Efectivee
အရင်းအနှီးမလိုဘူး၊ နှုတ်ချိုဖို့ပဲလိုတယ်
လွန်ခဲ့တဲ့ ၁၀ နှစ်လောက်တုန်းက သုဝဏ္ဏဘောလုံးကွင်းဘေးပတ်လမ်းမှာ လေ့ကျင့်ခန်းလုပ်ရင်း၊ ရင်းနှီးလာတဲ့ အသိကားပွဲစားတစ်ယောက်ရှိတယ်၊ လေ့ကျင့်ခန်းစလုပ်ချိန်ဆို သူ့ကို ပတ်ရှောင်ရတယ်။ ဘာလို့ဆို သူက စကားအရမ်းပြောကောင်းတော့ လေ့ကျင့်ခန်းမလုပ်ဖြစ်တော့ဘဲ သူနဲ့ပဲ စကားပြောပြောဖြစ်သွားလို့။
ဒီအစ်ကိုကြီးက စကားပြောကောင်းသလို စကားပြောလဲ ချိုသာတယ်၊ အခြားလူတွေနဲ့ မတူဘဲ အဆဲအဆိုနည်းသလို စိတ်တိုရင်တောင် သူ့ကိုယ် သူ အတော်ထိန်းထိန်းသိမ်းသိမ်းပြောနိုင်တာ တွေ့ရတယ်။
ကျွန်တော် သူနဲ့ စတွေ့တုန်းက သူ့မှာ ကားမရှိဘူး။ နောက် ၂ နှစ်လောက်နေတော့ Honda Fit လေးဝယ်စီးတယ်။
နောက်တော့ သူ ကားပွဲစားမလုပ်တော့ဘဲ အိမ်ခြံမြေဘက်ကို လှည့်တယ်။
သူအိမ်ခြံမြေပွဲစားစလုပ်တော့ ကျွန်တော်က သတိပေးတယ်။ "အစ်ကို မကျွမ်းကျင်ရင် တိုင်ပတ်မယ်နော်၊ အိမ်ခြံမြေဆိုတာက အမှုကိစ္စတွေ ပိုရှုပ်တယ်၊ ကိုယ်ကျွမ်းကျင်တာလေးပဲ ဆက်လုပ်ပါလား" ပေါ့။
သူက ပြန်ပြောတယ်။
"ညီလေး" တဲ့
"ကားတစ်စီးရောင်းရလဲ ၂ ကျပ်၊ မြေတစ်ကွက် ပွဲဖြစ်သွားလဲ ၂ ကျပ်ပဲ ရတာ" တဲ့
"ဒါပေမယ့် ကားက ဈေးအမြင့်ဆုံးမှ သိန်းထောင်ဂဏန်းပဲ၊ မြေဈေး တိုက်ဈေးကျတော့ သိန်းသောင်းချီတယ်" တဲ့ "အစ်ကို အဆင့်တက်မှ ရတော့မယ်၊ ကလေးက အတန်းကြီးလာပြီ" တဲ့။
အိမ်ခြံမြေပွဲစားလုပ်လဲ သူအောင်မြင်တာပဲ။ အခု သူ့သားက ကနေဒါမှာ ကျောင်းတက်တယ်၊ ကျောင်းစရိတ်ကို သူပဲ ထောက်ပံ့တာ၊ လွန်ခဲ့တဲ့ ၃ နှစ်လောက်မှာ အိမ်ခြံမြေကို ပွဲစားလဲ လုပ်တယ်၊ ဝယ်ရောင်းလဲ လုပ်တယ်ဆိုတဲ့ အဆင့်ကို သူ ရောက်လာတယ်။ သူ့ဆီမှာ အပ်ထားတဲ့ မြေရှင်၊ တိုက်ရှင်တွေဆိုတာ တပုံကြီးပဲ။
ပွဲစား ပဲ ပြောပြော အကျိုးဆောင်ပဲ ဆိုဆို ဒီလိုအလုပ်ဆိုတာမျိုးက အရင်းအနှီးမလိုဘူး၊ ပွဲဖြစ်အောင် စီမံတတ်ဖို့ပဲလိုတာ။
ပွဲဖြစ်ဖို့အတွက်က နှုတ်မှုရေးရာ ကျွမ်းကျင်ဖို့လိုတယ်။ အထူးသဖြင့် နှုတ်ချိုဖို့လိုတယ်။ ကိုယ့်ကိုဆဲနေရင်၊ နှိမ်နေရင်တောင် ပြုံးပြုံးလေးနဲ့ အချိုသာဆုံးစကားလုံးတွေကိုသုံးပြီး တုန့်ပြန်တတ်ဖို့ အရမ်းအရေးကြီးတယ်။
မြန်မာစကားပုံထဲမှာ "နှုတ်ချို သျှိုတစ်ပါး" ဆိုတဲ့ စကားပုံတစ်ခုရှိတယ်။ တိုပြီးရှင်းတယ်၊ အဓိပ္ပါယ် ထိရောက်တယ်။ နှုတ်ချိုသာရင် အရေးကိစ္စအောင်မြင်တယ်ပေါ့။
ကျွန်တော်ကတော့ နှုတ်ချိုရင် ဝင်ငွေများတယ်လို့ပဲ ပြောချင်တယ်ဗျာ။
စာဖတ်သူတွေရော လက်ခံကြလား?
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
66, Khaymarthi Street, Mi Chaung Kan Quarter, Thingangyun
Yangon
11071
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |