယ်။ Corporate Level Manager, Business Level Manager နဲ့ Functional Level Manager တို့ပဲ ဖြစ်ပါတယ်။

Corporate Level Manager တွေဆိုတာကတော့ CEOတွေ၊ MDတွေ၊ BODတွေပဲဖြစ်ပါတယ်။ တစ်နည်းပြောရရင်တော့ Company တစ်ခုရဲ့ ထိပ်ဆုံးမှာရှိနေတဲ့ ခေါင်းဆောင်တွေပေါ့။ သူတို့တွေက ငါတို့လုပ်ငန်းဘယ်ကိုသွားချင်တာလဲ၊ ဘယ်လုပ်ငန်းတွေကို အဓိက လုပ်ကိုင်သင့်သလဲ၊ Budget တွေကို ဘယ်လိုခွဲဝေချထားမလဲ၊ လုပ်ငန်းရဲ့ Vision တွေ၊ Mission တွေချမှတ်ရတဲ့သူတွေပဲ ဖြစ်ပါတယ်။ ဒါတွေကို လုပ်ရတဲ့အပြင် လုပ်ငန််းတစ်ခုလုုံးကို အဓိက ဦးဆောင်နေရတဲ့လူတွေပဲ ဖြစ်ပါတယ်။ လုပ်ငန်းတစ်ခုလုံးကို ချုံပြီးမြင်တတ်တဲ့ Conceptual Skill ရှိရင်ရပါပြီ။ HR, Finance, Marketing စတဲ့ တစ်ခုချင်းစီအလိုက်တော့ အောက်ဆုံး Level ထိသိစရာ မလိုပါဘူး။

Business Level Manager တွေဆိုတာကတော့ HR, Finance, Marketing, Sales စတဲ့ Business Unit တစ်ခုချင်းစီရဲ့ Head တွေပဲ ဖြစ်ပါတယ်။ CEO က သူ့ရဲ့ Strategy တစ်ခု ချမှတ်လိုက်တယ်။ အဲ့ဒီ Strategyကို ဌာနတစ်ခုချင်းဆီက သက်ဆိုင်ရာ တာဝန်ရှိသူတွေက သူတို့ဌာနအလိုက် တာဝန်တွေခွဲလိုက်ရပါတယ် ဥပမာ HR က လူဘယ်နှယောက်ခန့်မလဲဆိုတာကို စဉ်းစားရတယ်။ Finance က Budget ကို ဘယ်လိုသုံးမလဲဆိုတာကို အကောင်အထည်ဖော်ရတယ်။ Marketing ကလည်း ပေးထားတဲ့ Budget အတိုင်း Marketing Plan တစ်ခုကို ဘယ်လိုဆွဲရမလဲဆိုတာကို စဉ်းစားရတယ်။ Sales ကလည်း Regional Sales Plan, Area Sales Plan စတာတွေကို Supervision လုပ်ရပါတယ်။ သူတို့ကို အဓိက ကိုင်တွယ်ထားတာကတော့ Corporate Level Manager တွေပဲဖြစ်ပါတယ်။ CEOက သူတို့ ဘယ်နားမှာ အားနည်းနေလဲ။ ဘယ်အရာတွေကို ပိုလုပ်ရမလဲ ဒါတွေကို Manage လုပ်ရတာပါ။

Functional Level Manager တွေဆိုတာကတော့ Specific Business Function တစ်ခုချင်းစီအလိုက် တာဝန်ယူရတဲ့ လူတွေပဲဖြစ်ပါတယ်။ ဆိုလိုတာက Regional Sales Manager သည် Regional Sales Plan တွေကို Develop လုပ်ရပါတယ်။ Area Sales Manager သည် Area Sales Plan တွေကို Develop လုပ်ရပါတယ်။ သူတို့တွေက Technical Skills ကျွမ်းကျင်ရပါမယ်။ ကိုယ့်ရဲ့ သက်ဆိုင်ရာနယ်ပယ်အလိုက် ကျွမ်းကျင်ရမှာပါ။







Strategy တစ္ခုကို အေကာင္အထည္ေဖာ္တဲ့အခါမွာ Manager အဆင့္ဆင့္အလိုက္ သူ႔ရဲ့ တာ၀န္၀တၱရားေတြရွိပါတယ္။ သူတို႔လုပ္ရမယ့္အရာေတြေပါ့။ သူတို႔လုပ္ရမယ့္ အရာေတြအေၾကာင္းမေျပာခင္ သူတို႔ကို ဘယ္လိုခြဲထားသလဲဆိုတာကို ေလ့လာၾကည့္ရေအာင္။

Manager ေတြကို လုပ္ငန္းတစ္ခုမွာ အၾကမ္းဖ်င္း အဆင့္ (၃) ဆင့္ခြဲလို႔ရပါတယ္။ Corporate Level Manager, Business Level Manager နဲ႔ Functional Level Manager တို႔ပဲ ျဖစ္ပါတယ္။

Corporate Level Manager ေတြဆိုတာကေတာ့ CEOေတြ၊ MDေတြ၊ BODေတြပဲျဖစ္ပါတယ္။ တစ္နည္းေျပာရရင္ေတာ့ Company တစ္ခုရဲ့ ထိပ္ဆံုးမွာရွိေနတဲ့ ေခါင္းေဆာင္ေတြေပါ့။ သူတို႔ေတြက ငါတို႔လုပ္ငန္းဘယ္ကိုသြားခ်င္တာလဲ၊ ဘယ္လုပ္ငန္းေတြကို အဓိက လုပ္ကိုင္သင့္သလဲ၊ Budget ေတြကို ဘယ္လိုခြဲေ၀ခ်ထားမလဲ၊ လုပ္ငန္းရဲ့ Vision ေတြ၊ Mission ေတြခ်မွတ္ရတဲ့သူေတြပဲ ျဖစ္ပါတယ္။ ဒါေတြကို လုပ္ရတဲ့အျပင္ လုပ္ငန္္းတစ္ခုလုံုးကို အဓိက ဦးေဆာင္ေနရတဲ့လူေတြပဲ ျဖစ္ပါတယ္။ လုပ္ငန္းတစ္ခုလံုးကို ခ်ံဳျပီးျမင္တတ္တဲ့ Conceptual Skill ရွိရင္ရပါျပီ။ HR, Finance, Marketing စတဲ့ တစ္ခုခ်င္းစီအလိုက္ေတာ့ ေအာက္ဆံုး Level ထိသိစရာ မလိုပါဘူး။

Business Level Manager ေတြဆိုတာကေတာ့ HR, Finance, Marketing, Sales စတဲ့ Business Unit တစ္ခုခ်င္းစီရဲ့ Head ေတြပဲ ျဖစ္ပါတယ္။ CEO က သူ႔ရဲ့ Strategy တစ္ခု ခ်မွတ္လိုက္တယ္။ အဲ့ဒီ Strategyကို ဌာနတစ္ခုခ်င္းဆီက သက္ဆိုင္ရာ တာ၀န္ရွိသူေတြက သူတို႔ဌာနအလိုက္ တာ၀န္ေတြခြဲလိုက္ရပါတယ္ ဥပမာ HR က လူဘယ္နွေယာက္ခန္႔မလဲဆိုတာကို စဥ္းစားရတယ္။ Finance က Budget ကို ဘယ္လိုသံုးမလဲဆိုတာကို အေကာင္အထည္ေဖာ္ရတယ္။ Marketing ကလည္း ေပးထားတဲ့ Budget အတုိင္း Marketing Plan တစ္ခုကို ဘယ္လိုဆြဲရမလဲဆိုတာကို စဥ္းစားရတယ္။ Sales ကလည္း Regional Sales Plan, Area Sales Plan စတာေတြကုိ Supervision လုပ္ရပါတယ္။ သူတို႔ကို အဓိက ကိုင္တြယ္ထားတာကေတာ့ Corporate Level Manager ေတြပဲျဖစ္ပါတယ္။ CEOက သူတို႔ ဘယ္နားမွာ အားနည္းေနလဲ။ ဘယ္အရာေတြကို ပိုလုပ္ရမလဲ ဒါေတြကို Manage လုပ္ရတာပါ။

Functional Level Manager ေတြဆိုတာကေတာ့ Specific Business Function တစ္ခုခ်င္းစီအလုိက္ တာ၀န္ယူရတဲ့ လူေတြပဲျဖစ္ပါတယ္။ ဆိုလိုတာက Regional Sales Manager သည္ Regional Sales Plan ေတြကို Develop လုပ္ရပါတယ္။ Area Sales Manager သည္ Area Sales Plan ေတြကို Develop လုပ္ရပါတယ္။ သူတို႔ေတြက Technical Skills ကြ်မ္းက်င္ရပါမယ္။ ကိုယ့္ရဲ့ သက္ဆိုင္ရာနယ္ပယ္အလိုက္ ကြ်မ္းက်င္ရမွာပါ။

Photos from AIB - AMARA Institute of Business's post 06/11/2018
03/11/2018
Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Website

Address


Insein
Yangon