RYZEN STORE

RYZEN STORE

Share

25/05/2026

တနှစ်တကြိမ် အသစ်ထွက်ရှိနေကျ Intel နဲ့ AMD Mobile CPU တွေ 2026 အတွက် Market ထဲမှာ ထွက်ရှိလာသလို Official Full Spec Complete မထွက်သေးတဲ့ CPU တွေလဲ ရှိနေပါတယ်။ ထူးခြားချက်ကတော့ Intel နဲ့ AMD က AI + Efficiency + Battery Life ကို အဓိကဦးစားပေးပြီး Architecture အသစ်တွေနဲ့ ထွက်ရှိတာပဲဖြစ်ပါတယ်။

2026 Laptop CPU generation တွေက 2025 generation တွေထက် AI NPU performance တင်မဟုတ်ပဲ CPU raw performance (10–20% လောက် incremental လို့ပဲ ကျနော်ယူဆ) တိုးလာတယ် / iGPU ပြောင်းလဲမှု ကြီးလာတယ် / Battery efficiency ပိုကောင်းလာတယ် / Thermal management ပိုကောင်းလာတယ်ပေါ့ဗျာ။ ဒီထဲမှာ အားရစရာကောင်းတဲ့အချက်တခုက AMD Radeon 890M / Intel Arc integrated GPU (iGPU) တွေက Entry Gaming Laptop မလိုပဲ AAA game တချို့ကို playable ဖြစ်လာစေတာပါ။

ကျနော်တို့ Ryzen Store အနေနဲ့က Performance ဦးစားပေးတာဆိုတော့ ကျနော်သဘောကျနေတဲ့ CPU တွေကိုပြောရရင်

AMD Ryzen AI Max+ 495
Ryzen 9000HX
Intel Core Ultra X9 388H CPU တွေပဲ ဖြစ်ပါတယ်။

2026 အတွက် Intel နဲ့ AMD တို့က CPU Architecture အသစ်တွေနဲ့ ထွက်ရှိလာတာဆိုတော့ CPU Architecture အကြောင်းကို နားလည်သလောက်တော့ ရှင်းပြချင်ပါတယ်။ အမှားအယွင်းရှိခဲ့ရင် ကျနော့်ရဲ့ လေ့လာမှုအားနည်းမှုကြောင့်မို့ လိုအပ်တာတွေပြင်နိုင်ဖို့ ထောက်ပြပေးဖို့လဲ request လုပ်ပါတယ်။

Intel 2026 Mobile CPU Lineup
(Core Ultra Series 3 / Panther Lake)

Series 3 processor တွေက Intel ရဲ့ 18A fabrication process ကို အသုံးပြုထားတဲ့ ပထမဆုံး consumer platform ဖြစ်ပြီး Intel ရဲ့ အဆင့်မြင့်ဆုံး semiconductor manufacturing technology လည်း ဖြစ်ပါတယ်။ Panther Lake Hybrid Architecture မှာ ထူးခြားချက်က Hyper-Threading ကို ဖြုတ်ချလိုက်ပြီး Core Performance ကို အဓိက ထားလာပါတယ်။ မြင်သာအောင် ရှင်းပြရရင်

◾Cougar Cove (P-Cores): Gaming, Heavy Rendering တွေအတွက် Performance Cores က အဓိကသုံးပါတယ်။
◾Darkmont (E-Cores): Background Tasks တွေအတွက် Efficiency Cores ကို သုံးပါတယ်။
◾Darkmont (LP E-Cores): Power သုံးစွဲမှုအနည်းဆုံး Low-Power Cores တွေဖြစ်ပြီး Video ကြည့်တာ၊ Multimedia ပိုင်းလောက်ပဲသုံးတာမျိုးအတွက် P-Core တွေ မသုံးပဲ LP E-Cores နဲ့တင် Long Battery Life ရဖို့ သုံးပါတယ်။ Intel Core Ultra X9 388H / Intel Core Ultra X7 368H လို High End CPU တွေမှာ 16 Cores / 16 Threads (4P+8E+4LP E) အထိ ပါဝင်လာပြီး Multi-threaded Performance အများကြီး ပိုကောင်းလာပါတယ်။

နောက်တခုက Intel Arc B-Series (Xe3 Architecture) ပါဝင်လာခြင်း ဖြစ်ပါတယ်။ 12 Xe-Cores ထိပါဝင်လာပြီး XeSS 3 Support ကြောင့် Graphic မြင့်တဲ့ဂိမ်းတွေကိုပါ Frame Rate ကောင်းကောင်းနဲ့ ကစားနိုင်မှာ ဖြစ်ပါတယ်။ 1080p gaming ကို integrated graphics နဲ့တင် playable ဖြစ်လာတယ်ပေါ့ဗျာ။

Memory Support ပိုင်းမှာ DDR5 - 7200 MT/s နဲ့ LPDDR5X - 9600 MT/s အမြင့်ဆုံး ရလာပါတယ်။ Bandwidth တိုးလာတဲ့အတွက် iGPU performance benefit ရတဲ့သဘောပါ။ တခုရှိတာက X ပါတဲ့ CPU မှာ (X9 388H, X7 368H) ပဲ Arc B390 (12 Xe Cores) ပါဝင်မှာပါ။

Intel ပြီးတော့ AMD အကြောင်းပေါ့။

AMD 2026 Mobile CPU Lineup က အရင်လို Single Architecture only မဟုတ်တော့ပဲ
Architecture Mix လုပ်ထားတဲ့ generation ဖြစ်လာပါတယ်။ Zen 5 Architecture ကို Clock speed မြှင့်ပြီး Refresh Model အသစ်အနေနဲ့ Core Ultra Series 3 နဲ့ ယှဉ်ပြိုင်မယ်လို့ မြင်ပါတယ်။ Zen 6 (Medusa Point) ကတော့ ထွက်မထွက် မပြောတက်သေးပါဘူး။

◾Ryzen AI 400 Series (Gorgon Point)
◾Ryzen AI MAX 400 Series (Gorgon Halo)
◾Ryzen 9000HX Series (Fire Range) တွေနဲ့ ထွက်ရှိပါတယ်။

Ryzen AI 400 Series (Gorgon Point) က Zen 5 (Performance Core) + Zen 5c (Compact Core) တွေပေါင်းစပ်ပြီး Clock Speed အမြင့်နဲ့ Power သုံးစွဲမှု နည်းပါတယ်။RDNA 3.5 နဲ့ Radeon 890M / 880M တွေရဲ့ integrated graphics ပိုင်းကလဲ Gaming Laptop ထိမသွားပဲ Budget ချွေတာချင်တဲ့သူတွေအနေနဲ့ ရွေးချယ်စရာ ဖြစ်ပါတယ်။

Ryzen AI MAX 400 Series (Gorgon Halo) က Extreme Performance လိုချင်တဲ့ Creator တွေ၊ Workstation အဆင့် Laptop တွေအတွက် Performance အရမ်းကောင်းတဲ့ APU (Advanced Processing Unit) ဖြစ်ပါတယ်။ Graphic ပိုင်းမှာ RDNA 3.5 ဖြစ်ပေမယ့် 40 Compute Units (CUs) အထိ ပါဝင်တာမို့ RTX 4060 Laptop GPU ရဲ့ Performance နဲ့တူတဲ့ Gaming Grade iGPU ပါ။

Ryzen 9000HX Series (Fire Range) က Ryzen 9000 Desktop series ကို Laptop ထဲ ပြောင်းပေးလိုက်သလိုမျိုးပါ။ Desktop Grade Zen 5 Architecture စစ်စစ်ပါ။ Intel လို Power ချွေတာဖို့ Core အသေး (Efficiency Cores) တွေ ထည့်မထားဘူး။ P+E Cores ပေါင်းပြီး Cores အရေအတွက် များတယ်ထင်ရအောင် လုပ်မထားဘူး။ Full-performance Zen 5 Cores တွေနဲ့မို့ CPU Performance ကောင်းတာလိုချင်တဲ့သူတွေအတွက် အသင့်တော်ဆုံးဖြစ်ပါတယ်။

Intel နဲ့ AMD တို့ရဲ့ CPU အကြောင်းတွေ အနည်းငယ် နားလည်ပြီးဖြစ်သွားပြီဆိုရင် ကျနော့်ရဲ့ အမြင်ကိုလဲ ပြောပြချင်ပါတယ်။

ကျနော်တို့ Ryzen Store ဆိုတာ Up to Date Model တွေနဲ့ Performance ကို အဓိက ဦးစားပေးပြီး အသစ်ထွက်ရှိလာတဲ့ နည်းပညာတွေကို မြန်မာနိုင်ငံမှာ အသက်သာဆုံးဈေးနှုန်းနဲ့ ရောင်းချပေးနေတယ်ဆိုတာ အားလုံးသိပြီးဖြစ်မှာပါ။ ဒါပေမယ့် 2026 မှာ ထွက်ရှိလာတဲ့ Laptop တွေရဲ့ဈေးနှုန်းက ကြောက်စရာကောင်းအောင် ကြီးပါတယ်။ ဥပမာအားဖြင့် Ryzen AI 7 445 နဲ့ ထွက်ရှိထားတဲ့ Asus Zenbook 14 UM3406GA လို Laptop ရဲ့ အရင်းဈေးနှုန်းက 49,990 Baht ပါ။ မြန်မာငွေနဲ့ဆို ၆၇သိန်းပါ။ ရန်ကုန်ရောက်ရင် ၇၆ သိန်းဝန်းကျင်ဖြစ်နေပါပြီ။ ဒီလိုပါပဲ။ Ryzen 9 9955HX + RTX5060 သုံးထားတဲ့ ROG Strix G16 ရဲ့ အရင်းဈေးက 82,990 Baht ဆိုတော့ ရန်ကုန်အရောက် ၁၂၄သိန်းဝန်းကျင် ဖြစ်နေပါပြီ။ ပြောရရင် Performance ကောင်းလာတယ် Futureproof ဖြစ်လာတယ်။ ဒါပေမယ့် မတန်တဆဈေးတွေဖြစ်လာတာဆိုတော့ 2026 မှာ ကျနော်တို့ Ryzen Store အနေနဲ့ မြန်မာနိုင်ငံဈေးကွက်နဲ့ကိုက်ညီမယ့် Model တွေကို သွင်းမှာဖြစ်သလို 2025 Model တွေကိုလဲ ပိုပြီး သက်သာသထက် သက်အောင် သွင်းဖို့ စီစဉ်ထားပါတယ်ဆိုတဲ့အကြောင်းကို တခါတည်း ပြောပြချင်ပါတယ်။ Ryzen Store ဆိုပြီး စတင်ခဲ့တဲ့ ၆နှစ်ကျော်ကာလအတွင်း Up to Date Model တွေပဲ ရောင်းလာခဲ့ရာကနေ Up to Date မဖြစ်ခဲ့ရင် နားလည်ပေးဖို့လဲ ကြိုတင်ပြီး တောင်းဆိုပါရစေ။

19/05/2026

Lenovo နဲ့ပတ်သက်ရင် Ryzen Store ကနေ မှာလို့မရဘူးဆိုတာ မရှိစေရပါဘူး။ MSRP Price ကိုတော့ လက်ခံနိုင်ရပါမယ်။ အဲ့အပေါ်မှာ Service Charge 10% + Air Cargo Fees 1,700 Baht ထည့်ပေါင်းရင် ရန်ကုန်အရောက်ဈေး ရပါမယ်ခင်ဗျ။

အချိန်စောင့်နိုင်ရင် ကိုယ့်စိတ်တိုင်းကျ Customize လုပ်လို့လဲ ရပါတယ်။

08/05/2026

လက်ရှိ 2026 မှာ (NAND Flash) နဲ့ RAM (DRAM) shortage ပြဿနာက short-term မဟုတ်တော့ဘဲ structural shortage ဖြစ်လာပါပြီ။ ဥပမာအားဖြင့် 2024 မှာ 16GB DDR5 5600MHz Memory တချောင်း ၂သိန်းမပြည့်ခဲ့ပေမယ့် အခုချိန်မှာ ၉သိန်းခွဲဝန်းကျင်ထိ 400% နီးပါး ဈေးတက်လာပါတယ်။ ဒါ့အပြင် 2026 မှာ RAM 16GB ဆိုတာ မလုံလောက်တော့ဘူးလို့ ပြောလို့မရသေးပေမယ့် Minimum Standard ဖြစ်လာတာတော့ အသေချာပါပဲ။ Heavy Productivity ပိုင်းတွေမှာ 16GB Memory က လုံလောက်မှုမရှိလို့ ထပ်တိုးရတော့မယ်ဆိုရင် ၉သိန်းခွဲဝန်းကျင်ပမာဏကို ထပ်သုံးဖို့ဆိုတာ လက်ရှိအခြေနေအရ ဝန်ထုပ်ဝန်ပိုးတခုလိုပါပဲ။

ဒီတော့ လိုအပ်မှုရှိလို့ မဝယ်ခင် Performance ကောင်းတဲ့ Laptop တလုံးရှာနေတယ်ဆိုရင် ကျနော်တို့ Ryzen Store ကနေ HP Omen 16 2025 ကို Option တခုအနေနဲ့ စဉ်းစားဖို့ Recommend ပေးချင်ပါတယ်။ Intel Core i9-14900HX + TGP 115W ရှိတဲ့ RTX 5060 + 2560x1600 240Hz Display + 32GB Memory + 1TB Storage ကို ၇၉သိန်းဝန်းကျင်ပဲမို့ ပေးရတဲ့ဈေးနဲ့ ပြန်ရတာ တန်မတန် စဉ်းစားနိုင်မယ်လို့ ယုံကြည်ပါတယ်။

စိတ်ဝင်စားမှုရှိလို့ဝယ်ယူချင်တယ်ဆိုရင် No 102 စကားဝါပင်လမ်း ကြည့်မြင်တိုင်မှာ ကိုယ်တိုင်ကိုယ်ကျ လာရောက်ဝယ်ယူနိုင်သလို ရန်ကုန်ဖုန်း 09254447969 / 09699144561 ကို ဆက်သွယ်ပြီးဖြစ်စေ Page Messenger ဒါမှမဟုတ် Viber No +959421004001 ကို အားနာစရာမလိုပဲ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျား။

💻💻 HP Omen 16 Intel 2025 (Shadow Black) - 7,870,000 Ks (1,810 USD)
- Intel Core i9-14900HX (2.2~5.8GHz, 24Cores(8P+16E) 32Threads, L3 Cache 36MB)
- NVIDIA GeForce RTX 5060 (8GB GDDR7) TGP 115W
- 16.1" 2560x1600 (WQXGA) , IPS, 240Hz, 3ms, micro-edge, Anti-glare, TUV Low Blue Light, 500nits, 100% sRGB, HP Eyesafe
- 32GB (16GBx2) DDR5-5600MHz
- 1TB PCIe 4.0 NVMe M.2 SSD
- HP True Vision 1080p FHD camera with Temporal Noise Reduction
- 6-Cell, 83Wh Li-ion polymer
- ENG Full-size, 4 Zone RGB backlit keyboard
- 2.39 KG

Hardware ပိုင်းအတွက် 2 Years Warranty (No Warranty for Adapter / 1 Year for Battery) ပါပြီး Error စမ်းသပ်ဖို့ အချိန် ၁လ ပေးပါတယ်။ Ryzen Store သည် Used မရောင်းပါဘူး။ လက်တလော အခြေနေက Unboxing လုပ်ပြီး သယ်ရတာမို့ Factory Sealed နဲ့တော့ မရနိုင်ပါဘူး။ ၁လအတွင်း Factory Error ရှိခဲ့ရင် အသစ်တလုံးပြန်သွင်းပေးတာ ဒါမှမဟုတ် Full Refund ပြန်ပေးပါတယ်ခင်ဗျား။ ၁လနောက်ပိုင်းကတော့ Warranty Policy အတိုင်းပဲ သွားပါမယ်။ တစုံတခုဖြစ်ခဲ့ရင် Service Center ပြန်ပို့ပေးပါမယ်၊ ပြင်ပြီး ပြန်သယ်ခဲ့ပေးပါမယ်။ အပိုကုန်ကျစရိတ် တပြားတချပ်မှ ပေးဖို့မလိုပါဘူးခင်ဗျား။

Basic Software တွေအပြင် Customer လိုအပ်တဲ့ Game and Main Software တွေကိုသွင်းပေးပြီး Ready to Use ဖြစ်မှ ဆိုင်မှာလာယူလို့ရသလို ပို့ပေးပါဆိုရင် ရန်ကုန်မြို့တွင်း Delivery Fees တပြားမှပေးဖို့မလိုပဲ အိမ်အရောက် ပို့ဆောင်ပေးပါတယ်။ နယ်ကဝယ်ယူတဲ့ Customer တွေအတွက်တော့ ငွေလွှဲအကုန်ဝင်ပြီးရင် ပို့ခိုင်းတဲ့ဂိတ်ကနေ ပို့ပေးပါတယ်ခင်ဗျား။ အာမခံပြီး ပို့ပေးပါဆိုရင် Extra Care နဲ့ သိန်း၆၀ထိ အာမခံပြီး ပို့ပေးပါတယ်။

Want your business to be the top-listed Computer & Electronics Service in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address


No 102, Sagawar Pin Street, Kyimyindaing Township
Yangon
11101

Opening Hours

Monday 00:00 - 20:00
Tuesday 10:00 - 20:00
Wednesday 10:00 - 20:00
Thursday 10:00 - 20:00
Friday 10:00 - 15:00