EI engineering
Why Document Numbering & EDMS Matter in Oil & Gas Projects?
*******************************************************
Oil & Gas industry ရဲ့ Engineering Design, Construction, Commissioning ကနေ Operations အထိ Phase တိုင်းမှာ Document Management System (DMS) ဆိုတာ Project တစ်ခုလုံးရဲ့ အသက်သွေးကြော (Critical Backbone) ပဲ ဖြစ်ပါတယ်။
Projects တွေမှာ P&ID, SLD, Datasheet, Calculation, Procedures ကနေ နေ့စဉ်ထွက်နေတဲ့ TQ, MOM, Vendor Documents နဲ့ Inspection Reports စတဲ့ စာရွက်စာတမ်းပေါင်း ထောင်သောင်းချီပြီး စီးဆင်း (Circulate) နေတတ်ပါတယ်။ ဒီနေရာမှာ တိကျတဲ့ Identification နဲ့ Traceability (နောက်ကြောင်းပြန်လိုက်နိုင်မှု) မရှိရင် Engineering ပိုင်း ရှုပ်ထွေးမှုတွေ၊ Revision မှားယွင်းမှုတွေကနေတစ်ဆင့် ဆောက်လုပ်ရေး ကြန့်ကြာမှု (Construction Delays) နဲ့ မလိုလားအပ်တဲ့ Operational Risks တွေအထိ ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့်မို့လည်း company တွေရဲ့ specification မှာ Standardized Document Identification & Numbering System ကို အသေအချာ Define လုပ်ထားတာ ဖြစ်ပါတယ်။
Technical Document Number တစ်ခုရဲ့ ဖွဲ့စည်းပုံ ဥပမာ-
AA-BBBB -01-CCCC -012345
ဒီ Numbering Structure ထဲမှာ-
Country Code
Site Code
Sector Code
Originator Code
Sequential Number
စတာတွေ စနစ်တကျ ပါဝင်ပြီး Document တိုင်းကို ထပ်တူမရှိတဲ့ Unique Identity တစ်ခု ပေးထားပါတယ်။
ဒါက ဘာကြောင့် ဒီလောက်တောင် အရေးကြီးရတာလဲ?
Easy Retrieval: EDMS ထဲမှာ လိုချင်တဲ့ စာရွက်စာတမ်းကို စက္ကန့်ပိုင်းအတွင်း ရှာဖွေနိုင်ခြင်း။
Revision Control: အသုံးပြုနေတဲ့ ဗားရှင်းက Latest လား၊ ခေတ်မမှန်တော့တာ (Obsolete) လား၊ ဒါမှမဟုတ် အစားထိုးလိုက်ပြီ (Superseded) လားဆိုတာ ရှင်းရှင်းလင်းလင်း သိနိုင်ခြင်း။
Engineering Coordination: Process, Mechanical, Electrical, Instrument, Civil, Telecom စတဲ့ Discipline အားလုံး တစ်ပြေးညီ (Harmonized Workflow) ချိတ်ဆက် အလုပ်လုပ်နိုင်ခြင်း။
Audit & Compliance: ISO, QA/QC, HSE နဲ့ Project Audit တွေအတွက် ခိုင်မာတဲ့ Traceability အပြည့်အဝ ပေးနိုင်ခြင်း။
Asset Lifecycle Management: Project ပြီးဆုံးသွားပေမဲ့ Operation Phase ရောက်တဲ့အထိ Document Continuity ရှိနေခြင်း။
ထို့အပြင် Specification ထဲမှာ Discipline Codes တွေဖြစ်တဲ့ PRO (Process)၊ ELE (Electrical)၊ INS (Instrumentation)၊ PVV (Piping/Valve/Vessel)၊ HSE (Health Safety Environment) နဲ့ Document Type တွေဖြစ်တဲ့ PID၊ CAL၊ REP၊ MAN၊ SPE၊ TQR စတာတွေကိုပါ တရားဝင် သတ်မှတ်ထားတာကြောင့် Contractors, Vendors, Subcontractors အားလုံး Standard တစ်ခုတည်းအောက်မှာ စနစ်တကျ လည်ပတ်နိုင်ကြပါတယ်။
ကျွန်တော့်ရဲ့ အတွေ့အကြုံအရ (From My Experience)— ခိုင်မာတဲ့ Document Control System မရှိတဲ့ Project တွေမှာ- Revision မှားယွင်း အသုံးပြုမိခြင်း
Construction အဆင့်မှာ ဖျက်ပြီး ပြန်လုပ်ရခြင်း (Rework) , Vendor များအကြား နားလည်မှု လွဲမှားခြင်း , Commissioning အဆင့် ကြန့်ကြာခြင်းနဲ့ , ရေရှည် Operational Risks များပြားခြင်းတို့ကို မကြာခဏ ကြုံတွေ့ရတတ်ပါတယ်။
ဒါကြောင့် Document Control ဆိုတာ ရိုးရိုးတန်းတန်း စာရွက်စာတမ်း ထိန်းသိမ်းရတဲ့ “Administrative Work” သက်သက် မဟုတ်ပါဘူး။ သူက Engineering Quality Assurance ရဲ့ ပင်မကျောရိုး (Core System) ဖြစ်ပါတယ်။ အထူးသဖြင့် Mega Offshore/Onshore Projects တွေမှာ EDMS နဲ့ Standardized Numbering System ဆိုတာ Knowledge Retention နဲ့ Long-term Asset Integrity အတွက် မရှိမဖြစ် လိုအပ်တဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခုပဲ ဖြစ်ပါတယ်။
Kyaw Oo
Understanding of Earthing and Grounding
***********************************
လွန်ခဲ့တဲ့ ၁၅ နှစ် ကရေးခဲ့တာ ပြန်တင်ပေးလိုက်ပါတယ်။
လျှပ်စစ်ပညာရပ်ကို လေ့လာတဲ့အခါ Earthing နဲ့ Grounding ဆိုတာ ဘာကွာတာလဲဆိုပြီး လူငယ်တော်တော်များများ ခေါင်းစားတတ်ကြပါတယ်။ တကယ်တော့ အခြေခံ Concept အရ နှစ်ခုစလုံးဟာ အတူတူပါပဲ။ အသုံးပြုတဲ့ ဒေသနဲ့ Standard ပေါ်မူတည်ပြီး အခေါ်အဝေါ် ကွဲပြားသွားတာသာ ဖြစ်ပါတယ်။Earthing = Grounding ပါ။ နားမလည်တဲ့သူတွေ ကတော့ မတူဖူးဆိုပြီး ပြောကျပါလိမ့်မယ်။ ကျွန်တော် က အဲလို သုံးတဲ့ US ရော EU company မှာလုပ်ခဲ့ဖူးလို့သိတာပါ။
ဥပမာပြောရရင် - "အမေ" ကို မြန်မာလို အမေလို့ခေါ်ပြီး အင်္ဂလိပ်လို Mother လို့ခေါ်တာနဲ့ အတူတူပါပဲ။ လူကတော့ တစ်ယောက်တည်း၊ ခေါ်တဲ့ နာမည်ပဲ ကွဲတာပါ။ ဒါကြောင့် field ထဲမှာ အတွေ့အကြုံရှိတဲ့ သူတွေကတော့ ဒီစကားလုံးနှစ်ခုကို လိုသလို အစားထိုးပြီး သုံးနေကြတာကို တွေ့ရပါလိမ့်မယ်။
Earthing or Grounding ပဲဖြစ်ဖြစ် အဓိက လုပ်ဆောင်ချက်ကတော့ လျှပ်စစ်စနစ်တစ်ခုရဲ့ Neutral Point ဒါမှမဟုတ် လျှပ်စစ်ပစ္စည်းတွေရဲ့ Metal Enclosure (ကိုယ်ထည်) တွေကို မြေကြီးရဲ့ Zero Potential (0V Reference) နဲ့ ချိတ်ဆက်ပေးဖို့ ဖြစ်ပါတယ်။
ဘာကြောင့် လုပ်ရတာလဲ ဆိုတော့ Insulation Failure ဖြစ်ပြီး ကိုယ်ထည်မှာ လျှပ်စစ်ဓာတ်လိုက်နေရင် လူကို Electric Shock မရအောင် ကာကွယ်ပေးဖို့ နဲ့ Voltage Reference ကို တည်ငြိမ်စေပြီး မလိုလားအပ်တဲ့ Surges တွေကနေ ကာကွယ်ပေးဖို့ဖြစ်ပါတယ်။
ဘာကြောင့် နာမည်ကွဲပြားရတာလဲဆိုတော့ (Regional Standards) ကြောင့်ပါ။
UK / EU / IEC Standard: ဗြိတိန်နဲ့ ဥရောပစံနှုန်းတွေမှာ "Earthing" လို့ သုံးပါတယ်။
US / NEC Standard: အမေရိကန်စံနှုန်းတွေမှာ "Grounding" လို့ သုံးပါတယ်။
• Earthing conductor = Grounding conductor
• Earth electrode = Ground electrode
• Earth fault = Ground fault
အနှစ်ချုပ် ( အနေနဲ့ အလွယ်မှတ်ထားဖို့က Earthing = Grounding ပါပဲ။
Everyday usage မှာ တစ်ခုနဲ့တစ်ခု အစားထိုး သုံးနိုင်ပါတယ်။
Professional level မှာတော့ ကိုယ့် Project က သုံးနေတဲ့ Standard (IEC လား၊ NEC လား) ကို ကြည့်ပြီး ဝေါဟာရကို တိကျအောင် လိုက်သုံးဖို့ လိုအပ်ပါတယ်။
"Earthing နဲ့ Grounding ဆိုတာ အတူတူ ပဲနဲ့ ဘေးကင်းဖို့နဲ့ စနစ်တည်ငြိမ်ဖို့ မြေကြီး (Mass Earth) နဲ့ ချိတ်ဆက်တာကို ခေါ်တာပဲ" လို့ နားလည်ထားရင် အဆင်ပြေပါပြီ။
လေ့လာရင်းနဲ့ မရှင်းတာရှိရင် အချိန်မရွေး ထပ်မံမေးမြန်းနိုင်ပါတယ်နော်။
ဖတ်ရှုတဲ့အတွက် ကျေးဇူးတင်ပါတယ်။
Kyaw Oo
Click here to claim your Sponsored Listing.
Contact the business
Telephone
Website
Address
BLD B 10, Room 302 MINDAMA Road Shwe Gabar Housing
Yangon
11061
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 12:00 |