Swe Sone Tv & Knowledge
Bon Pa Pa
ကော်ဘရာ vs မြွေသတ်ငှက်
သေရေးရှင်ရေးတိုက်ပွဲ
08/06/2026
🚨 ဘန်ကောက်အဝင်လမ်းမှာ ဖမ်းမိပြန်ပြီ... မြန်မာလုပ်သား ၇ ဦးနဲ့ တရားမဝင် ဗန်ကားသမား အရေးယူခံရ
😔 အလုပ်အကိုင်အခွင့်အလမ်းရှာဖွေရင်း ဥပဒေမဲ့လမ်းကြောင်းကို ရွေးချယ်မိတဲ့ မြန်မာလုပ်သား ၇ ဦးဟာ ဘန်ကောက်ကို အသွားလမ်းမှာပဲ ထိုင်းအာဏာပိုင်တွေရဲ့ ဖမ်းဆီးမှုကို ခံလိုက်ရပါတယ်။
ထိုင်းအဝေးပြေးရဲတပ်ဖွဲ့က အယုဒ္ဓယလမ်းပိုင်းမှာ သံသယဖြစ်ဖွယ် မောင်းနှင်နေတဲ့ ဗန်ကားတစ်စီးကို တားဆီးစစ်ဆေးရာကနေ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၇ ဦးကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
စစ်ဆေးချက်အရ အဆိုပါလုပ်သားတွေဟာ နခွန်စဝမ်ကနေ ဘန်ကောက်ရှိ အလုပ်လုပ်မယ့်နေရာတွေကို သွားဖို့အတွက် တစ်ဦးလျှင် ဘတ် ၁,၅၀၀ ပေးပြီး လိုက်ပါလာကြတာလို့ သိရပါတယ်။
ကားမောင်းသူ ထိုင်းအမျိုးသားကလည်း ခရီးသည်တွေမှာ တရားဝင်အထောက်အထား မရှိကြောင်း သိရှိထားပြီး သယ်ဆောင်ပေးခဲ့ကြောင်း ဝန်ခံထားပါတယ်။
📌 ယခုတလော ထိုင်းနိုင်ငံအတွင်း တရားမဝင်နေထိုင်သူများ၊ အထောက်အထားမပြည့်စုံသူများအပေါ် စစ်ဆေးဖမ်းဆီးမှုများ အရှိန်မြင့်လုပ်ဆောင်နေပါတယ်။
⚠️ ထိုင်းရောက်မြန်မာများအနေဖြင့် သွားလာရာတွင် Passport၊ Pink Card၊ Work Permit နှင့် သက်ဆိုင်ရာအထောက်အထားများကို အမြဲဆောင်ထားကြရန်နှင့် တရားမဝင် ပွဲစားများ၏ စည်းရုံးမှုများကို သတိထားရှောင်ရှားကြရန် အထူးလိုအပ်နေပါတယ်။
တစ်ခဏတာ အဆင်ပြေမယ်ထင်ရတဲ့ လမ်းကြောင်းတစ်ခုဟာ နောက်ဆုံးမှာ အဖမ်းအဆီး၊ အမှုအခင်းတွေနဲ့ ရင်ဆိုင်ရနိုင်တာကို မမေ့သင့်ပါဘူး။
#ဘန်ကောက် #ထိုင်းသတင်း #မြန်မာလုပ်သား #တရားမဝင်ဝင်ရောက်မှု #သတိထားကြပါ
05/06/2026
အသက် ၃ လသာရှိသေးတဲ့ ခွေးမလေးကို ရက်စက်စွာ အနိုင်ကျင့်ခဲ့သူကို ပြင်းထန်စွာ ရှုတ်ချလိုက်ကြ…💔🐶
ဒီလုပ်ရပ်ဟာ လူသားဆန်မှု ကင်းမဲ့တဲ့ လုပ်ရပ်တစ်ခုပါ။
မိမိကိုယ်ကို မကာကွယ်နိုင်တဲ့ အသက် ၃ လအရွယ် ခွေးပေါက်မလေးတစ်ကောင်အပေါ် ဒီလိုရက်စက်ကြမ်းကြုတ်စွာ ပြုမူခဲ့သူဟာ တိရစ္ဆာန်တစ်ကောင်ကိုသာ မဟုတ်ဘဲ လူ့ကျင့်ဝတ်၊ လူ့သိက္ခာနဲ့ လူသားဆန်မှုကိုပါ ချိုးဖောက်ခဲ့တာ ဖြစ်ပါတယ်။
အင်အားမဲ့တဲ့ သတ္တဝါလေးတစ်ကောင်ဟာ နာကျင်မှုကို မပြောနိုင်လို့သာ တိတ်ဆိတ်နေရတာပါ။ ဒါပေမယ့် သူလည်း ကြောက်တတ်တယ်၊ နာကျင်တတ်တယ်၊ အသက်ရှင်ချင်တယ်။
ဒီလို ရက်စက်တဲ့ လုပ်ရပ်တွေကို ဘယ်အကြောင်းပြချက်နဲ့မှ လက်ခံပေးလို့ မရပါဘူး။
တိရစ္ဆာန်တွေကို အနိုင်ကျင့်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းတွေဟာ ပျော်စရာ၊ ရယ်စရာ မဟုတ်သလို လူ့အသိုင်းအဝိုင်းအတွက်လည်း အန္တရာယ်ရှိတဲ့ အပြုအမူတစ်ရပ် ဖြစ်ပါတယ်။
ကျူးလွန်သူကို ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ဖို့ လိုအပ်သလို၊ အလားတူ ဖြစ်ရပ်မျိုးတွေ ထပ်မဖြစ်စေဖို့လည်း လူတိုင်း ဝိုင်းဝန်းဆန့်ကျင်ကြဖို့ လိုပါတယ်။
တိရစ္ဆာန်လေးတွေက စကားမပြောနိုင်ပေမယ့် သူတို့ရဲ့ နာကျင်မှုကိုတော့ ကျွန်တော်တို့ မျက်ကွယ်မပြုသင့်ပါဘူး။
ဒီလုပ်ရပ်ကို ပြင်းထန်စွာ ရှုတ်ချပါတယ်။ ❌
#ဘန်ကောက်
#ထိုင်းသတင်း
05/06/2026
🚨 စမွတ်စခွန်တွင် အလုပ်ရုံ ၂ ခုကို ရှောင်တခင်ဝင်စစ်ရာ တရားမဝင်လုပ်သားများနှင့် အလုပ်ရှင်များ အရေးယူခံရ‼️
ထိုင်းနိုင်ငံအတွင်း တရားမဝင်လုပ်သားများကို အရှိန်မြှင့် စစ်ဆေးအရေးယူမှုများ ဆက်တိုက်လုပ်ဆောင်နေပြီး စမွတ်စခွန်ပြည်နယ်တွင်လည်း အလုပ်ရုံ (၂) ခုကို ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သိရပါတယ်။
စစ်ဆေးမှုအတွင်း Work Permit မရှိသူများ၊ ဗီဇာသက်တမ်းကျော်လွန်နေထိုင်သူများကို တွေ့ရှိခဲ့ပြီး သက်ဆိုင်ရာ အလုပ်သမားများသာမက တရားမဝင် ခန့်အပ်ထားသည့် အလုပ်ရှင်များကိုပါ ဥပဒေအရ အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။
⚠️ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားများအနေနဲ့ မိမိရဲ့ အလုပ်လုပ်ခွင့်စာရွက်စာတမ်း (Work Permit)၊ ဗီဇာနဲ့ နေထိုင်ခွင့်အခြေအနေတွေကို အမြဲစစ်ဆေးထားဖို့ လိုအပ်နေပါတယ်။
လက်ရှိကာလမှာ အာဏာပိုင်တွေက စက်ရုံ၊ အလုပ်ရုံ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်နဲ့ လုပ်ငန်းနေရာအသီးသီးကို ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုတွေ ပိုမိုပြုလုပ်လာနေတာကြောင့် ဥပဒေနဲ့အညီ နေထိုင်လုပ်ကိုင်ဖို့ အရေးကြီးပါတယ်။
📌 အလုပ်ရှင်များအနေနဲ့လည်း တရားမဝင်လုပ်သား ခန့်အပ်ခြင်းဟာ ဥပဒေချိုးဖောက်မှုဖြစ်ပြီး ပြင်းထန်တဲ့ ပြစ်ဒဏ်များ ရင်ဆိုင်ရနိုင်ကြောင်း သတိပြုသင့်ပါတယ်။
#ထိုင်းသတင်း
#စမွတ်စခွန်
#ထိုင်းရောက်မြန်မာ
#ရွှေ့ပြောင်းလုပ်သား
#ဘန်ကောက်
Click here to claim your Sponsored Listing.
Category
Website
Address
Yangon