Lovely Soap
05/10/2020
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
အမိန့်အမှတ် ၁၁၃/၂၀၂၀
(၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၅ ရက်)
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
အမိန့်အမှတ် ၁၁၃/၂၀၂၀
(၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၅ ရက်)
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗
24/09/2020
ော့ မရေးတော့ဘူးလို့ လုပ်နေတာ
ပိုပိုဆိုးလာတယ် ဆေးဆိုင်တွေမှာ အဝယ်လိုက်လာတယ်
ဘာကြောင့်မှန်းမသိပဲ Covid ကာကွယ်ဆေးဆိုပြီး လာဝယ်နေကြတယ် ။ လိုင်းပေါ်ကတွေ့လို့ ( Facebook ) လာဝယ်တာ တဲ့
ဆေးရဲ့ ကောင်းကျိုး ဆိုးကျိုး ဘာမှမသိပဲ သောက်နေကြတော့မှာလား
** တန်ဆေး လွန်ဘေး **
ပုံမှန်ပြထားတဲ့ဆေးတွေရဲ့ ကောင်းခြင်း ဆိုးခြင်းတွေသာ ရေးပါမည် ။ သောက်မသောက် တော့ ကိုယ်တိုင်ဆုံးဖြတ်ကြပါ ။
Cevit ....
Cevit ဆိုတာ လူအတော်များများနဲ့ ရင်းနှီးပြီးသားမို့ သိပ်မပြောလိုတော့
နှာစေး ၊ ယားယံ ၊ အအေးမိခြင်းကို ကာကွယ်တယ် ။ အနာကျက်တဲ့နေရာအတွက်လဲ သုံးတယ် ။
လူတစ်ယောက်အတွက် တစ်နေ့တာ Cevit လိုအပ်ချက်က 30 ကနေ 50 mg အထိ ပဲလိုတယ် ။
ဘာလို့လဲ ဆိုတော့ အစားအသောက် တွေထဲကနေ ရနေလို့ပဲ ။
အဲ့ဒီတော့ သောက်ချင်တဲ့သူတွေအနေနဲ့ 100 mg ကနေ 200 mg အထိ ပဲ သောက်ကြပါ ။ 500 mg ဆိုရင်ကို များနေပြီ ။
Cevit ( BPI or MPF ) တစ်လုံးမှာ 100 mg ပါတယ် ။
Vitacee / Vicee / Limcee တို့မှာ 500 mg ပါပြီး
ကလေးစားတဲ့ Cevit ချိုချဥ်တွေမှာ 25mg ပါပါတယ်
ဆေးအချိန်အဆများများ နဲ့ နေ့တိုင်းသောက်နေမယ် ဆိုရင် ကျောက်ကပ် ထိခိုက်နိုင်တယ် ။ ကျောက်ကပ်မှာ ကျောက်တည်နိုင်တယ် ။
Vitamin D ...
Vitamin D ဆိုတာလဲ လူတွေနဲ့ မစိမ်းတဲ့အရာပါပဲ ။ သူလဲ အစားအစာထဲက အသည်းတို့ ငါးကြီးဆီ တို့ကနေ ရတယ် ။
Vitamin D ချို့တဲ့ခြင်းကို ကာကွယ်ရန်အတွက် 400 IU သာ သောက်ရန်လိုအပ်တယ် ။
အရိုးပျော့ရောဂါတို့ ရစ်ကတ်ရောဂါတို့မှာ Vitamin D ကိုသုံးတယ် ။ အရိုး အတွက် သွားအတွက် Immunity အတွက် ကောင်းတယ် ဆိုပေမယ့် ဆေးပမာဏ များရင် အစားအသောက်ပျက်မယ် ၊ နွမ်းနယ်မယ် ၊ ကိုယ်အလေးချိန်ကျမယ် ၊ ခေါင်းကိုက်မယ် ။
သွေးတွင်း ကယ်လ်ဆီယမ် များနေသူတွေမသောက်သင့်သလို ဆီးကျိတ်ရောဂါသည်တွေ မသောက်သင့်ဘူး ။ ရေများများသောက်ပေးပါ ။
CoQ 10....
ဒီဆေးက Antioxidant ဆေးဖြစ်တယ် ။
နှလုံးသွေးကြော ရောဂါတွေ ၊ အိုမင်းရင့်ရော်မှုတွေကို ကာကွယ်ပေးတယ် ။ ဘေးထွက်ဆိုးကျိုး သိပ်မရှိပေမယ့် ကိုယ်ဝန်ဆောင် မိခင်တွေ ၊ နို့တိုက်မိခင်တွေ နဲ့ ကလေးငယ်တွေ မသုံးသင့်ပါဘူး ။
Zinc ...
ဇင့် ဆေးကို ဝမ်းပျက် ဝမ်းလျှော နဲ့ အသက်ရူလမ်းကြောင်းပိုးဝင်တဲ့နေရာမှာသုံးတယ် ။
ဆေးပမာဏများရင် ဘေးထွက်ဆိုးကျိုး အနေနဲ့ ဖျားမယ် ပျို့တာ အန်တာ ရှိမယ် အသက်ရူမဝတာဖြစ်မယ် ။
ဒီဆေးတွေ အကုန်သောက်နေမယ့်အစား
အိမ်ထဲနေပါ
မဖြစ်သာလို့ အပြင်ထွက်ရင် Mask တပ်ပါ
ခဏခဏ လက်ဆေးပါ
Covid 19 မှ ကင်းဝေးကြပါစေ
Photo မူရင်းပိုင်ရှင်ကို credit ပေးပါတယ် ။
08/09/2020
06/09/2020
31/05/2019
သုံးရက်အတွင်း ခြေလက်တွေ ဖြူဖွေးလာတဲ့ အိမ်တွင်းဆေး
Thursday, February 22, 2018
သုံးရက်အတွင်း ခြေလက်တွေ ဖြူဖွေးလာအောင်
နှစ်သစ်မှာ ဆေးနည်းသစ်တခုပေးပါရစေ။ သုံးရက်မဟုတ်ဘဲ တစ်ရက်နဲ့ကို သင့်အသားအရေ ထူးခြားလာတယ်။
အထူးသဖြင့် နေလောင်ထားတဲ့ ခြေ၊လက် အသားအရေအတွက် ဒီနည်းက အသုံးဝင်လွန်းပါတယ်။ ပျက်ဆီးနေတဲ့ အသားအရေ ပြန်လည် ဖြူဖွေးချင်တယ် ဆိုရင် အဆင့်(၂)ဆင့် ပြုလုပ်ဖို့ လိုတယ်။
ပထမအဆင့်က ဆဲလ်သေတွေ ဖယ်ရှားတဲ့အဆင့်ဖြစ်တယ်။ scrub လို့ ခေါ်ပါတယ်။ ဒုတိယအဆင့်က ခြေလက်တွေ ပြန်လည် ဖြူဖွေးလာအောင် ထိန်းသိမ်းရတဲ့အဆင့်။
ဒီအဆင့်နှစ်ဆင့်ကို တချိန်တည်း ဆကိတိုက်လုပ်ဖို့ လိုပါတယ်။ ဒီလိုပြုလုပ်ခြင်းအားဖြင့် သင့်အသားအရေဟာ သုံးရက်အတွင်း သိသာလာမှာဖြစ်တယ်။
ပထမအဆင့်- Scrub
ဆဲလ်သေတွေ ဖယ်ရှားတဲ့အဆင့်ဖြစ်တယ်။ ဒီအဆင့်မှာ သကြား လက်ဖက်ရည်တစ်ဇွန်းစာ နဲ့ စန္ဒာကူးမှုန့် ထမင်းစားဇွန်း တစ်ဇွန်းစာကို ရောစပ်ပါ။
ပြီးရင် အဆိုပါအရောထဲ ခရမ်းချဉ်သီးကို အတုံး ခပ်သေးသေးလေးတွေ ပိုင်းပြီးထည့်ပါ။ (တချို့က အထဲက အနှစ်ကိုလည်း အသုံးပြုကြတယ်)။
သကြား၊စန္ဒာကူးမှုန့်နဲ့ ခရမ်းချဉ်းသီး သုံးမျိုးအရောကို ခြေထောက် သို့မဟုတ် လက် စတဲ့နေရာတွေမှာ ၅-၁၀ မိနစ်ခန့် ကြာအောင် ပွတ်ပေးပါ။
ပြီးတာနဲ့ ရေခပ်နွေးနွေးနဲ့ ဆေးချပြီး အဝတ်ခြောက်တခုနဲ့ သေချာသုတ်ပါ။ ဒါဆိုရင် ပထမအဆင့်ပြီးပါပြီ။
ဒုတိယအဆင့် – whitening pack
ဒီအဆင့်က ခြေလက်တွေကို ပြန်လည် ဖြူဖွေးလာအောင် ထိန်းသိမ်းရတဲ့အဆင့်ဖြစ်လို့ ပိုအရေးကြီးတယ်။ အရင်ဆုံး အာလူးသီးကို အခွံခွာပြီး blender (ကြိတ်စက်)ထဲ ထည့်ကြိတ်ပါ။
(blender မရှိရင် နုတ်နုတ်စင်းပြီး ညက်အောင် ထောင်းလို့လည်းရပါတယ်)။ ပြီးရင် ထွက်လာတဲ့ အနှစ်ကို သန့်စင်တဲ့ ပိတ်ဖြူစ(အဝတ်စ)တစ်ခုထဲထည့်ပြီး အရည်ချည်းထွက်အောင် စစ်ထုတ်ယူပါ။
ဒါဆိုရင် အာလူးသီးအရည်ရလာလိမ့်မယ်။ အာလူးသီးအရည်ကို ထမင်းစားဇွန်း (၄)ဇွန်းစာလောက်ယူပြီး ရှောက်သီးရည် ထမင်းစားဇွန်း (၃)ဇွန်းစာ အရင် ရောစပ်ပါ။
ပြီးရင် ဆန်မှုန့် ထမင်းစားဇွန်း(၂)ဇွန်းထပ်ထည့်ပါ။ နောက်ဆုံးမှ ပျားရည် ထမင်းစားဇွန်း(၁)ဇွန်း ရောထည့်လိုက်ပြီး သမအောင် မွှေရင် အသားဖြူဖွေးစေတဲ့ pack တခုရရှိမှာဖြစ်ပါတယ်။
ရလာတဲ့ လေးမျိုးစပ် အရောကို ခြေ၊လက်၊ကုပ် စတဲ့နေရာတွေမှာ လိမ်းပြီး နာရီဝက်ပြည့်အောင် လိမ်းထားလိုက်ပါ။ ပြီးရင် ရေဆေးပစ်လိုက်ပါ။
နဂိုမည်းနေတဲ့အသားအရေတွေ သုံးရက်အတွင်း သိသိသာသာ ပြန်လည်ဖြူဖွေးလာတာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။
crdဒေါက်တာ အေးမင်းထူး
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
Yangon
2544