SI THU AUNG
Must be going to fall State
ဟုတ်တယ်ဗျ တစ်ဖက်ကလဲ ဒီပုံစံနဲ့ဘယ်လိုမှသေချာအုပ်ချုပ်လို့ရမှာမဟုတ်ဘူး ဒါပေမယ့် ပြိုလဲသွားဖို့ဆိုတာတော့ ဟိုးအဝေးကြီးမှာမှာ
အဲ့လိုပဲတစ်ဖက်ကလဲ ငြိမ်ခံနေစရာအကြောင်းမရှိဘူး ရရင်ရသလိုစော်မယ်ဆိုပြီးချတယ် ဒါပေမယ့် အပြီးပြန်သိမ်းနိုင်ဖို့ဆိုတာတော့ အဝေးကြီး
ဘာကြောင့်လဲ
၁- ဗုံးခွဲတယ် တစ်ယောက်နှစ်ယောက်သေရုံနဲ့တော့ တက်ကပျက်သွားမှာမဟုတ်ဘူး
၂- ပြစ်မယ်ပြေးမယ် အိုကေအဆင်ပြေတယ် အဲ့ Mission အောင်မြင်တယ် ဒါပေမယ့် Main Mission ကတော့ အဝေးကြီးမှာ
၃-တပ်ရင်းတစ်ခုကိုတောင် ၀င်ရောက်မတိုက်ခိုက်နိုင်သေးရင် ထိပ်တိုက်ရင်ဆိုင်သိမ်းပိုက်ဖို့ဆိုတာဝေးကြီး
၄- တကဲ့တပ်တွေကို ဖိအားကောင်းကောင်းပေးနိုင်တဲ့ တိုင်းရင်းသားလက်နိုင်ကိုင်တွေက ဒီပွဲမှာ အဝေးကနေပဲကြည့်နေတာ BGF ဆိုရင် တပ်ဖက်ကနေပြီးပြန်စော်နေတာ AA တို့ '၀' တို့ဆိုတာ သူတို့နဲ့မဆိုင်ပါဘူးလို့ပြောပြီးသား KNU ဆိုတာ တပ်မဟာ ဆယ်ခုရှိတဲ့ထဲမှာ နှစ်ခုလောက်ကပဲခွဲထွက်ပြီးပါ၀င်နေတာ ဗဟိုကတောင် သူတို့နယ်မြေထဲမှာ မလှုပ်ရှားကြဖို့ပြောနေပြီ
၅-ကြည်း/ရေ/လေ သုံးခုထဲမှာ ခြေမြန်တပ်ရင်းလေးတွေ မြို့ပြလုံခြုံရေးလေးတွေ ဒလံလို့ခေါင်းစဉ်တပ်ထားသူလေးတွေကို ဗုံးခွဲပြစ်ပြေးရုံနဲ့လောက်တော့ မပြီးပြန်သိမ်းဖို့ဆိုတာ............
အဲ့တော့နှစ်ဖက်စလုံးက ကျရှုံးလားဆိုတော့ မကျရှုံးဘူး အောင်မြင်နေလားဆိုတော့လဲ နှစ်ဖက်စလုံးအောင်မြင်မှုက အဝေးကြီး နောက်ဆုံးဘာဖြစ်လာမယ်ဆိုတာသေချာမသိရသေးပေမယ့် နောက်ခြောက်လတစ်နှစ်တွင်းမှာ ဒီတိုင်းပဲဆက်သွားနေရင် နိုင်ငံက Must be Going To Fall State(ပျက်သုန်းတိုင်းပြည်အဆင့်ကိုရောက်မယ်) ရောက်ရင်ဘာဖြစ်မလဲ
၁- ဥပဒေဆိုတာ အခုပျက်နေတဲ့အနေအထားထက် အစပေါင်းများစွာပျက်စီးသွားမယ်
၂-ဦးသူသတ်မယ် အားနည်းသူပြေး
၃-လက်နက်တွေက အကုန်လုံးပြန့်နေတယ် ခိုးစိုးလုနှိုက် ဓါးပြ လုပ်ခံရရင်တောင် တိုင်စရာမရှိဘူး အသတ်ချမ်းသာအောင်တောင်းပန်ယူရမယ်
၄- နေ့လားညလား အသတ်အာမခံချက်တွေ ပျောက်လာမယ်
အခုရောဘာထူးလို့လဲလို့ မမေးပါနဲ့ အခုကခင်ဗျားတို့ လေလှိုင်းပေါ်မှာသာ ခောတ်ပျက်နေတာပါ သူ့မှာသူနေတတ်ရင် အဆင်ပြေတဲ့ ရှင်သန်မှုလေးတွေရှာလို့ရသေးပေမယ့် အဲ့အချိန်ရောက်သွားရင်တော့ ခင်ဗျား ဘေးနားတစ်ပေပတ်လည်တောင် မလုံခြုံတော့ပါဘူးခင်ဗျာ
ပြည်ထောင်စုသမ္မတFACEBOOK မြန်မာနိုင်ငံတော်သစ်ကြီးဆီသို့😂🤣😁😁😀😃
တစ်နိုင်ငံလုံးစောင့်မျှော်နေကြသော D-DAY ရုပ်ရှင်ဇာတ်ကားကြီးအား 7.09.2021 တွင် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် စတင်ပြသလိုက်ပြီပဲဖြစ်ပါတယ်
အားလုံးရင်ခုန်စွာနဲ့စောင့်မျှော်ခဲ့ရတဲ့ ဇာတ်ကားကြီးနောက်ဆုံးတော့ကြည့်ခွင့်ရခဲ့ပါပြီ
အားလုံးကတော့
NUG မင်းသားကြီး ဘယ်လိုများပွဲထွက် ပြလာမလဲ
PDF မင်းသားကြီးများ ဘယ်လိုပွဲထွက်လာကြမလဲရင်တမမနဲ့ စောင့်ကြည့်ခဲ့ကြပါတယ် သို့ပေမယ့် မျှော်လင့်ထားသလိုတော့ ဖြစ်မလာသေးပါဘူး အစမို့လို့ထင်ပါတယ်
ဒါပေမယ့် ကနေ့အကြိုက်ဆုံးဇာတ်၀င်ခန်းများကတော့
၁- အသိဘူးဈေးပြေး၀ယ်ကြမယ်ဟေ့ ဆိုပြီး ကြိတ်ကြိတ်တိုးစီကားသွားသော ဈေး၀ယ် Center ကြီးများဇာတ်၀င်ခန်း
၂- မနေ့တစ်နေ့ကမှ လစာထုတ်ထားသော်လဲ လက်ထဲတစ်ပြားမှမရှိတော့သောကြောင့် သူများတွေ တိုးကြိတ်၀ယ်နေသသည်ကို ငေးမောအားကျနေသောဇာတ်၀င်ခန်းများ
၃- ရုံးချစ်သူကြီးများမှ အပြင်ထွက်ရင်မလုံခြုံဘူး ဒီနေ့တော့ခွင့်တိုင်လိုက်ဦးမယ်ဆိုသည့်ဇာတ်၀င်ခန်းများ
၄- အကြိမ်ကြိမ် ပြင်ဆင်လာခဲ့သည့်အတွက် အသုံးမပြုခဲ့ရသော်လည်း ယခင်ကထက် ပိုမိုမြန်ဆန်စွာ ထုတ်ပိုးလာနိုင်သော အရေးပေါ်ကျောပိုးအိပ်ဇာတ်၀င်ခန်းများ
၅- ဟုတ်သည်မဟုတ်သည်အပထား အရင်ကဟာပဲဖြစ်ဖြစ်ယခုဟာပဲဖြစ်ဖြစ် မှန်ချင်မှန်မမှန်ချင်နေ တင်ချင်ရာတင် ချဲချင်ရာချဲ သည့် ဇာတ်၀င်ခန်းများ
၆- လက်ရှိနေထိုင်နေသည့်လူပင် မသိလိုက်ပဲ အဲ့ဒိနေရာများတွင် တိုက်ပွဲများပြင်းထန်သွားကြောင်းကို အခြားနေရာတွင်ရှိနေသူများကတင်ထားသောကြောင့် လက်ရှိနေထိုင်နေသည့် လူများကပင် အခြားနေရာတွင်နေထိုင်သူများကို ဟုတ်ရဲ့လားဟုပြန်မေးနေရသည့် ဇာတ်၀င်ခန်းများ။
၇- D-DAY ဆိုတာ ချက်ချင်းကြီး အုန်းအုန်းဒိုင်းဒိုင်းထဖြစ်မှာမဟုတ်ဘူး နှင့် ဟာချကြတော့မှာ လေယာဉ်တွေ တက်သွားပြီ PDF တွေ၀င်လာကုန်ပြီ နေပြည်တော် ရန်ကုန် Mandalay ကိုဝိုင်းထားပြီ အစရှိသည့်ဇာတ်၀င်ခန်းများ
၈- ကမ္ဘာ သတင်း MEDIA ကြီးများဖြစ်ကြသော BBC တွင် ဈေး၀ယ် Center ကြီးများတွင် လူများတိုးကြိတ်မှုမရှိသော်လည်း DVB တွင်တော့ တိုးကြိတ်စွာ၀ယ်ယူလျှက်ရှိပါသည်ဟု မတူညီသော သတင်းဇာတ်၀င်ခန်းများ နှင့်
နောက်ဆုံးမှ ဇာတ်ကားကြည့်နေရင်းသီးမခံနိုင်သည့် ပရိတ်သတ်များမှ အေးအားလုံး PDF မင်းသားကြီးကိုသိပ်မြင်ချင်နေရင်
နှိပ်ရင်းလှူ
ချဲရင်းလှူ
နားထောင်ရင်းလှူကြဟေ့
တကယ်ထဲ ဟိုမှာက ဘာလက်နက်မှမပြည့်စုံသေးလို့ နင့်တို့ D-DAY ဇာတ်ကားကိုလဲ လာသရုပ်မဆောင်နိုင်သေးဘူးလို့ ပြောလိုက်တော့မှ ကျွန်တော်တို့လဲ အော်းးးးးးးးးးးးးး
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
Yangon